Skip to main content

သင်္ဘောတစ်စင်း၊ စိစစ်ရေးမှူး သို့မဟုတ် သမဂ္ဂ ကိုရှာဖွေခြင်း

သင်္ဘောတစ်စင်းမှာ  ITF အတည်ပြုထားခြင်း ရှိ/မရှိ သိရှိရန် ITF စိစစ်ရေးမှူးများနှင့် အဖွဲ့ဝင် ပင်လယ်ရေကြောင်း အလုပ်သမားသမဂ္ဂများနှင့် တိုက်ရိုက် ဆက်သွယ်ပါ။

သင် သင်္ဘောပေါ်ရှိနေပြီး သို့မဟုတ် ဆိပ်ကမ်းတွင်ရှိနေပြီး အရေးပေါ် ပြဿနာတစ်ခု ကြုံနေရပါက အနီးဆုံး ITF စိစစ်ရေးမှူးကို ဆက်သွယ်သင့်သည် သို့မဟုတ် ITF ပံ့ပိုးရေး အဖွဲ့ကို seafsupport@itf.org.uk ဖြင့်အီးမေးလ် ပို့သင့်သည်။

သင်္ဘောအား မည်သို့ ရှာရပုံ

သင်္ဘော၏ IMO နံပါတ်သုံး၍ ရှာခြင်းဖြင့် သင်္ဘောတစ်စင်း၏ အသေးစိတ်အချက်များကို ဖော်ပြပေးသည်။ သင်္ဘောအမည်သုံး၍ရှာခြင်းဖြင့် သင်္ဘောအစင်း အနည်းငယ်ဖော်ပြပေးနိုင်ပြီး ၎င်းတို့ထဲမှ သင့်တော်သောတစ်စင်းကို သင် ရွေးချယ်နိုင်ပါသည်။
 

ဖော်ပြပေးမည်မှာ-
 

  • သင်္ဘောတွင် ITF စာချုပ် ချုပ်ထားခြင်း ရှိ/မရှိ
     

အကယ်၍ သင်္ဘောတစ်စင်းမှာ ITF စာချုပ်နှင့်အကျုံးဝင်ပါက သင်္ဘောသားများသည် အနည်းဆုံး အလုပ်အကိုင် စံချိန်စံညွှန်းများနှင့် ထိုက်သင့်သော လုပ်ခများ ခံစားခွင့်ရှိသည်ဟု ဆိုလိုပါသည်။ သင့်အနေဖြင့် ITF စာချုပ်များနှင့်ပတ်သက်၍ ဤစာမျက်နှာ ညာဖက်ရှိ အချိတ်အဆက်လင့်ခ်ကို နှိပ်၍ ပိုမိုကြည့်ရှုနိုင်ပါသည်။

ITF စာချုပ် ချုပ်ထားသည့်အခါ ဖော်ပြပေးမည်မှာ- 
 

  • ITF စာချုပ်အမျိုးအစား
  • စာချုပ်ကို လက်မှတ်ထိုးထားသူ (ကုမ္ပဏီနှင့် သမဂ္ဂ)
  • စာချုပ်သက်တမ်း စတင်ရက်နှင့် ကုန်ဆုံးရက်
     

အောက်ပါ နောက်ဆုံးသတင်းကိုလည်း ဖော်ပြပါမည်-
 

  • သင်္ဘောသား အသေးစိတ်အချက်များ (အရေအတွက်၊ နိုင်ငံသားနှင့် ရက်စွဲ)
  • ITF စစ်ဆေးရေး အသေးစိတ်များ၊* ပါဝင်သည်မှာ-
  • ရက်စွဲ၊ ဆိပ်ကမ်း နှင့် စစ်ဆေးရေးလုပ်သည့်နိုင်ငံ
  • တွေ့ရှိသည့် ပြဿနာများ (ဥပမာ လုပ်ခ နိမ့်ကျမှုများ စသဖြင့်)
  • စစ်ဆေးရေး ရလဒ်

အကယ်၍ သင် သီးခြား သင်္ဘောတစ်စင်းနှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက ဤစာမျက်နှာ၏ ညာဖက်ရှိ အချိတ်အဆက်လင့်ခ်ကိုသုံး၍ ITF နှင့် တိုက်ရိုက် ဆက်သွယ်ပါ။
 

* စစ်ဆေးရေး အသေးစိတ်များကို သင်္ဘောတွင် လက်ရှိ ITF စာချုပ် မရှိ မှသာ ဖော်ပြပေးသည်

သင်္ဘောသား အက်ဖ်ကို ဒေါင်းလုဒ်ဆွဲယူပါ

သင်္ဘောသား အက်ဖ်

သင်၏သင်္ဘောမှာ ITF အတည်ပြုထားခြင်း ရှိ/မရှိ သိရှိရန် ITF စိစစ်ရေးမှူးနှင့် အဖွဲ့ဝင် ပင်လယ်ရေကြောင်း အလုပ်သမား သမဂ္ဂကို ဆက်သွယ်ပါ။