Skip to main content

TUI ကမ္ဘာလှည့်အပျော်စီး သင်္ဘောများသည် သမဂ္ဂများနှင့် ဂျာမဏီနိုင်ငံ အစိုးရ၏ ပံ့ပိုးမှုဖြင့် သင်္ဘောသားများ၏ အိမ်ပြန်ပို့ရေးကို စတင်လုပ်

21 May 2020

ကမ္ဘာလှည့်အပျော်စီး သင်္ဘော Mein Schiff 3 ပေါ်မှ မတ်လ ၂၃ ရက်နေ့တွင် ခရီးသည်များ ဆင်းသွားပြီးနောက် ကုမ္ပဏီသည် ၎င်းတို့၏ မြောက်မြားစွာသော အခြား သင်္ဘောများမှ သင်္ဘောသားများကို Mein Schiff 3 ပေါ်သို့ ပြောင်းရွှေ့ပေးပြီး အိမ်ပြန်ပို့ရေးများကို စတင်ဆောင်ရွက်ရန်အလို့ငှါ ဂျာမဏီနိုင်ငံ Cuxhaven ဆိပ်ကမ်းသို့ ထွက်ခွာလာခဲ့သည်။  သင်္ဘောသည် ဧပြီလ ၂၈ ရက်နေ့တွင် Cuxhaven ဆိပ်ကမ်း၌ ဆိုက်ကပ်ခဲ့သော်လည်း ဧပြီလ ၃၀ ရက်နေ့တွင် သင်္ဘောပေါ်၌ Covid-19 ကူးစက်ဖြစ်ပွားမှု တွေ့ခဲ့ခြင်းကြောင့် သင်္ဘောပေါ်ရှိ လူတိုင်းအား အထိအတွေ့မဲ့ အထီးကျန်နေရန် ကုမ္ပဏီက စေခိုင်းခြင်းဖြစ်ခဲ့သည်။

ကုမ္ပဏီနှင့် တစ်သမတ်တည်း ဆွေးနွေးမှုများ အပတ်ပေါင်း အတော်ကြာ လုပ်ပြီးနောက် ဂျာမဏီ ITF စိစစ်ရေးမှူးဖြစ်သူ Hamani Amadou ၏ အကူအညီဖြင့် Germany ver.di ရှိ ITF အဖွဲ့ဝင်မှ Maya Schwiegershausen-Güth သည် နောက်ဆုံး၌ ခန့်မှန်းခြေ သင်္ဘောသား အယောက် ၂ ၉၀၀ ထဲမှ ၁ ၂၀၀ ကို သောကြာနေ့ မေလ ၈ ရက်နေ့၌ အိမ်ပြန်ပို့ပေးရန် ကူညီပေးနိုင်ခဲ့သည်။

"အလွန့်အလွန် စိတ်ပျက်စရာကောင်းပြီး ဒေါသထွက်စရာကောင်းသည်မှာ ကမ္ပဏီသော်လည်းကောင်း၊ အလံငှါး နိုင်ငံသော်လည်းကောင်း မည်သူကမျှ ၎င်းတို့၏ တာဝန်ကို အသေအချာ မယူကြပါ။ သင်္ဘောသားများသည် အိမ်ပြန်ရန်အတွက် ကြံရာမရ ဖြစ်နေကြပြီး သူတို့တွင် အိမ်ပြန်ရန် အခွင့်အရေးရှိပါသည်။ ကံကောင်းထောက်မစွာဖြင့် ဂျာမဏီနိုင်ငံ အစိုးရသည် တစ်ချိန်လုံး ထောက်ခံအားပေးခဲ့သည်၊ သူတို့၏ ကူညီမှုနှင့် မစ်ရှင်အဖွဲ့၏ ပံ့ပိုးမှု မရှိပါက သင်္ဘောပေါ်တွင် အခြေအနေမှာ မြန်မြန်ဆန်ဆန် ဆိုးရွားသွားနိုင်သည်" ဟု ver.di. မှ Schwiegershausen-Güth က ပြောကြားခဲ့သည်။

Covid-19 ရောဂါ လက္ခဏာများ ပြသလျက်ရှိသော သင်္ဘောဝန်ထမ်း ဆယ့်ငါးဦးကို စစ်ဆေးခဲ့ပြီး ကိုးယောက်မှာ ရောဂါရှိကြောင်း အဖြေထွက်ခဲ့သည်။ ရောဂါကူးစက်ခံရသည့် သင်္ဘောသားများမှာ အထိအတွေ့မဲ့ အထီးကျန် နေခဲ့သော်လည်း သင်္ဘော ခြောက်စီးမှ သင်္ဘောသား ၃ ၀၀၀ ကျော်ကို Mein Schiff 3 သို့ ပြောင်းရွှေ့ခြင်း မပြုမီ ကုမ္ပဏီမှ ရောဂါကပ်ကြီးအတွက် ရှင်းလင်းသော နည်းဗျူဟာ အားနည်းချက်ကြောင့် ကံမကောင်း အကြောင်းမလှသည့် အားလျော်စွာ သင်္ဘောသားများမှာ မလိုအပ်ဘဲ ရောဂါကပ်ကြီးနှင့် ထိတွေ့ခဲ့သည်၊ ၎င်းမှာ သင်္ဘောသားများအဖို့ အကြီးအကျယ် စိတ်သောက ဖြစ်ခဲ့ရသည်။

ITF အတည်ပြုခဲ့သည်မှာ အိမ်ပြန်ပို့ရန် လေယာဥ်များကို ယူကရိန်း (သင်္ဘောသား ၁၆၈ ယောက်)၊ အင်ဒိုနီးရှား (သင်္ဘောသား ၇၃၈ ယောက်)၊ တူရဂီ၊ ကျူနီးဆီးယား၊ မောရိဆီးယား နှင့် တရုတ် သင်္ဘောဝန်ထမ်းများအတွက် အိမ်ပြန်ရန် စင်းလုံးငှါးခဲ့ပြီးဖြစ်သည်။ ဖိလစ်ပိုင်၊ နိဂါရာဂွာ နှင့် ဟွန်ဒူးရတ်စ်မှ သင်္ဘောသား အယောက် ၁ ၂၀၀ ခန့်အတွက် လာမည့် အပတ်တွင် ပိုမို များပြားသည့် စင်းလုံးငှါး လေယာဥ်များကို စီစဥ်ထားပါသည်။ ဝမ်းနည်းစွာဖြင့် အိန္ဒိယ သင်္ဘောသား ၁၉၂ ဦးမှာ မျှော်လင့်ရသည့် ခရီးထွက်ရန် ရက်စွဲ မရရှိဘဲ ၎င်းတို့၏ အစိုးရထံမှ အကန့်အသတ်ရှိသော ပံ့ပိုးမှုဖြင့် သင်္ဘောပေါ် ဆက်လက် နေရမည်ဖြစ်သည်။

ITF ပင်လယ်ရေကြောင်းဆိုင်ရာ အဖွဲ့ဝင်ဖြစ်သည့် ယူကရိန်းနိုင်ငံ ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေး အလုပ်သမားများ ကုန်သွယ် သမဂ္ဂ (Marine Transport Workers' Trade Union of Ukraine (MTWTU)) သည် မိမိ၏ အသင်းသားများကို သောကြာနေ့၌ Kiev Boryspil အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုခဲ့ပါသည်။

MTWTU ပထမ ဒုဥက္ကဌဖြစ်သူ Oleg Grygoriuk က ITF အား ယနေ့ ပြောကြားခဲ့သည်မှာ "Covid-19 စစ်ဆေးမှု ရောဂါ မရှိကြောင်း အဖြေပေါ်ခဲ့သည့် အိမ်ပြန်ပို့ခံရသော သင်္ဘောသား အားလုံးမှာ ယခု အိမ်ရောက်နေပါပြီ၊ ၎င်းမှာ ကျွန်ုပ်တို့ အသင်းသား အားလုံးနှင့် သူတို့၏ မိသားစုများအတွက် အလွန်ကြီးမားသော ဖြေသိမ့်မှု တစ်ခုဖြစ်ပါတယ်။ ကျနော်တို့တတွေဟာ သင်္ဘောသားတွေအတွက် Cuxhaven ကနေ Odessa အထိ လုံခြုံမယ့် ကူးပြောင်းရေးကို အာမခံဖို့ ကုမ္ပဏီနှင့်အတူ လုပ်ကိုင်ခဲ့ပါတယ်၊ သူတို့အတွေ အိမ်ပြန်မည့် လမ်းကြောင်းမှာ အထိအတွေ့မဲ့ အထီးကျန်နေခိုင်းဖို့ ဆေးဘက်ဆိုင်ရာ အခန်းတွေမှာ အတင်းအကျပ် မနေခိုင်းဖို့ သေချာအောင် ယူကရိန်း အစိုးရနှင့် ဆောင်ရွက်ခဲ့ပါတယ်။"

"ဂျာမဏီနိုင်ငံမှ ပြန်လာခဲ့သော သင်္ဘောသား အားလုံးကို ‘Act at Home' app အား သုံးရန် အကြောင်းကြားခဲ့ပြီး စောင့်ကြပ်ကြည့်ရန် ကာလအတွက် အိမ်၌ အထီးကျန်နေစေရန် ခွင့်ပြုခဲ့ပါသည်။ ကျွန်ုပ်တို့ သူတို့နှင့် ဆက်လက် ဆက်သွယ်ပါဦးမည်၊" သူက ပြောခဲ့သည်။

ITF ပင်လယ်ရေကြောင်းဆိုင်ရာ ညှိနှိုင်းရေးအရာရှိဖြစ်သူ Jacqueline Smith သည် ဂျာမန် အစိုးရ၊ ITF အဖွဲ့ဝင် ver.di နှင့် MTWTU၊ ဂျာမန် သင်္ဘောသားများ၏ မစ်ရှင်အဖွဲ့ နှင့် ITF စိစစ်ရေးမှုးတို့အား ဤ အိမ်ပြန်ပို့ရေး ပထမဦးဆုံးအကြိမ် ပံ့ပိုးပေးခြင်းကို ၎င်းတို့၏ ပူးပေါင်းလုပ်ကိုင်ပေးမှုအတွက် ချီးမွှမ်းဂုဏ်ပြုလိုက်ပါသည်။

"ITF နှင့် ကျွန်ုပ်တို့၏ အဖွဲ့ဝင်များသည် Mein Schiff 3 သင်္ဘောသားများ အိမ်ရောက်အောင်လုပ်ပေးသည့် ပါဝင်သူအားလုံးကို ကျေးဇူးတင်ပါသည်။  အစိုးရများအနေဖြင့် သင်္ဘောသားများ၏ ဘေးကင်းလုံခြုံသော လှုပ်ရှားသွားလာမှုကို မည်ကဲ့သို့ ပံ့ပိုးရမည်နှင့် ပတ်သက်သည့် အစီအစဥ်လမ်းကြောင်းမြေပုံကို ထူထောင်ပေးရန် နှင့် သင်္ဘောသားများအား “အဓိက အလုပ်သမားများ” အဖြစ် အိမ်ပြန်ရေးများနှင့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို ခွင့်ပြုရန်အတွက် နိုင်ငံ့ Covid-19 ပိတ်ပင်ကန့်သတ်ချက် တစ်ခုခုမှ ချက်ချင်း ကင်းလွတ်ခွင့်ပြုရန်အတွက် ကျွန်ုပ်တို့သည် ကမ္ဘာ့ကုလသမဂ္ဂ အေဂျင်စီရုံးများနှင့်တကွ လုပ်ငန်းကဏ္ဍတို့နှင့် နီးနီးကပ်ကပ် ပူးတွဲ၍ လုပ်ကိုင်ပေးလျက်ရှိပါသည်။" ဟု Smith က ပြောကြားခဲ့သည်။

ဤကိစ္စ၌ ဂျာမန် အစိုးရ၊ သင်္ဘောသားများ၏ မစ်ရှင်အဖွဲ့ နှင့် ပင်လယ်ရေကြောင်းဆိုင်ရာ သမဂ္ဂတို့ အကြား တာဝန်ယူမှုနှင့် ညှိနှိုင်းဆောင်ရွက်မှုသည် ဤကိစ္စ မည်သို့ လုပ်နိုင်သည်နှင့်ပတ်သက်ပြီး ကမ္ဘာတစ်ဝန်းရှိ အစိုးရများနှင့် လုပ်ငန်းကဏ္ဍတို့ အတွက် အရေးကြီးသော စံနမူနာတစ်ခု ဖြစ်သော်လည်း ကုမ္ပဏီများနှင့် အလံတင် နိုင်ငံများအတွက် မိမိတို့၏ သင်္ဘောသားများအပေါ် ပိုမို၍ တာဝန်ရှိကြောင်း အပြင် သူတို့ ရထိုက်သည့် အခြေခံ လေးစားမှုဖြင့် သူတို့အား ပိုမို၍ ဆက်ဆံသင့်ကြောင်း လိုအပ်ချက်ကိုလည်း အထင်းသားပြသလိုက်ပါသည်။

"အိမ်သို့ ပြန်ပို့ခံရရန် စောင့်ဆိုင်းစဥ် မိမိတို့၏ အသက်များကို အဆုံးစီရင်လိုက်သည့် လွန်ခဲ့သော နှစ်ပတ်က သင်္ဘောသားများနှင့်ပတ်သက်သည့် နှလုံး-ကျေကွဲဖွယ် သတင်းအားဖြင့် လက်ရှိ၌ အိမ်ပြန်ပို့ခံရရန် စောင့်ဆိုင်းနေသော ထောင်ပေါင်း ဆယ်နှင့်ချီသော သင်္ဘောသားများအတွက် သေချာရေရာမှုမှာ မည်မျှ အရေးကြီးကြောင်း ထင်းရှားစေပါသည်။ ကမ္ဘာတစ်ဝန်းရှိ အစိုးရများအား ဂျာမဏီနိုင်ငံ၏ ဦးဆောင်လုပ်ရပ်ကို လိုက်လုပ်ရန်နှင့် ယခု အရေးယူဆောင်ရွက်ကာ သင်္ဘောသားများအား အိမ်ပြန်ပို့ပေးရန် ကျွန်ုပ်တို့ တိုက်တွန်းလိုက်ပါသည်။” ဟု Smith က ပြောကြားခဲ့သည်။

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.