Skip to main content

အလံအငှားတင်သည့်သင်္ဘောများ

အလံအငှားတင်သည့်သင်္ဘောများ FOC

အပြည်ပြည်ဆိုင်ရာသယ်သူပို့ဆောင်ရေးလုပ်သားများအဖွဲ့ချုပ် (ITF) သည် အလံအငှားတင်ပြီး ခုတ်မောင်းနေသော သင်္ဘောများပေါ် လုပ်ကိုင်နေကြသည့် သင်္ဘောသားများအလုပ်သမားများ ပါဝင်သည့်အဖွဲ့၏ လစာကိစ္စနှင့်အခြားသောအခြေအနေအရပ်ရပ်တို့အရေး ကူညီဆောင်ရွက်ရာတွင်နိုင်ငံတကာအလုပ်သမားသမဂ္ဂအဖွဲ့အစည်းများကြား သြဇာတိက္ကမကြီးမားပြီးပြိုင်းဘက်ကင်းသည့် အဖွဲ့အစည်း အဖြစ်ရပ်တည်လျက်ရှိသည်။

သင်္ဘောအလံအငှားတင်သည့်သင်္ဘောများဆိုသည်မှာ အလုပ်ရှင်ကြီးစိုးသည့်နိုင်ငံတွင် အလုပ်သမားဆိုင်ရာစည်းမျဉ်းဥပဒေများကို လိုက်နာခြင်းမရှိပဲ လစာနည်းနည်းနှင့် အလုပ်ချိန်များကာ ဘေးကင်းလုံခြုံမှုမရှိသည့်လုပ်ငန်းခွင်အခြေအနေများနှင့် ရင်ဆိုင်လုပ်ကိုင်ရ သည့်သင်္ဘောဟု ဆိုလိုရင်းပင်ဖြစ်သည်။ FOC သင်္ဘောများတွင်တင်ထားသည့်အလံမှာ နိုင်ငံသတ်သတ်မှတ်မှတ်မရှိသောကြောင့်  မည်သည့်သင်္ဘောသားသမဂ္ဂနှင့်မျှချိတ်ဆက်ခြင်းမရှိပေ။
အလံအငှားတင်သည့်သင်္ဘောများ (FOCs) ဆိုတာဘာလဲ

အလံအငှားတင်သည့်သင်္ဘောဆိုသည်မှာ သင်္ဘောပိုင်ဆိုင်သည့်နိုင်ငံ၏အလံကိုမတင်ပဲ အခြားသောအဆင်သင့်ရာနိုင်ငံ၏အလံဖြင့် ခုတ်မောင်းနေသောသင်္ဘောဖြစ်သည်။

အလံမှတ်ပုံတင်ခဈေးသက်သာပြီး အခွန်သက်သာခြင်း၊ အခွန်ရှောင်ခြင်းအပြင် ဈေးပေါပေါရသည့်အလုပ်သမားများကို ထင်သလို ခန့်ထားနိုင်ခြင်းတို့သည် ယင်းအလံတင်မည်ဆိုသောသင်္ဘောပိုင်ရှင်၏ဆုံးဖြတ်ချက်ကို ခိုင်မာစေသည့်အချက်များဖြစ်သည်။

သင်္ဘောများကိုနိုင်ငံခြားသားပိုင်အဖြစ်မှတ်ပုံတင်ပြီး ခုတ်မောင်းနေခြင်းဖြစ်သည်ဟု ITF က ယူဆပြီး ရှိကြောင်း FOC သင်္ဘောအဖြစ်မှတ်ပုံတင်ထားသည်ဟုဆိုရာတွင် အောက်ဖော်ပြပါ စံနှုန်းများပါဝင်သည်ဟု ယူဆသည်။

   Flag State ၏သဘောဆန္ဒနှင့်လုပ်ပိုင်ခွင့်အရမူ အဆိုပါ FOC သင်္ဘောတွင် နိုင်ငံတကာအဆင့်အနိမ့်ဆုံးသတ်မှတ်ချက်များ ပါဝင်ပြီး  အခြေခံလူ့အခွင့်အရေးနှင့်အလုပ်သမားသမဂ္ဂအခွင့်အရေးများကိုအလေးထားမှုအပါအဝင် အဖွဲ့အစည်း၏ လွတ်လပ် စွာ ဆုံးဖြတ်ပိုင်ခွင့် နှင့် Bona Fide အလုပ်သမားသမဂ္ဂများနှင့်ချုပ်ဆိုထားသည့် စုပေါင်းညှိနှိုင်းလုပ်ပိုင်ခွင့်တို့ပါဝင်သည်။
   သင်္ဘောတစ်စီးချင်းနှင့်ဆိုင်သည့်မှတ်တမ်းကို ILO ညီလာခံများနှင့်လမ်းညွှန်အကြံပေးချက်များအရ ချမှတ်ထားသည့်  သက်ဆိုင်ရာအဆင့်အလိုက် ဆုံးဖြတ်သည်။
   ဘေးကင်းလုံခြုံမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မှတ်တမ်းကို IMO ညီလာခံများ၏သတ်မှတ်ချက်စံနှုန်းအရဖော်ပြပြီး Port State Control ၏စုံစမ်းစစ်ဆေးချက်များ၊ လိုအပ်ချက်များရှိမရှိနှင့် ဖမ်းဆီးထိန်းသိမ်းခံရသည့်အကြိမ်ရေများဖြင့်လည်း ဖော်ပြသည်။

ပင်လယ်တွင်းဥပဒေဆိုင်ရာ ကုလသမဂ္ဂညီလာခံ (UNCLOS) အရ သင်္ဘောပိုင်ရှင်နှင့် တင်ထားသည့်သင်္ဘောအလံတို့ကြား စစ်မှန် သည့်ချိတ်ဆက်မှုရှိရမည်ဟု ITF ကယုံကြည်ထားသည်။ သို့သော် FOC သင်္ဘောများမှတ်ပုံတင်ရာတွင်မူ စစ်မှန်သည့်ချိတ်ဆက်မှု မရှိပေ။

ယင်းသို့အဆင်ပြေသလိုမှတ်ပုံတင်ထားသည့်အချို့သောသင်္ဘောများမှာ ဘေးကင်းလုံခြုံမှုနှင့်လေ့ကျင့်သင်ကြားမှုစံနှုန်းတို့တွင် အားနည်းပြီး  သင်္ဘောသားများကိုလည်းနိုင်ငံအလိုက်ကန့်သတ်ခြင်းမရှိပဲခန့်ထားရာ တစ်ခါတစ်ရံ ဘာသာစကားကွာခြားမှုကြောင့် သင်္ဘောသားများအချင်းချင်းဆက်သွယ်ရာတွင်၎င်း၊ လုံခြုံရေးချထားရာတွင်၎င်း အဆင်မပြေမှုများရှိရာ သင်္ဘောအန္တရာယ် ကင်းကင်းရှေ့ဆက်ရေးတို့တွင် စွန့်စားရသည်များရှိသည်။

နိုင်ငံအလိုက်ပြဿနာများကြောင့် ရှေ့ခရီးမဆက်နိုင်သည့်အခက်အခဲများနှင့်ကြုံရသည့်သင်္ဘောများစွာရှိသည်။

FOC သင်္ဘောအဖြစ်မှတ်ပုံတင်ထားပြီးပါက အဆိုပါသင်္ဘောပိုင်ရှင်များက ဈေးအပေါဆုံးနှင့်ရသည့်အလုပ်သမားများကိုခေါ်ကာ လုပ်ခအနည်းနည်းနှင့် လုပ်ငန်းခွင်အတွင်း အနေအစားဆင်းရဲလှသည့် သင်္ဘောသားများထံမှ လစာဖြတ်တောက်ခြင်းများလုပ် လေ့ရှိသည်။

ယင်းသို့သောဖြစ်ရပ်များမှာ ကမ္ဘာအနှံ့တွင် အောက်ခြေမှစပြီး အလျင်အမြန်လောင်မြိုက်လျက်ရှိသည်။ သင်္ဘောလုပ်ငန်းဈေးကွက် တွင်လည်း ကြောက်စရာကောင်းလောက်အောင်ပင်ယှဉ်ပြိုင်မှုများအားကောင်းလာသောကြောင့် FOC သင်္ဘောသစ်များမှ အနိမ့်ဆုံး စံနှုန်းများနှင့်အနည်းဆုံးသောလုပ်ခများပေးကာ ရပ်တည်နိုင်ရန်ကြိုးစားနေရပြီး ထိုနည်းနှင်နှင်ပင် သင်္ဘောပိုင်ရှင်များသည် လည်း ၎င်းတို့၏သင်္ဘောများ အခြားသင်္ဘောများနှင့်ယှဉ်ပြိုင်နိုင်ရန် အနိမ့်ဆုံးစံနှုန်းများနှင့်ဈေးအပေါဆုံးလုပ်သားများကိုရှာဖွေနေကြရာ အလံအငှားတင်ခြင်းကသာ ယင်းအခက်အခဲကိုဖြေရှင်ပေးနိုင်တော့သည်။

စူးစမ်းပါ
အလံအငှားတင်ခြင်းက သင်္ဘောသားများအတွက် မည်သို့သက်ရောက်မှုရှိသနည်း
လက်ရှိတွင် FOC သင်္ဘောများအဖြစ်မှတ်ပုံတင်ထားသည့်နိုင်ငံစာရင်းများ
ITF စုံစမ်းစစ်ဆေးရေးမှူးများ