Skip to main content

တစ်ကမ္ဘာလုံးဆိုင်ရာ သင်္ဘောသားများနှင့် အပြည်ပြည်ဆိုင်ရာ လူမှုအသိုင်းအဝိုင်းထံသို့ အဓိက လုပ်အားဖြန့်ဖြူးပေးနေသည့် ITF အဖွဲ့ဝင် အသင်းအဖွဲ့ သမဂ္ဂများမှ အိတ်ဖွင့် အမှာစာ

09 Jul 2020

ဗိုင်းရတ်စ်ကို ထိန်းချုပ်ရန်၊ လူများအား ကာကွယ်ပေးရန်နှင့် ယိုယွင်းနေသည့် စီးပွားရေးများကို ကယ်ဆည်ပေးရန် Covid-19 တုံ့ပြန်မှု တစ်ရပ်ကို ထူထောင်ရန်အတွက် အချိန်လု၍ လုပ်ရသည့်ကိစ္စသည် အရေးပေါ် ဦးစားပေးမှု တစ်ရပ် ဖြစ်ပါသည်။

သို့သော်လည်း  ပင်လယ်ပြင်၌ အလုပ်လုပ်ကိုင်နေသည့်အပြင် ကမ္ဘာ့ အစိုးရ အများအပြားတို့မှ အမေ့ခံနေရကြောင်း ခံစားနေရသည့် အမျိုးသားများနှင့် အမျိုးသမီးများ ကြုံတွေ့နေသည့် အခက်အခဲများကို တစ်ကမ္ဘာလုံးဆိုင်ရာ လူမှုအသိုင်းအဝိုင်း၏ နားလည်မှု နည်းပါးမှုအပေါ် ကမ္ဘာ့သင်္ဘောသားများ၏ သုံးပုံနှစ်ပုံ နီးပါးကို ကိုယ်စားပြုသည့် အဓိက လုပ်အားဖြန့်ဖြူးပေးနေသော သမဂ္ဂများအဖြစ် ကျွန်ုပ်တို့သည်အလွန့်အလွန် စိုးရိမ်ပြီး စိတ်ပျက်ရပါသည်။

မတ်လ အစဦးပိုင်းမှစ၍ အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) နှင့် ကျွန်ုပ်တို့အပါအဝင် ၎င်း၏အဖွဲ့ဝင် အသင်းအဖွဲ့ သမဂ္ဂများနှင်တကွ လုပ်ငန်းကဏ္ဏကိုယ်စားလှယ်များနှင့် UN အထူးပြု အေဂျင်စီရုံးများသည် အစိုးရများ၊ အလံတင်နိုင်ငံများနှင့်  အများပြည်သူလူထုတို့၏ အာရုံကို မြှင့်တင်ပေးရန် ဖြစ်နိုင်သည့် နည်းလမ်းအားလုံးကို စူးစမ်းခဲ့ပါသည်၊ ယနေ့ တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်နှင့် ကမ္ဘာ့ကုန်သွယ်ရေးတွင် သင်္ဘောသားများ လုပ်ဆောင်ရသည့် အရေးပါပြီး အခြေခံကျသည့် အခန်းကဏ္ဏကို အာရုံပြုရန်ဖြစ်သည်။  သင်တို့၏ အလုပ်ကန်ထရိုက်ကို ပြီးဆုံးခဲ့သည့် သင်တို့အတွက် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို ပံ့ပိုးပေးရန် လိုအပ်သော ပံ့ပုံးမှု အားလုံးကို လုပ်ပေးရန်အတွက် လိုအပ်ချက်ကို ကျွန်ုပ်တို့ မီးမောင်းထိုးပြနေလျက်ရှိပါသည်။

ဗိုင်းရတ်စ် ထိုးဖောက်မြင့်တက်နေသည့်အချိန်အခါ၌ သင်္ဘောသားများက လုပ်ဆောင်ပေးသည့် လိုအပ်သော အရာပစ္စည်းများနှင့် မရှိမဖြစ်သော ဝန်ဆောင်မှုများကို ကမ္ဘာမှ ဆက်လက် လက်ခံရရှိနေရန် သေချာရေးကို ကျွန်ုပ်တို့ တာဝန်ရှိစွာဖြင့် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ပါသည်။

၎င်းမှာ သင်္ဘောသားများ၏ အနစ်နစ်ခံ စွန့်လွတ်မှုကြောင့်သာ ဖြစ်နိုင်ခဲ့သည် - ကမ္ဘာ့ လူမှုအသိုင်းအဝိုင်းများအား ဆက်လက် ပံ့ပိုးပေးရန် သင်တို့၏ လိုအင်ဆန္ဒဖြစ်ပါသည်၊ အများစုသော ကိစ္စများတွင် သင်တို့အများအပြားသည် သင်တို့၏ တာဝန်ကို ပြီးဆုံးအောင် လုပ်ခဲ့ပြီးဖြစ်သည် သို့မဟုတ် လုပ်ပြီးလောက်နီးပါးဖြစ်နေပြီဖြစ်ပါသည်။ သင်ကိုယ်တိုင်ကဲ့သို့ သင်္ဘောသားများမှာ သင့်မိသားစု၏ ထောက်ခံမှုနှင့်အတူ စောဒက မတက်ဘဲ လိုအပ်သည့် ကုန်စည်များကို သယ်ယူပို့ဆောင်ပေးရန် ရိုးရိုးစင်းစင်း ဆက်လက်လုပ်ခဲ့သည်၊ မိမိတို့၏ နယ်စပ်များကို ပိတ်လိုက်ပြီး အရေးပေါ် ဆေးဘက်ဆိုင်ရာ အကူအညီနှင့် ကမ်းတက်ခွင့်ကို ရရန်ငြင်းဆိုခဲ့သည့် နိုင်ငံအများအပြားက ဝိုင်းပယ်ခံရသော်လည်း အခက်အခဲများကို အတတ်ပညာရှင်ဆန်ဆန် ရင်ဆိုင်နေပါသည်။

ကျွန်ုပ်တို့သည် ၂၀၂၀ ခုနှစ် ဧပြီလက G20 ဝန်ကြီးများမှ ၎င်းတို့၏ ညီလာခံ၌ ကြေငြာခဲ့သည့် ထုတ်ပြန်ချက်များကို ကျွန်ုပ်တို့ ကြိုဆိုခဲ့ပါသည်၊ ၎င်းသည် အစိုးရများအား မရှိမဖြစ် လိုအပ်သည့် ကုန်စည်များကို အဆက်ဖြတ်တောက်မှု မရှိသော ပို့ဆောင်ရေးကို လုပ်ပေးရန်အတွက် ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်မှုအတွက် အခရာကျသည့် သင်္ဘောသားများနှင့် အခြား အလုပ်သမားများကို စဥ်းစားပေးရန် ဖိတ်ခေါ်ခဲ့သည်။ နိုင်ငံများအနေဖြင့် သင်္ဘောသားများ၏ အခန်းကဏ္ဏနှင့် လက်ရှိ ပတ်ဝန်းကျင်၌ သူတို့ ရင်ဆိုင်နေရသည့် အခက်အခဲများကို အသိအမှတ်ပြုပေးခြင်းအားဖြင့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို ဦးစားပေးကိစ္စအဖြစ် ပံ့ပိုးပေးရန် တောင်းဆိုသည့်   UN အထွေထွေ အတ္ငင်းရေးမှူးထံမှ အားရစရာကောင်းပြီး ပြတ်သားသည့် အမှာစာ ထွက်ပေါ်လာခဲ့သည်။

ပင်ပန်းနွမ်းနယ်နေသည့် ဆေးဘက်ဆိုင်ရာ အတတ်ပညာရှင်များက လူများအား ကူညီပေးနေကြသည့် အံ့သြဖွယ် ဓါတ်ပုံများမှာ ကမ္ဘာ့သတင်းများတွင် ရေပန်းစားခဲ့သည်။ ကျွန်ုပ်တို့၏ ဘဝများ ဘေးကင်းလုံခြုံပြီး အဆင်ပြေအောင် ကျွန်ုပ်တို့အား ဆက်လက် ရှင်သန်စေသော အခြား အဓိက အလုပ်သမားများ သူတို့၏ အလုပ်ကို ဆက်လက်လုပ်ကိုင်နေသည့် သာသကများမှာလည်း ထိုနည်းအတူ ကမ္ဘာ့သတင်းများတွင် ရေပန်းစားခဲ့သည်။ သင်္ဘောသားများအား တစ်လုံးတစ်ပါဒမျှ ဖော်ကြူးခဲ့ခြင်း မရှိပါ၊ ပင်လယ်ရေကြောင်း လုပ်ငန်းကဏ္ဏမှာ အစိုးရ၏ ဗျူရိုကရက်လုပ်ကိုင်ပုံကို တိုက်ပွဲဝင်ရန်အတွက် ကျန်ရစ်ခဲ့ရပြီး နိုင်ငံတစ်ခုတ္ငင်သာ မကဘဲ နိုင်ငံတိုင်း အားလုံးလိုလိုတွင်ပင် ဖြစ်ပါသည်။ နိုင်ငံများသည် မိမိတို့၏ တာဝန်များကို တစ်ဦးအပေါ်တစ်ဦး ပုံချခဲ့ကြသည်၊ သို့မဟုတ် လုပ်ငန်းကဏ္ဏကိုယ်တိုင်အပေါ် ပုံချနေခဲ့ကြသည်၊ သင်္ဘောသား အယောက် 200,000 ကျော်အတွက် အိမ်ပြန်ရန် နှင့် မိမိတို့အား အစားထိုးရမည့်သူများ သင်္ဘောပေါ်တက်ရန် လုံးဝနီးပါး မဖြစ်နိုင်အောင် ဖြစ်လျက်ရှိသည်။

ကျွန်ုပ်တို့သည် သင်္ဘောသားများဖြစ်သည်၊ ကျွန်ုပ်တို့ သင်္ဘောသားများအား နားထောင်သည်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ဆက်လက် စီးဆင်းနေရန် သင်တို့ လုပ်သည့်အလုပ်အတွက် သင်တို့ ရထိုက်သည့် အသိအမှတ်ပြုခြင်းကို မရရှိသည့်အတွက် သင်တို့၏ စိတ်ပျက်မှုကို ကျွန်ုပ်တို့ နားလည်ပါသည်။ စိတ်ပျက်မှုနှင့် စိတ်ပူပန်မှုမှာ ပေါက်ကွဲမည့်အဆင့်ရောက်ချိန်၌ ဖွင့်ဟခဲ့သည့် ဝေဖန်ချက်ကို ကျွန်ုပ်တို့ လက်ခံပါသည်၊ အဘယ်ကြောင့်ဆိုသော် သင်တို့သည် သင်္ဘောပေါ်မှ ထွက်ခွာ၍ မရနိုင် သို့မဟုတ် သင်္ဘောပေါ်တက်မရနိုင် ဖြစ်ပြီး သင်တို့၏ ဘေးကင်းလုံခြုံရေးနှင့် ကောင်းမွန်သာယာရေးကို စည်းမျဥ်းကြပ်မတ်သည့် ပင်လယ်ရေကြောင်း ပြဌာန်းချက်များကို အကြိမ်ကြိမ်အခါအခါလုပ်နေသည့် ခြွင်းချက်များကြောင့်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် သင်တို့၏အသံများကို ကြားနေပါသည်၊ ကျွန်ုပ်တို့ လုပ်နိုင်သလောက် သင်တို့အား အကောင်းဆုံး  ပံ့ပိုးရန် ကျွန်ုပ်တို့ ဆက်လုပ်ပါမည်။

သင်္ဘောသား ကြီးကြီးကျယ်ကျယ် အများစု ထုတ်ပေးသည့်နိုင်ငံများကပင် မိမိတို့၏ သင်္ဘောသားများ၏ ချက်ချင်း/မြန်မြန် အိမ်ပြန်ရေး သို့မဟုတ် ၎င်းတို့ကို သင်္ဘောများပေါ်သို့ ပို့ပေးရန်ကို ပံ့ပိုးပေးရန် သန်မြန်ပြီး လက်တွေ့ကျသည့် အစီအစဥ်ကို ထူထောင်ပေးရန် ပျက်ကွက်ခဲ့သည်မှာ ထိပ်လန့်ဖွယ်ကောင်းပါသည်။ သင်္ဘောသားများအား အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးတွင် သင်္ဘောများပေါ် တင်ပေးခြင်းမှ  သင်္ဘောသားများ၏ ဝင်ငွေ အိမ်ပြန်ယူဆောင်လာရာမှတစ်ဆင့် နိုင်ငံများ စီးပွားရေးအကျိုးကျေးဇူးကို ရရှိကြသည်။ အိမ်ပြန်ရန် သို့မဟုတ် သင်္ဘောများသို့ တက်ရောက်ရန်ရှိသည့် သင်္ဘောသားထုအား ဖြေရှင်းပေးရန် လုပ်ပေးခဲ့သည်မှာ အလွန်နည်းပါးပြီး လုံလောက်မှု မရှိသော ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပါသည်။ ဤနိုင်ငံများမှာ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး ပြဿနာကို ဖြေရှင်းရန်အတွက် ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်ချက်ကို ဦးဆောင်လုပ်ပေးသင့်ပါသည်။ ဤနိုင်ငံများတွင် မိမိတို့၏ နိုင်ငံသားများဖြစ်ကြသည့် မိမိတို့၏ သင်္ဘောသားများအတွက် ရပ်တည်ပေးရန်၊  ကမ္ဘာလုံးဆိုင်ရာ အသိုင်းအဝိုင်းအား တော်လောက်ပြီး၊ နောက်ထပ် သည်းမခံနိုင်တော့ပါ ဟု ပြောဆိုရန်၊ မိမိတို့၏ သင်္ဘောများကို ဘေးကင်းလုံခြုံရေးဆိုင်ရာ ကိရိယာတို့အား စစ်ဆေးခံရခြင်းမရှိဘဲ သင်္ဘောပေါ်၌ လပေါင်းများစွာ ကြာပြီးနောက် ပင်ပန်းနွမ်းနယ်နေသည့် သင်္ဘောသားများ၏ အန္တရာယ်မှာ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးဖြစ်ပြီး သင်္ဘောသားများတွင် အခွင့်အရေးများရှိပြီး သင့်တို့၏ အခွင့်အရေးများကို  လေးစားပေးရန် လိုကြောင်း ကမ္ဘာအား သတိပေးရန် တာဝန်ရှိကြသည်။

ITF နှင့် ၎င်း၏ အဖွဲ့ဝင် အသင်းအဖွဲ့ သမဂ္ဂများသည် ကန့်သတ်ချက် တစ်ရပ်ကို ဆုံးဖြတ်ခဲ့ကြသည် သင်္ဘောသားများ၏ အလုပ်ကန်ထရိုက်များ သို့မဟုတ် သင်္ဘော အတည်ပြုချက်များ အတွက် အလုံးစုံခြုံမည့် ခြွင်းချက်ပြုခြင်းများကို လက်မခံရန်ဖြစ်သည်။ သင်္ဘောသားများအား သူတို့၏ အလုပ်ကန်ထရိုက်များကို နောက်ထပ် သက်တမ်းတိုးရန် အတင်းအကျပ်ပြုလုပ်ခြင်းမှာ တာဝန်မဲ့ရာရောက်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။ မတော်တဆဖြစ်ရပ်များ၏ အန္တရာယ်၊ အသက် ဆုံးရှုံးမှု၊ ပင်လယ်ရေကြောင်း ဘေးအန္တရာယ်များနှင့် ပတ်ဝန်းကျင်အပေါ် ခြိမ်းခြောက်မှုများမှာ ၎င်းတို့ကိုဖြစ်ပေါ်ခွင့်ပြုရန် ကျွန်ုပ်တို့အားလုံးအတွက် အလွန် အန္တရာယ်ကြီးသည့်သတိပေးမှုများဖြစ်ပါသည်။

နိုင်ငံများအနေဖြင့် ခရီးသွား ပိတ်ပင်ကန့်သတ်ချက်များအား အဘယ်ကြောင့် ချမှတ်ခဲ့သည့် အကြောင်းရင်းများကို ကျွန်ုပ်တို့ အလေးအနက်ထားပါသည်။ ကမ္ဘာ့ရောဂါကပ်ဘေးကြီးမှ သူတို့ လူထု၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးကို ကာကွယ်ပေးရန် ရှင်းလင်းသည့် လိုအပ်ချက်တစ်ရပ် ဖြစ်ခဲ့ခြင်းကြောင့်ဖြစ်ပါသည်။  သို့သော်လည်း လက်ရှိအခြေအနေများတွင် ပိုမိုများပြားလာသည့် အစိုးရများက မိမိတို့၏ စီးပွားရေးများကို ပြန်လည်စတင်လုပ်လာမှုနှင့်အတူ၊ သင်္ဘောသားများအား သူတို့၏ အခွင့်အရေးများဖြစ်သည့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးအား တားမြစ်ထားခြင်းအားဖြင့် ပိတ်ပင်ထားခြင်းမှာ ယုတ္တိတန်သော အကြောင်းပြချက်တစ်ခု မဟုတ်တော့ပါ။ ကမ္ဘာကြီးသည် ကုန်စည်များကို သယ်ယူပို့ဆောင်ပေးရန် လိုအပ်သည်၊ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးများကို ယခု လုပ်ရမည်။ ၎င်းတွင် ကမ္ဘာ့ရောဂါကပ်ဘေးကြီးက လေကြောင်းလုပ်ငန်းကဏ္ဏကိုလည်း သိသိသာသာ ထိခိုက်ခဲ့ပြီးကတည်းက ပိုမိုများပြားသော လေယာဥ်များ လုပ်ငန်းလည်ပတ်နေကြောင်း သေချာအောင်လုပ်ခြင်း ပါဝင်သည်။

အလုပ်ကန်ထရိုက် ပြီးဆုံးခဲ့ပြီးဖြစ်သည့် သင်္ဘောသားများအား သင်္ဘောပေါ် နောက်ထပ် ဆက်လက်နေရန် အတင်းအကျပ်ပြုခြင်းအားဖြင့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးများ လိုအပ်သည့် အရေအတွက်မှာ တစ်နေ့ပြီးတစ်နေ့ ပိုများလာစေရန် ဖြစ်ပေါ်မည်ဖြစ်ပြီး သြဂုတ်လကုန်ပိုင်းတွင် အစားထိုးပေးရန် လိုအပ်သည့် သင်္ဘောသားအရေအတွက်မှာ အယောက် 375,000 ခန့်ဖြစ်လာပါလိမ့်မည်။ အကယ်၍ ဘာမျှ မပြောင်းလဲလျှင် ၎င်းသည် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးများကိုလုပ်ရန် စွမ်းရည်အပေါ် နောက်ထပ် စိတ်အနှောင့်အယှက်ဖြစ်မည်ဖြစ်ပြီး ၎င်းကို လက်မခံနိုင်ပါ၊ ယခု တစ်စုံတစ်ခု ပြောင်းရန် ဖြစ်ပါသည်။

စီးပွားဆိုင်ရာ ကောင်းကျိုးများသည် အကြောင်းပြချက်တစ်ရပ် မဖြစ်နိုင်ပါ သို့မဟုတ် လက်ရှိ စည်းမျဥ်းများ၏ နောက်ထပ် သက်တမ်းတိုးမြှင့်မှုအတွက် ခွင့်လွတ်ခြင်းသည် အကြောင်းရင်းတစ်ရပ် မဖြစ်နိုင်ပါ၊ အကယ်၍ ဤကိစ္စကို အလံတင်နိုင်ငံများက ခွင့်ပြုလျှင် ယင်းနောက် သူတို့သည် ကြံရာပါ ဖြစ်လာမည်၊ မတော်တဆဖြစ်ရပ်များအတွက် တာဝန် အလားအလာရှိမည်၊ ၎င်းမတော်တဆဖြစ်ရပ်များမှာ သင်္ဘောသားများ၊ သင်္ဘောများနှင့် P&I  အသင်းအဖွဲ့များနှင့်အတူတကွ ပတ်ဝန်းကျင်အပေါ် ဖြစ်ပွားနိုင်သည်။

ကျွန်ုပ်တို့သည် သင်္ဘောသားများအပေါ် ခွဲခြားဆက်ဆံမှု သို့မဟုတ် တန်းတူမရှိမှု တစ်ခုခုကိ လက်ခံမည် မဟုတ်ပါ။ သို့သော်လည်း ကျွန်ုပ်တို့သည် ITF နှင့် ၎င်း၏ အဖွဲ့ဝင် အသင်းအဖွဲ့ သမဂ္ဂများ၏ အနေအထားအကြောင်း ရှင်းရှင်းလင်းလင်း ဖြစ်စေလိုပါသည်- မိမိတို့၏ အလုပ်ကန်ထရိုက် သို့မဟုတ် တိုးထားသည့် အလုပ်ကန်ထရိုက် ပြီးဆုံးခဲ့သည့် သင်္ဘောသားများသည် နောက်ထပ် အလုပ်ကန်ထရိုက် သက်တမ်းတိုးရန် သဘောမတူပါ သို့မဟုတ် မလိုလားပါ၊ ယင်းနောက် ITF နှင့် သင်တို့၏ သမဂ္ဂများအဖြစ် ကျွန်ုပ်တို့သည် သင်တို့အား ကူညီပေးရန် ဖြစ်နိုင်သည့် အရာတိုင်းကို ဆက်လက် လုပ်ပေးပါမည်။ ကျွန်ုပ်တို့သည် အလုပ်ကို သပိတ်မှောက်ရန်အတွက် တောင်းဆိုနေမည် မဟုတ်ပါ တောင်းဆိုခဲ့သည် မဟုတ်ပါ၊ ITF သည်လည်း ထိုနည်းအတူဖြစ်သည်။ သို့သော်လည်း ကျွန်ုပ်တို့ ပြောခဲ့သည်မှာ မိမိတို့၏ အလုပ်ကန်ထရိုက်များကို သက်တမ်း မတိုးရန် မိမိတို့၏ အခွင့်အရေးများအား အသုံးချလိုသည့် သင်္ဘောသားများကို ကျွန်ုပ်တို့ ဆက်လက် ကူညီပေးမည်ဖြစ်ပြီး ကျွန်ုပ်တို့ သူတို့ဘက်မှ ရပ်တည်ပါမည် - ထို့ပြင် သင်တို့ဘက်မှ ရပ်တည်ပါမည်။

 

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.