Skip to main content

ဂါနာနိုင်ငံသားများ ဒိန်းမတ် သင်္ဘောပိုင်ရှင်၏ လှည့်စားမှု ခံရ- ‘ကျွန်ုပ်တို့ ကျွန်များကဲ့သို့ ဆက်ဆံခံခဲ့ရသည်’

20 Jul 2020

3F Fagbladet အတွက် Anna Birch-Schmidt ရေးသားသည်။ ခွင့်ပြုချက်အရ ပြန်လည်တင်ဆက်သည်။

Denmark နိုင်ငံ၊ Thyboøren ရှိ သင်္ဘောပိုင်ရှင်သည် လူကုန်ကူးခြင်း စွဲချက်နှင့် ဒိန်းမတ်နိုင်ငံ Danish AliensAct  ဖောက်ဖျက်မှု စွဲချက်တို့ဖြင့် စွဲချက်တင်ခံခဲ့ရသည်၊ ဂါနာနိုင်ငံသား သင်္ဘောသား နှစ်ဦးအား ခေါင်းပုံဖြတ် နှိပ်ကွပ်ခြင်းနှင့် သူတို့အား ကျွန်-အလားသဏ္ဏာန်တူ အခြေအနေများဖြင့် အလုပ်စေခိုင်းခြင်းလုပ်ပြီးနောက် စွဲချက်တင်ခံရခြင်းဖြစ်သည်။

အဆိုပါ အာဖရိက သင်္ဘောသားနှစ်ဦးသည် ဒိန်းမတ်နိုင်ငံ Thyborøn ရွာတွင် ငါးဖမ်းသင်္ဘော တစ်စီးပေါ်၌ ကျွန်-အလားသဏ္ဏာန်တူ အခြေအနေများဖြင့် သုံးနှစ်ကာလကျော်ကျော် အလုပ်လုပ်ခဲ့ရသည်။ Reuben Kotei နှင့်  Justice Numo တို့အတွက် အပန်းဖြေခရီး လုံးဝ မရှိ၊ တစ်ရက် ၁၁ နာရီ၊ တစ်ပတ် ခြောက်ရက် အလုပ် လုပ်ရသည်မှာ ပုံမှန်ဖြစ်ပါသည်၊ သင်္ဘောအား အာဖရိကသို့ သူတို့ မောင်းနှင်လာရမည်ဟု ၎င်းတို့ လှည့်စားခံရပြီး ဒိန်းမတ်နိုင်ငံသို့ ဂါနာနိုင်ငံမှ ခရီးထွက်လာခဲ့ကြသည်။

“ကျွန်ုပ်တို့ ကျွန်များကဲ့သို့ ဆက်ဆံခံခဲ့ရသည်ဟု သင်က ပြောသည်။ အမည်ပျက် ခေါ်ဝေါ်ခံရသည်ကို ကျနော် မည်သည့်အခါမျှ မပျော်ပိုက်ပါ၊ အထူးသဖြင့် ကျနော့်အနေနဲ့ နာမည်ပျက်ဟာ နောက်ကျမှ မှန်နေကြောင်း သိရှိသည့်အခါ ပို၍ မပျော်ပိုက်ပါ၊” ဟု အသက် ၅၇ နှစ် အရွယ် Reuben Kotei က ပြောသည်၊ ၎င်းသူသည် အသက် ၅၂ နှစ် အရွယ် Justice Numo ဆိုသူနှင့်အတူ ယခုအခါ သြဂုတ်လတွင် သူတို့၏ လူကုန်ကူးသည့် အမှုကိုစစ်ဆေးသည့်တိုင် Danish Centre ၏ ကာကွယ်စောင့်ရှောက်မှုအောက်၌ ထားရှိပေးထားပါသည်။

ဒိန်းမတ်နိုင်ငံ၌ ရဲတပ်ဖွဲ့သည်  အသက် ၅၅ နှစ် အရွယ် ဒိန်းမတ် သင်္ဘောပိုင်ရှင်အား လူကုန်ကူးမှုဖြင့် တရားစွဲဆိုခဲ့သည်  စွဲဆိုမှုမှာ  အလုပ်လုပ်ရန် လိုအပ်သည့်ခွင့်ပြုချက်များ မရှိဘဲ လူနှစ်ယောက်အား အလုပ်ခန့်ထားခြင်းနှင့် နိုင်ငံတွင်း၌ ၎င်းသူတို့၏ တရားမဝင် နေထိုင်မှုကို ပံ့ပိုးပေးခြင်းအတွက် ဖြစ်သည်။

စွဲဆိုမှု၏ စွဲချက်တင်ချက်အရ တရားစွဲဆိုသည့် အာဏာပိုင်သည် ထောင်ဒဏ်၊ ငွေဒဏ် အပြင် ဂါနာနိုင်ငံသား နှစ်ဦးကိုယ်စား လျော်ကြေးတို့ကို တောင်းဆိုနေသည့်အပြင် တရားခံနှင့် သူ၏ ကုမ္ပဏီက ပိုင်ဆိုင်သည့် သက်ဆိုင်သော သင်္ဘောကို သိမ်းဆည်းရေးလည်းဖြစ်ပါသည်။

စစ်မက်အတွင်း စစ်သားများ

Reuben Kotei နှင့် Justice Numo တို့သည် ငါးဖမ်းသင်္ဘောပေါ် နေထိုင်ခဲ့ရပြီး သူတို့၏ လုပ်အားခအတွက် တစ်လလျှင် ယူရိုငွေ 1,200 သာ ရရှိခဲ့ကြသည်။

Reuben Kotei
အသက် 57-နှစ်-အရွယ် Reuben Kotei သည် Helene သင်္ဘောပေါ် သူ့အလုပ်ကြောင့် မျက်စိဒဏ်ရာ တစ်ခုကိုလည်း ခံစားခဲ့ရသည်။ ဓါတ်ပုံ- 3F archive/Michael Drost-Hansen

သူတို့သည် ဒိန်းမတ်နိုင်ငံ၌ အလုပ်လုပ်ခဲ့သည့် အချိန်တစ်လျှောက်လုံးအတွင်း အလုပ်နားချိန် တစ်ချိန်မျှ မရခဲ့ကြပါ။ သင်္ဘောပိုင်ရှင်သည် သူတို့၏ နိုင်ငံကူးလက်မှတ်များနှင့် ခရီးသွားလက်မှတ်များကို သိမ်းဆည်းထားခဲ့သည်။ ထို့ပြင် ၂၀၁၇ ခုနှစ် ဧပြီလ ၃ ရက်နေ့၌ သူတို့၏ အလုပ်ပါမစ်နှင့် နေထိုင်ခွင့်ပါမစ် ကုန်ဆုံးပြီးနောက် အဆိုပါ လူနှစ်ဦးသည် ဒိန်းမတ်နိုင်ငံ၌ ဆက်လက်နေထိုင်ရန် ဥပဒေအရ အခွင့်အရေး မရှိတော့ပါ၊ သူတို့ Fagbladet 3F ကိုရှင်းပြသည်။

သူတို့အား ပြောခဲ့သည်မှာ ဆက်သွယ်သည့် အာဏာပိုင်များသည် သူတို့ကိုယ်တိုင်အပေါ်တွင်သာ ပြဿနာ တက်မည်ဖြစ်လိမ့်မည်၊ သူတို့၏ စာရွက်စာတမ်းများမှာ တရားမဝင်တော့သည့် အတွက်ကြောင့်ဖြစ်သည်။ ထို့ကြောင့် သူတို့သည် တိတ်ဆိတ်နေပြီး ဆိုးရွားသည့် အလုပ်လုပ်ကိုင်ရာ အခြေအနေများကို သည်းခံခဲ့သည်။

“ကျွန်ုပ်တို့ ငွေကြေးအပေါ် မှီခိုနေခဲ့ရပါသည်၊ ပြီးတော့ ကျွန်ုပ်တို့၏ ယဥ်ကျေးမှုအရ သင့် ခေါင်းကို ငုတ်ထားပြီး မေးခွန်းများ မမေးရန် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် စစ်မက်အတွင်း စစ်သားများဖြစ်ခဲ့ပါသည်။ ထို့ပြင် သင် စစ်မက်ထဲ ရောက်နေသည့်အခါ စစ်ပွဲ နိုင်သည့်တိုင် သို့မဟုတ် ရှုံးသည့်တိုင် သင် မိမိကိုယ်မိမိ ထိန်းသိမ်းထားပါ။ သက်တမ်း ကုန်ဆုံးသည့် ရက်စွဲ မရှိပါ၊” ဟု Reuben Kotei က ပြောသည်။ 

ဂါနာနိုင်ငံသား နှစ်ဦးအား နောက်ထပ်ပြောခဲ့သည်မှာ သင်္ဘောမှ မီတာ ၅၀၀ အချင်းဝက် ပတ်လည် ပြင်ပသို့ လျှောက်မသွားရန်လည်းဖြစ်သည်၊ ထိုမှမဟုတ်လျှင် နောက်ဆက်တွဲ ပြဿနာများ ပေါ်လာလိမ့်မည်ဖြစ်သည်။

Senegal သို့ အပြန် 

Reuben Kotei နှင့် Justice Numo တို့သည် ဒိန်းမတ် သင်္ဘောပိုင်ရှင်အား သူတို့ Senegal တွင် အလုပ်လုပ်နေခဲ့စဥ် ပထမဦးဆုံးအကြိမ် တွေ့ဆုံခဲ့သည်။ Reuben Kotei က ရှင်းပြသည်မှာ သူသည် သင်္ဘောပိုင်ရှင်အား Senegalese ကမ်းတစ်လျှောက် ငါးဖမ်းရန် အကောင်းဆုံးနေရာများကို တွေ့ရှိအောင် ကူညီပေးခဲ့သည်။ ယင်းနောက် သင်္ဘောပိုင်ရှင်က ဂါနာနိုင်ငံသား နှစ်ဦးအား အကယ်၍ သူတို့ သူနှင့်အတူ ဒိန်းမတ်သို့ လိုက်လာပြီး သူ၏ ငါးဖမ်းသင်္ဘော Emma Helene တွင် အပြီးသတ်လုပ်စရာများကို လုပ်ရာ၌ ကူညီရန် လိုက်လာလိုသည် ဟုတ်မဟုတ် မေးမြန်းခဲ့သည်။

အစီအစဥ်မှာ Reuben နှင့် Justice တို့က ၎င်းနောက် သင်္ဘောကို Senegal သို့ မောင်းလာရလိမ့်မည်ဖြစ်သည်။

“ကျွန်ုပ်တို့ကို ပြောခဲ့သည်မှာ သင်္ဘောအား ဆေးသုတ်ရန်သာ လိုတော့သည်ဖြစ်ပြီး ၎င်းနောက် မောင်းနှင်ရန် အဆင်သင့်ဖြစ်လိမ့်မည် ဖြစ်သည်။ ကျွန်ုပ်တို့ ဒိန်းမတ်နိုင်ငံတွင် အချိန်တိုတိုတောင်းတောင်းသာ နေရန် မျှော်လင့်ခဲ့ပါသည်” နှစ်ပေါင်းများစွာ သင်္ဘောသား တစ်ဦးအဖြစ် အလုပ်လုပ်ခဲ့သည့် Reuben Kotei က ရှင်းပြသည်။

ဆိပ်ကမ်းတံတားနှင့် စောင့်မိပြီးနောက် Emma Helene သင်္ဘောမှာ Thyborøn မှ ထွက်ခွာရန် စီမံမှု မရှိခဲ့ဘူးဘဲ နှစ်မြှုပ်သွားခဲ့ပါသည်။ ယင်းနောက် Reuben နှင့် Justice တို့ကို နောက်ထပ် သင်္ဘောတစ်စီးဖြစ်သည့် Helene ပေါ်သို့ အလုပ်ချပေးခဲ့သည်။

သင်္ဘောအား Senegal သို့ ထွက်ခွာလာမည့်ခရီးအတွက် ပြင်ဆင်ပေးနေရသည့် ရည်ရွယ်ချက်ပန်းတိုင်နှင့်တကွပင် ဖြစ်နေပါသေးသည်။

 

PHOTO: 3F archive/Michael Drost-Hansen
ဓါတ်ပုံ- 3F archive/Michael Drost-Hansen

နောက်ထပ် မေးရန်မေးခွန်းများ မရှိ

သုံးနှစ်ကြာပြီးနောက် ဂါနာနိုင်ငံသား နှစ်ဦးမှာ အာဖရိကတို့ ပြန်ရန်အတွက် ချက်ချင်းလက်ငင်း အလားအလာများမရှိဘဲ Helene သင်္ဘောပေါ် ဆက်လက်ရှိနေကြသည်။ 

၂၀၂၀ ခုနှစ် မေလ ၂၆ ရက်နေ့ထိတိုင် Reuben Kotei နှင့် Justice Numo တို့တစ်ဦးစီသည် သင်္ဘောပေါ်၌ မိမိတို့၏ ကိုယ်ပိုင် အခန်းကျဥ်းလေးတွင် နေထိုင်ခဲ့ရသည်။ သူတို့သည် Helene သင်္ဘောပေါ်တွင် အလုပ်လုပ်ခဲ့ကြရသည်၊ သင်္ဘောပေါ်၌ တောက်တိုမယ်ရ အလုပ်များကို လုပ်ကိုင်ခြင်းအပြင် အလုပ်ရှင်အတူတူ ပိုင်ဆိုင်သည့် အခြား ငါးဖမ်းသင်္ဘောပေါ် လုပ်ကိုင်ရခြင်းတို့ဖြစ်ပါသည်။ 

“နှစ်များကြာလာပြီးနောက် ကျွန်ုပ်သည် ကျွန်ုပ်တို့ သင်္ဘောမောင်းနှင်ထွက်ခွာဖို့ အဆင်သင့်ဖြစ်နိုင်ရန် မည်သည့်အချိန် သင်္ဘောပိုင်ရှင် မျှော်လင့်ခဲ့သည်ကို အေးအေးဆေးဆေး မေးမြန်းပါသည်။ သူ့ဖြေကြားချက်မှာ အမြဲတမ်းအားဖြင့် နောက်ထပ် သုံးလခန့်တွင် ဖြစ်နိုင်ပါလိမ့်မည်ဟု ဆိုပါသည်။ နောက်ဆုံးတော့ ကျွန်ုပ်သည် မေးမြန်းခြင်းကို ရပ်ဆိုင်းခဲ့ပါသည်၊” ဟု Justice Numo က ပြောသည်။

Helene သင်္ဘောကို ဒိန်းမတ် သင်္ဘောပိုင်ရှင်က ပိုင်ဆိုင်သော်လည်း သင်္ဘောမှာ Belizean အလံ လွှင့်ထူ၍ သွားလာပါသည်။ Belizean အလံ သို့မဟုတ် အခြားသော အလံငှါးအရ သွားလာခြင်းအားဖြင့် သင်္ဘောပိုင်ရှင်သည် ဒိန်းမတ်နိုင်ငံ အခွန်များပေးရန် ရှောင်ရှားနိုင်သည် သို့မဟုတ် ဒိန်းမတ်နိုင်ငံ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး သတ်မှတ်ချက်များကို လိုက်နာခြင်းမှ ရှောင်ကြဥ်နိုင်သည်။ အဆိုပါ သင်္ဘောများပေါ်ရှိ သင်္ဘောဝန်ထမ်းများမှာ များသောအားဖြင့် အနည်းငယ်သော လုံခြုံရေး၊ ဆိုးရွားလှသည့် အလုပ်လုပ်ကိုင်ရာ အခြေအနေများနှင့် အလုပ်သမားများ၏ ကျန်းမာရေး သို့မဟုတ် သာယာဝပြောရေးအတွက် တာဝန်မယူသည့် သင်္ဘောပိုင်ရှင်များတို့ကို ရင်ဆိုင်ရန် ကျန်ရစ်ကြပါသည်။

Fagbladet 3F က နောက်ထပ် လေ့လာခဲ့သည်မှာ အတူတူဖြစ်သော ဒိန်းမတ် သင်္ဘောပိုင်ရှင်သည် နောက်ထပ် သင်္ဘောတစ်စင်းဖြစ်သည့် Amalie ကိုပိုင်ဆိုင်ပြီး ၎င်းသင်္ဘောမှာ Belizean အလံအရ အလားတူ မှတ်ပုံတင်ထားပြီး Thyborøn ဆိပ်ကမ်း၌ ဆိုက်ကပ်ထားသည်။ ၎င်းသင်္ဘောပေါ်တွင် ဂါနာနိုင်ငံသား အခြား သုံးဦးရှိနေပြီး ၎င်းတို့ကို ဒိန်းမတ်နိုင်ငံသို့ ဤနှစ် ဧပြီလ၌ ခေါ်သွင်းလာခဲ့သည်။ ဤပုဂ္ဂိုလ်သုံးဦးမှာ ယခုအခါ ဒိန်းမတ် ရဲအဖွဲ့မှ ချမှတ်သည့် ပြည်နင်ဒဏ်ပေးခံရပြီး လက်ရှိ ကိုရိုနာဗိုင်းရတ်စ် ပိတ်ပင်ကန့်သတ်ချက်များ ခွင့်ပြုသည်နှင့် အမြန်ဆုံး နိုင်ငံမှ လေယာဥ်ဖြင့် ထွက်ခွာသွားမည်ဖြစ်ပါသည်။ 

အပန်းဖြေ ခရီးများ မရှိ၊ မိသားစု အလည်လာခြင်းများ မရှိ

Amalie သင်္ဘောသည် ၂၀၁၉ ခုနှစ် မတ်လ ၇ ရက်နေ့က အခြား အာဖရိကန် သင်္ဘောသား သုံးဦးကို ဒိန်းမတ်နိုင်ငံသို့ ခေါ်လာရန် ဂါနာနိုင်ငံသို့ ထွက်ခွာခဲ့သော်လည်း Reuben Kotei နှင့် Justice Nemo တို့အား ခေါ်၍ သူတို့၏ မိသားစုများထံ ပြန်ပို့ပေးရန် အခွင့်အလမ်းမပေးခဲ့ပါ။

လစဥ် အဆိုပါ လူနှစ်ဦးသည် သူတို့ ရှာရငွေများ အများအပြားကို ဂါနာနိုင်ငံရှိ သူတို့၏ ဇနီးများနှင့်ကလးများထံ ပို့ပေးခဲ့ကြပါသည်။ သူတို့သည် သူတို့၏ မိသားစုများကို နောက်ဆုံး တွေ့ခဲ့ရသည်အချိန်မှစ၍ သူတို့၏ အလုပ်တာဝန်များမှ အနားပေးမှု တစ်ခုခု မရှိဘဲ၊ အိမ်သို့ မပြန်နိုင်ခဲ့ရဘဲ နေခဲ့ရသည်မှာ သုံးနှစ်ကျော်ပြီ ဖြစ်ပါသည်။ အားလုံးသော အဆက်အသွယ်များကို iPad မြင်လွှာမှ တစ်ဆင့် လုပ်ခဲ့ရသည်။

“၎င်းမှာ အမှန်တကယ် ခက်ခဲပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ မိသားစုများနှင့် နေ့ရော ညပါ စကားပြော ပါသည်၊ သူတို့က အမြဲတမ်းမေးနေသည်မှာ ကျွန်ုပ်တို့ ဘယ်တော့အိမ်ပြန်လာမည်နည်း ဖြစ်ပါသည်။ သူတို့အား မည်သို့ ဖြေကြားရမည်ကို ကျွန်ုပ်တို့ မသိပါ။ ကျွန်ုပ်တို့ သူတို့အား အလွန့်အလွန် လွမ်းဆွတ်သတိရပါသည်၊” ဟု Justice Numo က ပြောသည်။

PHOTO: 3F archive/Michael Drost-Hansen
ဓါတ်ပုံ- 3F archive/Michael Drost-Hansen

“ကိုးရိုးကားရိုးနိုင်သည်”

ITF စိစစ်ရေးမှူး (အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation)) အဖြစ် ၁၂ နှစ် အတွေ့အကြုံရှိသည့် Morten Bach သည် ဒိန်းမတ်နိုင်ငံ ရေပိုင်နက်၌ လိမ်လည်မှုနှင့် လှည့်ဖြားမှုများအပေါ် မထူးဆန်းပါ။ ထို့ကြောင့် သူ့အနေဖြင့် ဂါနာနိုင်ငံသား နှစ်ဦးမှာ သုံးနှစ်ကျော်ကျော် ကျွန်-အလားသဏ္ဏန် အခြေအနေများဖြင့် နေထိုင်နေရပြီး အလုပ်လုပ်နေခဲ့ရသည့်အကြောင်း ကြားရသည်ကို မအံ့သြပါ။ 

“ဒိန်းမတ် သင်္ဘောပိုင်ရှင်တစ်ယောက်က လူသားနှစ်ဦး၏ လွတ်လပ်မှုများကို ဓါးပြတိုက်ယူပြီး သူတို့ကို ဤလို ရွံ့စရာကောင်းသည့် ပုံစံမျိုးဖြင့် ဆက်ဆံမည်ကို ကျွန်ုပ်အနေဖြင့် အလွန့်အလွန် စိတ်ဆိုးဒေါသထပါသည်။ ၎င်းမှာ ကိုးရိုးကားရားနိုင်လွန်းသည်၊” 3F သယ်ယူပို့ဆောင်ရေး အုပ်စုတွင် အလုပ်လုပ်သူ Morten Bach က ပြောသည်။

အခြားအရာများအနက် သူ၏ အလုပ်မှာ ဒိန်းမတ်နိုင်ငံ ရေပိုင်နက်တွင် သင်္ဘောများပေါ် တက်ရောက်ပြီး အလုပ်ကန်ထရိုက်များ၊ အလုပ်လုပ်ကိုင်ရာ အချိန်နာရီများ၊ လုပ်ခလစာများနှင့် အခြား အခြေအနေများကို စစ်ဆေးရပါသည်။

Morten Bach က သတင်းပို့သည်မှာ သူသည် နိုင်ငံခြားသားများ ဆိုးရွားသည့်အခြေအနေ၌ အလုပ်လုပ်ကိုင်ရပြီး ရဲအဖွဲ့နှင့် ဒိန်းမတ်နိုင်ငံ ပင်လယ်ရေကြောင်း အာဏာပိုင်များ လုံးဝ မသိရှိရသည့် အဆိုပါ အလားတူကိစ္စများကို နှစ်စဥ် တွေ့မြင်ရသည်။

“ရဲအဖွဲ့က အဆိုပါလူကို ဖမ်းဆီးခဲ့သည်ကို ကျွန်ုပ် အလွန် ဝမ်းမြောက်ပါသည်။ ပြီးတော့ သူ၏ နစ်နာသူနှစ်ဦးမှာ ယခုအခါ သူ့ခိုင်းစေမှုအောက်မှ လွတ်မြောက်ခဲ့သည်ကို ကြားရသည်မှာ အလွန့်အလွန် ကောင်းပါသည်၊” ဟု Bach က ပြောသည်။

လျော်ကြေးရရန် ဆန်းပြားအိပ်မက်

အမှုကို သြဂုတ်လ ၂၁ ရက်နေ့နှင့် သြဂုတ်လ ၃၁ ရက်နေ့တွင် Holstebro တရားရုံးတွင် ကြားနာမည်ဖြစ်ပါသည်။ 

စွဲချက်တင် အမှုစွဲဆိုမှုအရ အဆိုပါ လူနှစ်ဦးမှာ တစ်ဦးလျှင် လျော်ကြေးငွေ ယူရိုငွေ 40,562 စီ တောင်းခံနေပါသည် - ဂါနာနိုင်ငံသား သင်္ဘောသား နှစ်ဦးအဖို့ အလွန့်အလွန် များပြားသောငွေတော့ မဟုတ်ပါ။ အကယ်၍ Reuben Kotei နှင့် Justice Numo တို့သည် မိမိတို့၏ ဒုက္ခအတွက် လျော်ကြေးငွေနှင့်တကွ ဒိန်းမတ်နိုင်ငံမှ ထွက်ခွာနိုင်လျှင် Reuben Kotei အနေဖြင့် သူ၏ အလွန် ဆန်းပြားသော အိပ်မက်ကို အကောင်အထည်ဖော်ရန် မျှော်လင့်သည်- 

“အကယ်၍ ကျွန်ုပ်တို့ ငွေရလျှင် ယင်းနောက်  ကျွန်ုပ်ကိုယ်ပိုင် လှေတစ်စင်းကို နောက်ဆုံးတော့ ကျွန်ုပ် ဝယ်ယူနိုင်ပါလိမ့်မည်၊” သူက ပြောသည်။

Fagbladet 3F သည် သင်္ဘောပိုင်ရှင်၏ တရားခံရှေ့နေ Peter Secher ထံမှ ဝေဖန်ချက်ကို တောင်းခံခဲ့သော်လည်း အမှုနှင့်ပတ်သက်၍ မှတ်ချက်ပြုရန် ၎င်းက ငြင်းဆိုခဲ့ပြီး လာမည့် အမှုကြားနာစစ်ဆေးမှုတွင် သူ၏ ပါဝင်လိုက်ပါမှုကို အတည်ပြုရန် မလိုလားခဲ့ပါ။ Fagbladet 3F သည် သင်္ဘောပိုင်ရှင်ထံ ဝေဖန်ချက် အတွက် ချဥ်းကပ်ခဲ့သော်လည်း တုံ့ပြန်ချက် မရရှိခဲ့ပါ။

စွဲချက်တင် အမှုစွဲဆိုခြင်း-

စွဲချက်တင် အမှုစွဲဆိုခြင်းအရ သင်္ဘောပိုင်ရှင်ကို ဒိန်းမတ် ရာဇသတ်ကြီး ပုဒ်မ 262a အပိုဒ်ခွဲ 1 အား ဖောက်ဖျက်ကျူးလွန်မှုဖြင့် စွဲချက်တင်ခဲ့သည်၊ ၎င်းစွဲချက်မှာ သက်ဆိုင်သည့်လူများအား ၂၀၁၇ ခုနှစ် ဖေဖေါ်ဝါရီလ မှ ၂၀၂၀ ခုနှစ် မေလ ၂၆ ရက်နေ့ အကြားကာလအတွင်း အတင်းအကျပ် အလုပ်ခိုင်းစေရန် သို့မဟုတ် ကျွန်-အလားတူ အခြေအနေလုပ်စေရန် လူကုန်ကူးခြင်းနှင့်သက်ဆိုင်သည်။

အဆိုပါ ၅၅ နှစ်အရွယ်နှင့်တကွ ၎င်း၏ ကုမ္ပဏီကို ဒိန်းမတ်နိုင်ငံ နိုင်ငံခြားသားများ အက်ဥပဒေအား ဖောက်ဖျက်ကျူးလွန်မှုဖြင့်လည်း စွဲချက်တင်ခဲ့သည်၊ အဆိုပါစွဲချက်မှာ နိုင်ငံခြားသား နှစ်ဦးကို အလုပ်လုပ်ရန် လိုအပ်သည့် ပါမစ်များ မရှိဘဲ ဆိုးရွားသည့် ပတ်ဝန်းကျင်အခြေအနေများ၌ အလုပ်ခန့်ခြင်းနှင့်သက်ဆိုင်သည်။

ITF အမြင်-

Johnny Hansen သည် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် ငါးလုပ်ငန်း (International Transport Workers’ Federation (ITF) Fisheries’ Section) ၏ ဥက္ကဌ ဖြစ်သည်။ သူက ပြောသည်မှာ ဒိန်းမတ် သင်္ဘောပိုင်ရှင်မှ ဤဂါနာနိုင်ငံသား လူများအား စက်ဆုပ်ဖွယ်ကောင်းသည့် ပြုမူမှုသည် မိမိတို့ကိုယ်တိုင် ဂုဏ်ယူနေသော နိုင်ငံများ၏ မိမိတို့၏ လူ့အခွင့်အရေး မှတ်တမ်းများကို အများမြင်တွေ့နိုင်အောင် အများအားဖြင့် ချမှတ်ထားသည့်တိုင် ခေတ်သစ်ကာလ၌ ကျွန်ပြုမှု ဆက်လက်တည်ရှိနေကြောင်း ပြသလိုက်သည့် နောက်ဆုံးပေါ် သာဓကသာ ဖြစ်ပါသည်။

ဤကိစ္စက ပြသသည်မှာ ၂၀၂၀ ခုနှစ်တွင်ပင် ကျွန်ုပ်တို့၌ ငါးဖမ်းသင်္ဘောများပေါ်တွင် ကျွန်ပြုမှု ရှိနေသေးကြောင်းနှင့် ငါးဖမ်းသူများ၏ ဤသို့သော အလားတူ ပြုမူမှုမှာ နေရာတိုင်းတွင် ဖြစ်ပွားနိုင်ဖွယ်ရှိပါသည်၊ဟု သူက ပြောသည်။

Hansen က ပြောကြားခဲ့သည်မှာ ငါးဖမ်းလုပ်ငန်းကဏ္ဏတွင် ကျွန်ပြုမှုနှင့် လူ့အခွင့်အရေး အလွဲသုံးစားပြုမှုများကို တွန်းလှန်ခြင်းမှာ ITF အတွက် ဦးစားပေးမှုတစ်ခုအဖြစ် ဆက်လက်ရှိနေပါမည်ဖြစ်သည်။

ကျွန်ုပ်တို့တွင် ရွှေ့ပြောင်း ငါးဖမ်းသမားများကို ပံ့ပိုးပေးရန် အိုင်ယာလန်နိုင်ငံ၌ ဆက်လက်လှုပ်ရှားနေသော လှုံ့ဆော်ပွဲတစ်ခု ရှိပါသည်၊ မိမိတို့၏ လူသားနှင့် အလုပ်သမား အခွင့်အရေးများအတွက် ရပ်တည်ရန်နှင့် ခေါင်းပုံဖြတ်သည့်လူများအပေါ် တာဝန်ရှိစေရန်အတွက် လှုံ့ဆော်သည့် လှုံ့ဆော်ပွဲဖြစ်ပါသည်။ ဤသို့သော ခေါင်းပုံဖြတ်ခံရသူ အများအပြားမှာ မြောက်အာဖရိကနှင့် အနောက် အာဖရိကတို့မှဖြစ်ကြပြီး အချို့မှာ ဂါနာနိုင်ငံမှ ဖြစ်ကြသည်။ ကျွန်ုပ်တို့သည် အိုင်ယာလန်နိုင်ငံ အစိုးရကိုပင် တရားရုံးတော်သို့ တင်ခေါ်ခဲ့ပြီး ၎င်းတို့၏ ရေပိုင်နက်၌ ပိုမိုများပြားလာသည့် ဤပြဿနာကို ဖြေရှင်းပေးရန် ကြားနာခဲ့ပါသည်။

အစိုးရများအနေဖြင့် ပိုမို လုပ်ပေးရန် လိုအပ်ပါသည်။  ဤနှစ်တွင် US နိုင်ငံခြားရေး ဌာနမှ တွေ့ရှိသည်မှာ အိုင်ယာလန်ကဲ့သို့ နိုင်ငံတစ်နိုင်ငံ  တွင်  “အားနည်းချက်ရှိသည့် တားဆီးဟန့်တားမှု၊ မှောင်ခိုကူးသူများအတွက် ပြစ်ဒဏ်လွတ်ငြိမ်းအောင် ပံ့ပိုးမှုနှင့်တကွ နစ်နာသူများ သက်သေခံချက်ပေးရန် အားထုတ်မှုများအပေါ် ဖျက်လိုဖျက်စီးလုပ်မှု” ရှိခဲ့သည်မှာ ကျေနပ်ဖွယ်ရာ မရှိပါ။ ကျွန်ုပ်တို့၏ အမြင်၌ ခေတ်သစ် ကျွန်ပြုမှုအပေါ် တိတ်ဆိတ်နေခြင်းမှာ ခေတ်သစ် ကျွန်ပြုမှုတွင် ကြံရာပါနေသည်ဖြစ်သည်၊ဟု Hansen က ပြောကြားခဲ့သည်။

3F သည် ဒိန်းမတ်နိုင်ငံ သမဂ္ဂတစ်ခုဖြစ်ပြီး ဂါနာနိုင်ငံသား လူများ လွတ်လပ်မှုနှင့် တရားမျှတမှု တောင်းခံရန်အတွက် ထောက်ခံခဲ့သည်၊ ၎င်းသည် ITF အဖွဲ့ဝင် သမဂ္ဂဖြစ်သည်။

 

ဖြစ်ရပ်အကြောင်းရေးသားသူ- Anna Birch-Schmidt, ဓါတ်ပုံ- Michael Drost-Hansen  3F Fagbladet အတွက်ဖြစ်သည်။ ITF အမြင်ကို ဖြည့်စွက်၍ တင်ဆက်ထားသည်။ ခွင့်ပြုချက်အရ ပြန်လည်တင်ဆက်ထားသည်။

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.