Skip to main content

Ukrainian သင်္ဘောသားများ၏ လုပ်ခများ ပြန်လည်ရရှိရန်၊ São Sebastião, Brazil မှ အိမ်ပြန်ရရေး ITF လုပ်ကိုင်ပေးလျက်ရှိ

06 Jul 2020
Image credit: radarlitoral

Brazil နိုင်ငံ São Sebastião နှင့် Ukraine နိုင်ငံ၏မြို့တော် Kyiv တို့အကြား အကွာအဝေးမှာ 11,086 ကီလိုမီတာ ရှိသည်။ ITF စိစစ်ရေးမှူး Renialdo de Freitas သည် has been working to get Ukrainian သင်္ဘောသား 16 ယောက်အား ထို ထောင်ပေါင်း တစ်ဆယ့်တစ် ကီလိုမီတာ အဝေးကို ကျော်ဖြတ်၍ သူတို့၏ အိမ်များနှင့် မိသားစုများထံ ပို့ပေးရန် လုပ်ကိုင်ပေးနေလျက်ရှိသည်။ သူတို့၏ လုပ်ခများနှင့်တကွ ဖြစ်ပါသည်။

သင်္ဘောသားများသည် Srakane အမည်ရှိ ပနားမား-အလံတင် သင်္ဘောပေါ်မှ သင်္ဘောဝန်ထမ်းများ ဖြစ်ကြပါသည်။  သင်္ဘောကို São Sebastião ရေလက်ကြားတွင် ရက်သတ္တပတ် သုံးပတ်ကျော် ဆိုက်ကပ်ထားခဲ့သည်။ သင်္ဘောသားများသည် အိမ်ပြန်လိုကြသည် - သို့သော်လည်း သူတို့ သင်္ဘောပေါ်မှ မဆင်းမီ သူတို့၏ ရရန်ရှိသည့် လုပ်ခများကို သူတို့၏ အလုပ်ရှင်မှ ပေးရန်ကိုလည်း လိုလားကြပါသည်။ သူတို့သည် အစုလိုက်အားဖြင့် ဒေါ်လာ USD180,000 ကျော် ရရန်ရှိပါသည်။

သင်္ဘောသည် ဇွန်လ စောစောပိုင်း၌ Morocco မှ Brazil သို့ရောက်ရှိလာခဲ့ပြီး São Sebastião ၌ ကျောက်မချမီ ဆိပ်ကမ်းအတော်များများသို့ ဆိုက်ကပ်ခဲ့ပါသည်။ သင်္ဘောသားများသည် သူတို့၏ လုပ်ခများ မရမချင်း နောက်ထပ် ဝေးဝေးသွားရန် ငြင်းဆိုကြသည်၊ လုပ်ခများကို အနည်းဆုံး ခုနှစ်လ မပေးဘဲ ရှိခဲ့သည်။ သင်္ဘောမာလိန်မှူးအတွက် လေးလ၊ နှင့် သင်္ဘောဝန်ထမ်းတစ်ဦးမှာ တစ်နှစ်နီးပါး လုပ်ခ မရရှိဘဲ ဖြစ်ခဲ့သည်။

Covid-19 ကြောင့် ခက်ခဲသော စီးပွားရေး အချိန်အခါအတွင်း ယခင် မရှိခဲ့ဘူးသည်ထက် ပို၍ အရေးကြီးခဲ့သည်မှာ Ukraine ကဲ့သို့ အလုပ်သမား ဖြန့်ဖြူးသည့် နိုင်ငံများမှ သင်္ဘောဝန်ထမ်းများကို အိမ်ရှိ သူတို့၏ ချစ်ခင်ရသူများထံ လုပ်ခများ ပို့ပေးရန်အတွက် ပေးရန်ဖြစ်ပါသည်၊ ဟု Ukraine အခြေစိုက် ITF စိစစ်ရေးမှူးဖြစ်သူ Nataliya Yefrimenko က ပြောကြားခဲ့သည်။

“Srakane သင်္ဘောပေါ်မှ ထိုသူများကဲ့သို့သော သင်္ဘောသားများသည် သူတို့မှာ ပုံမှန် လုပ်ခ ရလိမ့်မည်ဖြစ်ပြီး သူတို့၏ အလုပ်စာချုပ် ကုန်ဆုံးချိန်၌ အိမ်ပြန်ပို့ခံရလိမ့်မည်ဖြစ်ကြောင်း သူတို့၏ အလုပ်ရှင်များ၏ ကတိကဝတ်ဖြင့် ပင်လယ်ပြင်၌ လပေါင်းများစွာ သူတို့၏ မိသားစုများနှင့် အိမ်ကို ပစ်၍ထွက်လာခဲ့ရသည်။ ယခု ရှင်းလင်းသည်မှာ သူတို့၏ အလုပ်ရှင်သည် မိမိ၏ တာဝန်များကို ဖောက်ဖျက်နေလျက်ရှိပြီး အဆိုပါ လုပ်ခများကို အားထားနေရသော အိမ်ရှိမိသားစုများအပေါ် ကြီးမားသော သက်ရောက်မှုများ ရှိနေပါလိမ့်မည်။ ပြန်ဖြည့်ပေးရန် လူမှုဖူလုံရေး နိုင်ငံ စနစ် မရှိပါမိသားစုများအနေဖြင့် ဤဝင်ငွေများကို လိုအပ်ပါသည်ဟု Yefrimenko က ပြောကြားခဲ့သည်။

ပနားမား-အလံတင် သင်္ဘော၏ ပိုင်ရှင်ဖြစ်သူသည် သင်္ဘောဝန်ထမ်းများ၏ ရရန်ရှိသည့် လုပ်ခများကို မပေးနိုင်သဖြင့် သို့မဟုတ် အိမ်ပြန်ပို့ရန် ကုန်ကျစရိတ်ကို မတတ်နိုင်သဖြင့် São Sebastião ရေလက်ကြားတွင် သင်္ဘောပေါ်ရှိ ဘဝ အတွက် အခြေအနေမှာ ပိုမို ဆိုးရွားနေလျက်ရှိသည်။ Brazil နိုင်ငံ သတင်း မီဒီယာ သတင်းထုတ်ပြန်ခဲ့သည်မှာ-[1]

သင်္ဘောပေါ် မငြိမ်မသက်တင်းမာမှုနှင့်အတူ အလုပ်သမားများက တင်ပြသည်မှာ ကရိုးရှားနိုင်ငံသား သင်္ဘောမာလိန်မှူးသည် သူတို့အား သတင်းပို့မတိုင်ကြားရန် တစ်ချိန်လုံး ခြိမ်းခြောက်လျက်ရှိနေသည်

သင်္ဘောမှာ Bahia ရှိ Salvador ဆိပ်ကမ်း၌ ခရီးဆုံးသို့ နောက်ထပ် သွားရောက်ရမည့် ညွှန်ကြားချက်များကို စောင့်ဆိုင်းနေရင်း တစ်လနီးပါးခန့် ကျောက်ချထားစဥ် သင်္ဘောပေါ်၌ ပံ့ပိုးပစ္စည်းများ လျှော့နည်းနေသည့်ဝေဖန်မှုရှိခဲ့သည်။

သင်္ဘောမာလိန်မှူး၏ ထိုးနက်မှုကို Brazilian အာဏာပိုင်များထံ တိုင်တန်းရင်း အကူအညီအတွက် တောင်းခံမှုကို သင်္ဘောဝန်ထမ်းတစ်ဦး (အရာရှိချုပ်) က တင်သွင်းခဲ့သည်။ ထို့နောက် သင်္ဘောဝန်ထမ်းများသည် အကူအညီ နောက်ထပ်တစ်ခုကို တောင်းဆိုခဲ့သည်၊ ဤအကြိမ်၌ ရေနှင့် အစားအစာများမှာ ကုန်လုနီးပါးဖြစ်နေကြောင်း ဖြစ်ပါသည်။

သင်္ဘောဝန်ထမ်းများ၏ အခြေအနေမှာ ပြင်းထန်ကြောင်း မှတ်ယူရသည်၊ လူသားချင်းစာနာသည့် အထောက်အပံ့ကို လိုအပ်နေသည် .... သင်္ဘောပေါ်၌ ဆန္ဒပြရန် သို့မဟုတ် သပိတ်မှောက်ရန် အန္တရာယ် ရှိသည်။

ဤကဲ့သို့သော သတင်းများနှင့် သင်္ဘောသားများထံမှ တိုင်တန်းချက်များ ဖြစ်ပြီးနောက် Brazilian အလုပ်သမား အာဏာပိုင်များက အရေးယူလုပ်ဆောင်ခဲ့သည်၊ သင်္ဘောပေါ် တက်ရောက်ပြီး သင်္ဘော စင်းလုံးငှါးသူ Seachios Ltd မှ သင်္ဘောဝန်ထမ်းများအတွက် ရေနှင့်အစားအစာကို ပေးအပ်ရန် သေချာအောင်လုပ်ပေးခဲ့သည်။ သင်္ဘောဝန်ထမ်းများမှာ ဆေးဘက်ဆိုင်ရာနှင့် သွားဘက်ဆိုင်ရာ အကူအညီကို လက်ခံရရှိရန်ကိုလည်း အာဏာပိုင်များက အာမခံခဲ့ပါသည်။ သူတို့၏ လတ်တလော လိုအင်များ ကိုက်ညီသည်နှင့်အတူ သင်္ဘောဝန်ထမ်းများ၏ အာရုံစိုက်မှုမှာ သူတို့၏ လုပ်ခများ ပြန်လည်ရရှိရန်နှင့် အိမ်ပြန်ရန်အတွက် ပြောင်းလဲ၍အာရုံစိုက်ခဲ့ပါသည်။

သင်္ဘော ကျောက်ချထားသည့်နေရာမှ လေး-နာရီ ကားမောင်းရသည့်အကွာအဝေးတ္ငင် နေထိုင်သည့် ITF စိစစ်ရေးမှူးဖြစ်သူ Renialdo De Freitas က ပြောကြားခဲ့သည်မှာ သင်္ဘောပိုင်ရှင်သည် သတ်မှတ်ထားသည့် နောက်ဆုံးရက်မတိုင်မီ လုပ်ခများကို ပြန်လည်ပေးရန် တာဝန်များကို မထမ်းဆောင်ခဲ့လျှင် ဖမ်းဆီးရန်အတွက် အဖွဲ့အစည်းအပေါ် ITF က တွန်းအားပေးခဲ့သည်။

ITF ပြုလုပ်မှု၏ အကျိုးဆက်အဖြစ် ဘရာဇီးနိုင်ငံ အလုပ်သမား တရားစွဲရှေ့နေသည် သင်္ဘော မန်နေဂျာအပေါ် ကျန်ရှိနေသေးသည့် လုပ်ခများကို မပေးမချင်း သင်္ဘောအား ဖမ်းဆီးထားရန် တောင်းဆိုရင်း São Sebastião ဒေသ အလုပ်သမား တရားရုံးတွင် တရားစွဲဆိုမှုကို စတင်ခဲ့သည်။

အာဏာပိုင်များအနေဖြင့် အမျိုးမျိုးသော ပိုင်ရှင်များ၊ မန်နေဂျာများနှင့် သင်္ဘောစင်းလုံးငှါးသူများအပေါ် တရားစွဲဆိုမှု စတင်ခဲ့စဥ် ITF ၏ ပံ့ပိုးမှုမှာ အခရာကျခဲ့သည်။ De Freitas သည် ဗွီဒီယိုဖုန်းခေါ်ခြင်းမှတစ်ဆင့် အမူ၏အသေးစိတ်ဖြင့် တရားစွဲရှေ့နေအား သင်္ဘောဝန်ထမ်းများ၏ လုပ်ခများကို ပြန်လည်ရရှိရန် အခြား ရှုထောင့်မှ လုပ်ကိုင်ပေးနေရင်း ပံ့ပိုးပေးလျက်ရှိသည်။

သင်္ဘောပိုင်ရှင်မှာ သင်္ဘောဝန်ထမ်းများအား ရရန်ရှိသည့် လုပ်ခများကိုပေးရန် ပိုမို၍ မဖြစ်နိုင်ကြောင်း ပုံပေါက်နေစဥ် တရားစွဲရှေ့နေသည် တရားစွဲဆိုမည့် ဖြစ်စဥ်များကို စတင်ခဲ့သည်၊ ၎င်းမှာ ဘရာဇီးနိုင်ငံသို့ သင်္ဘောကို စင်းလုံးငှါးပေးရန် ညှိနှိုင်းပေးခဲ့သည့် ကုမ္ပဏီဖြစ်သည့် Seachios Ltd ထံမှ လုပ်ခများကို ပြန်လည်ရနိုင်ကြောင်း မြင်နိုင်သည်။ ဤနည်းလမ်းမှ တစ်ဆင့် Seachios Ltd သည် ကြွေးကျန်နေသည့် လစာများနှင့် အိမ်ပြန်ပို့ရေးများအတွက် ပေးရန် ငွေများကို ရင်းနှီးမြှုပ်နှံသူများထံမှ ကောက်ခံပေးရန် တာဝန်ယူပေးပါလိမ့်မည်။

အားရကျေနပ်စရာ လက္ခဏာတစ်ခုမှာ Seachios Ltd သည် တရားစွဲရှေ့နေ၏ အဆိုပြုချက်ကို လက်ခံခဲ့သည်။ နည်းလမ်းတစ်ခုခုမှတစ်ဆင့် ဤအပတ်အဆုံးပိုင်း၌ ဖြေရှင်းချက် ရသွားနိုင်သည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်၊ဟု ITF စိစစ်ရေးမှူး Renialdo De Freitas က ပြောကြားခဲ့သည်။

သင်္ဘောကို ငွေကြေးဆိုင်ရာ ခံဝန်ထားပေးသူအဖြစ် Hanseatic P&I club နှင့် မှတ်ပုံတင်ထားသည်။ ကျွန်ုပ်သည် စွန်ပစ်ခံရမှု၊ ထိန်းသိမ်းရေး၊ အိမ်ပြန်ပို့ရေးနှင့် ကြွေးကျန်ရှိသည့် လုပ်ခများ ရရှိရေးတို့ကို တောင်းခံနေသည့် သင်္ဘောဝန်ထမ်းများနှင့်အတူ လုပ်ကိုင်ပါသည်။ ကျွန်ုပ်တို့သည် ဤသင်္ဘောသားများ သူတို့၏ လုပ်ခများ ပြန်ရရန်နှင့် ဥရောပသို့ အိမ်ပြန်ရန် လက်မှတ်များရရန် နည်းလမ်းတိုင်းကို ကြိုးစားနေလျက်ရှိပါသည်။”

“Covid-19 သည် ဖြတ်တောက်ခံရသည့် ကုန်သွယ်လမ်းကြောင်းများ ဖြစ်စေပြီး အချို့ကုမ္ပဏီများအနေဖြင့် ဤကမ္ဘာ့ရောဂါကပ်ဘေးကြီးမှ လွတ်မြောက်လိမ့်မည် မဟုတ်ကြောင်း ပို၍ပင် ဖြစ်နိုင်ဖွယ်ရှိစေခဲ့သည်။ သင်္ဘောဝန်ထမ်းများအဖို့ ၎င်းသည် မိမိတို့၏ မရရှိသေးသည့် လုပ်ခများကို ပြန်ရရန် ပို၍ပင် များများ ခက်ခဲစေနိုင်သည်။ ကျွန်ုပ်အနေဖြင့် Srakane ၏သင်္ဘောဝန်ထမ်းများအတွက် ကောင်းသော ရလဒ်ရရန် မျှော်လင့်ပါသည်ဟု de Freitas က ပြောကြားခဲ့သည်။

[1] မူရင်းသတင်းကို ဤဆောင်းပါး၏ ရည်ရွယ်ချက်များအတွက် ITF က အင်္ဂလိပ်ဘာသာစာဖြင့် ဘာသာပြန်ခဲ့သည်။ ရည်ရွယ်ခြင်း မရှိသော အမှားအယွင်းများအတွက် တာဝန် မယူပါ။

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.