Covid-19 ကမ္ဘာ့ရောဂါကပ်ဘေးကြီးနှင့် ခရီးသွား ပိတ်ပင်ကန့်သတ်ချက်များကို ရောဂါအား ထိန်းချုပ်ရေး အားထုတ်ရန်အတွက် ချမှတ်မှုကြောင့် ကုန်သွယ် သင်္ဘောသား အယောက် 200,000 နီးပါးမှာ သင်္ဘောများပေါ်တွင် အပြည်ပြည်ဆိုင်ရာ ဥပဒေများကို ဆန့်ကျင်လျက် ချောင်ပိတ်ခံနေလျက်ရှိပါသည်။ ကမ္ဘာ့ကုန်ပစ္စည်းများ၏ ၉၀ ရာခိုင်နှုန်းကို သယ်ယူပို့ဆောင်ပေးနေသည့် သင်္ဘောများပေါ်၌ မိမိတို့၏ တာဝန်များ ပြီးဆုံးသွားမည့် သင်္ဘောသား လစဥ် အယောက်ရေ 100,000 တို့သည် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းမှ စွန့်ပစ်ထားခံနေရသည်။ အများအပြားတို့မှာ ယခုအခါ မိမိတို့၏ မူရင်း ကန်ထရိုက်စာချုပ်များ ကျော်လွန်ပြီး လပေါင်းများစွာ ကမ်းတက်ခွင့် မရရှိဘဲ သင်္ဘောပေါ်၌ ရှိနေကြပါသည်။ ၎င်းမှာ သင်္ဘောသားများ၏ အသက်၊ ကျန်းမာရေးနှင့် သာယာကောင်းမွန်ရေးကို အကာအကွယ်ပေးရန်အပြင် ပတ်ဝန်းကျင် ဘေးအန္တရာယ်ကို တားဆီးရန် ချမှတ်ထားသည့် အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း စည်းမျဥ်းများကို ဖောက်ဖျက်သည်သာ မကဘဲ ဤမမြင်နိုင်သော လုပ်သားအင်အား၏ အတင်းအကျပ် လုပ်ခိုင်းစေမှု အပေါ် စိုးရိမ်မှုများ မြှင့်တင်ပေးနေသည့် လူ့အခွင့်အရေးများကို ကြီးကြီးမားမား ဖောက်ဖျက်မှုကိုလည်း မြောက်စေပါသည်။
အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်းအဖွဲ့ (ICS) နှင့် ပူးတွဲ ညှိနှိုင်းရေး အုပ်စု တို့အပြင် UN အထွေထွေ အတွင်းရေးမှူး ၊ ILO နှင့် IMO အပါအဝင် လုပ်ငန်းကဏ္ဏ အဖွဲ့အစည်းများသည် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် သည် ပုတ်ရဟန်းမင်း Francis, ၏ ထောက်ခံမှုနှင့်တကွ သဘောတူညီမှု ရရှိခဲ့ကြသည်မှာ သင်္ဘောသားများသည် မိမိတို့၏ ကန်ထရိုက်စာချုပ် ပြီးဆုံးချိန်၌ ရုပ်ပိုင်းဆိုင်ရာအားဖြင့် နှင့်/သို့မဟုတ် စိတ်ပိုင်းဆိုင်ရာအားဖြင့် ပင်ပန်းနွမ်းနယ်ကြပြီး မိမိတို့၏ အလုပ်တာဝန်များကို ဘေးကင်းစွာ ထမ်းဆောင်ရန် မစွမ်းဆောင်နိုင်ကြတော့ပါ။ အိမ်ပြန်ပို့ပေးခြင်းနှင့် သင်္ဘောသား အစားထိုး တာဝန်ချထားပေးခြင်းမှာ တစ်ခုတည်းသော တာဝန်ရှိရှိလုပ်ရန် လုပ်ရပ်ဖြစ်ပါသည်။
မေလ၌ Covid-19 ကမ္ဘာ့ရောဂါကပ်ဘေးကြီး ဆက်တိုက် ဖြစ်ပေါ်မှုကြောင့် UN အထူး ကိုယ်စားလှယ် အုပ်စု ဖော်ပြခဲ့သည်မှာ “ ယခင် အတည်ပြုထားသည့် အလုပ်သမား အခွင့်အရေးများကို ပယ်ဖျက်ခြင်းဖြင့် အပါအဝင် ထိခိုက်လွယ်သည့် အလုပ်သမားများအား ဆုံးဖြတ်ချက်ချရန် အနည်းအကျဥ်းဖြင့် ၎င်းတို့အား အန္တရာယ်တွင်း ကျရောက်မည့် အခြေအနေများကို ကြံ့ကြံ့ခိုင်စေရန် အတင်းအကျပ်ပြုခြင်းသည် ILO အရ အတင်းအကျပ် ခိုင်းစေသည့်အလုပ်ဖြစ်နိုင်သည်။”
ပင်လယ်ရေကြောင်းဆိုင်ရာ အလုပ်သမား စာချုပ် (MLC) အရ၊ သင်္ဘောသားများ၏ အတည်ပြုထားသည့် အလုပ်သမား အခွင့်အရေးများကို များသောအားဖြင့် ‘သင်္ဘောသားများ၏ အခြေခံ အခွင့်အရေးများ’ အဖြစ် ရည်ညွှန်းထားသည်၊ ၎င်းတွင် သူတို့၏ ကျန်းမာရေးနှင့် သာယာကောင်းမွန်ရေး အကျိုးအတွက် ကမ်းတက်ရန်နှင့် လုပ်သက်ခွင့်ရရန် အခွင့်အရေးနှင့် အများဆုံး ၁၁ လ (တစ်နှစ်၊ မဖြစ်မနေပေးရမည့် ခွင့်ကာလ တစ်လ နုတ်၍- A2.4.3; A2.5.1 paragraph 2(b) ကိုကြည့်ပါ) တာဝန်ထမ်းဆောင်ပြီးနောက် အိမ်ပြန်ပို့ခံရရန် အခွင့်အရေး ပါဝင်သည်။ အကယ်၍ သင်္ဘောပိုင်ရှင်က ဤအစီအမံများကို လိုက်နာရန် ပျက်ကွက်လျှင် အလံတင်နိုင်ငံအနေဖြင့် အိမ်ပြန်ပို့ရေးကို စီစဥ်သင့်သည်- ဆိပ်ကမ်း နိုင်ငံ သို့မဟုတ် အလုပ်သမား ဖြန့်ချီပေးသည့်နိုင်ငံသည် အိမ်ပြန်ပို့ပေးနိုင်ပြီး ကုန်ကျစရိတ်ကို အလံတင်နိုင်ငံထံမှ ပြန်လည်တောင်းခံနိုင်သည်- သို့သော်လည်း မည်သည့်ကိစ္စတွင်မဆို ဆိပ်ကမ်း နိုင်ငံသည် အိမ်ပြန်ပို့ရေးကို ပံ့ပိုးပေးသင့်သည် (A2.5.1, အပိုဒ် 5(a), 7)။ ဤအခွင့်အရေးများကို ဖြည့်ဆည်းပေးရန်အတွက် ကောင်းမွန်သော လုပ်ရပ်များကိုလုပ်ရန် ဤနိုင်ငံ၌ တာဝန်များရှိသည့်တိုင် အစိုးရများသည် နယ်မြေ ဝင်ထွက်ရေး သို့မဟုတ် ဖြတ်သန်းရေးကို အတင်းကျပ် ငြင်းဆိုနေကြပြီး သင်္ဘောသားများအား စွန့်ပစ်ထားနေကြသည်။
မှတ်သားရန်မှာ လုပ်သက်ခွင့်ကို စွန့်လွတ်ရန် သဘောတူညီချက်ကို MLC ၌ သီးခြား ကန့်သတ်ထားသည့် အမှုကိစ္စများမှ တစ်ပါး အတိအလင်း တားမြစ်ထားသည်၊ - သင်္ဘောသားတစ်ဦးသည် သာမန်အားဖြင့် ဤအခွင့်အရေးများကို ခွင့်အစား လုပ်ခပေးသည့်ကိစ္စ၌ပင် စွန့်လွတ်ရန် သဘောတူညီချက်ကို မပေးနိုင်ပါ။ ၎င်းမှာ သင်္ဘောသားများ၏ ကျန်းမာရေးနှင့် သာယာကောင်းမွန်ရေးကို အကာအကွယ်ပေးရန်နှင့် ပင်ပန်းနွမ်းနယ်မှုကို တားဆီးရန် လုပ်ခဖြင့် လုပ်သက်ခွင့်၏ အခြေခံ အရေးကြီးပုံ ကြောင့်ဖြစ်သော်လည်း အတင်းအကျပ်ပြုမှုအပေါ် အားနွဲ့မှုနှင့် သင်္ဘောပေါ် ရောက်သည်နှင့်တစ်ပြိုင်နက် မတရားနှိပ်စက်မှုနှင့် ခေါင်းပုံဖြတ်မှုကို လိုအပ်သော စောင့်ကြပ်မှု လုပ်ရေးနှင့်အညီ သင်္ဘောသားအား သီးခြား ကာကွယ်ပေးရေးလည်းဖြစ်သည်။ ၎င်း၏ ၂၀၂၀ ခုနှစ် မတ်လ ပူးတွဲ ထုတ်ပြန်ချက် တွင် MLC ၏ ILO အထူး သုံးပွင့်ဆိုင် ကော်မတီ (Special Tripartite Committee (STC)) က ဖော်ပြခဲ့သည်မှာ သင်္ဘောသားများ ကြုံတွေ့သည့် ရှိရင်းစွဲ စိတ်သောက၊ အထီးကျန်မှုနှင့် လူမှုရေးဆိုင်ရာ ဖိစီးမှုများသည် Covid-19 ကြောင့် ရှင်းရှင်းလင်းလင်း ပိုမိုဆိုးရွားလာခဲ့သည်၊ ၎င်းသည် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် သာယာကောင်းမွန်ရေးအပေါ် မကောင်းစွာဖြင့် သက်ရောက်မှုရှိနေသည်။ UN အထူး ကိုယ်စားလှယ်၏ ပြောကြားချက်အရ၊ ပိုမိုများပြားသည့် အန္တရာယ်များ၏ အခြေအနေ၌ ထိခိုက်လွယ်နေလျက်ရှိပြီးဖြစ်သည့် အလုပ်သမားများ၏ ဆုံးဖြတ်ချက်များကို ပိတ်ပင်ခြင်းသည်ပင်လျှင် အတင်းအကျပ် အလုပ်ခိုင်းစေခြင်းကို ပြသနေခဲ့ပြီးဖြစ်နိုင်သည်။
ထို့ပြင် ILO စာချုပ်29 က အတင်းအကျပ် အလုပ်ခိုင်းစေမှုကို “မည်သူတစ်ဦးတစ်ယောက်ထံမှ ပြစ်ဒဏ်တစ်ခုခု ကျရောက်မည်ဟု ခြိမ်းခြောက်မှုအရ လုပ်ခိုင်းစေပြီး အဆိုပါလူသည် အဆိုပါ အလုပ် သို့မဟုတ် မိမိသဘော အလျောက် လုပ်ပေးခဲ့သည်- မဟုတ်သော အလုပ်အားလုံး သို့မဟုတ် ဝန်ဆောင်မှု အားလုံးဖြစ်သည်” ဟု အဓိပ္ပါယ်ဖွင့်ဆိုထားသည်။ ပြစ်ဒဏ်ကျရောက်မည်ဟု ခြိမ်းခြောက်မှုမှာ ပြုလုပ်မှု အမျိုးမျိုးကို ဆိုလိုနိုင်သည်၊ အခြားအရာများ အနက် စာရွက်စာတမ်းများကို သိမ်းဆည်းထားရန် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမှ စိတ်ပိုင်းဆိုင်ရာ အကျပ်ကိုင်ခြင်းအထိ ပြုလုပ်မှုများဖြစ်နိုင်သည်။ ဤကိစ္စ၌ သင်္ဘောသားများ ပြောခံရသည်မှာ အကယ်၍ သူတို့အနေဖြင့် အလုပ်ကန်ထရိုက် သက်တမ်းတိုးရေးကို သဘောမတူလျှင် သူတို့အနေဖြင့် နိုင်ငံခြား ဆိပ်ကမ်း တစ်ခုတွင် အိမ်ပြန်ပို့ခံရရန် အလားအလာ မရှိဘဲ စွန့်ပစ်ထားခံရပါမည်ဖြစ်သည်။ လက်မှတ်ရေးထိုးခြင်း မလုပ်လျှင် သင်္ဘောသားများသည် အနာဂတ် အလုပ်အကိုင် ရရှိရန်မျှော်လင့်ချက်များ ပျောက်ကွယ်မည့် အန္တရာယ် ထပ်ကြုံရမည်ဖြစ်သည်။ ဤသိသာထင်ရှားသည့် အန္တရာယ်များမှာ စာချုပ် 29 ရည်ရွယ်ချက်များအတွက် ရှင်းလင်းသော ပြစ်ဒဏ်တစ်ရပ် မြောက်ပါသည်။ ထို့ပြင် ပြစ်ဒဏ်ကျရောက်မည်ဟု ခြိမ်းခြောက်မှုအရ အလုပ်လုပ်ရန် သဘောတူညီချက်ပေးသည့် ကိစ္စတိုင်းတွင် မိမိသဘောအလျောက် ကမ်းလှမ်းမှု မရှိနိုင်ပါ။ သင်္ဘောသားများအား မည်သည့် ထိရောက်သော ဆုံးဖြတ်ချက်လုပ်ရန် ပေးအပ်ခြင်းမရှိဘဲ အလုပ်ကန်ထရိုက် သက်တမ်းတိုးရေးကို လက်မှတ်ထိုးရန်သာ ရှိသည်။
ထပ်ဆင့်၍ အကယ်၍ သင်္ဘောသားတစ်ဦးမှာ ကနဦးအားဖြင့် သဘောတူညီချက်ပေးခဲ့သည့်တိုင် သူတို့အနေဖြင့် ပြစ်ဒဏ်ကျရောက်မည်ကို ကြောက်ရွံ့ခြင်း မရှိစေဘဲ မိမိတို့၏ သဘောတူညီချက်ကို ပြန်လည် မရုပ်သိမ်းနိုင်လျှင် ၎င်းသည့် အတင်းအကျပ် အလုပ်ခိုင်းစေမှု ဖြစ်ကောင်း ဖြစ်နိုင်ပါသေးသည်။ ထို့ပြင် အကယ်၍ သီးခြား နေ့ရက်တွင် အိမ်ပြန်ပို့ပေးရန် ကတိပေးမှုတစ်ခုနှင့် ပတ်သက်၍ ပျက်ကွက်မှုကဲ့သို့ နောက်ဆက်တွဲ ဖြစ်ရပ်များကြောင့် သဘောအလျောက်ဖြစ်သည့် သဘောသဘာဝအရပေးသည့် ကမ်းလှမ်းချက်ကို အချည်းနှီးဖြစ်သည့်ကိစ္စ၌ အဆိုပါ ကနဦး သဘောတူညီချက်မှာ ပျက်ပြယ်ကောင်း ပျက်ပြယ်နိုင်သည်။
မိမိတို့၏ အလုပ်ကန်ထရိုက်များကို ပင်လယ်ပြင်၌ 17 လ အထိအတွက် သက်တမ်းတိုးပေးရန် သင်္ဘောသားများအား စုဆောင်းထားရေးနှင့်တကွ မိမိတို့၏ မရေရာလှသော ဥပဒေဆိုင်ရာ အခြေအနေနှင့် မိမိတို့၏ အလုပ်ရှင်အပေါ် မလွဲဧကန် မှီခိုနေရသည့် အနေအထားတို့ပေါင်းစပ်၍ ဤထိခိုက်လွယ်မှုကို အလွဲသုံးပြုခြင်းသည် အလုပ်သမား ခေါင်းပုံဖြတ်ခြင်း ရည်ရွယ်ချက်အတွက် လူသား ကုန်ကူးခြင်း အခြေအနေသို့လည်း ရောက်နိုင်ပါသည်။ လူသား ကုန်ကူးခြင်းကို တွေ့ရှိရသည့် ကိစ္စ၌ သဘောတူညီချက်ပေးခြင်းကို ထည့်စဥ်းစားစရာ မလိုတော့ပါ။ United Nations Convention against Transnational Organized Crime (the “Palermo Protocol”) ကိုတိုးချဲ့ပေးသည့် လူကုန်ကူးခြင်း အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးသူငယ်များအား လူကုန်ကူးခြင်းအား တားဆီးရန်၊ ထိန်းကွပ်ရန်နှင့် ပြစ်ဒဏ်ခပ်ရန်အတွက် လုပ်ထုံးလုပ်နည်းအရ၊ လူကုန်ကူးခြင်းတ္ငင် လူများအား အာဏာကို အလွဲသုံးစားပြုသော နည်းလမ်းများဖြင့် သို့မဟုတ် ထိခိုက်လွယ်သည့် အခြေအနေကို အသုံးချသောနည်းလမ်းများဖြင့် အတင်းအကျပ် အလုပ်ခိုင်းစေခြင်း အပါအဝင် ခေါင်းပုံဖြတ်ရန် ရည်ရွယ်ချက်အတွက် “လူစုဆောင်းမှု၊ (သို့) လူခိုလှုံထားခြင်း ပါဝင်နိုင်သည်။” ဤသတ်မှတ်ချက်များတွင် သင်္ဘောသားများအပေါ် ခေါင်းပုံဖြတ်မှု ပြင်းထန်မှုအနေအထားနှင့် အန္တရာယ် အလားအလာကို အပြည့်အဝ အလေးထားနိုင်ပါသည်။
ဤကဲ့သို့သော အလွန် တိကျသည့် လက်ရှိ ချောင်ပိတ်မိခြင်းကိစ္စတွင် ကုန်စည်ဖြန့်ချီရေး ကွင်းဆက်များ တစ်လျှောက်ရှိ စီးပွားလုပ်ငန်း လုပ်ဆောင်သူများ၏ ကိုယ်စားပြုမှု၊ လွှမ်းမိုးမှုနှင့် တာဝန်ရှိမှုတို့ကို ငြင်းဆိုခြင်း မရှိဘဲ သင်္ဘောသားများအား ငှါးရမ်းနေသည့် အလုပ်ရှင်များသည် စုပေါင်းအားထုတ်ပြီး ရိုးသားသော နိုင်ငံ့ ပူးပေါင်းဆောင်ရွက်မှု မပါရှိဘဲ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို စီစဥ်ရန် ထိရောက်စွာဖြင့် မလုပ်နိုင်စွမ်းကြပါ။ အလံတင်နိုင်ငံ၊ ဆိပ်ကမ်းနိုင်ငံနှင့် အလုပ်သမား ဖြန့်ဖြူးပေးသည့် နိုင်ငံများသည် အကာအကွယ်ပေးရန် သူတို့၏ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးများဆိုင်ရာ တာဝန် (အိမ်ပြန်ပို့ပေးရေး အခွင့်အရေးကို ဖြည့်ဆည်း၌ပေးရန်အတွက် သူတို့၏ တာဝန်အပါအဝင်) ကို ဖောက်ဖျက်နေကြသည်၊ ဤသို့ဖြင့် သူတို့သည် ထိရောက်သော အတင်းအကျပ် အလုပ်ခိုင်းစေခြင်းကို တားဆီးရန် သင့်တော်သော အဆင့်ဆင့်အချက်များကို လုပ်ရန် ပျက်ကွက်ကြသည်။
အထူးသဖြင့် စာချုပ် 29 အပေါ် 2014 ILO လုပ်ထုံးလုပ်နည်း အရ၊ Panama ကဲ့သို့ ထင်ပေါ်သည့် အဖွဲ့ဝင် အလံတင် နိုင်ငံအပါအဝင် နိုင်ငံများသည် “အတင်းအကျပ် သို့မဟုတ် မဖြစ်မနေလုပ်စေသည့် အလုပ်ခိုင်းစေမှု ပုံစံအားလုံးကို တားဆီးရန်နှင့် ဖယ်ရှားပစ်ရန် အတွက် သေချာစေရန် တစ်ဦးကိုတစ်ဦး ပူးပေါင်း လုပ်ဆောင်ပေးရမည်။” ပနားမား လုပ်ထုံးလုပ်နည်း (The Palermo Protocol) သည် လူကုန်ကူးခြင်းကို ဖြိုခွင်းရန် နိုင်ငံများအကြား၌ ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်းကိုလည်း ပြဌာန်းထားပါသည်။ စီးပွားဆိုင်ရာ၊ လူမှုဆိုင်ရာနှင့် ယဥ်ကျေးမှုဆိုင်ရာ အခွင့်အရေးများနှင့်ပတ်သက်သည့် အပြည်ပြည်ဆိုင်ရာ ကတိခံဝန်မှုသည် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အဆင့်အတန်းနှင့် အခြားအရာများအနက် တရားမျှတပြီး အပြုသဘောကောင်းမွန်သော အလုပ်လုပ်ကိုင်ရာ အခြေအနေများကို အမြင့်မားဆုံး ရရှိစေရန် အခွင့်အရေးများကို ရယူရာ၌ အပြည်ပြည်ဆိုင်ရာ ပံ့ပိုးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တောင်းဆိုထားပါသည်။ ပိုမို၍ ကျယ်ပြန့်စွာဖြင့် MLC က ပြဌာန်းပြီး လိုအပ်မှုကို အကြိမ်ကြိမ် ဖော်ပြသည်မှာ နိုင်ငံများအနေဖြင့် (အထူးသဖြင့် ဤအခြေအနေ၌ သက်ဆိုင်သည်မှာ အပိုဒ် I.2 နှင့် လမ်းညွှန်များဖြစ်သည့် B1.4.1.3 နှင့် B2.5.2) တွင်ပြဌာန်းထားသည့် သင်္ဘောသားများ၏ အခွင့်အရေးများအစုံလိုက်ကို အကောင်အထည်ဖော်နိုင်ရေးနှင့် အာဏာတည်ရေးကို အောင်မြင်စေရန်အတွက် ပူးပေါင်းဆောင်ရွက်ရန်ဖြစ်သည်။
နိုင်ငံများသည် မိမိတို့၏ အဖွဲ့အစည်းများ၊ ယန္တရားနှင့် ကိုယ်စားလှယ်များတို့မှတစ်ဆင့် လူ့အခွင့်အရေးများကို လိုက်နာပြီး ဖြည့်ဆည်းပေးရုံသာမက အလုပ်ရှင်များအပါအဝင် တတိယ ပုဂ္ဂိုလ်တို့မှ ပြုကျင့်သည့် မတရားမှုများအပေါ် သွက်သွက်လက်လက် ကာကွယ်ပေးရန်လည်း လိုအပ်ပါသည်။ ဤတာဝန်များကို မိမိတို့၏ နယ်မြေအတွင်း သို့မဟုတ် စီရင်ပိုင်ခွင့်အတွင်း ပြုကျင့်ဖွယ်ရှိသည့် မတရားပြုကျင့်သည့် ကိစ္စတိုင်းအတွက် တာဝန်ယူရမည်ဖြစ်သည်။ စီးပွားလုပ်ငန်းနှင့် လူ့အခွင့်အရေးများနှင့်ပတ်သက်သည့် ကမ္ဘာ့ကုသသမဂ္ဂ လမ်းညွှန် စည်းမျဥ်းများ (The UN Guiding Principles on Business and Human Rights (UNGPs)) က အတည်ပြုသည်မှာ နိုင်ငံများသည် မတရားပြုကျင့်မှုများ ၎င်းတို့မဖြစ်ပွားမီ တားဆီးပေးရန် မူဝါဒနှင့် စည်းမျဥ်းများမှတစ်ဆင့် ထိရောက်သော အဆင့်ဆင့် အချက်များကို လုပ်ဆောင်ရန် ပျက်ကွက်သည့်ကိစ္စ၌ ဖောက်ဖျက်ရာရောက်သည်။ နိုင်ငံများသည် “အခြေအနေများ အဆင့်ဆင့် ပြောင်းလဲလာရာ၌ အဆိုပါ ဥပဒေများမှာ လိုအပ်သည့် အကာအကွယ်ကို ပေးသည် ဟုတ်မဟုတ် သုံးသပ်ရန် နှင့် သက်ဆိုင်ရာ မူဝါဒများနှင့်အတူတကွ ၎င်းဥပဒေများမှာ စီးပွားလုပ်ငန်းအား လူ့အခွင့်အရေးကို လိုက်နာရန် ပတ်ဝန်းကျင်အနေအထားတစ်ခုကို ပေးအပ်ထားခြင်း ရှိမရှိ သုံးသပ်ရန်” လည်းလုပ်ရမည်။ စီးပွားလုပ်ငန်းနှင့် လူ့အခွင့်အရေးများ နှင့်ပတ်သက်၍ UN လုပ်ကိုင်သည့်အုပ်စု မှဖော်ပြထားသည့်အတိုင်း လူ့အခွင့်အရေးများကို အကာအကွယ်ပေးရန် နိုင်ငံ၏ တာဝန်မှာ သာမန် အခြေအနေများအရနှင့် အကျပ်အတည်းဖြစ်ချိန်အတွင်း အချိန်နှစ်ရပ်လုံးနှင့် သက်ဆိုင်သည်။
အလံတင် နိုင်ငံများသည် မိမိတို့၏ စီရင်ပိုင်ခွင့်အတွင်း အတင်းအကျပ် အလုပ်ခိုင်းစေခြင်းမှ သင်္ဘောသားများအား အကာအကွယ်ပေးရန်အတွက် လုံးဝဥဿုံ တာဝန်ရှိသည်။ ကံမကောင်းစွာဖြင့် ကမ္ဘာ့ သင်္ဘော အများစုမှာ အလံအငှါး နိုင်ငံများ (flags of convenience (FOCs)) အရ မှတ်ပုံတင်ထားကြသည်၊ ၎င်းတို့သည် သာမန်အားဖြင့် နိမ့်ကျသော အလုပ်သမား စံနှုန်းများအပါအဝင် စည်းမျဥ်းအရ ပိုမို၍ ပျော့ပြောင်းမှုရှိခြင်း ကြောင့်ဖြစ်သည်။ အများအပြားသော FOCs တို့တွင် အပြည်ပြည်ဆိုင်ရာနှင့် ပြည်တွင်း ဥပဒေများအရ သင်္ဘောဝန်ထမ်းများအပေါ် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ပေးရာ၌ ညံ့ဖျင်းသော မှတ်တမ်းရှိပါသည်။
အများအပြားသော အလံတင် နိုင်ငံများက တင်ပြသည်မှာ ကမ္ဘာ့ရောဂါကပ်ဘေးကြီးအားဖြင့် နိုင်ငံ့တာဝန်အချို့ကို လိုက်နာရန် လက်တွေ့အားဖြင့် မဖြစ်နိုင်ကြောင်း၊ ပျက်ကွက်မှုများကို သာမန်အားဖြင့် လက်ခံထားသည့် အဓိပ္ပါယ်သတ်မှတ်ချက်ဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ဥပဒေ ကော်မရှင်၏ (International Law Commission) ၏ ဆောင်းပါးဖြစ်သည့် အပြည်ပြည်ဆိုင်ရာအားဖြင့် လွဲမှားသည့် လုပ်ရပ်များအတွက် နိုင်ငံများ၏ တာဝန် တွင်ပါရှိသော တားဆီး၍ မရနိုင်သည့် ဖြစ်ရပ် force majeure အရ ဆင်ခြေပေးနေလျက်ရှိသည်။ လိုအပ်သည့် ကိစ္စ၌ မိမိတို့၏ အလုပ်ကန်ထရိုက်များကို သက်တမ်းတိုးရန် သင်္ဘောသားများလုပ်နိုင်ရန် လက်တွေ့ကျကျ ချဥ်းကပ်မှုအတွက် ILO ဖုန်းခေါ်ခဲ့ရာမှတစ်ဆင့် ၎င်းကို သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို မြန်မြန်ဆန်ဆန်နှင့် ချောချောမွေ့မွေ့ ရှိရန်၊ “သင့်တော်သော (သက်တမ်းတိုးရေး) ကာလ” နှင့် ကိစ္စအားလုံး၌ အခြေခံ လိုအပ်ချက်” အပေါ် စည်းကမ်းချက်ထား၍ သင်္ဘောသားများ၏ လွတ်လပ်သော သဘောတူညီချက်အား ပြန်လည်သုံးသပ်ရန်နှင့် အကြံဉာဏ်တောင်းခံရန်အတွက် ခွင့်ပြုရန် စည်းကမ်းချက်တို့ဖြင့် အဓိက မေတ္တာရပ်ခံချက်နှင့်တကွ စီစဥ်ခဲ့သည်။ သာမန်အခြေအနေများ၌ ပင်လယ်ပြင်၌ရှိစဥ် သဘောတူညီချက်ပေးရန် သင်္ဘောသားများ၏ စွမ်းဆောင်ရည်အပေါ် အထက်ဖော်ပြပါ အကန့်အသတ်များသည် ဤကဲ့သို့သော အကျပ်အတည်းကာလ၌ သဘောတူညီချက်ပေးရန် စွမ်းရည်ကို အကြီးအကျယ် သံသယဖြစ်စေပါသည်။
ထပ်ဆင့်၍ လက်တွေ့ကျသော မဖြစ်နိုင်ခြေအတွက် အလွန် မြင့်မားသည့် အတိုင်းအတာကို နိုင်ငံရေးအားဖြင့်နှင့် ငွေကြေးအားဖြင့် နှစ်ရပ်လုံးဖြင့် တစ်ဖက်သတ်ဖြစ်စေ သို့မဟုတ် အခြား အစိုးရများနှင့် ပူးပေါင်း၍ဖြစ်စေ မိမိတို့၏ သို့မဟုတ် အခြား နိုင်ငံ၏ သင်္ဘောသား-မဟုတ်သော နိုင်ငံသားများ၏ အိမ်ပြန်ပို့ရေး လုပ်ဆောင်ချက်ဖြစ်သည့် အခြားသော အစိုးရ လုပ်ရပ်ကို ဆန့်ကျင်၍ လုပ်နိုင်မည် မဟုတ်ပါ။ သင်္ဘောဝန်ထမ်း အိမ်ပြန်ပို့ရေးအတွက် အတူတူအဆင့်အနေအထားအတိုင်းဖြစ်သည့် သံသမန်ရေး ဖိအားပေးမှု မသုံးခဲ့ရသည့် အကြောင်းချင်းရာက ပြသသည်မှာ နောက်ထပ် လက်တွေ့ကျသည့် အဆင့်အဆင့် အချက်များကို လက်ရှိ အခြေအနေနှင့် ၎င်း၏ နောက်ဆက်တွဲပြဿနာများကို ရှောင်ရှားရန် သို့မဟုတ် လျှော့ချရန် လုပ်ဆောင်နိုင်သည်၊ လုပ်ဆောင်သင့်သည်။ ကမ္ဘာ့ရောဂါကပ်ဘေးကြီး တစ်လျှောက်လုံးနှင့် ပိတ်ပင်ကန့်သတ်ချက်များ မကြာသေးမီ အပတ်များ၌ လျှော့ပေါ့လာခဲ့သဖြင့် တိုးမြှင့်လာလျက်ရှိသည့် ပုံမှန်ကိစ္စနှင့်အတူ အများအပြားသော အစိုးရများနှင့် ကုမ္ပဏီများသည် စင်းလုံးငှါး နှင့် ကုန်သွယ်ရေးဆိုင်ရာ လေယာဥ်များကို မိမိတို့၏ နိုင်ငံသားများအား အိမ်ပြန်ပို့ရန်နှင့် အနည်းငယ်သော ကိစ္စများ၌ ၎င်းတွင် သင်္ဘောသားများကိုလည်း ထည့်သွင်းခဲ့သည့်အိမ်ပြန်ပို့ရန် အသုံးပြုခဲ့ပါသည်။ ထို့ကြောင့် ရှင်းလင်းသည်မှာ သင်္ဘောသားများအတွက် အပြည်ပြည်ဆိုင်ရာ ခရီးစဥ်ကို ပံ့ပိုးပေးရန်မှာ မဖြစ်နိုင်ပါဟု ဆိုသည်မှာ မဟုတ်ပါ။ ခရီးသွား ပိတ်ပင်တားမြစ်ချက်များ နောက်ထပ် လျှော့ပေါ့စဥ် ဤဆင်ခြေမှာ ပိုမို၍ မရပ်တည်နိုင်ကြောင်း ဖြစ်လာပါသည်။
နောက်ဆုံးအနေဖြင့် MLC အရ၊ ဥပမာ၊ အစိုးရများက လုပ်သည့် စည်းမျဥ်း လျှော့ပါးပေးမှုများ သို့မဟုတ် ခြွင်းချက်ပေးမှုများကို လူမှုရေးဆိုင်ရာ ဖက်စပ်သူများနှင့် ဆွေးနွေးပြီး ဆုံးဖြတ်ရမည်ဖြစ်သည်၊ ချမှတ်သည့် မည်သည့် ဆုံးဖြတ်ချက်များကိုမဆို ILO သို့တင်ပြရမည်ဖြစ်သည်။ ဤအခရာကျသည့် ကာကွယ်မှု မရှိဘဲ၊ သက်ဆိုင်ရာ အစိုးရသည် စာချုပ်အရ မိမိ၏ တာဝန် အားလုံးကို လိုက်နာရန် ရည်ရွယ်သည်ဟု လက်ဦးအစ၌ ခန့်မှန်းတွက်ချက်သင့်သည်။ အလံတင် နိုင်ငံများအနေဖြင့် စာချုပ် တာဝန်များမှ တိတိကျကျ လျှော့ပေါ့ခဲ့သည် မဟုတ်လျှင် သူတို့သည် တားဆီးမရနိုင်သည့် ဖြစ်ရပ် force majeure ကို ခြုံငုံ၍ အကာအကွယ်ယူနိုင်သည်ဟု မရပ်တည်နိုင်ပါ။ ထို့ပြင် ခေတ်သစ် ကျွန်ပြုမှု၏ အင်္ဂါရပ်တစ်ခုအဖြစ် ILO ၏ အခြေခံ စာချုပ် ရှစ်ခုအနက် တစ်ခုကို ဖောက်ဖျက်လျက်ရှိသည့် အတင်းအကျပ် အလုပ်ခိုင်းစေခြင်းကို အပြည်ပြည်ဆိုင်ရာ ဥပဒေများ၏ ကြီးလေးသော ဖောက်ဖျက်မှုအဖြစ် မှတ်ယူရမည်ဖြစ်သည်၊ ၎င်းအတွက် ခုခံခွင့် သို့မဟုတ် လျှော့ပေါ့ခွင့် မရှိပါ။
အလံတင်နိုင်ငံ၊ ဆိပ်ကမ်းနိုင်ငံ နှင့် အလုပ်သမား ဖြန့်ဖြူးပေးသည့် နိုင်ငံများသည် လုပ်ငန်းကဏ္ဏ၏ ကိုရိုနာဗိုင်းရတ်စ် (Covid-19) ကာလအတွင်း ဘေးကင်းလုံခြုံသော သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးနှင့် ခရီးသွားရေးကို သေချာစေရန်အတွက် အကြံပြုထားသော အခြေခံစည်းမျဥ်းလုပ်ကိုင်ပုံ လုပ်ထုံးလုပ်နည်း ကိုချမှတ်ပေးရန် အရေးပေါ်နှင့် အတိအလင်း တာဝန်ယူရမည်၊ ဤ “အဓိက အလုပ်သမားများ”အတွက် ခရီးသွား ပိတ်ပင်ကန့်သတ်ချက်များကို လျှော့ပေါ့ပေးရန်နှင့် မိမိတို့၏ ပင်လယ်ရေကြောင်းနှင့် လေကြောင်း လေယာဥ်ကွင်းများမှတစ်ဆင့် အိမ်ပြန်ရေးအတွက် သင်္ဘောသားများ၏ ဘေးကင်းလုံခြုံသော ခရီးလမ်းကြောင်းကို ပံ့ပိုးပေးရန် ဖြစ်သည်။ အားလုံးသော နိုင်ငံများသည် သံတမန်လမ်းကြောင်း အားလုံးမှတစ်ဆင့် အခြားနိုင်ငံများမှ တူညီသော ကတိကဝတ်များ ရရှိစေရန်နှင့် မိမိတို့၏ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အေဂျင်စီရုံးများနှင့် ပူးပေါင်းလုပ်ဆောင်ရန် ဤအကျပ်အတည်းအတောအတွင်း သင်္ဘောသားများ၏ လူ့အခွင့်အရေးများကို လိုက်နာရန်၊ ကာကွယ်ပေးရန်နှင့် ဖြည့်ဆည်းပေးရန်အလို့ငှါ မိမိတို့၏ သြဇာကို သုံးရမည်။
အဆိုပါ အချိန် မရောက်မချင်း သင်္ဘောပေါ်မှ ဆင်းရန်အတွက် ဖြစ်အံ့ဆဲဆဲ ဖြစ်နိုင်ခြေ မရှိတိုင်အောင်ပင် သင်္ဘောသားများအနေဖြင့် နောက်ထပ် အလုပ်ကန်ထရိုက် သက်တမ်းတိုးမှုများကို ငြင်းဆိုရန်နှင့် သင်္ဘောပေါ်၌ အိမ်ပြန်ပို့ရေးအပေါ် မိမိတို့၏ အခွင့်အရေး မရရှိမချင်း ခရီးသည်များအဖြစ် ဆက်လက်နေရန် အခွင့်အရေး ကိုယ်စီရှိကြသည်။ သင်္ဘောသားများအား အသုံးချပြီးနောက် စွန့်ပစ်နိုင်သည် မဟုတ်ပါ။ သူတို့၏ လုပ်အားကို သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးအား ပံ့ပိုးရန် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်း၏ ပျက်ကွက်မှုအပေါ် ဖာထေးပေးရန် အသုံးမချနိုင်ပါ၊ ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေး၊ မိသားစုဘဝအပေါ် သူတို့၏ ကိုယ်ပိုင် အခွင့်အရေးများနှင့် ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်များ အကျိုးငှါ အတင်းအကျပ် အလုပ်ခိုင်းစေခြင်းမှ လွတ်မြောက်ရန် သူတို့၏ အခွင့်အရေးအား စတေးရန်ကိုလည်း အတင်းအကျပ် မပြုလုပ်နိုင်ပါ။ တော်လောက်ပြီ နောက်ထပ် သည်းမခံနိုင်ပါ။
စီးပွားလုပ်ငန်းနှင့် လူ့အခွင့်အရေးများ ဂျာနယ် blog အတွက် Ruwan Subasinghe, Helen Breese နှင့် Jonathan Warring တို့က ရေးသားသည်။
Ruwan Subasinghe သည် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) ၏ ဥပဒေဆိုင်ရာ ညွှန်ကြားရေးမှူး၊ Helen Breese သည် ITF ၌ ဥပဒေဆိုင်ရာ လက်ထောက်ဖြစ်ကြပြီး Jonathan Warring မှာ ITF ၌ အကြီးတမ်း ဥပဒေဆိုင်ရာ လက်ထောက်ဖြစ်သည်။
သတိပြုရန်- ဤဆောင်းပါးသည် လက်ဦး၌ Business and Human Rights Journal blog တွင် 'Seafarers Trapped Serving Global Supply Chains amounts to Egregious Abuse of Human Rights: States must fulfil their Duty to Protect' အဖြစ် ရေးသားခဲ့ပြီး ၎င်းကို CambridgeCore, ဤနေရာ၌ ရရှိနိုင်သည်။
မှတ်ချက်အသစ်များတင်ခြင်း