Skip to main content

ကမ္ဘာလှည့်အပျော်စီးသင်္ဘော လုပ်ငန်းကဏ္ဏနှင့် သမဂ္ဂများသည် အလုပ်သမား အများစုကို အိမ်ပြန်ပို့ပေးသော်လည်း ရှေ့လျှောက် အခက်အခဲများရှိ

10 Aug 2020
Press Release

တစ်ကမ္ဘာလုံးဆိုင်ရာ အပျော်စီးသင်္ဘော လုပ်ငန်းကဏ္ဏနှင့် သင်္ဘောသားများ၏ သမဂ္ဂများသည် သင်္ဘောသား အယောက် 250,000 နီးပါးကို အိမ်ပြန်ပို့မှု ပြီးဆုံးခါနီး၌ အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချပ် (International Transport Workers' Federation (ITF)) သည် လုပ်ငန်းကဏ္ဏနှင့် ၎င်းတို့၏ လုပ်သားအင်အားထုတို့ ရှေ့လျှောက်တွင် အခက်အခဲများ ရင်ဆိုင်နေရမည်ဟု သတိပေးလိုက်သည်။

ITF နှင့် ၎င်း၏ အဖွဲ့ဝင် သမဂ္ဂများသည် တစ်ကမ္ဘာလုံးဆိုင်ရာ အပျော်စီးသင်္ဘော လုပ်သားအင်အားထု အမြောက်အမြားကို ကိုယ်စားပြုပါသည်။ အဖွဲ့ချုပ်နှင့် သမဂ္ဂများသည် Covid-19 ရောဂါကပ်ဘေးကြီးကျရောက်မှုနှင့် အစိုးရများ၏ ၎င်းတို့၏ နယ်စပ်များ ပိတ်ထားမှုကြောင့် ကမ္ဘာတစ်ဝန်း အပျော်စီးသင်္ဘောများပေါ် ချောင်ပိတ်မိခံနေရသည့် အားလုံးသော အမျိုးအစားများဖြစ်ကြသည့် စားဖိုခန်းချက်ပြုတ်ရေး၊ စားပွဲထိုးဝန်ထမ်း နှင့် ကုန်းပတ်ပေါ် ဖြေဖျော်သမားများနှင့် စက်ခန်းဝန်ထမ်းတို့မှ ထောင်ပေါင်း ဆယ်နှင့်ချီသော သင်္ဘောသားများ အိမ်ပြန်ရေးကိစ္စကို တက်တက်ကြွကြွ ပံ့ပိုးပေးခဲ့သည်။

ITF သင်္ဘောသားများ ဌာနခွဲ ဥက္ကဌဖြစ်သူ Dave Heindel က ပြောကြားသည်မှာ ကမ္ဘာ့ရောဂါကပ်ဘေးကြီးကြောင့် လူသားချင်းစာနာမှု အကောင်းဆုံးနှင့် အဆိုးဆုံးကို ပြသခဲ့ပါသည်။

"တစ်ဖက်တွင် အစိုးရများက အရှက်မဲ့စွာဖြင့် သင်္ဘောသားများအပေါ် ၎င်းတို့၏ တံခါးများကို ပိတ်ထားသည်ကို ကျွန်ုပ်တို့ မြင်တွေ့ခဲ့ရသည်၊ ဆိပ်ကမ်းနိုင်ငံများ၊ ကြားနေဖြတ်သန်းသွားရမည့် နိုင်ငံများနှင့် သင်္ဘောသားများ၏ မိခင် နိုင်ငံများကပင် ကုန်တင်သင်္ဘောများနှင့် အပျော်စီးသင်္ဘောများပေါ်ရှိ သင်္ဘောသားများကို အိမ်ပြန်ပို့ရန် သူတို့၏ လုပ်ပိုင်ခွင့်အာဏာအတွင်း အရာတိုင်းကို အမှန်တကယ် လုပ်ပေးခဲ့သင့်သည့်အချိန်၌ တံခါးများကို ပိတ်ထားခဲ့ပါသည်။ အခြားတစ်ဖက်၌ အမှန်တကယ် ခက်ခဲသည့် အခြေအနေများတွင် ဤသင်္ဘောသားများအတွက် အစွမ်းကုန် ကြိုးစားခဲ့သော အကောင်းဆုံး သမဂ္ဂများနှင့် အလုပ်ရှင် အများအပြားတို့ကို ဤကမ္ဘာ့ရောဂါကပ်ဘေးကြီးက ပြသခဲ့ပါသည်။" ဟု Dave Heindel က ပြောကြားခဲ့သည်။

"ကျွန်ုပ်တို့တွင် အဆိုပါ သင်္ဘောသားများအပေါ် လေးစားမှုနှင့် ချစ်ခင်နှစ်သက်မှုမှတစ်ပါး အခြားဘာမျှမရှိပါ။ ဤလူများမှာ အလုပ်သို့ ရိုးရိုးသားသား သွားခဲ့ပြီး အချို့သင်္ဘောသားများ၏ အခေါ်အဝေါ်အရ မျောနေသည့် အကျဥ်းထောင်းများ အဖြစ် သင်္ဘောပေါ်၌ ချောင်ပိတ်မိခံနေရကြောင်း သူတို့ကိုယ်သူတို့ တွေ့ရှိရကာ လမ်းလျှောက်ဖို့အတွက်ပင် ကုန်းပေါ် တက်၍ မရနိုင်သည့် လူများဖြစ်ကြသည်။ ကျွန်ုပ်တို့သည် ဤသင်္ဘောသားများအား မယုံကြည်နိုင်လောက်သော ခက်ခဲသည့် အချိန်တစ်လျှောက်လုံး ၎င်းတို့၏ သည်းခံမှုနှင့် ခံနိုင်ရည်စွမ်းအတွက် ကျေးဇူးတင်ပါသည်။ အချို့သင်္ဘောသားများမှာ အခြေအနေကြောင့် စိတ်အတင်းအကျပ်ဖြစ်ခဲ့ရပြီး အချို့မှာ ကြံရာမရ အရူးအမူးဖြစ်ပြီး မိမိတို့၏ အသက်များကို ကျေကွဲစွာဖြင့် အဆုံးစီရင်ခဲ့ပါသည်။ ကျွန်ုပ်တို့သည် ဤဖြစ်ရပ်များကြောင့် အကြီးအကျယ် ဝမ်းနည်းခဲ့ရသော်လည်း ကျွန်ုပ်တို့ အားလုံးနီးပါးမှာ သူတို့ ခံစားခဲ့ရသည့် အခြေအနေမျိုး မည်သည့်အခါမျှ မကြုံတွေ့ခဲ့ရပါ၊ ကျွန်ုပ်တို့ သူတို့နှင့် သူတို့၏ မိသားစုများအတွက် ဝမ်းနည်းခံစားရပါသည်။ သင်္ဘောသားများသည် ဤရောဂါကပ်ဘေးကြီးအတွင်း သူတို့ ကြံ့ကြံ့ခံခဲ့ရသည့်အတွက် အများပြည်သူထံမှ စည်းလုံးညီညွတ်မှုနှင့် လေးစားမှု ရထိုက်ပါသည်။

"ကမ္ဘာတစ်ဝန်း ပြန့်ကြဲနေသည့် အပျော်စီး သင်္ဘောများပေါ်မှ သင်္ဘောသား 250,000 နီးပါးကို အိမ်ပြန်ပို့ရန်အတွက် လိုအပ်သည့် လုပ်ငန်းဆောင်ရွက်မှု အတိုင်းအတာကို ပုံကြီးချဲ့ပြောရန် ခက်ခဲပါသည်။ ပင်လယ်ရေကြောင်းဆိုင်ရာ သမဂ္ဂများ၏ ITF မိသားစုသည် မတ်လ ကတည်းကစ၍ တစ်နေ့လုံး တစ်ညလုံး မအိပ်မနေ ဆက်တိုက်လုပ်ကိုင်ပေးနေလျက်ရှိသည်၊ သင်္ဘောသားများအတွက် သူတို့၏ မိသားစုများထံသို့ အိမ်ပြန်ရန်အတွက် ဗီဇာများ၊ လေယာဥ်ခရီးစဥ်များနှင့် ခရီးသွား ကင်းလွတ်ခွင့်များကို ညှိနှိုင်းဆောင်ရွက်ပေးနေခြင်းဖြစ်သည်။"

"၎င်းသည် အပျော်စီး သင်္ဘော လုပ်ငန်းကဏ္ဏတွင် အလွန်ကောင်းသော ရလဒ်ပေါ်ခဲ့သော်လည်း ကျွန်ုပ်တို့ သတိပြုရန်လိုအပ်သည်မှာ ကုန်တင် သင်္ဘောများပေါ်တွင် မိမိတို့၏ အလုပ်ကန်ထရိုက် သက်တမ်းကုန်ပြီး အချို့မှာ ၁၆ လမျှ ကြာညောင်းနေပြီး ဆက်လက်အလုပ်လုပ်ရင်း ချောင်ပိတ်မိခံနေရသည့် သင်္ဘောသား 300,000 နီးပါး ကျန်ရှိနေသေးကြောင်း ဖြစ်ပါသည်။  မျှော်လင့်ထားခဲ့သည့်အတိုင်း သူတို့၏ အလုပ်သက်တမ်းထက် ၈-၉ လ ကျော်ခဲ့ပြီးဖြစ်ပါသည်။  ဤ အရေအတွက်မှာ နေ့စဥ်-နေ့တိုင်း တိုးပွားနေလျက်ရှိပါသည်။ ဤနေရာ၌ အဖြေမှာ ရှင်းပါသည်- အစိုးရများအနေဖြင့် သင်္ဘောသားများ၏ ခရီးစဥ်နှင့် ဖြတ်သန်းခရီးတို့အပေါ် ပိတ်ပင်ကန့်သတ်ချက်များအား လက်တွေ့ကျကျ ကင်းလွတ်ခွင့်များ လုပ်ပေးရန် လိုအပ်ပါသည် သို့မှသာ ကျွန်ုပ်တို့အနေဖြင့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးများကို ပြန်လုပ်နိုင်မည်ဖြစ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် ဤ ထောင်ပေါင်း ရာနှင့်ချီသော သင်္ဘောသားများကို ၎င်းတို့၏ သင်္ဘောများပေါ်မှ သူတို့၏ အလုပ်ကန်ထရိုက် ကုန်ဆုံးသွားသည့်အခါ ဆင်းပေးရမည်မှာ ကျွန်ုပ်တို့ အပျော်စီး သင်္ဘောလုပ်ငန်းကဏ္ဏတွင် လုပ်ပေးခဲ့သကဲ့သို့ မရှိမဖြစ် လိုအပ်ပါသည်။ ဟု Dave Heindel က ပြောကြားခဲ့သည်။

ITF အပျော်စီး သင်္ဘော လုပ်ငန်း တပ်ဖွဲ့ (ITF's Cruise Ship Task Force) ဥက္ကဌဖြစ်သူ Johan Øyen က ပြောသည်မှာ ပူးပေါင်းဆောင်ရွက်သည့် ကြိုးစားအားထုတ်မှုမှာ အဓိကကျသော လူသားချင်းစာနာထောက်ထားသည့် အောင်မြင်မှုကို ကိုယ်စားပြုသည်။

"ဤသင်္ဘောများပေါ်မှ သင်္ဘောသား တစ်သန်း၏ လေးပုံတစ်ပုံ နီးပါးကို အိမ်ပြန်ပို့ရေး အောင်မြင်ရန် အပျော်စီး သင်္ဘေားလိုင်းများနှင့် အဆိုပါ သင်္ဘောလိုင်းများနှင့်အတူ လုပ်ဆောင်ပေးခဲ့သည့် အစိုးရများကို ကျွန်ုပ်တို့ ချီးကျူးပါသည်။ ၎င်းတွင် ကြီးကျယ်သော ပို့ဆောင်ရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး လိုအပ်ခဲ့ပါသည်။ ဟု Johan Øyen က ပြောကြားခဲ့သည်။

"အလံတင်နိုင်ငံများနှင့် ဆိပ်ကမ်းနိုင်ငံများ အပါအဝင် အစိုးရများ အပြည်ပြည်ဆိုင်ရာ ဥပဒေအရ မိမိတို့၏ ဥပဒေဆိုင်ရာနှင့် လူ့အခွင့်အရေးဆိုင်ရာ တာဝန်များကို ထမ်းဆောင်ရန် ပျက်ကွက်နေသည့်တိုင်အောင်ပင် ဤအောင်မြင်မှုသည် ဖြစ်ပွားခဲ့ပါသည်။ နိုင်ငံများအဖို့ သင်္ဘောသားများအပေါ် ၎င်းတို့၏ အိမ်ပြန်နိုင်ရေးအတွက် ကုန်းပေါ်တက်ရန် အခွင့်အလမ်းကို ငြင်းဆိုရန်မှာ ကျင့်ဝတ်သိက္ခာအရ မှားယွင်းသည်သာမကဘဲ ၎င်းသည် တရားဥပဒေနှင့်လည်း ဆန့်ကျင်ပါသည်။ အနာဂတ်တွင် နိုင်ငံများအား မိမိတို့၏ တာဝန်များကို ရှောင်ဖယ်ခြင်းမှ တားဆီးရန် မည်သို့သော အတင်းအကျပ်ပြုနိုင်မည့် ယန္တရားများ လိုအပ်ကြောင်း ကျွန်ုပ်တို့ ကြည့်ရှုနေပါလိမ့်မည်၊ ဟု Johan Øyen က ပြောကြားခဲ့သည်။

"အခက်အခဲများ ရှိနေသော်လည်း အများစုသော အပျော်စီး သင်္ဘောလုပ်ငန်းကဏ္ဏသည် ဤအောင်မြင်မှုကို ရရှိအောင် လုပ်ကိုင်ခဲ့ပါသည်။ ITF နှင့် ကျွန်ုပ်တို့၏ အဖွဲ့ဝင် အသင်းအဖွဲ့ သမဂ္ဂများသည် လုပ်ငန်းကဏ္ဏနှင့် ပူးပေါင်းဆောင်ရွက်စွာဖြင့် လုပ်ကိုင်သွားကြရန် မျှော်လင့်ပါသည်၊ ပြန်လည်နာလန်ထူလာမည့် အစီအစဥ်များနှင့် လုပ်ငန်းလည်ပတ်မှု ပြန်စတင်ခြင်းကို သင်္ဘောပေါ်ရှိ သင်္ဘောသားများ၏ အလုပ်လုပ်ကိုင်ရေးဆိုင်ရာနှင့် နေထိုင်ရေးဆိုင်ရာ အခြေအနေများအား မည်သို့ တိုးတက်အောင် လုပ်မည်နှင့်ပတ်သက်၍ ပွင့်ပွင့်လင်းလင်းပြောဆိုမှုဖြင့် လုပ်ကိုင်ရန်အတွက် သေချာစေရန်ဖြစ်သည်။"

Øyen က ပြောကြားသည်မှာ ITF အနေဖြင့် သတင်းပို့ချက်များအရ စိုးရိမ်ပူပန်ခဲ့သည်မှာ Covid ရောဂါ ဖြစ်ပွားမှု အနည်းငယ်ခန့် မကြာသေးမီက အပျော်စီးသင်္ဘောများပေါ်၌ ဖြစ်ပွားခဲ့ကြောင်း၊ သို့သော်လည်း အဆိုပါ ရောဂါဖြစ်ပွားမှုများအနက် တစ်ခုမှာ ခရီးစဥ် မထွက်ခွာမီ အရေးကြီးသည့် လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်မှု မရှိခြင်းကြောင့်သာ ဖြစ်ပွားခဲ့ရသည်ဟု ယုံကြည်ရသည်ဖြစ်သည်။

"အပျော်စီးခရီး ထွက်ခွာလာခြင်းကို လုံလောက်သော ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး အရေးယူလုပ်ဆောင်ချက်များအား ချမှတ်ထားပြီး ၎င်းတို့ကို လိုက်နာဆောင်ရွက်သည့်အခါနှင့် အပျော်စီး တည်နေရာရှိ နိုင်ငံများမှ ၎င်းတို့အနေဖြင့် သင်္ဘောသားများ၏ ကုန်းတက်ခွင့်နှင့် ဆေးကုသမှုအတွက် ကုန်းတက်ခွင့်နှင့် လိုအပ်သလို သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးတို့ကို ခွင့်ပြုမည်ဖြစ်ကြောင်း ကတိခံဝန်ချက် ရှိသည့်အခါမှသာ ထွက်ခွာလာသင့်ကြောင်းဖြစ်ပါသည်။ အပျော်စီးလိုင်းများအနေဖြင့် ၎င်းတို့အထဲမှ အများအပြားတို့က ဤရောဂါကပ်ဘေးကြီး စောစောပိုင်းကာလအတွင်း လုပ်ခဲ့သော မှားယွင်းမှုများမှ သင်ခန်းစာယူရန် လိုအပ်သည်၊ သင်္ဘောသားများအတွက် ဘေးကင်းလုံခြုံသော အလုပ်လုပ်ကိုင်ရာ ပတ်ဝန်းကျင်များကို သေချာစေရန်အတွက် ဖြစ်သည်။

"တစ်ကမ္ဘာလုံးဆိုင်ရာ လူမှုအသိုင်းအဝိုင်းအနေဖြင့် အိမ်ပြန်ရန်စောင့်ဆိုင်းရင်း သင်္ဘောများပေါ်တွင် လပေါင်းများစွာ ပစ်ထားခံရသည့် သင်္ဘောသားများ၏ ဒုက္ခကို အသိအမှတ်ပြုပေးမည်ဖြစ်ပြီး အဆိုပါ သင်္ဘောသားများအား ထိုက်သင့်သော လေးစားမှုများ ကမ်းလှမ်းပေးပါမည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။ သူတို့သည် ဤရောဂါကပ်ဘေးကြီး၏ သူရဲကောင်းများ ဖြစ်ကြပါသည်၊" ဟု Johan Øyen က ပြောကြားခဲ့သည်။

 

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.