Skip to main content

‘သင်္ဘောသား နေ့’ 2020 အတွက် ITF ထုတ်ပြန်ချက်

26 Jun 2020

ယနေ့သည် ကျွန်ုပ်တို့အနေဖြင့် သင်္ဘောသား နေ့ကို ကျင်းပသင့်သည့်နေ့ဖြစ်သော်လည်း ဤနှစ်သည် အစိုးရများက ကမ္ဘာ့သင်္ဘောသားများကို ကျောခိုင်းထားသဖြင့် အနည်းအကျဥ်းသာ ကျင်းပရန်ရှိသည်

 ဤနှစ်တွင် ကမ္ဘာ့သင်္ဘောသားများ အယောက် သန်းပေါင်း ၁.၄ သန်းကို ကိုယ်စားပြုသည့် အဖွဲ့ဝင် သမဂ္ဂများ၏ အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) သည် အပြည်ပြည်ဆိုင်ရာ သင်္ဘောသားနေ့ကို အသိအမှတ်ပြုသော်လည်း သင်္ဘောသားများ ရထိုက်သည့် လေးစားမှုကို လက်ခံရရှိသည့်အခါ ကျွန်ုပ်တို့ ကျင်းပပါမည်။

 ITF သည် ဤဆုံးဖြတ်ချက်ကို ချမှတ်ခဲ့သည် အဘယ်ကြောင့်ဆိုသော် ကမ္ဘာ့သင်္ဘောသားများကို ကမ္ဘာတစ်ဝန်း အစိုးရများအနေဖြင့် မေ့လျှော့နေကြပြီး ကျောခိုင်းနေကြသည်- အဆိုပါ အစိုးရများသည် မိမိတို့၏ နယ်စပ်များကို ဤကမ္ဘာ့ရောဂါကပ်ဘေးကြီး အတောအတွင်း ဖွင့်ပေးရန် ပျက်ကွက်ခဲ့ပါသည်။ ဆိပ်ကမ်းနိုင်ငံများ၊ အလံတင်နိုင်ငံများ၊ ဖြတ်သန်းသွားမည့် ကြားနိုင်ငံများနှင့် ဤသင်္ဘောသားများ၏ မိခင် နိုင်ငံများတို့ပင် ပျက်ကွက်ခဲ့ကြသည်။

အချို့ အစိုးရများသည် အယောက် ၂၀၀ ၀၀၀ ကျော် သင်္ဘောသားများကို အလုပ်လုပ်ရန်အတွက် ရပ်ဆိုင်းရန် သူတို့၏ အခွင့်အရေး နှစ်နာစေရန် ဆက်လက်လုပ်နေသည်၊ သူတို့အား သင်္ဘောပေါ်မှ ဆင်းသွားပြီး အိမ်ပြန်ခြင်းကို တားဆီးနေကြသည်၊ ထို့ပြင် သူတို့အား လိုအပ်သည့် ဆေးဝါးကုသမှုနှင့် ကမ်းတက်ခွင့်တို့ကိုပင် ငြင်းဆိုခဲ့ကြသည်။ သင်္ဘောသားများတွင် အခြားသော လူသားတိုင်းကဲ့သို့ အခွင့်အရေးများ ရှိကြပါသည်။ 

သင်္ဘောသားများသည် မောပန်းနေကြသည်၊ ပင်ပန်းနွမ်းနယ်နေကြသည် ထို့ပြင် များစွာသော အခြေအနေများ၌ သူတို့၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်များကို ကျော်လွန်၍ လုပ်ကိုင်ရန် တွန်းအား ပေးခံနေကြရသည်။

သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်းမှာ လူသားချင်းစာနာသည့် ဘေးဒုက္ခ တစ်ခုဖြစ်သည်။

သင်္ဘောသားများမှာ ကျွမ်းကျင်သူအတတ်ပညာရှင်များဖြစ်ကြပြီး သူတို့လုပ်သည့် အလုပ်အပေါ်နှင့် ကမ္ဘာ့လူထုတစ်ရပ်လုံး၏ ပြည်လုံးကြွယ်ဝချမ်းသာမှုနှင့် ကောင်းမွန်သာယာရေးအတွက် သူတို့၏ ပံ့ပိုးလုပ်ဆောင်မှုအပေါ် ဂုဏ်ယူကြသည်။  သူတို့သည် ကမ္ဘာ့ အစိုးရများ တစ်ရေးနိုးထလာပြီး ဤပံ့ပိုးလုပ်ဆောင်မှုကို အသိအမှတ်ပြုရင်း သူတို့ရထိုက်သည့် ဂုဏ်သိက္ခာနှင့် လေးစားမှုဖြင့် သင်္ဘောသားများအား ဆက်ဆံလာမည့် နေ့ရက်ကို စောင့်မျှော်နေကြပါသည်။ ကံမကောင်းစွာဖြင့် ယနေ့သည် အဆိုပါ နေ့ရက် မဟုတ်သေးပါ။

ယနေ့သည် ပျော်ပွဲကျင်းပရမည့် နေ့ရက် မဟုတ်ပါ။ ယနေ့သည် သင်္ဘောသားများ သူတို့ အလွန် ပိုမို၍ များများ ဂုဏ်ပြုခံထိုက်သည့်အချိန်အခါ၌ မည်ကဲ့သို့ ဆက်လက် ကျောခိုင်းခံရကြောင်း ညိုမှိုင်းသော ရောင်ပြန်ဟတ်မှုအတွက် နေ့ရက် တစ်ရက်ဖြစ်ပါသည်။ ITF နှင့် သင်တို့၏ သမဂ္ဂများသည် သင်တို့ဖက်မှ ရပ်တည်ပေးပါသည်တော်လောက်ပြီ၊ ဆက်လက် သည်းမခံနိုင်တော့ပါ။

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.