Skip to main content

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

21 May 2024
Press Release
Greek-flagged bulk cargo vessel Sea Champion is docked to the port of Aden, Yemen to which it arrived after being attacked in the Red Sea in what appears to have been a mistaken missile strike by Houthi militia, February 21, 2024. REUTERS/Fawaz Salman
Greek-flagged bulk cargo vessel Sea Champion is docked to the port of Aden, Yemen to which it arrived after being attacked in the Red Sea in what appears to have been a mistaken missile strike by Houthi militia, February 21, 2024. REUTERS/Fawaz Salman

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက အလံငှါး သင်္ဘောပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။

Jacqueline Smithအပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ်ရှိ ပင်လယ်ရေကြောင်း ညှိနှိုင်းရေးမှူးAl Jazeera မှ မူလအားဖြင့် ထုတ်ပြန်ခဲ့သည်

ဧပြီလ ၁၃ ရက်နေ့တွင် အီရန်နိုင်ငံ အစ္စလန် တော်လှန်ရေး ကမ်းခြေစောင့်တပ်ဖွဲ့၏ ရေတပ်က ပေါတူဂီအလံတင်ထားသည့် ကုန်သေတ္တာတင်သင်္ဘော အမ်အက်စ်စီ အေရီးစ် (MSC Aries) သင်္ဘောကို ဟောမုဒ်စ် ရေလက်ကြား၌ ဖမ်းဆီးလိုက်ပြီး သင်္ဘောဝန်ထမ်းများကို ဖမ်းဆီးထိန်းသိမ်းလိုက်သည်။ သင်္ဘောကို ဆွစ်နိုင်ငံ အခြေစိုက်- မက်ဒီတာရေးနီးယမ်း သင်္ဘောကုမ္ပဏီက လုပ်ငန်းလည်ပတ်သည်၊ ၎င်းသင်္ဘောကို အစ္စရေး ဘီလီယံသူဌေး အီယဲလ်အိုဖါဆိုသူက ပိုင်ဆိုင်ပြီး လန်ဒန်ဌာနချုပ်- ဇိုးဒီယက် ပင်လယ်ရေကြောင်း ကုမ္ပဏီထံမှ ငှါးယူထားခြင်း ဖြစ်သည်။ သင်္ဘောဝန်ထမ်း ၂၅ ဦးမှာ ဖိလစ်ပိုင်၊ ပါကစ္စတန်၊ အိန္ဒိယ၊ အင်တိုးနီးယားနှင့် ရုရှားနိုင်ငံများမှ နိုင်ငံသားများ ဖြစ်ကြသည်။

အဆိုပါအခင်းဖြစ်ရပ်မှာ အရှေ့အလယ်ပိုင်းတစ်ခွင်ရှိ ရေကြောင်းတွင် တင်းမာမှုကို လတ်တလောအဖြစ်ဆုံး တိုးမြှင့်ဖြစ်ပွားခြင်းတစ်ရပ်ဖြစ်ပါသည်။ လွန်ခဲ့သောလအနည်းငယ်ခန့်က ယီမန်နိုင်ငံမှ ဟူးသစ်စ်တို့သည် အစ္စရေးနှင့် ၎င်း၏ မဟာမိတ်များနှင့် ဆက်စပ်နေသည်ဟု ယူဆရသော သင်္ဘောများကို တိုက်ခိုက်ခဲ့ကြသည်။

မတ်လ ၆ ရက်နေ့တွင် အဆိုပါ တိုက်ခိုက်မှုတစ်ခု၌ True Confidence သင်္ဘောပေါ်ရှိ သင်္ဘောသား သုံးဦးကို သတ်ဖြတ်ခဲ့သည်။ နှစ်ဦးမှာ ဖိလစ်ပိုင်နိုင်ငံသားများဖြစ်ကြပြီး တတိယတစ်ဦးမှာ ဗီယက်နမ်နိုင်ငံသားဖြစ်သည်၊ ကျန်သင်္ဘောသားများမှာ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ သိရိလက္ကာ၊ နီပေါ နှင့် အိန္ဒိယ နိုင်ငံများမှဖြစ်ကြပြီး အိန္ဒိယ ရေတပ်သင်္ဘောမှ ကယ်တင်လိုက်ရသည်။ ဟူးသစ်စ်က အဆိုပြုခဲ့သည်မှာ True Confidence သင်္ဘောမှာ “အမေရိကန် သင်္ဘောဟုဆိုသော်လည်း သင်္ဘောကို ဘာဘတိုးစ် အလံလွှင့်ထူထားပြီး လိုင်ဘေးရီးယားနိုင်ငံ-မှတ်ပုံတင်ထားသည့်ကုမ္ပဏီက ပိုင်ဆိုင်ကာ ဂရိကုမ္ပဏီက လုပ်ငန်းလည်ပတ်ပါသည်။

အန္တရာယ်ရှိသော ရေကြောင်းကြောင့် သင်္ဘောသားများမှာ မည်မျှ ထိလွယ်ခိုက်လွယ်နိုင်ပုံကို ဤအခင်းဖြစ်ရပ်များက ပြသနေကြသည့်အပြင် သင်္ဘောလုပ်ငန်းကဏ္ဍအပေါ် ကမ္ဘာ့စည်းမျဥ်းနည်းပါးမှုကြောင့်လည်း ဤသို့ဖြစ်ရသည်ကို ပြသလျက်ရှိပါသည်။ သင်္ဘောတစ်စီး၌ပင် အမျိုးမျိုးအဖုံဖုံ စီရင်ပိုင်ခွင့် အများအပြား ပါဝင်ပတ်သက်နေရခြင်း၏ အကြောင်းရင်းမှာ လက်ရှိစည်းမျဥ်းများက သင်္ဘောကုမ္ပဏီများနှင့် လုပ်ငန်းလည်ပတ်သူများကို  အမျိုးမျိုးသော နိုင်ငံများ၌ မှတ်ပုံတင်ခွင့်ပြုပြီး မည်သည့်နိုင်ငံသားကိုမဆို သင်္ဘောသားအဖြစ် ငှါးရမ်းခွင့်ပြုထားခြင်းကြောင့် ဖြစ်ရပါသည်။

အခြေခံသဘောအားဖြင့် ကုမ္ပဏီအများအပြားသည် အလုပ်သမား နည်းနည်းနှင့် အခွန်အတုတ်စည်းမျဥ်း နည်းနည်းသာရှိသည့် စီရင်ပိုင်ခွင့်များကို ရွေးချယ်ကြသည်၊ ထို့ကြောင့် ၎င်းတို့၏အလံဖြင့် မှတ်ပုံတင်ထားသည့် သင်္ဘောပေါ် ရှိ သင်္ဘောသားများ၏ သာယာဝပြောရေးနှင့် လုံခြုံရေးအတွက် တာဝန် အနည်းအကျဥ်းသာ ရှိကြပါသည်။ ကုမ္ပဏီများသည် လခ ကောင်းကောင်းရသော အလုပ်ရှာရန် မလွယ်ကူကြသည့် နိုင်ငံများမှ သင်္ဘောသားများကိုလည်း ငှါးရမ်းကြသည်၊ ဆိုလိုသည်မှာ သင်္ဘောသားများမှာ ၎င်းတို့၏ ဝင်ငွေ ဆုံးရှုံးမည်ကို ကြောက်ရွံ့ထိတ်လန့်သောကြောင့် ထုတ်ဖော်ပြောဆိုရမည်ကို ဝန်လေးကြသည်ဟု ဆိုလိုပါသည်။

“အလံငှါး သင်္ဘောများဟုခေါ်ကြသော ဤလုပ်ကိုင်ပုံစနစ်သည် ၁၉၂၀ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၌ အစိုးရက အရက် ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်မှုနှင့် ရောင်းချမှုတို့ကို တားဆီးပိတ်ပင်သည့်အခါ ဤတားမြစ်ချက်များကို ရှောင်ရှားရန်အတွက် သင်္ဘောပိုင်ရှင်အချို့အား ၎င်းတို့၏ သင်္ဘောများကို ပနားမားနိုင်ငံတွင် မှတ်ပုံတင်ရန် တွန်းအားပေးသည့်အနေဖြင့် စတင်ပေါ်ပေါက်လာခဲ့သည်။

တားမြစ်ပိတ်ပင်မှုကို ဖယ်ရှားလိုက်ပြီးနောက် ဤလုပ်ကိုင်ပုံသည် ၎င်း၏ စည်းမျဥ်းသတ်မှတ်ချက်နည်းပါးသည့် အခွင့်အလမ်းများကို သင်္ဘောကုမ္ပဏီများက သဘောပေါက်သည့်အလျှောက် ဆက်လက်တည်ရှိခဲ့ပါသည်။  ၁၉၄၈ ခုနှစ်၌ ယခင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အက်ဒ်ဝတ် စတက်တင်နီးယပ်စ်က လိုင်ဘေးရီးယမ်းနိုင်ငံ အစိုးရနှင့် မှတ်ပုံတင်ဌာနတစ်ခုကို ပူးတွဲစီးပွားမိတ်ဖက်အဖြစ် ထူထောင်ရန် အတူလုပ်ကိုင်ဆောင်ရွက်ခဲ့သည်။ ယနေ့တိုင်အောင်ပင် လိုင်ဘေးရီးယမ်း မှတ်ပုံတင်သည် အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယား ပြင်ပ၌ ဖွင့်လှစ်ထားလျက်ရှိပါသည်။

ကျွန်တော်တို့၏ အဖွဲ့အစည်းဖြစ်သည့် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation) က လိုင်ဘေးရီးယမ်း မှတ်ပုံတင် ထူထောင်ခြင်းကို ကန့်ကွက်သောအနေဖြင့် ၁၉၄၈ ခုနှစ်တွင် အလံငှါး သင်္ဘောများကို ကန့်ကွက်သည့် လှုံ့ဆော်မှုကို စတင်ခဲ့ပါသည် – ၎င်းကတည်းကစ၍ သင်္ဘောပိုင်ရှင်များအဖို့ အလွန် နည်းပါးသည့် ပိတ်ပင်တားမြစ်ချက်များ ရှိနေခဲ့ရပါသည်။

သင်္ဘောလုပ်ငန်းကဏ္ဍအနေဖြင့် ကုန်ကျစရိတ်နည်းပါးမှု၊ “အလံ-ငှါးနိုင်ငံများမှ ဆောင်ရွက်ပေးသည့် ဗျူရိုကရေစီစနစ်အရ စီမံခန့်ခွဲမှု နည်းပါးခြင်းတို့မှ အဆင်ပြေသက်သောင့်သက်သာရှိမှု အခွင့်အလမ်းများကို ခံစားစံစားနေကြရပါသည်။ ဆိုလိုသည်မှာ အနိမ့်ဆုံး စည်းမျဥ်းတင်းကျပ်မှု၊ မှတ်ပုံတင်ကြေး စျေးနှုန်းသက်သာမှု၊ အခွန်အနည်းအကျဥ်း သို့မဟုတ် လုံးဝ မပေးရသည့်အခွန်၊ နှင့် ကမ္ဘာ့အလုပ်သမား စျေးကွက်မှ လုပ်ခနည်းပါးသည့် လုပ်သားများခန့်အပ်နိုင်သည့် လွတ်လပ်မှု တို့ကိုဆိုလိုပါသည်။ ၎င်းတို့ကို ကျွန်ုပ်တို့က အလံအငှါးသင်္ဘောများဟု ခေါ်ဆိုကြသည် အဘယ်ကြောင့်ဆိုသော် သင်္ဘောပိုင်ရှင်များအတွက် အဆင်ပြေသက်သောင့်သက်သာရှိစေပြီး အလံနှင့် သင်္ဘောပိုင်ရှင်တို့အကြားတွင် စစ်မှန်သော အဆက်အစပ် လုံးဝ မရှိခြင်းကြောင့်ဖြစ်ပါသည်။  ၎င်းသည် ပင်လယ်ပြင် ဥပဒေနှင့်စပ်လျဥ်းသည့် ကုလသမဂ္ဂ စာချုပ်က “စစ်မှန်သော အဆက်အစပ်ရှိရမည်ဟု ဆိုထားသည့်တိုင် ထိုကဲ့သို့ အဆက်အစပ်မရှိလျက် ဆက်လက် ရပ်တည်နေလျက်ရှိပါသည်။

သင်္ဘောသားများအဖို့ အဓိက ပြဿနာတစ်ရပ်မှာ သင်္ဘောပိုင်ရှင်များက အလုပ်သမား အကာအကွယ်ပေးရေးဆိုင်ရာ စံနှုန်းများ ကြပ်မတ်ပေးခြင်းကို အနည်းအကျဥ်းသာ စိတ်ဝင်စားကြသည့် သို့မဟုတ် လုံးဝ စိတ်မဝင်စားကြသည့် ၎င်းတို့သိရှိသော အလံငှါး နိုင်ငံများကို ရွေးချယ်ကြသည်။ ၎င်းမှာ ငွေအကြီးအကျယ် အမြတ်ထုတ်ယူသည့် စီမံချက်တစ်ရပ်ဖြစ်ပါသည်။  သင်္ဘောပိုင်ရှင်များသည် ၎င်းတို့၏ သင်္ဘောများကို ၎င်းတို့ရွေးချယ်သည့် အလံငှါး မှတ်ပုံတင်တွင် မှတ်ပုံတင်ကြေးပေး၍ မှတ်ပုံတင်ကြသည်။ အပြန်အလှန်အားဖြင့် မှတ်ပုံတင်ပေးသည့်နိုင်ငံများက ၎င်းတို့ အမြတ်အစွန်းများရနေသည့်အလျောက် သင်္ဘောသား လုံခြုံရေးနှင့် ဖူလုံရေး စံနှုန်းများကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်ပေးရန် ၎င်းတို့လျစ်လျူရှုထားကြသည်။

သင်္ဘောသားများအဖို့ ၎င်းကြောင့် အလွန် နည်းပါးသော လုပ်ခများ ရရှိခြင်း၊ သင်္ဘောပေါ် ညံ့ဖျင်းသော အလုပ်လုပ်ကိုင်ရာ အခြေအနေများရှိခြင်း၊ လုံလောက်မှု မရှိသော အစားအစာနှင့် သောက်ရေသန့် မရှိခြင်းအပြင် ထိုက်သင့်သလို အနားပေးခြင်း မရှိဘဲ အချိန်ကြာကြာ အလုပ်လုပ်ရခြင်းတို့ ဆိုလိုနိုင်ပါသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ် တစ်ရပ်အနေဖြင့် ကျွန်ုပ်တို့သည် သယ်ယူပို့ဆောင်ရေး အလုပ်သမားများ၏ အခွင့်အရေးများကို ပိုမိုတိုးမြှင့်ပေးရန်နှင့် ထိန်းသိမ်းထားရန် အစုလိုက် ညှိနှိုင်းမှုများ ပြုလုပ်ခြင်းနှင့် အပြည်ပြည်ဆိုင်ရာ နည်းဥပဒေနှင့်တကွ နိုင်ငံတွင်း နည်းဥပဒေတို့ကို အခိုင်အမာပြုလုပ်ပေးခြင်းတို့မှ တစ်ဆင့် ကျွန်ုပ်တို့၏ အပေါင်းအပါများနှင့်အတူ မနားမနေ လုပ်ကိုင်ပေးနေကြပါသည်။

အလုပ်ရည်မှန်းချက်တွင် နှစ်မြှုပ်ထားသော စိစစ်ရေးမှူး အယောက် ၁၃၀ ကျော်- ၎င်းတို့ထဲမှ လူများစုမှာ ယခင် သင်္ဘောသားများဖြစ်သူ ပါဝင်သည့် ကမ္ဘာတစ်ဝန်း စိစစ်ရေးမှုးချုပ်ရုံး – သည် နိုင်ငံပေါင်း ၅၉ နိုင်ငံရှိ ဆိပ်ကမ်း ၁၂၀ ကျော်သို့ ဆိုက်ကပ်လာသည့် သင်္ဘောများကို စိစစ်ပေးကြသည်၊ သင်္ဘောသားများအနေဖြင့် ထိုက်သင့်သောလုပ်ခများ ရရှိနေခြင်း၊ သင့်လျော်သော အလုပ်လုပ်ကိုင်ရာ အခြေအနေများနှင့် နေထိုင်ရေး အခြေအနေများ ရရှိနေခြင်းတို့ကို သေချာစေရန် စိစစ်ပေးကြသည်။ သို့သော်လည်း မတရား နှိပ်စက်သည့် လုပ်ရပ်များ ရှိနေပါသေးသည်။ ကျွန်ုပ်တို့အနေဖြင့် သင်္ဘောသားများထံမှ အရေးပေါ် အတိဒုက္ခရောက်နေသည့် ဖုန်းခေါ်မှုများ ရရှိပြီး သင်္ဘောလုပ်ငန်းကဏ္ဍ၏ အတွင်းလိုက်၍စားနေသော ပုတ်သိုးပျက်စီးနေမှုကို အကြိမ်ကြိမ်အခါခါ မြင်တွေ့ရပါသည်။

သင်္ဘောသား စွန့်ပစ်ခံရမှုများ၊ လများကြာအောင် သို့မဟုတ် နှစ်များပင်ကြာအောင် လုပ်ခ မပေးမှုများ၊ နှင့် လုံးဝ အရေးယူခြင်း မခံရပဲ သင်္ဘောသားများ၏ အခွင့်အရေးများကို ဖိနှိပ်နှောင့်ယှက်မှုများ မရေတွက်နိုင်အောင် ကျွန်ုပ်တို့ ကြားသိခဲ့ရသည်။

လွန်ခဲ့သော အပတ်မှာပင် ချောင်ပိတ်မိခံနေရသော ဒုက္ခရောက်နေသည့် အိန္ဒိယ သင်္ဘောဝန်ထမ်း တစ်ဦးထံမှ ကျွန်ုပ်တို့ ကြားသိခဲ့ရသည်မှာ “ကျနော့်ရဲ့ လခငွေ မရတာ သုံးလကျော်နေပါပြီ – သို့သော်လည်း ခုနှစ်လကြာအောင် လုပ်ခ မရသေးတဲ့ သင်္ဘောသားအချို့ရှိနေပါတယ်။ ကုမ္ပဏီဟာ စားစရာနှင့် ရေသန့် မပေးတော့ပါဘူး – တစ်ခါတစ်လေ ကျနော်တို့ အသက်ရှင်ဖို့အတွက် ငါးဖမ်းခဲ့ကြရပါတယ်။ သင်္ဘောသားတွေ အားလုံး စိတ်ဓါတ်ကျနေပါတယ်၊ ကျနော်တို့မိသားစုတွေ အသက်ရှင်နေဖို့အတွက် အကြွေးတင်နေကြပါတယ်။”

အခုအချိန်အထိ ကျနော် လစာ (ငါးလ ရှိပြီ) မရသေးပါဘူး၊ ကျနော်တို့မှာ အစားအစာနှင့် လောင်စာ လျော့နည်းနေပြီး ကျနော်တို့ ဒုက္ခရောက်နေတယ်ဆိုတာ အသိပေးချင်ပါတယ်...ကျနော်တို့ အကူအညီလိုအပ်နေပါတယ်၊” ဟု အင်ဒိုနီးရှား သင်္ဘောသားတစ်ဦး လွန်ခဲ့သောလက ကျွန်ုပ်တို့အား ပြောဆိုခဲ့သည်။

 သင်္ဘောသား အများအပြားသည် လုပ်ခ ခိုးခံရမှုနှင့် လုပ်ခလျော့ပေးမှုကြောင့် ရုန်းကန်လှုပ်ရှားနေကြရသည်။ အလံငှါး သင်္ဘောများပေါ်ရှိ သင်္ဘောသားများ၏ အနည်းဆုံး လုပ်ခမှာ အုပ်စုလိုက် အလုပ်အကိုင် လုပ်ခ စာချုပ်အရ တစ်လလျှင် ဒေါ်လာ ၁၇၀၀ ခန့်ဖြစ်ပါသည်။ အလံငှါး သင်္ဘောများပေါ်ရှိ သင်္ဘောသားများမှာ အုပ်စုလိုက် အလုပ်အကိုင် လုပ်ခ စာချုပ် မရှိဘဲ တစ်ခါတစ်ရံ ဒေါ်လာ ၄၀၀ မှ ၆၀၀ အထိဖြင့် သင်္ဘောလိုက်ကြရသည်။ ဤလုပ်ခဖြင့် နာရီပိုင်းအလိုက် လုပ်ခကို ထည့်သွင်းစဥ်းစား၍ပင် မရတော့ပါ။ ထို့ပြင် ဤမျှလောက် နိမ့်ကျသောလုပ်ခဖြင့်ပင် ကုမ္ပဏီများသည် လုပ်ခပေးရန် ကြံ့ကြာနေမှု သို့မဟုတ် လုပ်ခ ထိန်ချိန်ထားမှုတို့ ပုံမှန်အားဖြင့် ဆက်လက် ဖြစ်ပေါ်နေသေးပါသည်။

ယမန်နှစ်၌ ITF စိစစ်ရေးမှူးများက သင်္ဘောသားများထံမှ အထူးသဖြင့် အလံငှါး သင်္ဘောပိုင်ရှင်များက ခိုးယူထားသည့် လုပ်ခ မပေးသေးသော လုပ်ခ ဒေါ်လာ ၅၄ သန်းကျော်ကို ပြန်လည်ရယူခဲ့သည်။ ဤငွေများကို ကျွန်ုပ်တို့ ကွာဟချက်များ ရှာဖွေရန် များသောအားဖြင့် အသုံးပြုလေ့ရှိသည့် လုပ်ခငွေစာရင်းများနှင့် အလုပ်အကိုင် ကန်ထရိုက်စာချုပ်များကို ပုံမှန် စစ်ဆေးခြင်းမှတစ်ဆင့် ပြန်ရအောင်ရယူခဲ့သည်။ သင်္ဘောပိုင်ရှင် အများစုသည် ဖိအားပေးခံရသည့်အခါ သင်္ဘောသား ကန်ထရိုက်စာချုပ်များအတိုင်း လုပ်ခပေးကြပါမည် – သို့သော် ကျွန်ုပ်တို့အနေဖြင့် လိုအပ်ပါက သင်္ဘောထွက်ခွာခြင်း မပြုမီ သင်္ဘောသားများအား လုပ်ခပေးရန် သေချာစေအောင် ဆိပ်ကမ်းနိုင်ငံ ထိန်းချုပ်ရေးနှင့် ဆိပ်ကမ်းအလုပ်သမားများ သမဂ္ဂတို့နှင့် ညှိနှိုင်းဆောင်ရွက်နိုင်ပါသည်။

ပင်လယ်နီတွင် ဖြစ်ပွားနေသည်ကို ကျွန်ုပ်တို့မြင်တွေ့နေရသည်မှာ အလံအငှါး သင်္ဘောစနစ်သည် မလုံခြုံသည့်နယ်မြေမှတစ်ဆင့် ပြန်လှည့်နိုင်သည့် အာဏာမရှိဘဲ သင်္ဘောမောင်းနှင်သွားခြင်းဖြင့် သင်္ဘောသားများ၏ အသက်ကို မည်မျှအန္တရာယ်ရှိနိုင်သည်ကို ဖော်ပြနေပါသည်။ ပနားမား၊ လိုင်ဘေးရီးယား နှင့် မာရှယ်ကျွန်း သင်္ဘောများပေါ်ရှိ သင်္ဘောသားများကို ကာကွယ်ပေးရန် မည်သူက လာရောက်ကယ်တင်ပေးမည်နည်း။

ဖိလစ်ပိုင် သင်္ဘောသား တစ်ဦး ကျွန်ုပ်တို့ကို ပြောပြသည်- “အလွန် အန္တရာယ်များနေတဲ့အထဲ ကျနော်တို့ ကုမ္ပဏီက ပင်လယ်နီကတစ်ဆင့် သွားခိုင်းပါတယ်။ ကျနော်တို့ ခုလေးဘဲ ပင်လယ်နီကို ဖြတ်ခဲ့တယ်၊ ဖြတ်နေစဥ်အတွင်း သင်္ဘောအတော်များများဟာ သူတို့ တိုက်ခံရတယ်ဆိုပြီး စစ်သင်္ဘောတွေဆီက အကူအညီ လှမ်းတောင်းနေတာကို ကျနော်တို့ ကြားခဲ့ရတယ်၊ အဲ့ဒီမှာ လူတွေ အလွန် စိုးရိမ်နေကြတယ်၊ ကျနော်တို့ရဲ့ အသက်တွေကို စဥ်းစားရင် ကျနော်တို့ အိပ်လို့မရပါဘူး။”

ပင်လယ်နီမှ ကွေကွင်းသွားခြင်းသည် သင်္ဘောလုပ်ငန်း ကဏ္ဍရှိ အချို့သင်္ဘောများအတွက် အမြတ်အစွန်း ကြီးကြီးကျယ်ကျယ်ရသည်ဟု အစီရင်ခံချက်များက ဆိုပါသည်။ ၎င်းမှာ ခရီးလမ်းကြောင်း ပိုဝေး၍ ကုန်ကျစရိတ်များသောကြောင့် သင်္ဘောအနည်းငယ်သာ ရရှိနိုင်သဖြင့် ဝယ်လိုအား တောင်းဆိုမှု ပိုမိုများပြားသည် ဟုဆိုသည်။ သို့ဆိုသည့်တိုင် ကုမ္ပဏီများသည် သင်္ဘောသားများ၏ အသက်များကို အန္တရာယ်နှင့် ဆက်လက်၍ အရဲစွန့်ရန် လိုလားနေလျက်ရှိနေပါသေးသည်။

အကြံပြုရသော် ဤနည်းအရ စီးပွားလုပ်ငန်း လုပ်ဆောင်သည့်နည်းလမ်းသည် မရိုးသားပါ။ ရွေးချယ်မှုတစ်ရပ်သာ ဖြစ်ပါသည်။

၎င်းကို အကယ်၍သာ သင်္ဘောလုပ်ငန်း ကဏ္ဍ၌ ပို၍ ပွင့်လင်းမြင်သာမှုရှိပြီး - သင်္ဘော၏ ပိုင်ရှင် အစစ်အမှန်နှင့် သင်္ဘောက လွှင့်ထူထားသော အလံ အကြား “စစ်မှန်သော အဆက်အစပ်” ရှိရမည် ဟုဆိုသော အပြည်ပြည်ဆိုင်ရာ ဥပဒေက တွန်းအားပေးမှသာ ပြောင်းလဲနိုင်ပါမည်။ စစ်မှန်သောအဆက်အစပ်မှာ မည်သို့သဘောသဘာဝရှိသည် ကိုလည်း ကမ္ဘာ့ကုလသမဂ္ဂ နှင့် ၎င်း၏ သက်ဆိုင်ရာ အဖွဲ့အစည်း များဖြစ်ကြသည့် အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း အဖွဲ့အစည်းနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်းတို့က ပို၍ရှင်းရှင်းလင်းလင်း ဖွင့်ဆိုပေးရမည်ဖြစ်သည်။ ထိုအခါကျမှသာ သမဂ္ဂများနှင့် အာဏာပိုင်များက သင်္ဘောပိုင်ရှင်များနှင့် အလံနိုင်ငံများ အပေါ် အမှန်တကယ် တာဝန်ခံစေနိုင်မည်ဖြစ်ပါသည်။

အလံငှါး သင်္ဘောများက သမားရိုးကျ နိုင်ငံတွင်း မှတ်ပုံတင်များထက် ပိုမိုနိမ့်ကျသော စံနှုန်းများဖြင့် ဆက်လက် လုပ်ငန်းလည်ပတ်နေသမျှ တန်းတူအခွင့်အလမ်း အမှန်တကယ် မည်သည့်အခါမျှ ရှိမည် မဟုတ်ပါ။ အလံငှါး မှတ်ပုံတင်များကို စီးပွားလုပ်ငန်းတစ်ခုအဖြစ် လည်ပတ်ရန်အတွက် ခွင့်မပြုသင့်ပါ။

ထိုအချိန်အခါ မရောက်မချင်း ပြစ်ဒဏ် ကျခံခြင်း မရှိစေဘဲ သင်္ဘောသားများ၏ အခွင့်အရေးများကို ဆက်လက်၍ ဖိနှိပ်နှောင့်ယှက်သွားနေပါလိမ့်မည်။ ပင်လယ်ပြင်၌ တည်ရှိနေသည့် လျစ်ဟာကွေကွင်း၍ရနေသော စီရင်ပိုင်ခွင့်ကို ပိတ်သိမ်းရန် အချိန်ကျရောက်နေပါပြီ။

ဤဆောင်းပါးပါ တင်ပြထားသည့် အမြင်များမှာ စာရေးသူ၏ ကိုယ်ပိုင် အမြင်များဖြစ်ပြီး Al Jazeera ၏ တည်းဖြတ်သူ အမြင်များကို ထင်ဟတ်ထားခြင်း မဟုတ်ပါ။ 

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.