Skip to main content

နည်းဗျူဟာကျသော သင်္ဘောအုပ်စုကို ကန့်ကွက်သည့် သြစတြေးလျ သင်္ဘောလုပ်ငန်း လီမိတက် (Shipping Australia Limited’s) ကို ITF က ပြစ်တင်ရှုတ်ချ

18 Dec 2023
Press Release

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် ယနေ့၌ သြစတြေးလျနိုင်ငံ အလံတင်သင်္ဘောများအတွက် အစိုးရ၏ နည်းဗျူဟာကျသည့် သင်္ဘောအုပ်စု ဖွဲ့စည်းထူထောင်ရေး အစီအစဉ်ကို တစ်စိုက်မတ်မတ် ကန့်ကွက်နေသည့် သြစတြေးလျ သင်္ဘောလုပ်ငန်း ကုမ္ပဏီလီမိတက် (Shipping Australia Limited (SAL)) ကို ပြစ်တင်ရှုတ်ချလိုက်သည်။

ITF ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်း တပ်ဖွဲ့ ဥက္ကဌဖြစ်သူ Chris Given က ပြောကြားလိုက်သည်မှာ သြစတြေးလျ သင်္ဘောလုပ်ငန်း ကုမ္ပဏီလီမိတက် (SAL)) ရဲ့ ရပ်တည်ချက်ဟာဆိုရင် “အမြင် ကျဥ်းမြောင်းပြီး သြစတြေးလျနိုင်ငံရဲ့ ကောင်းကျိုးစီးပွားတွေကို ဟန့်တားနေရာရောက်ပါတယ်။”

"Evergreen, MSC, K-Line, HMM, CMA CGM, Maersk နဲ့ Hapag-Lloyd တွေအပါအဝင်ဖြစ်တဲ့ - အဓိကကျတဲ့ အပြည်ပြည်ဆိုင်ရာ သင်္ဘောလိုင်းတွေကို ကိုယ်စားပြုနေတဲ့ SAL ဟာဆိုရင် သြစတြေးလျနိုင်ငံရဲ့ စီးပွားရေး၊ လုံခြုံရေးနဲ့ ပင်လယ်ရေကြောင်း လုပ်ငန်းကဏ္ဍရဲ့ ကောင်းကျိုးချမ်းသာထက်စာရင် နိုင်ငံရပ်ခြား နိုင်ငံပေါင်းစုံတွေရဲ့ အမြတစ်အစွန်း အကျိုးစီးပွားကို ပိုပြီးအလေးထားနေပုံရပါတယ်၊” ဟု Given က ပြောကြားလိုက်သည်။

"ပင်လယ်ရေကြောင်း ကုန်စည်သယ်ယူပို့ဆောင်ရေးဟာဆိုရင် သြစတြေးလျနိုင်ငံရဲ့ ပြည်တွင်း ကုန်သွယ်ရေး၊ နိုင်ငံရဲ့လုံခြုံရေး အပြင် သဘာဝပတ်ဝန်းကျင် တည်မြဲနေရေးတွေအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ အဲ့ဒါဟာ အလုပ်အကိုင်တွေကို ဖန်တီးပေး နေတဲ့အပြင် ပင်လယ်ရေကြောင်း ကဏ္ဍမှာ ကျွမ်းကျင်မှုတွေကိုလည်း ဖွံ့ဖြိုးပေးနေပါတယ်။ နည်းဗျူဟာကျတဲ့ သင်္ဘောအုပ်စု အပေါ် SAL ရဲ့ ကန့်ကွက်ချက်ဟာဆိုရင် သြစတြေးလျနိုင်ငံရဲ့ ကိုယ်ကျိုးစီးပွားတွေကို ဆန့်ကျင်ပြီး နိုင်ငံရပ်ခြားသူတွေရဲ့ အကျိုးစီးပွားကို ပိုပြီးအကာအကွယ်ပေးနေတာဘဲဖြစ်ပါတယ်။"

သြစတြေးလျသင်္ဘောလုပ်ငန်း ကုမ္ပဏီလီမိတက် (SAL) သည် အလံငှါးနိုင်ငံ မှတ်ပုံတင်ဖြင့် ပြေးဆွဲနေသည့် အဓိကကျသော အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်းလိုင်းများကို ကိုယ်စားပြုထားသည်၊ အဆိုပါ သင်္ဘောများတွင် အမြတ်အစွန်း အများဆုံး ရရန်ကိုသာ ဦးစားပေးသောကြောင့် အနိမ့်အကျဆုံးအဆင့် စည်းမျဥ်းများရှိခြင်း၊ အခွန်စည်းကြပ်မှု လုံးဝ မရှိ သို့မဟုတ် အနိမ့်ဆုံးသာ ရှိခြင်း၊ အပြင် သင်္ဘောသားများ၏ လုပ်ခနှင့် အလုပ်လုပ်ကိုင်ရာ အခြေအနေများကို အမြင့်မားဆုံး ခြယ်လှယ်ခွင့် ရှိခြင်းတို့ ဖြစ်ကြပါသည်။

သြစတြေးလျသင်္ဘောလုပ်ငန်း ကုမ္ပဏီ လီမိတက် (SAL) ၏ လတ်တလော သတင်းဆောင်းပါးမှ ပင်လယ်ရေကြောင်း ကဏ္ဍကို လွတ်လပ်ခွင့်ပေးခြင်းနှင့်ပတ်သက်၍ ချီလီနိုင်ငံ၏ ဆုံးဖြတ်ချက်ကို သြစတြေးလျနိုင်ငံ၏ ကုန်စည်သယ်ယူပို့ဆောင်ရေး မူဝါဒများကို နှိုင်းယှဥ်ထားခြင်းမှာ အထင်မြင်မှားအောင် လှည့်စားထားသည်ဟု Mr. Given ဖော်ပြလိုက်သည်။

"နိုင်ငံရဲ့ သင်္ဘောအုပ်စု အကျိုးစီးပွား ထင်ရှားနေတာတောင် SAL ဟာ မကြာခင်က သတင်းဆောင်းပါးတစ်ပုဒ်ကို ထုတ်ပြန် ခဲ့ပါတယ်၊ အဲ့ဒီမှာ ကုန်စည်သယ်ယူပို့ဆောင်ရေး စည်းမျဥ်းတွေကို တင်းကျပ်ဖို့၊ ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေးကို လွတ်လပ်ခွင့်ပြုဖို့ကိစ္စမှာ ချီလီနိုင်ငံရဲ့ ဆုံးဖြတ်ချက်နဲ့ယှဥ်တွဲပြီး စဉ်းစားလုပ်ဆောင်ဖို့ဆိုပြီး သြစတြေးလျအစိုးရရဲ့ အစီအစဉ်ကို ဆန့်ကျင်ပြီး ရေးသားထားပါတယ်။” ဟု Mr. Given က ဖော်ပြထားပါသည်။

"သို့သော်လည်း မှတ်သားဖို့ အခရာကျတာကတော့ ITF ဟာ ချီလီ အစိုးရ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်၊ သူတို့တွေက နိုင်ငံရဲ့ သင်္ဘောသားများကို ထောက်ခံပေးပြီးတော့ ပြည်တွင်း ကုန်စည်သယ်ယူပို့ဆောင်ရေးကို ထိန်းသိမ်းပေးဖို့၊ ITF နဲ့တကွ အဖွဲ့ဝင်တွေနဲ့ လိုအပ်တဲ့ တိုးမြှင့်ပေးမှုတွေအတွက် ပူးပေါင်းဆောင်ရွက်ပေးပါမယ်လို့ ကတိကဝတ်ပြုခဲ့ပါတယ်။”

Mr. Given က ယိုးဒယား၊ တောင်အာဖရိက နိုင်ငံများကဲ့သို့ အခြားနိုင်ငံများအား ပြည်တွင်းလမ်းကြောင်းများအတွက် နိုင်ငံ့ သင်္ဘောလိုင်းများ ဖွဲ့စည်းပေးခြင်းဖြင့် ပြည်တွင်း ကုန်သွယ်ရေး တောင့်တင်းပေးခြင်း၏ အရေးကြီးပုံကို အသိအမှတ်ပြုပေး သည့်အတွက် ချီးကျူးဂုဏ်ပြုလိုက်ပါသည်။

"SAL ရဲ့ ရပ်တည်ချက်နဲ့ မတူပဲ တောင်အာဖရိကဟာ သြစတြေးလျလိုပဲ မရှိမဖြစ်တဲ့ သွင်းကုန်နဲ့ထုတ်ကုန်တွေမှာ အဆက်ပြတ်တောက်မှုတွေ ကုန်စည်ဖြန့်ချီရေးကွင်းဆက်တွေမှာ အားနည်းချက်ရှိတာကို အသိအမှတ်ပြုပေးရင်း ကိုဗစ် -၁၉ ကာလအတွင်းမှာ တစ်သတ်တစ်အား စီမံချက်တွေ လုပ်ခဲ့ပါတယ်၊" ဟု Mr. Given က ပြောကြားလိုက်သည်။ "တောင်အာဖရိက သင်္ဘောလုပ်ငန်း ကုမ္ပဏီ ဥပဒေကြမ်းရဲ့ ဥပဒေရေးဆွဲရေးမှာ ပါဝင်ပတ်သက်တဲ့ တောင်အာဖရိကရဲ့ တုံ့ပြန်ချက်ကတော့ တောင်အာဖရိက သင်္ဘော မှတ်ပုံတင်အရ နည်းဗျူဟာကျတဲ့ သင်္ဘောအုပ်စုကို ဖွဲ့စည်းရေးနှင့် စီမံခန့်ခွဲရေးကို ရည်မှန်း ထားတယ်လို့ဆိုပါတယ်၊"

Mr. Given က အလေးထားပြောကြားလိုက်သည်မှာ နိုင်ငံလုံးဆိုင်ရာ သင်္ဘောအုပ်စုအပေါ် SAL ၏ ကန့်ကွက်မှုသည် သြစတြေးလျနိုင်ငံ၏ စီးပွားရေးသာမက မိမိနိုင်ငံသားများ၏ အကျိုးစီးပွားရရှိမည့် တန်းတူအဆင့် ရရန်ရည်ရွယ်မည့်အစား နိုင်ငံစုံ သင်္ဘောလုပ်ငန်း ကုမ္ပဏီများ၏ အမြင့်မားဆုံး အမြတ်အစွန်း ရရှိရေးကို ဦးစားပေးမည့် လိုအင်ဆန္ဒကြောင့်ဖြစ်သည် ဟုဆိုပါသည်။

"ITF အနေနဲ့ သြစတြေးလျအစိုးရကို နိုင်ငံ့ကောင်းကျိုးဆောင်ရွက်ရာမှာ မိမိရဲ့ အခန်းကဏ္ဍကို အသိရှိရင်း ကုန်စည် သယ်ယူပို့ဆောင်ရေး ကြံ့ကြံ့ခိုင်နေဖို့အတွက် အားထုတ်မှုကြောင့် ချီးကျူးဂုဏ်ပြုပါတယ်၊" ဟု Mr. Given က နိဂုံးချုပ် ပြောဆိုလိုက်သည်။ "ကျွန်တော်တို့အနေနဲ့ SAL ကို မိမိရဲ့ ကျဥ်းမြောင်းတဲ့ အမြင်ကို ပြန်လည်ရှုမြင်ပြီး သုံးသပ်ပေးဖို့နဲ့ သြစတြေးလျနိုင်ငံရဲ့ ပင်လယ်ရေကြောင်း လုပ်ငန်းကဏ္ဍ တည်တံ့ခိုင်မြဲရေးကို မြှင့်တင်ပေးတဲ့ မူဝါဒတွေကို ထောက်ခံပေးဖို့ တိုက်တွန်းလိုက်ပါတယ်။"

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.