Skip to main content

တစ်ကမ္ဘာလုံးဆိုင်ရာ သင်္ဘောသားများ စပိန်မှတစ်ဆင့် အိမ်ပြန်ပို့ရေး ITF ကူညီ

17 Jul 2020
The Fairchem Mako ၊ ဤသင်္ဘော၏ သင်္ဘောဝန်ထမ်းများကို သင်္ဘောပေါ်မှ ဆင်းပေးပြီး အိမ်ပြန်ပို့ရန် ITF ကူညီခဲ့သည်

Giancarlo D လောင်စာတင် သင်္ဘောပေါ်မှ ဖိလစ်ပိုင် သင်္ဘောဝန်ထမ်းများ အိမ်ပြန်

ဓါတုပစ္စည်းတင် သင်္ဘော Giancarlo D ၏ သင်္ဘောဝန်ထမ်းများ၊ Luz Baz နှင့် ITF တို့အတွက် အလွန် အဖိုးထိုက်တန်သည့် ဖြစ်ရပ်ဖြစ်သည်။ Luz သည် စပိန်နိုင်ငံအတွက် ITF ညှိနှိုင်းရေး အရာရှိဖြစ်ပြီး သူမသည် မကြာသေးမီ အပတ်များအတွင်း Giancarlo D သင်္ဘောပေါ်မှ ဖိလစ်ပိုင်နိုင်ငံ- အခြေစိုက် သင်္ဘောဝန်ထမ်း ငါးဦးအား ၎င်းတို့၏ မိခင်နိုင်ငံသို့ ပြန်ပို့ပေးရန်အတွက် သင်္ဘော စီမံရေးကို လုပ်ကိုင်နေလျက်ရှိသည်

တစ်ကမ္ဘာလုံးဆိုင်ရာ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်းဖြစ်ပေါ်စေသည့် နယ်စပ် ပိတ်ပင်ကန့်သတ်ချက်များ အရှိန်အဟုတ်မြှင့်တက်နေစဥ်အတောအတွင်း အဆိုပါ ကြိုးစားအားထုတ်မှု ပေါ်လာသည်၊ အစိုးရများ၏ Covid-19 အပေါ် တန်ပြန်မှုများအား ကြီးကြီးမားမား ကျေးဇူးတင်ပါသည်။

သင်္ဘော၏ စီမံရေး ကုမ္ပဏီဖြစ်သည့် Poli Ship စီမံရေးဌာနသည် သင်္ဘောဝန်ထမ်းများအား သင်္ဘောပေါ်မှ ဆင်းပေးရန် ဧပြီလမှ မေလသို့ ကူးပြောင်းပြီး မေလမှ ဇွန်လသို့ ကူးပြောင်းစဥ် အပတ်ပေါင်းများစွာ ကြိုးစားအားထုတ်နေလျက်ရှိသည်။ သို့သော်လည်း ဖိလစ်ပိုင်နိုင်ငံသို့ နည်းပါးသည့် လေယာဥ်ခရီးစဥ်နှင့်တကွ နိုင်ငံအမျိုးမျိုးရှိ ဗီဇာ လိုအပ်ချက်များနှင့် ပတ်သက်သည့် အခက်အခဲများ ပေါင်းစပ်ခြင်းကြောင့် အေဂျင်စီရုံး၏ အောင်မြင်မည့်အစီအစဥ် အကောင်အထည်ဖော်ခြင်းကို တားမြစ်ခံနေရပါသည်။

ကုမ္ပဏီအနေဖြင့်  ITF ၏ အမှာစာဖြစ်သည့် ‘တော်လောက်ပြီ၊ ဆက်လက် သည်းမခံနိုင်တော့ပါ’ (‘Enough was Enough’) ကို တွေ့ခဲ့သည့်အခါ သူတို့သည် တစ်ကမ္ဘာလုံးဆိုင်ရာ အဖွဲ့ချုပ်နှင့် ဆက်သွယ်လာခဲ့ကြသည်။ 

“ကြာသပတေးနေ့၊ ဇွန်လ ၁၈ ရက်နေ့တွင်  နယ်သာလန်နိုင်ငံတွင် အခြေစိုက်ပြီး ဥရောပတွင် သင်္ဘောသားများ စုဆောင်းခန့်ထားရေးနှင့် သင်္ဘောများ စီမံရေးအတွက် တာဝန်ရှိသည့် ကုမ္ပဏီဖြစ်သော De Poli Ship Management မှ Mr Golenkovs ဆိုသူက ကျွန်မကို ဖုန်းခေါ်ခဲ့သည်။ ITF သည် သင်္ဘောသားများ အိမ်ပြန်ရေးကို ကူညီပေးနေကြောင်း သူ ကြားသိခဲ့ရပြီး သူ့အနေဖြင့် မည်သို့ ကူညီပေးနိုင်သနည်းဟု သိရှိလိုသည်။”

“မျှော်လင့်ချက် တစ်ခုမျှ မရှိပုံရလျှင် သင်္ဘောဝန်ထမ်း အိမ်ပြန်ပို့ရေး မဖြစ်နိုင်ကြောင်း သက်သေထူနေရာ ရောက်သည်ဟု သူက ခံစားခဲ့ရသည်၊ သူက ပြောဆိုခဲ့သည်မှ စပိန်နိုင်ငံ၊ Algeciras သို့ လမ်းကြောင်းတွင်ရှိနေသည့် Giancarlo D သင်္ဘောအတွက် ခေတ္တဆိုက်ကပ်ရန် ကောင်းမွန်သော အခွင့်အလမ်းရှိပါသည်ဟုဆိုသည်။ ၎င်းမှာ အလုပ်ကန်ထရိုက် သက်တမ်းကုန်ဆုံးနေပြီဖြစ်သည့် ဖိလစ်ပိုင် သင်္ဘောသား အများအပြားအတွက် သင်္ဘောပေါ်မှ ဆင်းပေးပြီး သူတို့၏ မိခင် နိုင်ငံသို့ ပြန်ပို့ရန် ကျွန်ုပ်တို့၏ အခွင့်အရေး ဖြစ်ခဲ့ပါသည်။”

Giancarlo D သင်္ဘောမှာ မောလ်သီးစ် အလံတင်ထားသော သင်္ဘောဖြစ်ပြီး ITF စာချုပ်နှင့် အကျုံးဝင်ပါသည်။

Luz က သင်္ဘော စီမံအုပ်ချုပ်ရေး ကုမ္ပဏီအား ပြောကြားခဲ့သည်မှာ ဧပြီလ ၂၈ နေ့၌ စပိန်အစိုးရမှ သင်္ဘောသားများအား “အဓိက အလုပ်သမားများ” အဖြစ် ကြေညာခဲ့သော်လည်း လက်တွေ့၌ သင်္ဘောသားများမှာ သူတို့ လိုအပ်သည့် သင်္ဘောပေါ်မှ ဆင်းမည့်ကိစ္စနှင့် သင်္ဘောသား အသစ်နှင့် လဲလှယ်ခံရခြင်းတို့အတွက် ခြွင်းချက်များ စပိန်နိုင်ငံ၌ အပေးမခံခဲ့ရသေးပါ။

“ကျွန်မတို့ များစွာသော အခက်အခဲများကို ရင်ဆိုင်နေရသေးသည်။ ကျွန်မက သူ့အား ပြောခဲ့သည်မှာ သင်္ဘောဝန်ထမ်းများကို ကူညီရန် ဖြစ်နိုင်သည့် အရာတိုင်းကို လုပ်ပေးရန်အတွက် ကျွန်မ၏ ကတိကဝတ်ကို ကျွန်မ အာမခံဖို့သာ လုပ်နိုင်ပါသည်။”

The Giancarlo D သင်္ဘော

ထို့နောက် သူမသည် တာဝန်ယူခဲ့သည်။ 

“ကျွန်မသည် ဒေသခံ ကိုယ်စားလှယ် De Poli ကို ဆက်သွယ်ခဲ့ပြီး အခက်အခဲကို ကျွန်မ ရင်ဆိုင်ခဲ့သည်။ သူတို့ ကျွန်မအား သင်္ဘောဝန်ထမ်း အိမ်ပြန်ပို့ရေးအတွက် ပုံမှန် လုပ်ထုံးလုပ်နည်းများကို ရှင်းပြခဲ့စဥ် သူတို့သည် အတော် ရိုင်းပြခဲ့သည်၊ ကျွန်မတို့ အထူး ဖြေရှင်းချက်များ လိုအပ်သည့် အထူးအခြေအနေအတွင်း ကျရောက်နေသည်ကို သူတို့ နားလည်အောင် ပြောပြရန်မှာ အလွန် ခက်ခဲခဲ့ပါသည်။ ဒေသခံ ကိုယ်စားလှယ်သည် လုံးဝ သွက်လက်မှု မရှိကြောင်းကို စဥ်းစားရင်း၊ ကျွန်မ Algeciras ရှိ လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များကို တိုက်ရိုက် ဆက်သွယ်ခဲ့ပါသည်။”

Algeciras မှာ စပိန်နိုင်ငံရှိ အကြီးဆုံး ဆိပ်ကမ်းဖြစ်ပါသည်၊ Luz က ပြောပြသည်မှာ ဒေသခံ ရဲအရာရှိများ အပါအဝင် ၎င်းနေရာရှိ အာဏာပိုင်များသည် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်းကို သိရှိကြပြီး ကူညီပေးလိုခဲ့ကြသည်၊ သို့မဟုတ် အနည်းဆုံးအားဖြင့် နားထောင်ပြီး အကောင်းဆုံး လုပ်ပေးလိုကြသည်။

“Algeciras တစ်ဝိုက်တွင် အဆိုပါအချိန်၌ ဖိလစ်ပိုင် သင်္ဘောသား အယောက် 400 ကျော် အိမ်ပြန်ပို့ခံရရန် စောင့်ဆိုင်းနေလျက်ရှိပြီး သူတို့အား နေစရာ ဟိုတယ်များနှင့် သူတို့အတွက် လေယာဥ်ခရီးများ အာမခံရန် ခက်ခဲခဲ့ပါသည်။”

“အလွန် ပိုမိုများပြားသည့် ဆက်သွယ်မှုများနှင့် ITF ထံမှ ပံ့ပိုးမှု အပြည့်အဝ ရရှိပြီးနောက် ကုမ္ပဏီသည် သင်္ဘောဝန်ထမ်း အိမ်ပြန်ပို့ရေးကို ကူညီပေးမည့် ပါဝင်ပတ်သက်သူအားလုံးကို စည်းရုံးရာ၌ သွက်လက်စွာဖြင့် အောင်မြင်ခဲ့ပါသည်။” ဟု သူမက ပြောကြားခဲ့သည်။

ပိုမိုများပြားသည့် သင်္ဘောသားများကို သူတို့၏ မိသားစုများထံ ပြန်ပို့ပေးရာ၌ သူမ၏ အောင်မြင်မှုကို ပြန်လည်တွေးတောရင်း Luz က ပြောကြားသည်မှာ “ကျွန်မ ထင်မြင်တာကတော့ အလုပ်ရှင်များနှင့် ITF တို့အကြား ပူးပေါင်းဆောင်ရွက်မှုမှာ ဖြစ်နိုင်ပြီး ထိရောက်နိုင်ကြောင်း ဤကိစ္စက အပြည့်အဝ အထင်းသားပေါ်လွင်စေပါသည်။ အဖွဲ့လိုက် လုပ်ကိုင်ဆောင်ရွက်ခြင်းမှာ ကျွန်မတို့၏ တစ်ကမ္ဘာလုံးဆိုင်ရာနှင့် အချင်းချင်းဆက်နွှယ်လျက်ရှိသော စီးပွားလုပ်ငန်းတွင် အောင်မြင်ရန် အဓိက သော့ချက်တစ်ခု ဖြစ်ပါသည်၊ အထူးသဖြင့် ဤကဲ့သို့သော အရေးပါသည့် အချိန်ကာလအတွင်းဖြစ်ပါသည်။”

ထို့ပြင် သူမ၏ အကူအညီနှင့် ပံ့ပိုးမှုအတွက် ကျေးဇူးတင်ရှိသည့်သူများမှာ သင်္ဘောဝန်ထမ်းများ သာမကဘဲ ဖြစ်ပုံရသည်။

De Poli Ship Management မှ Mr Gulenkos သည် သူမထံသို့ စာရေးသားခဲ့ပြီး အီးမေးလ်၌ ကျေးဇူးတင်စွာဖြင့် ပြောကြားခဲ့သည်မှာ- “အခြားသူများ မြင်တွေ့ဖို့အတွက် ကောင်းမွန်တဲ့ သာဓကတစ်ခုဖြစ်သည်မှာ အကယ်၍ သင် လက်မြောက်အရှုံးမပေးဘဲ ဆက်လက်ပြီး ကြိုးစားနေရင် အရာများမှာ အလုပ်ဖြစ်ပါလိမ့်မည်။” ဖြစ်ပါသည်။

 

Fairchem Mako's ၏ အိန္ဒိယ သင်္ဘောသားများ ဂျာမဏီ၊ စပိန်တို့မှတစ်ဆင့် သင်္ဘောဝန်ထမ်းများ အသစ်ဖြင့် အပြောင်းအလဲလုပ်ခံရ

၂၀၁၈ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့် ဓါတုပစ္စည်းနှင့် ရေနံထွက် ထုတ်ကုန်များ တင်သည့် သင်္ဘော Fairchem Mako ၏ သင်္ဘောဝန်ထမ်း အများအပြားသည် ITF အနေဖြင့် သူတို့အား သင်္ဘောပေါ်မှ ဆင်းပေးပြီး အိမ်ပြန်ပို့ရန် ကူညီပေးသည့်အခါ၌ Marshall Islands-အလံတင် သင်္ဘောပေါ် Anglo-Eastern အတွက် တစ်နှစ်ထက်ကျော်လွန်ပြီး အလုပ်လုပ်ကိုင်နေလျက်ရှိသည်။

ပင်လယ်ရေကြောင်းဆိုင်ရာ အလုပ်သမား စာချုပ် (The Maritime Labour Convention) သည် သင်္ဘောသားများအတွက် သင်္ဘောပေါ်နေရန် အများဆုံး ၁၁ လ ပြဌာန်းထားပါသည်။ Yale မှ မကြာသေးမီ လေ့လာမှုများက ပြသသည်မှာ မမျှော်လင့်နိုင်သည့် အလုပ်ကန်ထရိုက် သက်တမ်းတိုးမှုများမှ တစ်ဆင့် အပါအဝင် သင်္ဘောပေါ် ကာလကြာမြင့်စွာ အလုပ်လုပ်ကိုင်ခြင်းသည် သင်္ဘောသားများ၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကောင်းမွန်ရေးကို ပြင်းထန်သော သက်ရောက်မှုများ ရှိနိုင်သည်ဖြစ်ပါသည်။

US East Coast အတွက် ITF ညှိနှိုင်းရေးအရာရှိဖြစ်သူ Enrico Esopa ၏ အဆိုအရ သင်္ဘောဝန်ထမ်းများသည် အချိန်အချို့ကြာအောင် Fairchem Mako သင်္ဘောပေါ်မှ ဆင်းသွားရန် ကြိုးစားနေခဲ့လျက်ရှိသည်။ ဇွန်လ ၁၅ ရက် နေ့၌ ITF အား အကြောင်းကြားခဲ့သည်မှာ သင်္ဘောပေါ်ရှိ သင်္ဘောသားများသည် မိမိတို့၏ အလုပ်ကန်ထရိုက်များကို ပြီးဆုံးခဲ့ပြီး အိမ်ပြန်ပို့ခံရရန် တောင်းဆိုခဲ့ကြသည်။ သင်္ဘောမှာ ကမ္ဘောဒီးယားနိုင်ငံသို့ သွားရန်အတွက် ပနားမား တူးမြောင်းမှ ဇွန်လ ၁၆/၁၇ ရက်နေ့၌ ဖြတ်သန်းသွားနေစဥ် အဆိုပါကိစ္စကို Enrico Esopa ဆိုသူက ဆက်လက် အရေးယူဆောင်ရွက်ခဲ့သည်။ သင်္ဘောသားများသည် ကမ္ဘောဒီးယားနိုင်ငံ၌ သင်္ဘောပေါ်မှ ဆင်းရန် ကြိုးစားခဲ့သော်လည်း လေယာဥ်ကွင်းများ ပိတ်ထားပြီး အပြည်ပြည်ဆိုင်ရာ လေယာဥ်ခရီးစဥ် နည်းပါးမှုကြောင့် မအောင်မြင်ခဲ့ပါ။

ထို့ကြောင့် သင်္ဘောမှာ Barcelona သို့ ထွက်ခွာသည့်အခါ စပိန်နိုင်ငံအတွက် ITF ညှိနှိုင်းရေးအရာရှိဖြစ်သူ Luz Baz က အဆင်သင့်ဖြစ်နေပြီး သင်္ဘောသားများအား သူတို့၏ သင်္ဘော ဆိုက်ကပ်လာသည့်အခါ အိန္ဒိယနိုင်ငံသို့ အိမ်ပြန်ပို့ပေးရန် ကူညီရန်အတွက် လိုလားနေလျက်ရှိပါသည်။

ဇူလိုင်လ ၃ ရက်နေ့၌ Luz က Anglo-Eastern သို့ အီးမေးလ်ပို့ခဲ့သည်၊ အဆိုပါ ကိစ္စတွင် လုပ်ကိုင်နေလျက်ရှိသည့် အိန္ဒိယနိုင်ငံ သင်္ဘောသားများ အဖွဲ့အသင်းနှင့် မြောက်-အမေရိက အခြေစိုက် သင်္ဘောသားများ အပြည်ပြည်ဆိုင်ရာ သမဂ္ဂ (North American-based Seafarers International Union (SIU)) တို့မှ သူမ၏ ယောင်းရင်းများထံ မိတ္တူပေးပို့ရင်း အီးမေးလ်ပို့ခြင်းဖြစ်သည်။

သူမသည် ကုမ္ပဏီအား ပြောခဲ့သည်မှာ သင်္ဘောပေါ်၌ အလုပ်ကန်ထရိုက် သက်တမ်းကျော်လွန်နေသည့် သင်္ဘောဝန်ထမ်း အမြောက်အမြား ရှိနေကြပြီး သူတို့အနေဖြင့် စပိန်နိုင်ငံ၊ ဘာဆီလိုးနားသို့ သင်္ဘောရောက်ရှိချိန်၌ အရေးပေါ် အိမ်ပြန်ပို့ခံရရန် လိုအပ်ကြောင်း သူမအား အကြောင်းကြားခဲ့ပြီးဖြစ်သည်။

သင့်သင်္ဘောမှာ SIU ဖြင့် လက်မှတ်ရေးထိုးထားသည့် ITF အတည်ပြုထားသည့် စာချုပ်အရ အကျုံးဝင်သည်ဟု မှတ်ယူခြင်းအားဖြင့် ကျွန်မသည် ဘာဆီလိုးနားတွင် သင်္ဘော နောက်ကျခြင်းမျိုး တစ်ခုခုကို ရှောင်ရှားလိုပါသည်၊ ကျွန်မအနေဖြင့် အဆိုပါကိစ္စကို PSC နှင့် အလံတင် နိုင်ငံ အာဏာပိုင်များက ဝင်ရောက်စွက်ဖက် ပုံကြီးချဲ့မှုမှ ရှောင်ကြဥ်လိုပါသည်။  အဆိုပါကိစ္စကို ရှောင်ရှားရန်အတွက် သင့်အနေဖြင့် သင့်သင်္ဘော ကျွန်မတို့ ဆိပ်ကမ်း ရောက်ရှိချိန်မှာ သင်္ဘောဝန်ထမ်း အိမ်ပြန်ပို့ရေး အသေးစိတ်အစီအစဥ်ကို အမြန်ဆုံး ကျွန်မတို့ဆီ ကျေးဇူးပြု၍ ပို့ပေးနိုင်ပါသလား။ သင့် ဒေသခံ ကိုယ်စားလှယ်ကို ဆက်သွယ်ရမည့်အသေးစိတ် သင် ကျွန်မတို့ထံ ပို့ပေးနိုင်ပါသလား။  ကျွန်မတို့ ဤအချက်အလက်များကို တနင်္လာနေ့၊ ဇူလိုင်လ ၆ ရက်နေ့ GMT စံတော်ချိန် ၁၀ နာရီ မှာ ရဖို့လိုပါသည်။”

သူမက ရှင်းပြခဲ့သည်မှာ ITF အနေဖြင့် အခြားသူများနှင့် ယခင်က လုပ်ခဲ့သည့်အတိုင်း သင်္ဘောဝန်ထမ်းများကို စပိန်နိုင်ငံမှ တစ်ဆင့် အိမ်ပြန်ပို့ရန် ကုမ္ပဏီနှင့် ပူးပေါင်းလုပ်ကိုင်ရန် လိုလားလျက်ရှိခဲ့သည်။ အမှန်အကန် စာရွက်စာတမ်းနှင့်တကွ Luz က ကုမ္ပဏီအား ပြောကြားခဲ့သည်မှာ စပိန်နိုင်ငံ၌ သင်္ဘောသားများ၏ အဓိက အလုပ်သမား အဆင့်အတန်းအားဖြင့် အိမ်ပြန်ပို့ရေးကို လုပ်ရန်ဖြစ်နိုင်ကြောင်း “အကယ်၍ လိုလားမှုဆန္ဒ လုံလုံလောက်လောက် ရှိလျှင်ဖြစ်ပါသည်။”

၎င်းမှနေ၍ စင်ကာပူနိုင်ငံရှိ Anglo-Eastern ၏ စီမံအုပ်ချုပ်ရေးသည် “ကုန်ချပြီးနောက်နှင့် နောက်ထပ် လေယာဥ်စင်းလုံးငှါးတစ်စင်း အိန္ဒိယနိုင်ငံနှင့် သူတို့၏ မိသားစုများဆီ ပျံသန်းရေးကို ဆက်စပ်ပေးရန် ဒိုဟာမြို့သို့ ၂၀၂၀ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် ထွက်ခွာရန်အတွက် ဆီဖြည့်ပြီးနောက် ကန်ထရိုက်ကုန်ဆုံးပြီးသူ အယောက် ၂၀ အား သင်္ဘောပေါ်မှ ဆင်းပေးရန်” အတွက် စီစဥ်ပေးခဲ့သည်ဖြစ်ကြောင်း သူတို့ ITF အား အီးမေးလ်ဖြင့် အတည်ပြုခဲ့သည်။ နောက်ထပ် သင်္ဘောဝန်ထမ်း ၁၈ ဦးမှာ သင်္ဘောပေါ် တက်ရောက်လာနေကြသည်။ တက်ရောက်လာမည့်သူများ” သည် လေယာဥ်စင်းလုံးငှါးဖြင့် အိန္ဒိယနိုင်ငံမှ ထွက်ခွာလာနေကြပြီး သူတို့သည် သူတို့၏ Schengen “ရောက်ရှိ ဗီဇာ” ရမည်ဖြစ်သည့် ဂျာမဏီနိုင်ငံမှတစ်ဆင့် ဘာဆီလိုးနားမြို့သို့ ခရီးထွက်လာနေပြီဖြစ်ပါသည်။

သူတို့၏ လင်ယောက်ျားနှင့် ဖခင်တို့ အိန္ဒိယနိုင်ငံသို့ အိမ်ပြန်လာမည့် သတင်းများကို ကြားသိရခြင်းအားဖြင့် သင်္ဘောသားတစ်ဦး၏ ကျေးဇူးတင်ရှိလှသော မိသားစုက ITF သို့ စာရေးသားခဲ့ပြီး ပြောကြားသည်မှာ “သူ့ဇနီးနှင့် သမီးကိုယ်စား ကျွန်ုပ်၏ အသည်းနှလုံးထဲမှ သင့်အား လှိုက်လှိုက်လဲလဲ ကျေးဇူးတင်ပါသည် ဖြစ်ပါသည်။ ကျွန်ုပ် သူ့ထွက်ခွာလာမည့်အကြောင်း သူ့ထံမှ အမှာစာ လက်ခံရရှိခဲ့ပါသည်။ သင်္ဘောသားများအား ပံ့ပိုးပေးခြင်းအတွက် သင့်အား ကျေးဇူးတင်ပါသည်။”

 

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.