Skip to main content

Ruby Princess စုံစမ်းစစ်ဆေးရေးကို Berejiklian အစိုးရ၏ “ဖုံးကွယ်မှု” အဖြစ် ITF ကန့်ကွက်

10 Jul 2020
Press Release

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers’ Federation (ITF)) သည် ယနေ့ နယူးစောက်ဝေလ်ပြည်နယ် အစိုးရ၏ Ruby Princess အပေါ် စုံစမ်းစစ်ဆေးရေးကို ခရီးသည်များ ဆင်းသွားပြီးနောက် Ruby Princess ၏ ဒုတိယမြောက် ဖြစ်ရပ် ဇာတ်ကြောင်းတွင် အစိုးရ၏ ပျက်ကွက်မှုများအတွက်ဖုံးကွယ်မှုတစ်ရပ်အဖြစ် ကန့်ကွက်လိုက်သည်။ 

ITF သည် ပြည်နယ်ဝန်ကြီးချုပ် Berejiklian အနေဖြင့် ၂၀၂၀ ခုနှစ် မတ်လ ၁၉ ရက်နေ့ နောက်ပိုင်း ဖြစ်ရပ်များကို စုံစမ်းစစ်ဆေးရေးအတွက် ရည်ညွှန်းသတ်မှတ်ချက်များကို အသေးစိတ်အကျယ်ချဲ့ပေးရန် တောင်းဆိုရာ၌ ပြည်နယ်နှင့် ပြည်ထောင်စု လေဘာပါတီ နိုင်ငံရေးသမားများနှင့်အတူ ပူးပေါင်းခဲ့သည်၊ သင်္ဘောဝန်ထမ်းများ၏ ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေးနှင့် သာယာကောင်းမွန်ရေးအတွက်နှင့် ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှု၊ စစ်ဆေးမှုနှင့် အိမ်ပြန်ပို့မှုတို့နှင့်ပတ်သက်သော ဆုံးဖြတ်ချက်များမှာ သင်္ဘောဝန်ထမ်းများနှင့် သြစတြေးလျန်း ပြည်သူလူထုအပေါ် Covid-19 ကူးစက်မှု၏ ပိုမိုကြီးမားသော အန္တရာယ် ထိတွေ့ခဲ့သည် ဟုတ်မဟုတ် အာဏာပိုင်များ၏ ပျက်ကွယ်ပြုမှု အပါအဝင်ဖြစ်သည်။ 

ITF ညှိနှိုင်းရေး အရာရှိဖြစ်သူ Dean Summers က ယနေ့ ပြောကြားခဲ့သည်မှာ ချမှတ်ခဲ့သည့် ကျဥ်းမြောင်းသော ရည်ညွှန်းသတ်မှတ်ချက် ပုံပေါက်သည်မှာ ပြည်နယ်ဝန်ကြီးချုပ်သည် အပျော်စီး သင်္ဘောများပေါ်၌ အနာဂတ် ရောဂါဖြစ်ပွားမှုများကို တားဆီးရန် လေ့လာနိုင်သည့် သင်ခန်းစာများကို စမ်းစစ်ရမည့်အစား သင်္ဘောအပေါ် ပြည်နယ်အစိုးရ၏ ပျက်ကွက်မှုကို ဖုံးဖိရန် ကြိုးစားနေခဲ့သည်။

ITF မှ Scott McDine သည် Sydney ၌ Ruby Princess စုံစမ်းစစ်ဆေးရေးနှင့်ပတ်သက်၍ မီဒီယာ သတင်းထုတ်ပြန်ပွဲတစ်ခုတွင် မိန့်ခွန်းပြောကြားသည်။

ပြည်နယ်ဝန်ကြီးချုပ် Berejiklian က ဤစုံစမ်းစစ်ဆေးမှုကို သူမ စတင်စုံစမ်းစဥ် ကတိကဝတ် တစ်ခုပြုခဲ့သည် ဘာဖြစ်ခဲ့သည်ကို အတိအကျ ကျွန်မတို့ ရှာမတွေ့မချင်း ဖြစ်နိုင်သော လုပ်ရပ်တိုင်းကို လုပ်ရမည်ဖြစ်သော်လည်း အဖြစ်အမှန်မှာ အထူးကော်မရှင်၏ ရည်ညွှန်းသတ်မှတ်ချက် ကန့်သတ်ထားသည့်အတိုင်းအတာကြောင့် စုံစမ်းစစ်ဆေးမှုကို အတုအယောင်အဆောင် ဖြစ်စေပါသည်ဟု Summers က ပြောကြားခဲ့သည်။ 

ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေးနှင့် ကောင်းမွန်သာယာရေးကို Ruby Princess ဖြစ်ရပ်ဇာတ်ကြောင်း တစ်လျှောက်လုံး၏ အဆင့်တိုင်းတွင် အာဏာပိုင်များ၏ ပျက်ကွယ်ပြုမှု ခံခဲ့ကြရသည့် သင်္ဘောဝန်ထမ်း အယောက် 1,200 တို့သည် ယခုအခါ နိုင်ငံရေး သတ်ပုတ်မှု၏ မြေချနှင်းခံရသော သားကောင်များဖြစ်လျက်ရှိသည်။ 

မနေ့ကတင် ကော်မရှင်ထံမှ စာတစ်စောင်၌ သူတို့ အတည်ပြုခဲ့သည်မှာ Ruby Princess နှင့်ပတ်သက်ပြီး မှားယွင်းခဲ့သည့် အရာအားလုံးကို စုံစမ်းစစ်ဆေးပေးရန် ပြည်နယ်ဝန်ကြီးချုပ်အပေါ် ကျွန်ုပ်တို့၏ တောင်းဆိုမှုကို သိရှိကြောင်း၊ နှင့် သူတို့က ပြန်ကြားခဲ့သည်မှာ စုံစမ်းစစ်ဆေးမှု၏ ရည်ညွှန်းသတ်မှတ်ချက်များကို ချဲ့ပေးရေးကိစ္စမှာ ယခုအခါ ပြည်နယ်ဝန်ကြီးချုပ်၏ ကိစ္စဖြစ်ကြောင်း ဖြစ်ပါသည်။ ကော်မရှင်မင်းကြီး၏ အဆိုအရပင်၊ နောက်တစ်ဆင့်လုပ်ရမည့် အချက်မှာ ယခုအခါ ပြည်နယ်ဝန်ကြီးချုပ် Berejiklian အပေါ် မူတည်ပါသည်။ 

ITF ၏ ဥပဒေဆိုင်ရာ အဖွဲ့ထံ စာရေးရာ၌ ကော်မရှင်သည်၂၀၂၀ ခုနှစ် မတ်လ ၁၉ ရက်နေ့ Ruby Princess ပေါ်မှ ခရီးသည်များ ဆင်းသွားပြီးနောက် ရောဂါကူးစက်ခံရသည့် သင်္ဘောဝန်ထမ်းများ၏ ကုသမှုနှင့် ၎င်းတို့အား အိမ်ပြန်ပို့ရေးအခြေအနေများ သို့မဟုတ် သင်္ဘောပေါ်၌ ဆက်လက် ဆေးကုသမှုများ မှာလည်း ကော်မရှင်အနေဖြင့် စိုးရိမ်ရကြောင်းကိုလည်း ဖော်ပြခဲ့ပါသည်။ ဤကိစ္စများမှာ လက်ရှိ ရည်ညွှန်းသတ်မှတ်ချက်များတွင် မကျရောက်ကြောင်း ကော်မရှင်၏ သုံးသပ်ချက် ရှိသော်လည်း ၎င်းမှာ အတည်ပြုထားသည့် ဖြစ်ရပ်မှန်များ၏ သို့မဟုတ် စွပ်စွဲခဲ့သည့် တင်ပြချက်များ၏ ပြင်းထန်မှုအတွက် ကျရောက်သည့် အကြောင်းရင်း တစ်ခု မဟုတ်ပါ၊ဟု ကော်မရှင်က တင်ပြခဲ့သည်။ 

စုံစမ်းစစ်ဆေးမှုကို ခရီးသည်များ ဆင်းသွားပြီးနောက်ပိုင်း ကာလ ဖြစ်ရပ်များကို စစ်ဆေးရမည်ဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် Sydney မှ Port Kembla သို့ Ruby Princess ထံ မည်သည့် သတင်း အချက်အလက်များကို NSW အစိုးရက ပေးခဲ့ကြောင်း သိရှိရန် လိုအပ်ပါသည်။ Covid-19 ရောဂါကူးစက်ခြင်း၏ ကြီးမားသော အန္တရာယ်နှင့် သူတို့ မထိတွေ့မီ သင်္ဘောဝန်ထမ်းများအား စစ်ဆေးရန် သို့မဟုတ် အိမ်ပြန်ပို့ရန် သူတို့ အဘယ်ကြောင့် ကြိုးစား၍ မလုပ်ခဲ့သနည်း။ ဟု Summers က ပြောကြားခဲ့သည်။

ITF မှ Dean Summers က ပြောကြားခဲ့သည်မှာ NSW အစိုးရ၏ ကျဥ်းမြောင်းသည့် ရည်ညွှန်းသတ်မှတ်ချက်များနှင့် မဖြစ်နိုင်သော နောက်ကြောင်းပြန် သတင်းတို့မှာ သြစတြေးလျနိုင်ငံ အာဏာပိုင်များ၏ Ruby Princess ဖြစ်ရပ်ဇာတ်ကြောင်းအား ကိုင်တွယ်ဖြေရှင်းပုံကို ဖုံးဖိတိမ်မြှုပ်ထားရန်အတွက် “ဖုံးကွယ်မှု” တစ်ရပ် မြောက်ခဲ့ပါသည်။

ပြည်နယ်နှင့် ပြည်ထောင်စု အစိုးရ၏ ဆုံးဖြတ်ချက်များမှာ အဆိုပါ ဆုံးဖြတ်ချက်များကြောင့် သင်္ဘောဝန်ထမ်းများအပေါ် ကျရောက်လာမည့် ကပ်ဘေးကြီးကို အလေးမထားဘဲ အပျော်စီး သင်္ဘောများအား သြစတြေးလျနိုင်ငံ ကမ်းခြေမှ ထွက်ခွာသွားရန် အမိန့်ပေးခဲ့သည့်အခါ သြစတြေးလျနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ တာဝန်များနှင့် ကိုက်ညီခဲ့ပါသလား။ NSW ရဲမင်းကြီး Fuller အတွက် Ruby Princess အား ၂၀၂၀ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင် သင်္ဘောပေါ်၌ Covid-19 ရောဂါရှိသူ ၂၀၀ ရှိနေသော်လည်း Port Kembla မှ ထွက်ခွာပေးရန် တောင်းဆိုခြင်းမှာ တရားဝင်သည် ဟုတ်မဟုတ်ပင် ကျွန်ုပ်တို့ သိရှိရန် လိုအပ်ပါသည်။ 

“NSW အစိုးရနှင့် ပြည်ထောင်စု အာဏာပိုင်များသည် ခရီးသည်များ၏ ကောင်းမွန်သာယာရေးအတွက် တာဝန်ရှိသမျှ နည်းတူ Ruby Princess သင်္ဘောဝန်ထမ်းများ၏ ကောင်းမွန်သာယာရေးအတွက် တာဝန်ရှိကြပါသည်။ Ruby Princess သင်္ဘောဝန်ထမ်းများမှာ အလုပ်သို့ ရိုးရိုးစင်းစင်း သွားရောက်ခဲ့သည့် လူများဖြစ်ကြပြီး ဤရောဂါဖြစ်ပွားမှုကို ကိုင်တွယ်ဖြေရှင်းနေသည့် အာဏာပိုင်များ၏ ပြုလုပ်မှုများနှင့် ပျက်ကွက်မှုများကြောင့် အန္တရာယ်တွင်း ကျရောက်ခံခဲ့ရသည်။ သူတို့အား ကူညီပေးနိုင်သမျှ အရာတိုင်းကို လုပ်ခဲ့ကြောင်း သိရှိရေးအတွက် တရားမျှတမှုကို သူတို့ ရထိုက်ပါသည်။ မည်သည့်အရာက မှားယွင်းခဲ့ကြောင်း သိရှိရန် သူတို့ သိရှိပိုင်ခွင့်ရှိပြီး အလားတူ အတုအယောင်အဆောင်ကို မည်ကဲ့သို့ ရှောင်ရှားနိုင်ကြောင်း သိရှိရန် သူတို့ ရပိုင်ခွင့်ရှိသည် ဟု Summers က ပြောကြားခဲ့သည်။ 

ITF က သေချာအောင် လုပ်ပေးရန် အဓိဌာန်ပြုခဲ့သည်မှာ သူတို့ထင်မြင်သည့် အေဂျင်စီ စွမ်းရည်ညံ့ဖျင်းမှုကြောင့် ရောဂါကူးစက်ခံရသည့် သင်္ဘောဝန်ထမ်းများအတွက် တရားမျှတမှု ရရှိစေရန်အတွက် သေချာစေရန်ဖြစ်ပါသည်။ 

Summers က ပြောကြားခဲ့သည်မှာ-ပြည်ထောင်စုနှင့် ပြည်နယ် အေဂျင်စီရုံးများအနေဖြင့် မှားယွင်းကြောင်း ဝန်ခံရန်၊ မေးသည့်မေးခွန်းများကို ဖြေကြားပေးရန်၊ နှင့် သူတို့ မည်သည့်နေရာ၌ မှားယွင်းကြောင်းကို ဝန်ခံရန် ကျွန်ုပ်တို့ လိုလားပါသည်။ ထိုအရာမှာ သြစတြေးလျနိုင်ငံ ပင်လယ်ရေကြောင်း သမိုင်းကြောင်း၌ အကြီးအမားဆုံး လုပ်ငန်းခွင်ဆိုင်ရာ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး ဘေးဒုက္ခများအနက် တစ်ခုကို ထိတွေ့ခံရပြီးနောက် Ruby Princess သင်္ဘောဝန်ထမ်းများက ရထိုက်သည့်အရာဖြစ်ပါသည်။ 

အကယ်၍ ကျွန်ုပ်တို့အနေဖြင့် ပြည်နယ်ဝန်ကြီးချုပ် Berejiklian ထံမှ တရားမျှတမှုကို မရရှိနိုင်လျှင်၊ အကယ်၍ သူမအနေဖြင့် မှားယွင်းမှုကို ဖုံးဖိနေလျှင်၊ ယင်းနောက် ကျွန်ုပ်တို့အနေဖြင့် ဤကိစ္စကို ကင်ဘာရာသို့ တင်ပြမည်ဖြစ်ပြီး ကျွန်ုပ်တို့ လိုအပ်သလောက် အဖြစ်မှန် အားလုံးကို ကျွန်ုပ်တို့လိုအပ်သည့် အချိန်ကြာနိုင်သမျှ ကြာအောင် ဖော်ထုတ်ရပါလိမ့်မည်။ဟု Summers က ပြောကြားခဲ့သည်။

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.