ITF အဖွဲ့တွင် ကမ္ဘာတစ်ဝန်ရှိဆိပ်ကမ်းများတွင်အခြေစိုက်ရုံးထိုင်သည့် Inspector အယောက် ၁၃၀ နီးပါးဖြင့်ဖွဲ့စည်းထားသည့် အဖွဲ့တစ်ဖွဲ့ရှိသည်။
ITF Inspector များသည် ITF FOC Campaign ကိစ္စများနှင့်ပတ်သက်လျှင် အချိန်ပိုင်းဖြစ်စေ အချိန်ပြည့်ဖြစ်စေတာဝန်ထမ်းဆောင် ကြသည့် သမဂ္ဂဘက်မှတာဝန်ရှိသူများဖြစ်သည်။ ယင်းပုဂ္ဂိုလ်အတော်များများသည် သင်္ဘောသားဟောင်း သို့မဟုတ် ဆိပ်ကမ်းလုပ်သားဟောင်းများ ဖြစ်ကြသည်။
၎င်းတို့၏အလုပ်မှာ ၎င်းတို့၏ဆိပ်ကမ်းများမှခေါ်ဆိုပါက သင်္ဘောပေါ်တက်ရောက်ပြီး သင်္ဘောသားများ သင့်လျော်သည့်လစာရမရ ၊ လုပ်ငန်းခွင်အခြေအနေနှင့် နေထိုင်စားသောက်ရသည့်အခြေအနေတို့ ကောင်းမွန်မှုရှိမရှိစစ်ဆေးသည်။ အခါအားလျော်စွား သင်္ဘောသားက တောင်းဆိုလျှင်လည်းသင်္ဘောပေါ်သို့တက်ရောက်စစ်ဆေးရသည့်အခါလည်းရှိသည်။ လိုအပ်ပါက ဥပဒေအရရသင့်သည့် သင်္ဘောသားအခွင့်အရေးများရရှိရန် ကူညီဆောင်ရွက်ပေးရသည်များလည်းရှိသည်။
ITF Inspector များအားလုံးသည် ၎င်းတို့၏မိခင်ဘာသာစကားအပြင် အင်္ဂလိပ်စကားကိုပါပြောဆိုနိုင်ပြီး အချို့သောကိစ္စများတွင် အခြားဘာသာစကားများဖြင့် ပြောဆိုရသည်များလည်းရှိသည်။
ITF စိစစ်ရေးမှူးတစ်ဦးက လုပ်နိုင်သည်မှာ
• အလုပ်အကိုင် အခြေအနေများနှင့် နေထိုင်ရေးအခြေအနေများနှင့်စပ်လျဥ်းသည့် ပြဿနာများအတွက် သင်္ဘောကို စစ်ဆေးခြင်း
• သင်္ဘောဝန်ထမ်းများအား ကမ်းပေါ်တွင် တွေ့ဆုံခြင်း
• သင်္ဘောသားများအား အကြံပေးခြင်းနှင့် ကူညီပေးခြင်း
• သီးခြား ဆိပ်ကမ်း သို့မဟုတ် နိုင်ငံတွင် ပြဿနာတစ်ရပ်ကို ဖြေရှင်းပေးရန်အတွက် ဥပဒေပါ ဖြစ်နိုင်ခြေများနှင့်ပတ်သက်၍ အကြံပေးခြင်း
• အလုပ်ကန်ထရိုက်နှင့်စပ်လျဥ်းသည့် အငြင်းပွားမှုများတွင် သင်္ဘောဝန်ထမ်းအတွက် ကိုယ်စားလှယ် (ကိုယ်စားလှယ်အကျိုးဆောင်) အဖြစ် ဆောင်ရွက်ပေးခြင်း
• လုံခြုံရေး ကိစ္စများနှင့်ပတ်သက်၍ ဆိပ်ကမ်း နိုင်ငံ ထိန်းချုပ်ရေးနှင့် ဆက်သွယ်ပေးခြင်း
• သင်္ဘောသားများအား ၎င်းတို့၏နိုင်ငံ၌ ITF အဖွဲ့ဝင် သမဂ္ဂရှိပါက ချိတ်ဆက်ပေးခြင်း
• သင်္ဘောပေါ်ရှိ ပြဿနာများကို သင်္ဘောပိုင်ရှင်သို့ တင်ပြခြင်းနှင့် ပြဿနာကို ဖြေရှင်းပေးရန် သင်္ဘောပိုင်ရှင်အား ဖိအားပေးခြင်း။
• ITF-အတည်ပြုထားသည့် အစုလိုက် အလုပ်အကိုင်လုပ်ခ ညှိနှိုင်းသဘောတူချက်ကို လက်မှတ်ထိုးရန် ပံ့ပိုးပေးခြင်း
• ITF သဘောတူညီချက်တစ်ရပ် ရှိထားသည့် သင်္ဘောပေါ်သို့ စစ်ဆေးရန်အတွက် တရားဝင် တက်ရောက်ခြင်း
• အခြား နိုင်ငံများရှိ အခြားသော ITF စိစစ်ရေးမှူးများ၊ ITF အဖွဲ့ဝင် သမဂ္ဂများနှင့် အဆက်အသွယ်များကို ဆက်သွယ်ခြင်း
• ရရန်ရှိသည့် လုပ်ခများကို တွက်ချက်၍ ပြန်ရရန် တောင်းခံခြင်း။
• အဂ်လပ်စကားကို ကောင်းစွာပြောခြင်း။
• တတ်နိုင်သမျှ အရာကိစ္စများကို လျှို့ဝှက်စွာ ဖြေရှင်းပေးခြင်း။
• ဖုန်း၊ မိုဘိုင်းဖုန်း၊ အီးမေးလ် သို့မဟုတ် ဖုန်းအမှာစာတိုပို့ခြင်းဖြင့် ဆက်သွယ်ခံခြင်း
• သင်္ဘောသားများ၏ အငြင်းပွားမှုများကို ကိုင်တွယ်ဖြေရှင်းရာ၌ အလံနိုင်ငံ အာဏာပိုင်များ၊ လူမှုဖူလုံရေး အေဂျင်စီရုံးများနှင့် သံရုံးများကဲ့သို့ တတိယ ပုဂ္ဂိုလ်များနှင့် ဆက်သွယ်ပေးခြင်း။
• ဆေးရုံတင်ကုသခံနေရသည့် သင်္ဘောသားများကို ပံ့ပိုးပေးခြင်း။
• ITF ထုတ်ပြန်စာစောင် မိတ္တူများ ဖြန့်ဝေပေးခြင်း။
ITF စိစစ်ရေးမှူးတစ်ဦးက မလုပ်နိုင်သည်မှာ
• ၎င်းတို့၏ နိုင်ငံ ဥပဒေက ခွင့်ပြုထားသည်ကို ကျော်လွန်၍ ပိုမိုလုပ်ပေးခြင်း
• သင်္ဘော သို့မဟုတ် ဆိုက်ကပ်ထားရာဆိပ်ကမ်းတွင်းနေရာသို့ အမြဲ ဝင်ထွက်ခြင်း
• သင်္ဘောဝန်ထမ်းများ၏ ပူးပေါင်းမှု မပါဘဲ ပြဿနာများကို ဖြေရှင်းပေးခြင်း
• သင်္ဘောသား တစ်ဦးအား အလုပ် မပြုတ်ခြင်း သို့မဟုတ် နာမည်ပျက် စာရင်း မပါခြင်းကို အာမခံခြင်း
• သင်္ဘောသား တစ်ဦးအား သင်္ဘောပေါ် အလုပ်ပေးခြင်း
• ITF မူဝါဒကို ပြင်ဆင်ပေးခြင်း
• ITF မူဝါဒ သို့မဟုတ် ဒေသခံ ITF အဖွဲ့ဝင် သမဂ္ဂများ၏ မူဝါဒတို့၏ ပြင်ပမှ လုပ်ဆောင်ပေးခြင်း
• ၎င်းတို့ကို အလုပ်ခန့်ထားသည့် နိုင်ငံ့သမဂ္ဂ၏ ကောင်းကျိုးများကိုဆန့်ကျင်၍ လုပ်ဆောင်ပေးခြင်း
• တရားဥပဒေနှင့်ဆန့်ကျင်၍ လုပ်ဆောင်ခြင်း