ITF ကိုဆက်သွယ်ရန် နည်းလမ်းပေါင်းများစွာရှိပါတယ်။. ဖုန်း၊အီးမေး၊အင်တာနက်တို့မှတဆင့်ကျွနု်ပ်တို့ထံဆက်သွယ်လာပါက သင်၏အခက်အခဲများအားပိုမိုထိရောက်စွာအကူအညီပေးနိုင်စေရန်အတွက်အောက်ပါအချက် အလက်များကိုပါပူးတွဲပို့ဆောင်ပေးရန်လိုအပ်ပါတယ်။
သင်၏ ( အမည် ၊ ရာထူး ၊နိုင်ငံသား )
သင့်သင်္ဘော၏ ( အမည် ၊အလံ၊ IMO နံပါတ်၊သင်္ဘောအမျိုးအစား )
သင်၏တည်နေရာ (ရောက်ရှိနေသော ဆိပ်ကမ်း၊ ထွက်ခွာမည့် ရက်၊ ရောက်ရှိမည့်ဆိပ်ကမ်း၊ ခန့်မှန်းရောက်ချိန် )
သင်၏အခက်အခဲပြသနာ ( ပြည့်စုံစွာဖော်ပြပေးပါရန် )
သင့်အားဆက်သွယ်ရန် အသေးစိတ် ( ဖုန်း နံပါတ် ၊ အီးမေး လိပ်စာ )
အကယ်၍ သင့်အားအချို့အချိန်များတွင် ဆက်သွယ်၍မရပါက (ဥပမာ ဆိပ်ကမ်းမှ ထွက်ခွာသွားခြင်း )၊ ကျေးဇူးပြုပြီး အထက်ပါအချက်အလက်များကို ပေးပို့ထားခဲ့ပါရန် နှင့် ကျွန်တော်တို့မှ သင်၏ပြသနာအား အကောင်းဆုံးနည်းလမ်း ဖြင့်အဆိုပါအချိန်အတောအတွင်း ပြေလည်အောင် ကြိုးစားကူညီဖြေရှင်း ပေးမည်ဖြစ်ပါသည်။