Skip to main content

Covid-19: အန္တရာယ်ရှိသည့် သင်္ဘောဝန်ထမ်း သင်္ဘောပေါ်မှ ဆင်းသည့်ကိစ္စ ITF နှင့် UTT အောင်ပွဲခံ

18 May 2020

ယူရူဂွေးနိုင်ငံရှိ ITF အဖွဲ့ဝင်ဖြစ်သော Union de Trabajadores del Transporte (UTT) ၊ ချီလီနိုင်ငံရှိ ITF စိစစ်ရေးမှူးဖြစ်သူ Juan Villalon Jones နှင့် လက်တင်အမေရိက ဒေသ ITF ရုံးတို့ကို ကျေးဇူးတင်ပါသည်၊ ၎င်းတို့၏ ပူးပေါင်းလုပ်ဆောင်သည့် ကြိုးပမ်းမှုများကြောင့် ယူရူဂွေးနိုင်ငံရှိ အာဏာပိုင်များတို့သည် Covid-19 ရောဂါကူး စက်ခံနေရသည့် သင်္ဘောဝန်ထမ်းများဖြင့် ပင်လယ်ပြင်တွင် နှစ်လကြာ နေခဲ့ရသည့် ဘဟားမား အလံတင် ကမ္ဘာလှည့်အပျော်စီးသင်္ဘော Greg Mortimer (IMO 9834648) ပေါ်ရှိ သင်္ဘောသားများအား သင်္ဘောပေါ်မှ ဆင်းပေးရေးကိစ္စအတွက် လူသားချင်းစာနာထောက်ထားသည့် စင်္ကြံလမ်းတစ်ခုကို ဖန်တီးပေးရေးအား ခွင့်ပြုပေးခဲ့သည်။ 

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ် (World Health Organisation (WHO)) မှ  Covid-19 အား ကမ္ဘာ့ရောဂါကပ်ကြီးအဖြစ် ကြေညာပြီး လေးရက်အကြာ မတ်လ ၁၅ ရက်နေ့၌ Greg Mortimer သင်္ဘောသည် အာဂျင်တီးနားနိုင်ငံ၊ Ushuaia ဆိပ်ကမ်းမှ ထွက်ခွာခဲ့သည်။ တစ်ပတ်အကြာ၌ ခရီးသည်များအကြား ပထမဦးဆုံး ရောဂါလက္ခဏာများ ပေါ်လာခဲ့သော်လည်း သူတို့အား အာဂျင်တီးနားနိုင်ငံနှင့် ချီလီနိုင်ငံတို့တွင် အစိုးရများက သူတို့၏ နယ်စပ်များနှင့် ဆိပ်ကမ်းများကို ပိတ်ခဲ့သောကြောင့် သင်္ဘောပေါ်မှ ဆင်းမည့်ကိစ္စကို ငြင်းပယ်ခံခဲ့ရသည်။ ယူရူဂွေးနိုင်ငံ အစိုးရထံမှ ခွင့်ပြုချက်အရ သင်္ဘောသည် မတ်လ ၂၇ ရက်နေ့တွင် မွန်တီဗီဒီယို ဆိပ်ကမ်းသို့ ဆိုက်ရောက်ခဲ့သည်၊ အဆိုပါနေရာတွင် ခရီးသည်များအား ချပေးပြီးအိမ်ပြန်ပို့ရန် ဆောင်ရွက်ခဲ့သော်လည်း သင်္ဘောသားများကိုမူ သင်္ဘောပေါ်၌ ဗိုင်းရတ်စ် ပျံ့နှံ့နေသော်ငြားလည်း သင်္ဘောပေါ်တွင် ဆက်လက်နေရန် အတင်းအကျပ်ပြုခံခဲ့ရသည်။  

သင်္ဘောပေါ်ရှိ သင်္ဘောဝန်ထမ်း ၈၃-ဦးအနက် သင်္ဘောသား ၃၉ ဦး Covid-19 ရောဂါရှိကြောင်း စစ်ဆေးအဖြေထွက်ခဲ့သည်။ ဝမ်းနည်းစွာဖြင့် ၎င်းတို့အနက် တစ်ဦးဖြစ်သူ ဖိလစ်ပိုင် သင်္ဘောသားမှာ သေဆုံးခဲ့သည်။

သင်္ဘောဝန်ထမ်း အရေအတွက် အလွန် အများအပြားမှာ ရောဂါကူးစက်ခံနေရပြီး သင့်တော်သော သန့်စင်ရေး အခြေအနေများ မရှိဘဲ အခန်းများအတွင်း၌ ရှိနေကြကြောင်း ကြားသိရပြီးနောက် ဧပြီလ ၂၀ ရက်နေ့တွင် UTT အထွေထွေ အတွင်းရေးမှူးဖြစ်သူ Francisco del Gaudio က သမဂ္ဂများနှင့် ITF ၏ ပံ့ပိုးမှုကို ကမ်းလှမ်းပေးရန်အတွက် သင်္ဘောဝန်ထမ်းများအား ဆက်သွယ်ခဲ့ပါသည်။  

သင်္ဘောဝန်ထမ်းများထံမှ UTT သို့ အစီရင်ခံချက်များအရ၊ အခြေအနေ ဆိုးဝါးမှုနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို အင်တာနက်လိုင်းအဆက်အသွယ် ပြတ်ဆောက်မှုရှိနေစဥ် ရရှိသည့်သတင်းများတွင် အစားအစာကို ဖြန့်ချီပေးရန် ဦးဆောင်သည့် သင်္ဘောဝန်ထမ်း နှစ်ဦးမှာ ဗိုင်းရတ်စ်ရောဂါရှိသည်ဟု စစ်ဆေးမှု အဖြေအတည်ပြုခံရကြောင်း အပြင် စိတ်သောကနှင့် သင်္ဘောပေါ် မသေချာ မရေရာမှုကြောင့် အချို့သင်္ဘောသားများ မိမိကိုယ်မိမိ သေကြောင်းကြံစည်မှုတို့ကိုလည်း အတည်ပြုချက်တွင် ပါဝင်ပါသည်။ သင်္ဘောသားများထံမှ စိတ်သောကဖြစ်စေသော အမှာစာများ ရရှိပြီးနောက် သဘောတူစာချုပ် ကိုင်ဆောင်ထားသော သမဂ္ဂအဖြစ် ITF ၏ အီတလီ အဖွဲ့ဝင် နှင့် ITF တို့က ကုမ္ပဏီထံသို့ သတင်းအချက်အလက်အတွက် အကြိမ်ကြိမ် ပေးပို့သည့် တောင်းဆိုချက်များကို ပြန်ကြားခဲ့ခြင်း မည်သို့မျှ မရှိခဲ့ပါ။   

UTT ထံမှ ဖိအားပေးမှုကို တုံ့ပြန်သောအားဖြင့် ယူရူဂွေးနိုင်ငံ အစိုးရသည် နောက်ဆုံး၌ သောကြာနေ့၊ မေလ ၈ ရက်နေ့တွင် သင်္ဘောဝန်ထမ်း ၈၃ ဦးကို သင်္ဘောပေါ်မှ ဆင်းခွင့်ပြုကာ အထိအတွေ့မဲ့ အထီးကျန်နေစေခိုင်းပြီး သင့်တော်သော ဆေးဝါးကုသမှု လုပ်ပေးကာ ယင်းနောက် အိမ်ပြန်ပို့ပေးရန် ခွင့်ပြုပေးမည်ဟု ကြေညာခဲ့ပါသည်။  

UTT ၏ ဒုတိယ ဥက္ကဌဖြစ်သူ Adan Suarez က ညွှန်ပြခဲ့သည်မှာ သင်္ဘောသားများအား သူတို့ သင်္ဘောပေါ်မှ ဆင်းကြရမည်ကို အကြောင်းကြားပေးခဲ့သည့်အခါ သူတို့၏ ပျော်ရွှင်မှုကို မြင်တွေ့ရသည်မှာ ဝမ်းမြောက်၍ အားရစဖွယ်ဖြစ်ခဲ့ရသည်ဟု ဆိုသည်။ 

UTT အထွေထွေ အတွင်းရေးမှူးဖြစ်သူ Francisco del Gaudio က ဝေဖန်ခဲ့သည်မှာ- "Greg Mortimer, သင်္ဘော၏ သင်္ဘောဝန်ထမ်းများအဖို့ ဤအပတ်များမှာ အလွန်ခက်ခဲခဲ့သော်လည်း ဤ အလွန်ကြီးကျယ်သည့် အောင်မြင်မှုမှာ Covid-19 အန္တရာယ်ရှိနေကြသည့် သင်္ဘောသားများနှင့် အားလုံးသော သယ်ယူပို့ဆောင်ရေး အလုပ်သမားများအတွက် ဆက်လက်ပြီး အတူတကွ တိုက်ပွဲဝင်ဖို့ နမူနာတစ်ခု အဖြစ် သတ်မှတ်ရမှာဖြစ်သည်။" 

ITF ထောက်ခံအားပေးမှုဖြင့်  UTT က Greg Mortimer သင်္ဘောဝန်ထမ်းများအပေါ်ထားရှိသည့် မမောမပန်းသော ကြိုးစားအားထုတ်မှုနှင့် အလွန်ကြီးကျယ်သော စည်းလုံးညီညွှတ်မှုကို ယာယီ ဒေသဆိုင်ရာ ITF အတွင်းရေးမှူးဖြစ်သူ Edgar Díaz က မီးမောင်းထိုးပြလိုက်ပြီး ထပ်ဆင့်အတည်ပြုလိုက်သည်မှာ သမဂ္ဂများ၊ ၎င်းတို့၏ အဖွဲ့ဝင်များနှင့် သယ်ယူပို့ဆောင်ရေး အလုပ်သမားများအတွက် ယေဘုယျအားဖြင့် သူတို့အခက်အခဲရှိနေသည့်အချိန်တွင် အကူအညီ ပေးကမ်းရမည်မှာ ITF ၏ အခြေခံ စည်းမျဥ်းတစ်ရပ်ဖြစ်သည်၊ ထို့ပြင် ၎င်းကိစ္စမှာ Covid-19 အား တွန်းလှန်ရန်နှင့် ပြန်လည်နာလန်ထကောင်းမွန်ရေး၌ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ၏ အခန်းကဏ္ဍမှာ အခရာကျသည့် ယခုအခါ၌ အထူးသဖြင့် အရေးကြီးပါသည်။

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.