Skip to main content

ကုမ္ပဏီများသည် ယူကေနှင့် အခြားတစ်နေရာရာရှိ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးဆိုင်ရာ အခွင့်အလမ်းများကို ယူရမည် - ITF

15 Sep 2020

ကိုးရီးယား-ပိုင် သင်္ဘောပေါ်မှ မြန်မာ သင်္ဘောဝန်ထမ်း ခုနှစ်ဦးကို ယူနိုက်တစ်ကင်ဒန်မှတစ်ဆင့် အိမ်ပြန်ပို့ခြင်းက ပြသသည်မှာ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးသည် အကျပ်အတည်းဖြစ်နေချိန်အတောအတွင်း လုပ်ရန်ဖြစ်နိုင်သေးသော်လည်း ၎င်းမှာ သင်္ဘောသားများ၏ အလုပ်ရှင်များ၏ ဆုံးဖြတ်ချက် လိုအပ်ပါသည်ဟု လီဗာပူးလ်-အခြေစိုက် ITF စိစစ်ရေးမှူးဖြစ်သူ Tommy Molloy က ပြောကြားပါသည်။

MV Hyundai Tacoma သင်္ဘော၏ သင်္ဘောဝန်ထမ်းတို့သည် ၎င်းတို့၏ အလုပ်ကန်ထရိုက်ပြီးဆုံးပြီးနောက် အိမ်ပြန်ပို့ပေးရေးနှင့်ပတ်သက်၍ အကူအညီတောင်းခံရန် ITF အား ကမ်းလှမ်းဆက်သွယ်ခဲ့ပါသည်။ သင်္ဘောဝန်ထမ်းများအား ၎င်းတို့၏မိခင်နိုင်ငံ မြန်မာနိုင်ငံသို့ ပြန်ပို့ပေးရေး၌ အခက်အခဲ ကြုံတွေ့မှုကြောင့် အလုပ်ရှင်ဖြစ်သူ HMM Ocean Services သည် သင်္ဘောသားများအား ၎င်းတို့၏ အလုပ်ကန်ထရိုက်များကို သက်တမ်းတိုးပေးစေလိုခဲ့သည်။

Molloy က ရှင်းပြသည်မှာ အကူအညီအတွက် မူလ ဖုန်းခေါ်မှုမှာ ကျွန်ုပ်၏ ယောင်းရင်းဖြစ်သည့် အမေရိကန်ပြည်ထောင်စု ဟူစ်တန်ရှိ ITF စိစစ်ရေးမှူးထံ ရောက်ခဲ့ပါသည်။ သင်္ဘောသည် Southampton သို့ ဆိုက်ရောက်ရန် အချိန်ကျရောက်ခဲ့ပြီး သင်္ဘောဝန်ထမ်း ခုနှစ်ဦးမှာ Hyundai Tacoma သင်္ဘောပေါ်၌ နောက်ထပ်ဆက်လက်၍ မလုပ်ကိုင်လိုခဲ့ပါ။

သင်္ဘောပိုင်ရှင်နှင့် ကုမ္ပဏီ စီမံအုပ်ချုပ်ရေးတို့နှင့် လုပ်ကိုင်ရခြင်းကို ထပ်ဆင့်၍ သင်္ဘောသားများအား အိမ်ပြန်ပို့ရေး ကိစ္စတွင် များသောအားဖြင့် ဆိပ်ကမ်းနိုင်ငံ (သင်္ဘော ဆိုက်ကပ်ထားရာ နိုင်ငံ) နှင့် အလံတင်နိုင်ငံ (သင်္ဘော မှတ်ပုံတင်ထားသည့်နိုင်ငံ) ရှိ အစိုးရ အေဂျင်စီရုံးများနှင့် ဆက်သွယ်ရခြင်းတို့ ပါဝင်ပါသည်။

Molloy သည် Hyundai Tacoma သင်္ဘော မှတ်ပုံတင်ထားသည့် Marshall Islands ၏ အလံတင်နိုင်ငံ မှတ်ပုံတင်ရုံးသို့ အီးမေးလ်ပို့ခဲ့ပြီးနောက် UKs Maritime and Coastguard Authority (MCA) ရုံးသို့ အီးမေးလ်ပို့ခဲ့ပါသည်။

ထို့နောက် သူသည် သင်္ဘောသားများ၏ ဒုက္ခအား တင်ပြရန်အတွက် လန်ဒန်မြို့ရှိ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ သံရုံးကို ဆက်သွယ်ခဲ့သည်။

သူသည် အစိုးရ အာဏာပိုင်များနှင့် HMM Ocean Services ရုံးတို့အား ရှင်းပြခဲ့သည်မှာ သင်္ဘောဝန်ထမ်းများသည် Southampton ၌ သင်္ဘော ဆိုက်ကပ်ထားစဉ် သင်္ဘောပေါ်မှ ဆင်းရန်လိုအပ်ခဲ့သည်။

 အလုပ်ကန်ထရိုက် မရှိဘဲ သို့မဟုတ် အလုပ်ကန်ထရိုက်များအား သက်တမ်းတိုးမှုများ မရှိဘဲ သူတို့သည် သင်္ဘောပေါ်၌ တရားမဝင် ရှိနေမည်ဖြစ်သည်။ ထို့ပြင် အလုပ်အကိုင် ကန်ထရိုက်ဖြင့် အကျုံးမဝင်ဘဲ ဤကဲ့သို့သော သင်္ဘောပေါ်ရှိနေရန်မှာ ၎င်းသည် သင်္ဘောသား တစ်ဦးအနေဖြင့် အာမခံနှင့် အကျုံးဝင် မဝင်မှာ အခြေအတင်ငြင်းခုံစရာဖြစ်ပါသည်။ ထို့ပြင် သင်္ဘောမှာ ၎င်း၏ ဘေးကင်းလုံခြုံသော မောင်းနှင်မှုအတွက် သတ်မှတ်ချက်များနှင့် ကိုက်ညီသည် ဟုတ်မဟုတ် မေးခွန်းထုတ်စရာဖြစ်ပါသည်။

 လုပ်ငန်းကဏ္ဍ၌ အများအပြား ကြုံတွေ့နေရသည့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး စီစဥ်ခြင်းနှင့်ပတ်သက်သည့် အမှန်အကန် အခက်အခဲများ ရှိလင့်ကစား ကုမ္ပဏီအနေဖြင့် သဘောပေါက် သိရှိခဲ့သည်မှာ သူတို့အနေဖြင့် သင်္ဘောဝန်ထမ်းများအား သင်္ဘောပေါ်မှ ဆင်းပေးရန်အတွက် ကြိုးစားလုပ်ပေးရန်နှင့် သူတို့အား အိမ်ပြန်ပို့ရန် အကောင်းဆုံးလုပ်ပေးရန်မှတစ်ပါး သူတို့တွင် အခြား နည်းလမ်းမရှိပါ၊ ဟု Molloy က ရှင်းပြခဲ့သည်။

သင်္ဘောဝန်ထမ်းများကို သြဂုတ်လ ၃၀ ရက်နေ့တွင် Southampton ၌ အစားထိုးပေးခဲ့သည်။ သို့သော်လည်း ၎င်းမှာ ပြဿနာ၏ ဆုံးခန်းတိုင်ရောက်ရန်မှ ဝေးကွာလွန်းခဲ့ပါသည်။

Molloy က ပြောကြားခဲ့သည်မှာ မြန်မာနိုင်ငံသို့ ပျံသန်းမည့် စီးပွားဆိုင်ရာ လေယာဥ်ခရီးစဥ်များ မရှိသော်လည်း ထိုင်ခုံ အကန့်အသတ်ဖြင့် ရရှိနိုင်သည့် ကယ်ဆယ်ရေး ခရီးစဥ်များ ရှိကြောင်း သံရုံးမှ အကြောင်းကြားခဲ့သည်။ သူတို့အနေဖြင့် သင်္ဘောဝန်ထမ်း ခုနှစ်ဦးအား တင်ပေးနိုင်သည့် အစောဆုံး လေယာဥ်ခရီးစဥ်မှာ စက်တင်ဘာလ ၂၁ ရက်နေ့ မရောက်မချင်း ဖြစ်မည် မဟုတ်ပါ။

 ၎င်းမှာ နောက်ဆုံး၌ ထိုင်ခုံ ရရှိနေရေး အတည်ပြုခံရရန် မျိုးစုံသော ဌာနများအကြား ဆက်သွယ်မှု အများအပြား လုပ်ခဲ့ရပါသည်။ ကျွန်ုပ်သည် UK နယ်စောင့်တပ်ဖွဲ့ကို ဖုန်းခေါ်နိုင်ခဲ့သည် ၎င်းနှင့်ကျွန်ုပ်သည် အလွန်ကောင်းမွန်သည့် အလုပ်လုပ်ကိုင်ရာ ဆက်ဆံရေးတစ်ရပ်ကို တည်ဆောက်နိုင်ခဲ့သည် ဖြစ်ပြီး သင်္ဘောဝန်ထမ်းများမှာ ၎င်းတို့ လေယာဥ်ပေါ်တက်နိုင်သည့်အချိန်အထိ UK တွင် ဆက်လက်နေထိုင်ရန် ခွင့်ပြုချက်ရခဲ့သည်။

 

Molloy က ပြောကြားခဲ့သည်မှာ ကုမ္ပဏီသည် သင်္ဘောဝန်ထမ်းများအား လေယာဥ်ခရီးစဥ် ရရှိသည့် နေ့ရက်တိုင်အောင် ဟိုတယ်တစ်ခုတွင် ထားခဲ့ပါသည်။ နှောင့်နှေးကြန့်ကြာမှုမှာ မျှော်လင့်ထားသည်ထက် နည်းပါးနေသော်လည်း၊ Molloy က ပြောကြားခဲ့သည်မှာ အင်္ဂလိပ်ဆိပ်ကမ်း တောင်ပိုင်းရှိ သင်္ဘောသား အသိုင်းအဝိုင်းသည် မြန်မာ ခုနှစ်ယောက်အား ကြည့်ရှုစောင့်ရှောက်နေခဲ့ကြပါသည်။

 ကျွန်ုပ်သည် Southampton ရှိ Stella Maris ကို ဆက်သွယ်ခဲ့သည်၊ သူတို့သည် သင်္ဘောသားများအား အကြီးအကျယ် စောင့်ရှောက်ပေးခဲ့ကြသည်၊ သူတို့အား နေ့စဥ် အပြင်ခရီးထွက်လိုက်လံကြည့်ရှုခြင်းများဖြင့် အချိန်ဖြုန်းပေးနေခြင်း၊ သူတို့အနေဖြင့် သူတို့၏မိသားစုများနှင့် ပုံမှန် အဆက်အသွယ်ရရှိနေရန်နှင့် စသဖြင့်တို့ဖြင့် သေချာပေးခြင်း လုပ်ပေးကြပါသည်၊ ဟု သူက ပြောကြားခဲ့သည်။

 ကံမကောင်းအကြောင်းမလှစွာဖြင့် အများအပြားသော လုပ်ငန်းလည်ပတ်သူများအတွက် သူတို့ စဥ်းစားသည့် ပထမဦးဆုံးနှင့် တစ်ခုတည်းသော နည်းလမ်းမှာ သင်္ဘောဝန်ထမ်းများအား အလုပ်ကန်ထရိုက် သက်တမ်းတိုးမှုများကို ဖိအားပေးရန်သာဖြစ်သည်။ အချို့ကိစ္စများတွင် သက်တမ်းတိိုးခြင်းမှာ ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် ရုပ်ပိုင်ဆိုင်ရာ သာယာကောင်းမွန်ရေးတို့အတွက် ဆိုးရွားနိုင်ပါသည်။ သင်္ဘောဝန်ထမ်းတိုင်းတွင် သက်တမ်းတိုးမှုများကို ငြင်းဆိုရန် အခွင့်အရေးနှင့် ၎င်းတို့၏ အလုပ်ရှင်များ၏ စရိတ်ဖြင့် အိမ်ပြန်ပို့ခံရရန် ၎င်းတို့အခွင့်အရေးကို ဆင့်ဆိုရန် အခွင့်အရေးရှိသည် - ၂၀၂၀ ခုနှစ်တွင် မည်သူကမျှ သင့်အား အတင်းအကျပ် အလုပ်လုပ်ခိုင်း၍ မရနိုင်ပါ။

Molloy က ပြောကြားခဲ့သည်မှာ သူ့အမြင်၌ ပိုမိုများပြားသည့် သင်္ဘောဝန်ထမ်းများအနေဖြင့် သက်တမ်းတိုးမှုကို ငြင်းဆိုခြင်းအားဖြင့် အခက်အခဲကို အတင်းအကျပ်လုပ်ရန် လိုအပ်ပါသည်။

 ဤကဲ့သို့ အကြောင်းကြောင့် Hyundai Tacoma သင်္ဘောမှ သင်္ဘောသားများသည် ပင်ပန်းနွမ်းနယ်နေပြီး အဆုံးအစ မရှိသော အသည်းအသန်ဖြစ်နေသည့်အခြေအနေ၌ ဆက်လက် အလုပ်လုပ်နေရမည့်အစား ယခုအခါ အလွန်-ရထိုက်သော အနားပေးမှုအချို့ကို ရရှိနေကြပြီး ၎င်းတို့၏ မိသားစုများကို ထပ်မံ တွေ့ဆုံရန် မျှော်လင့်နေလျက်ရှိသည်၊ ဟု Molloy က ပြောကြားခဲ့သည်။

 ဤကိစ္စက ပြသသည်မှာ အများအပြားသော ကုမ္ပဏီများက ကြုံတွေ့နေရသည့် တကယ့်အဖြစ်မှန် အခက်အခဲများ ရှိသည့်တိုင် လိုလားသည့်ဆန္ဒရှိသည့်ကိစ္စ၌ အိမ်ပြန်ပို့ရေးများမှာ စီစဥ်ပေးနိုင်ပါသည်။

Molloy က မကြာသေးမီ လများ၌ အခြား ကုမ္ပဏီများအား သတိပေးခဲ့သည်မှာ သင်္ဘောများ UK ဆိပ်ကမ်းများ၌ ဆိုက်ရောက်လာသည့်အခါ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးဆိုင်ရာ အခွင့်အလမ်းများကို ယူရန်ဖြစ်ပါသည်။

 ကျွန်ုပ်အတွက်တော့ ၎င်းကိစ္စမှာ အလွန် ရိုးရိုးစင်းစင်း ကိစ္စတစ်ခု ဖြစ်ပါသည်။ သင်္ဘောသား၏ အလုပ်ကန်ထရိုက် ကုန်ဆုံးပြီး ၎င်းတို့အနေဖြင့် သက်တမ်းတိုးမှုများကို လက်မှတ် မထိုးသည့်ကိစ္စတွင် ၎င်းတို့သည် အိမ်ပြန်ပို့ခံရရန် ခံစားခွင့်ရှိသည်။ ယင်းနောက် ၎င်းမှာ ကုမ္ပဏီ၏ အခက်အခဲဖြစ်သည် - သင်္ဘောသား၏ အခက်အခဲ မဟုတ်ပါ၊ ၎င်းတို့သည် ၎င်းတို့၏ အပိုင်းကို လုပ်ခဲ့ပြီးပြီဖြစ်ပါသည်။

 

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.