Skip to main content

မော်ရစ်ဆင် အစိုးရ၏ ဆိပ်ကမ်း ပြည့်ကျပ်မှုဖြစ်သည်ဟု ‘အခြေအမြစ်မရှိ’ သည့် ပြောဆိုချက်များအပေါ် တစ်ကမ္ဘာလုံးဆိုင်ရာ သယ်ယူပို့ဆောင်ရေး အကြီးအကဲများ ကန့်ကွက်

10 Dec 2021
Press Release

သယ်ယူပို့ဆောင်ရေး အလုပ်သမားများ သမဂ္ဂများသည် သြစတြေးလျနိုင်ငံ ဗဟိုအစိုးရ၏ ပြောဆိုချက်ကို ကန့်ကွက်လိုက်သည်။ သြစတြေးလျနိုင်ငံ၏ လက်ရှိ ကုန်စည်ဖြန့်ချီရေး ကွင်းဆက် အခက်အခဲစိန်ခေါ်မှုများမှာ နိုင်ငံအတွက် သီးသီးခြားခြားဖြစ်သည် သို့မဟုတ် သုံးစွဲသူများအတွက် ခရစ်စမတ် ကုန်စည်ပို့ဆောင်ရေး နှောင့်နှေးမှုအလားအလာမှာ သြစတြေးလျနိုင်ငံ ပင်လယ်ရေကြောင်း သမဂ္ဂ (Maritime Union of Australia (MUA)) နှင့် ၎င်း၏ အဖွဲ့ဝင်များကြောင့် ဖြစ်ပွားနိုင်သည်ဟု အဆိုပါအစိုးရက စွပ်စွဲခဲ့သည်။

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers’ Federation (ITF)) မှာ တစ်ကမ္ဘာလုံးဆိုင်ရာ သမဂ္ဂ အဖွဲ့ချုပ်တစ်ခုဖြစ်ပြီး ကုန်စည်ပို့ဆောင်ရေး၊ ကုန်စည်သိုလှောင်ရေး၊ ပင်လယ်ရေကြောင်း၊ မီးရထား၊ ကုန်းလမ်းနှင့် လေကြောင်းကုန်စည်ပို့ဆောင်ရေး ကဏ္ဍများမှ အလုပ်သမားများကို ခြုံငုံထားသည့် သမဂ္ဂပေါင်း ၇၀၀ နီးပါးကို အတူတကွ စုစည်းထားပါသည်။

တစ်ကမ္ဘာလုံးနီးပါး ယခုအခါမှာ ကုန်စည်ဖြန့်ချီရေး ကွင်းဆက် တစ်မျိုးတစ်ဖုံ ပြတ်တောက်မှုကို ကြုံတွေ့နေရပါတယ်၊ တစ်ကမ္ဘာလုံးရှိ သမဂ္ဂတွေဟာ လုပ်ငန်းကဏ္ဍနှင့်အတူ ပူးပေါင်းလုပ်ကိုင်နေပါတယ်၊ မကြုံစဖူးခဲ့တဲ့ ကမ္ဘာ့ ကျန်းမာရေး အကျပ်အတည်းကြောင့် ဖြစ်လာခဲ့တဲ့ တင်းကျပ်မှုတွေကို လျှော့ချပေးဖို့ ဖြစ်ပါတယ်၊ဟု ITF အထွေထွေ အတွင်းရေးမှူးဖြစ်သူ Stephen Cotton ကပြောကြားခဲ့သည်။ “ITF ဟာ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်တွေနဲ့ပတ်သက်ပြီး တစ်ကမ္ဘာလုံးကို ရှုမြင်သုံးသပ်ပါတယ်၊ ကျွန်ုပ်တို့လိုဘဲ သုံးသပ်ရှုမြင်ပေးဖို့ သြစတြေးလျနိုင်ငံ မီဒီယာနှင့် ဆုံးဖြတ်ချက် ချမှတ်သူတွေကို ကျွန်ုပ်တို့ တိုက်တွန်းပါတယ်။

“ITF ဟာ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်တွေနဲ့ပတ်သက်ပြီး တစ်ကမ္ဘာလုံးကို ရှုမြင်သုံးသပ်ပါတယ်၊ ကျွန်ုပ်တို့လိုဘဲ သုံးသပ်ရှုမြင်ပေးဖို့ သြစတြေးလျနိုင်ငံ မီဒီယာနှင့် ဆုံးဖြတ်ချက် ချမှတ်သူတွေကို ကျွန်ုပ်တို့ တိုက်တွန်းပါတယ်၊ဟု ITF အထွေထွေအတွင်းရေးမှူးဖြစ်သူ Stephen Cotton က ပြောကြားခဲ့သည်။ (ကရက်ဒစ်- ITF)

အဖြစ်မှန်ကို ကျွန်ုပ်တို့နားလည်တာက ကမ္ဘာရဲ့တစ်နေရာမှာရှိတဲ့ မူဝါဒတွေနှင့် ကုန်စည်ဖြန့်ချီရေး ပြတ်တောက်မှုတွေဟာ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်တစ်လျှောက်လုံးမှာ ထိခိုက်မှာပါ၊ သုံးစွဲသူတွေဆီ ကုန်စည်ရောက်ရှိဖို့ လုံးလုံး နှောင့်နှေးသွားစေပါတယ်။ တကယ်လို့ အလုပ်သမားတစ်ယောက်ဟာ ကိုဗစ် ဓါတ်ခွဲအတည်ပြုအဖြေပေါ်ရင် တရုတ်အာဏာပိုင်တွေက ကုန်တင်ဆိပ် ဒါမှမဟုတ် စက်ရုံကို တစ်ပတ်လောက် ပိတ်မှာဖြစ်ပြီး အဲ့ဒါဟာ နှောင့်နှေးမှုတွေကို ဖြစ်ပွားပါတယ်။ တကယ်လို့ ကုန်ကားမောင်းသူတစ်ယောက်ဟာ မလိုအပ်တဲ့ နယ်စပ် စစ်ဆေးမှုတွေကြောင့် နာရီပေါင်းများစွာ ကားထဲထိုင်နေရရင် နှောင့်နှေးမှုကို ပိုပြီးတိုးစေပါတယ်၊” ဟု သူက ဖြည့်စွက်ပြောကြားခဲ့သည်။

ရှင်းရှင်းပြောရရင်- တစ်ကမ္ဘာလုံးရဲ့ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်တွေမှာ ကျွန်ုပ်တို့ မြင်နေရတဲ့ ကုန်စည်ဖြန့်ချီရေး ပြတ်တောက်မှု၊ နှောင့်နှေးမှုတွေနှင့် ပြတ်လပ်မှုတွေဟာ သြစတြေးလျနိုင်ငံတစ်ခုတည်းမှာ ဖြစ်နေတဲ့ ဖြစ်ပျက်မှုတွေ မဟုတ်ပါဘူး၊ အဲ့ဒါတွေဟာ MUA-နှင့် ဆက်စပ်ပြီး ဖြစ်နေတာ လုံးဝ မဟုတ်ပါဘူး။

Cotton က ပြောကြားခဲ့သည်မှာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ၏ နယ်စပ် ဖြတ်သန်းသွားလာရေးကို လွတ်လွတ်လပ်လပ် ပြန်လည်ဝင်ထွက်သွားလာစေရန် ခွင့်ပြုပေးဖို့၊ သို့မှသာ တစ်ကမ္ဘာလုံး၏ ကုန်စည်ဖြန့်ချီ ရေးကွင်းဆက်များကို လုပ်နိုင်မှာဖြစ်၍ ခွင့်ပြုပေးရန်အတွက် အစိုးရ ခေါင်းဆောင်များ၏ ပျက်ကွက်မှုကြောင့် ကုန်စည်ဖြန့်ချီရေးတွင် အကြီးအကျယ် ‘ပြိုပျက်ယိုယွင်းမှု” အန္တရာယ် ကြုံတွေ့ရမည်ဖြစ်ကြောင်း  စက်တင်ဘာလတွင် တစ်ကမ္ဘာလုံးဆိုင်ရာ သယ်ယူပို့ဆောင်ရေး လုပ်ငန်းကဏ္ဍက သိရှိခဲ့ပြီး ကမ္ဘာ့ ခေါင်းဆောင်များကို သတိပေးခဲ့သည်။ အဆိုပါ သတိပေးမှုများကို ဤအပတ်တွင်  လုပ်ငန်းကဏ္ဍခေါင်းဆောင်များက ပြန်လည်ထုတ်ပြန်ခဲ့သည်၊ အဆိုပါ ခေါင်းဆောင်များမှာ နှစ်စဉ် ကမ္ဘာ့ကူးသန်းရောင်းဝယ်ရေး၏ ဒေါလာ ထရီလီယံပေါင်း နှစ်ဆယ်ကျော် ($20 trillion) နှင့် ကုန်စည်ဖြန့်ချီရေးကွင်းဆက် တစ်လျှောက်ရှိ တစ်ကမ္ဘာလုံးဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမား ခြောက်ဆယ့်ငါးသန်း (65 million) ကို ကိုယ်စားပြုထားပါသည်။

သြစတြေးလျနိုင်ငံ စီးပွားယှဥ်ပြိုင်မှု နှင့် စားသုံးသူ ကော်မရှင် (Australian Competition & Consumer Commission (ACCC)) သည် ၎င်း၏  သင်္ဘောကုန်သေတ္တာ သယ်ဆောင်ရေး စိစစ်မှုအစီရင်ခံစာ ၂၀၂၀-၂၁ ခုနှစ်  တွင်တွေ့ရှိခဲ့သည်မှာ ကိုဗစ်-၁၉ ရောဂါကပ်ဘေးကြီးကြောင့် ဖြစ်ပေါ်ခဲ့သည့် သင်္ဘောကုန်သေတ္တာတင် ကုန်စည်အတွက် တောင်းဆိုအားမှာ တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ဖြန့်ချီရေးကွင်းဆက်များတစ်လျှောက် အလွန့်အလွန် ပြည့်ကျပ်နေမှုနှင့်အတူတကွသည် သြစတြေးလျနိုင်ငံ ဆိပ်ကမ်းများတွင် ပြတ်တောက်မှုများနှင့် နှောင့်နှေးမှုတို့၏ အဓိက အကြောင်းရင်းများဖြစ်သည်ဟု ဆိုပါသည်။ ACCC အစီရင်ခံစာတွင် ၂၀၂၀ ခုနှစ် ဒုတိယ နှစ်လယ်ပိုင်း၌ သင်္ဘောကုန်တင်သည့် ထုထည်ပမာဏမှာ  20% ရာခိုင်နှုန်း တိုးမြှင့်လာပြီး ကိုဗစ်- မတိုင်မီ အခြေခံ နှုန်းထားနှင့် နှိုင်းယှဥ်လျှင် 8% ရာခိုင်နှုန်း တိုးမြှင့်ခဲ့သည်။

သြစတြေးလျနိုင်ငံ လူထုအတွက် စဉ်းစားရန် မေးခွန်းမှာ ၎င်းတို့၏ အစိုးရသည် အလုပ်သမားများအား စိမ်းကားပြီး တိုက်ခိုက်ရန် အခွင့်အလမ်းအဖြစ် အဘယ်ကြောင့် ဤကိစ္စကိုအသုံးချနေသနည်း။ ဝန်ကြီးချုပ် မော်ရစ်ဆင်ဟာ နိုင်ငံရေးလှည့်ကွက်ကို ရပ်ဆိုင်းရမှာဖြစ်ပြီး အဲဒါအစား ကုန်စည်ပို့ဆောင်ရေး ကဏ္ဍတစ်လျှောက်မှာရှိတဲ့ လုပ်ငန်းကဏ္ဍနှင့် သမဂ္ဂတွေနဲ့ ပြဿနာတွေကို ဖြေရှင်းဖို့နဲ့ လူထုအတွင်းမှာ မလိုလားအပ်တဲ့ ထိတ်လှန့်မှုနှင့် စိတ်သောကတွေကို ဖြေဖျောက်ပေးဖို့ အတူလက်တွဲလုပ်ကိုင်သင့်ပါတယ်၊” ဟု Cotton က ပြောကြားခဲ့သည်။ သြစတြေးလျနိုင်ငံ နိုင်ငံရေး ခေါင်းဆောင်တွေဟာ သမ္မတ ဘိုင်ဒင်က ကုန်စည်တွေကို ရှင်းလင်းပေးဖို့ လုပ်ငန်းကဏ္ဍနှင့် အလုပ်သမားတွေနှင့် ဘယ်လိုလုပ်ကိုင်ပေးနေတယ်ဆိုတာကို  အားကျစေဖို့အတွက် ပစိဖိတ်ကိုလှမ်းကျော်ပြီး ကြည့်ဖို့ သာ လိုအပ်ပါတယ်၊” ဟု Cotton က ပြောကြားခဲ့သည်။

အလားတူပင်၊ အိမ်ဖြူတော်  က သတင်းပို့ခဲ့သည်မှာ အနောက်ကမ်းရိုးတန်းတွင်ရှိသည့် လော့စ်အိမ်ဂျယ်လစ်စ်နှင့် လောင်းဘိချ် ဆိပ်ကမ်းများသည် သင်္ဘောကုန်တင်သေတ္တာများကို ၂၀၁၈ ခုနှစ် ကိုဗစ် ရောဂါကပ်ဘေးကြီးမတိုင်မီ အခြေခံနှုန်းများနှင့်နှိုင်းယှဥ်လျှင် ဤနှစ် ဇန်နဝါရီလနှင့် အောက်တိုဘာလ-လယ် အကြားတွင် ၁၇ ရာခိုင်နှုန်းပိုမို၍ ကိုင်တွယ်ခဲ့ရသည်ဟုဆိုပါသည်။

ကျွန်ုပ်တို့ နိုင်ငံတကာမှာ မြင်တွေ့နေရတဲ့ ကုန်စည်ဖြန့်ချီရေး ကွင်းဆက် ပြဿနာတွေဟာ သြစတြေးလျနိုင်ငံ ပင်လယ်ရေကြောင်း သမဂ္ဂတွေနဲ့ ဆက်စပ်နေတယ်ဆိုတာကို သြစတြေးလျနိုင်ငံအစိုးရနေနဲ့ ယုံကြည်လောက်အောင် ဘယ်လိုငြင်းနိုင်မလဲဆိုတာ ကျွန်တော် မသေချာပါဘူး၊” ဟု ITF သင်္ဘောသားများ ဌာန ဥက္ကဌဖြစ်သူ David Heindel က ပြောကြားခဲ့သည်။ (ကရက်ဒစ်- ITF)

ITF သင်္ဘောသားများ ဌာန ဥက္ကဌ နှင့် ယူအက်စ် သင်္ဘောသားများ သမဂ္ဂ အပြည်ပြည်ဆိုင်ရာ၏ ဘဏ္ဏရေးမှူး- အတွင်းရေးမှူး ဖြစ်သူ David Heindel က ပြောကြားခဲ့သည်မှာ သြစတြေးလျနိုင်ငံ၏ ကုန်စည်ဖြန့်ချီရေး ကွင်းဆက် ပြဿနာစိန်ခေါ်မှုများ၏ သဘောသဘာဝမှာ သွင်းကုန်နှင့်ထွက်ကုန်များအတွက် ပင်လယ်ကုန်သွယ်ရေးကို အားထားနေရသည့် အခြားနိုင်ငံများနှင့် ဒေသများထက် မည်သို့မျှ ခြားနားမှု မရှိပါဟု ဆိုသည်။

ရောဂါကပ်ဘေးကြီးတစ်လျှောက်လုံး သုံးစွဲသူတွေရဲ့ မမျှော်လင့်ဘဲ ကြီးမားတဲ့ သုံးစွဲမှု အပြင် ၎င်းကို ခန့်မှန်းဖို့ သင်္ဘောလုံးစင်းလုံးငှါးသူတွေနဲ့ ကုန်စည်ပို့ဆောင်ရေး ကုမ္ပဏီတွေရဲ့ ပျက်ကွက်မှုတွေဟာ ကမ္ဘာအနှံ့ မှာ ကျွန်ုပ်တို့ မြင်တွေ့နေရတဲ့ ကုန်စည်ဖြန့်ချီရေး ပြည့်ကျပ်နေမှု နောက်ကွယ်က အမှန်တကယ် အကြောင်းခံတွေ ဖြစ်ကြပါတယ်၊” ဟု Heindel က ပြောကြားခဲ့သည်။ ကျွန်ုပ်တို့ နိုင်ငံတကာမှာ မြင်တွေ့နေရတဲ့ ကုန်စည်ဖြန့်ချီရေး ကွင်းဆက် ပြဿနာတွေဟာ ယခင်ကထက် မကြုံစဖူး အလုပ်ကြိုးစားလုပ်ကိုင်ပေးနေတဲ့ သြစတြေးလျနိုင်ငံ ပင်လယ်ရေကြောင်း သမဂ္ဂတွေနဲ့ ဆက်စပ်နေတယ်ဆိုတာကို သြစတြေးလျနိုင်ငံအစိုးရနေနဲ့ ယုံကြည်လောက်အောင် ဘယ်လိုငြင်းနိုင်မလဲ ဆိုတာ ကျွန်တော် မသေချာပါဘူး၊ဟု Heindel က ပြောကြားခဲ့သည်။

ITF ဆိပ်ကမ်းအလုပ်သမားများ ဌာန ဒု-ဥက္ကဌ နှင့် ဒါ့ချ် ဆိပ်ကမ်းအလုပ်သမားများ သမဂ္ဂ FNV Havens ၏ အတွင်းရေးမှူးဖြစ်သူ Niek Stam က ပြောကြားခဲ့သည်မှာ - မော်ရစ်ဆင် အစိုးရရဲ့ ပြောကြားချက်ဟာ အခြေအမြစ်မရှိပါဘူး၊ အလုပ်ကြိုးစားလုပ်ကိုင်နေတဲ့ သြစတြေးလျနိုင်ငံ ဆိပ်ကမ်းအလုပ်သမားတွေရဲ့ အလုပ်အကိုင်လုပ်ခ ညှိနှိုင်းရေး အနေအထားကို ထိခိုက်ဖို့ ရှင်းလင်းစွာ တိုက်ခိုက်တာဖြစ်ပါတယ်။”

မော်ရစ်ဆင် အစိုးရ၏ ပြောကြားချက်ဟာ အခြေအမြစ် မရှိပါဘူး၊” ဟု ITF ဆိပ်ကမ်းအလုပ်သမားများ ဌာန ဒု-ဥက္ကဌ နှင့် ဒါ့ချ် ဆိပ်ကမ်းအလုပ်သမားများ သမဂ္ဂ FNV Havens ၏ အတွင်းရေးမှူးဖြစ်သူ Niek Stam က ပြောကြားခဲ့သည်။  (ကရက်ဒစ်- Carla van Thijn)

ဥရောပမှာ နှစ်အတော်ကြာ လုပ်ခနှင့် အလုပ်အကိုင် အခြေအနေ အားနည်းချက်တွေကြောင့် ကုန်ကားမောင်းတာလို အလုပ်မျိုးကို လုပ်မဲ့ဒေသခံ အလုပ်သမား လျှော့နည်းမှုကြောင့် အလားတူ နှောင့်နှေးမှုတွေကို ကျွန်ုပ်တို့ မြင်တွေ့နေရပါတယ်။ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍတွေမှာ အလုပ်သမား ပို၍များများ စွန့်လွတ်ထွက်ခွာသွားတာ ကျွန်ုပ်တို့ မျှော်လင့်ပါတယ်၊ သူတို့တတွေကို လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကျော်က အစိုးရတွေနဲ့ အလုပ်ရှင်အချို့တို့ရဲ့ ဆက်ဆံမှုကြောင့်ဖြစ်ပါတယ်။ နိုင်ငံရေးခေါင်းဆောင်များအနေနဲ့ ဒီကိစ္စကို အမှန်အကန် အလေးထားပေးသင့်ပါတယ်၊ အလုပ်သမားတွေရဲ့ စွန့်လွတ်အနစ်နာခံမှုကို သူတို့တတွေကို ခြိမ်းခြောက်မယ့်အစား ကျေးဇူးတင်သင့်ပါတယ်၊” ဟု  Stam က ဖြည့်စွက်ပြောကြားခဲ့သည်။

 SNTT ဥက္ကဌ ဖြစ်သူ Esteban Barboza က ပြောကြားခဲ့သည်မှာ ကမ္ဘောဒီးယားနိုင်ငံရှိ သူ့အဖွဲ့ဝင်များနည်းတူ ဆိပ်ကမ်းအလုပ်သမားများမှာ ယခင်ကထက် မကြုံစဖူး ပို၍ အလုပ် ကြိုးစားလုပ်ကိုင်ခဲ့ကြသည်ဟုဆိုသည် (ကရက်ဒစ်- Escuela Nacional Sindical)

ကမ္ဘောဒီးယား ဆိပ်ကမ်းအလုပ်သမားများ သမဂ္ဂ Sindicato Nacional de Trabajadores de Rama (SNTT) ၏ ဥက္ကဌဖြစ်သူ Esteban Barboza ကလည်း ဝေဖန်ပြောဆိုခဲ့သည်မှာ-  ကျွန်တော်တို့မှာလည်း အလားတူ ပြဿနာတွေရှိပါတယ်။ ကျွန်တော်တို့ရဲ့ အဖွဲ့ဝင်တွေဟာ ပိုများလာတဲ့ အလုပ်တောင်းဆိုအားတွေနဲ့ ကိုက်ညီအောင်လုပ်ပေးဖို့ ပိုပြီးကြိုးစားပြီး ပိုပြီးအချိန်ကြာကြာ လုပ်ပေးနေရပါတယ်။ ယခုအချိန်အခါမှာ စီးပွားရေးတွေ ကောင်းနေအောင်လုပ်ပေးဖို့ အဓိကကျတဲ့ အလုပ်သမားတွေရဲ့ ပူးပေါင်းဆောင်ရွက်ရေးနဲ့ပတ်သက်ပြီး ဘာလို့ အစိုးရက ဝင်ရောက်စွက်ဖက်နေတာကို ကျွန်တော် နားမလည်ပါဘူး။”

 

ပြီးပြီး

 

ဆက်စပ်သော ဖတ်ရှုစရာ-

မီဒီယာ အဆက်အသွယ်- media[at]itf.org.uk  +44 20 7940 9282

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.