Skip to main content

သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး- ITF နှင့် JNG ပူးတွဲ ထုတ်ပြန်ချက်

15 May 2020

အလုပ်ရှင်များအား ကိုယ်စားပြုသည့် ပူးတွဲ ညှိနှိုင်းဖြေရှင်းရေး အုပ်စု (Joint Negotiating Group (JNG)) နှင့် သင်္ဘောသားများ၏ သမဂ္ဂများနှင့် ၎င်းတို့၏ အသင်းဝင်များကို ကိုယ်စားပြုသည့် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers Federation (ITF)) တို့သည် အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း အဖွဲ့အစည်း (International Maritime Organisation (IMO)) ၏ ရုံးတွင်းစာ (Circular Letter (No.4204/Add.14)) ကို ကြိုဆိုပါသည်၊ ၎င်းစာကို ၂၀၂၀ ခုနှစ် မေလ ၅ ရက်နေ့တွင် အားလုံးသော IMO အဖွဲ့ဝင် နိုင်ငံများ၊ ကမ္ဘာ့ကုလသမဂ္ဂ နှင့် ၎င်း၏ အထူး အေဂျင်စီရုံးများ၊ အစိုးရ ဌာနများနှင့် IMO နှင့် ဆွေးနွေးညှိနှိုင်းသည့် အနေအထားရှိသော အစိုးရ-မဟုတ်သည့် အဖွဲ့အစည်းများသို့ ထုတ်ပြန်ပေးခဲ့သည်။

အဆိုပါ ရုံးတွင်းစာတွင် Covid-19 ကြောင့် တစ်ကမ္ဘာလုံးဆိုင်ရာ ပင်လယ်ရေကြောင်း လုပ်ငန်းကဏ္ဍက ရင်ဆိုင်နေရသည့် သိသိသာသာ အခက်အခဲများကို အလေးအနက်ထားရင်း သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို ဘေးကင်းစွာနှင့် အမြန်ဆုံး လုပ်နိုင်ရန်အတွက် သေချာစေရန် လုပ်ထုံးလုပ်နည်း၏ အခြေခံလုပ်ကိုင်ပုံစည်းမျဥ်း တစ်ရပ်ကို ဖော်ပြထားသည်။ အရေးပါသော်လည်း များသောအားဖြင့် မသိသေးသည့်အပြင် သတိမမူမိသည့် သင်္ဘောသားများ၏ ဒုက္ခ နှင့် ကမ္ဘာ့စီးပွားရေးတွင် သူတို့ ပါဝင်လုပ်ကိုင်သည့် အရေးကြီးသော အခန်းကဏ္ဍနှင့်တကွ ကျွန်ုပ်တို့၏ လူမှုအဆောက်အအုံတို့ကိုလည်း အဆိုပါ ရုံးတွင်းစာက မီးမောင်းထိုးပြထားသည်- ၎င်းကို သိရှိရန်ဖြစ်သည်။

"သင်္ဘောလုပ်ငန်းသည် တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်များကို ထိန်းသိမ်းထားရန် အရေးပါသည်၊ သို့သော် လက်ရှိအခြေအနေမှာ သင်္ဘောဝန်ထမ်းများ၏ ဘေးကင်းရေးနှင့် ကျန်းမာကောင်းမွန်ရေးနှင့်တကွ ပင်လယ်ရေကြောင်းဆိုင်ရာ ကုန်သွယ်ရေး၏ ဘေးကင်းလုံခြုံသော လုပ်ငန်းလည်ပတ်ရေးအတွက် ဆက်မထိန်းထားနိုင်ပါ။ လစဥ် အယောက်ရေ 150,000 ခန့်သော သင်္ဘောသားများသည် ဘေးကင်းလုံခြုံရေး၊ သင်္ဘောဝန်ထမ်း ကျန်းမာရေးနှင့် လူမှုဖူလုံရေး၊ နှင့်တကွ ပင်ပန်းနွမ်းနယ်မှု တားဆီးရေးတို့အား သေချာစေရန်အတွက် အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်းဆိုင်ရာ စည်းမျဥ်းများနှင့် ကိုက်ညီစေရန် သေချာအောင် သူတို့မောင်းနှင်လည်ပတ်ပေးသည့် သင်္ဘောများမှ အတက်အဆင်း အပြောင်းအလဲလုပ်ရန် လိုအပ်ပါသည်။"

လက်ဦး၌ တာဝန်ရှိသော လူမှုရေးဆိုင်ရာ ဖက်စပ်လုပ်ကိုင်သူများအဖြစ် JNG (International Maritime Employers Council, International Mariners Management Association of Japan, Korean Shipowners Association နှင့် Evergreen တို့ဖြင့် ဖွဲ့စည်းထားသည်) နှင့် ITF( 215 ခုသော သင်္ဘောသားများ၏ သမဂ္ဂများ နှင့် ၎င်းတို့၏ အသင်းဝင် ၁ သန်းကို ကိုယ်စားပြုသည်) တို့သည် သင်္ဘောသားများ၏ အလုပ်ကန်ထရိုက်စာချုပ်များကို သူတို့ Covid-19 ထိတွေ့မှုမှ ဘေးကင်းစေရန်နှင့် ဤကမ္ဘာ့ကပ်ဘေးကြီးကြောင့် ရင်ဆိုင်ရသော အခက်အခဲများနှင့်ပတ်သက်၍ ခရီးသွား ပိတ်ပင်ကန့်သတ်ချက်များ နှင့် လေယာဥ် ရရှိနိုင်မှုတို့အပေါ် မူတည်၍ သက်တမ်းတိုးပေးရန် သဘောတူညီခဲ့သည်။ ထို့ကြောင့် အလွန်များပြားသော သင်္ဘောသား အရေအတွက်သည် သူတို့၏ အလုပ်အကိုင် ကန်ထရိုက်စာချုပ် ကာလထက် ကျော်လွန်၍ သင်္ဘောပေါ်၌ နေပေးရန် လိုအပ်ပြီး အခြားသူများမှာ သင်္ဘောပေါ် တက်၍ အလုပ်လုပ်ရန်နှင့် သူတို့၏ နေထိုင်ရေးအတွက် ဝင်ငွေရှာဖွေရန် သင်္ဘောပေါ် အလုပ်လုပ်ရန်အတွက် စောင့်ဆိုင်းနေရသည်။

ပြီးခဲ့သည့် အပတ် ဆွေးနွေးမှုများတွင် JNG နှင့် ITF တို့ သဘောတူညီခဲ့သည်မှာ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အားနည်းချက်နှင့်ပတ်သက်နေသည့် လက်ရှိ အခြေအနေမှာ ဆက်လက်၍ ကြာရှည်နေ၍ မရနိုင်ပါ၊ ၎င်းသည် သင်္ဘောသားများ၏ ကျန်းမာရေးနှင့် ကျန်းမာကောင်းမွန်ရေးကို ထိခိုက်စေနိုင်သည်၊ သူတို့အား အန္တရာယ်တွင်း ကျရောက်စေနိုင်သည့်အပြင် ပတ်ဝန်းကျင်နှင့် တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ဖြန်ချီရေး ကွင်းဆက်များကိုလည်း အန္တရာယ်ဖြစ်စေနိုင်ပါသည်။ သင်္ဘောသားများ၏ ပင်ပန်းနွမ်းနယ်မှုကို လျှော့မတွက်သင့်ပါ၊ ထို့ကြောင့် လူမှုရေးဆိုင်ရာ ဖက်စပ်လုပ်ကိုင်သူများသည် အလုပ်ကန်ထရိုက်စာချုပ်များကို နောက်ထပ် သက်တမ်းမတိုးရန် သဘောတူကြသည် သို့သော် ရက်ပေါင်း ၃၀ (၂၀၂၀ ခုနှစ် ဇွန်လ ၁၅ ရက်နေ့အထိ) မကျော်လွန်သော အကောင်အထည်ဖော်မည့် ကာလကို ထောက်ခံရန် သဘောတူခဲ့ကြသည် ထို့ကြောင့် အစိုးရများအနေဖြင့် IMO ရုံးတွင်းစာတွင် ပါရှိသည့်အတိုင်း လုပ်ထုံးလုပ်နည်းများ၏ အခြေခံလုပ်ကိုင်ပုံစည်းမျဥ်းကို သွတ်သွင်းချမှတ်ပေးရန် အချိန် ရမည်ဖြစ်ပါသည်။

ထို့ကြောင့် နှစ်ဖက် သဘောတူညီခဲ့သည်မှာ-

  1. IMO ထုတ်ပြန်ထားသည့် လုပ်ထုံးလုပ်နည်းများ၏ အခြေခံလုပ်ကိုင်ပုံစည်းမျဥ်းကို အကောင်အထည်ဖော်ရန် အစိုးရများနှင့် အလုပ်ရှင်များအတွက် ကူးပြောင်းကာလကို ထောက်ခံရန်ဖြစ်သည်၊ သင်္ဘောဝန်ထမ်းများ အပြောင်းအလဲလုပ်ရေးကို လုပ်နိုင်စေရန် ဘေးကင်းလုံခြုံသော ပံ့ပိုးပေးရေးကို သေချာစေရန်အတွက် ၂၀၂၀ ခုနှစ် မေလ ၁၅ ရက်နေ့မှ စ၍ ရက်ပေါင်း ၃၀ ခွင့်ပြုခြင်းဖြင့်ဖြစ်ပါသည်။
  2. ကုမ္ပဏီများသည် အကယ်၍ ငွေကြေးအရ တတ်နိုင်ပြီး ဖြစ်နိုင်လျှင် အလုပ်အကိုင် ကန်ထရိုက်စာချုပ် အဆုံးသတ်ပြီးသော်လည်း ဆက်လက်လုပ်ကိုင်ပေးရသည့် သင်္ဘောသားတိုင်းအား ငွေကြေးအားဖြင့် ပံ့ပိုးပေးရန် စဥ်းစားပေးပါမည်။
  3. ကုမ္ပဏီများသည် အကယ်၍ ငွေကြေးအရ တတ်နိုင်ပြီး ဖြစ်နိုင်လျှင် သင်္ဘောပေါ်တက်၍ အလုပ်လုပ်ရန် စောင့်ဆိုင်းနေသော သင်္ဘောသားများအား ကြိုတင် လစာငွေ ပေးရန်ကို စဥ်းစားပေးမည်။
  4. ကုမ္ပဏီများသည် ဖြစ်နိုင်သည့်ကိစ္စ၌ သင်္ဘောသားများအား အိမ်နှင့်ဆက်သွယ်နိုင်ရန်  အပို အင်တာနက် လိုင်းများနှင့် အင်တာနက် ရယူမှုကို ပေးအပ်ရန်ဖြစ်သည်၊ ၎င်းအပြင်
  5. သင်္ဘောဝန်ထမ်း အပြောင်းအလဲ စတင်လုပ်သည့်အခါ သင်္ဘောပေါ် အကြာဆုံး နေခဲ့ရသည့် ထိုသင်္ဘောသားများကို ဦးစားပေးရလိမ့်မည်ဖြစ်ပြီး ရာထူးနှင့် မသက်ဆိုင်စေဘဲ ဦးစွာ အိမ်ပြန်ပို့ရလိမ့်မည်။

နောက်ဆုံးအနေဖြင့်  ITF နှင့် JNG တို့သည် အလံ အငှါး နိုင်ငံများ၊ P&I အသင်းများ၊ လုပ်ငန်းလည်ပတ်သူများနှင့် သင်္ဘောစင်းလုံးငှါးသူများအား သတိပေးလိုသည်မှာ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးအတွက် လုပ်ထုံးလုပ်နည်းများ၏ အခြေခံလုပ်ကိုင်ပုံစည်းမျဥ်းမှာ ၂၀၂၀ ခုနှစ် ဇွန်လ အလယ်လောက်တ္ငင် အကောင်အထည် မဖော်နိုင်လျှင် သင်္ဘောသားများအပေါ် သက်ရောက်မည့် နာမကျန်းမှုနှင့် ဆက်နွှယ်မည့် နောက်ဆက်တွဲ စိတ်ဒုက္ခနှင့် ကမ်းခြေမှ ဆေးဝါးဆိုင်ရာ အထောက်အကူ တစ်သမတ်တည်း ရရှိမှုအတွက် သူတို့၏ မစွမ်းဆောင်နိုင်မှုသည် သင်္ဘော မောင်းနှင်မှု၏ စီးပွားဆိုင်ရာ အလားအလာ ကောင်းခြင်းအပေါ် မကောင်းသော သက်ရောက်မှုများ ရှိနိုင်သည်။

Jacqueline Smith ၊ ပင်လယ်ရေကြောင်းဆိုင်ရာ ညှိနှိုင်းရေး အရာရှိ၊ အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation)

Francesco Gargiulo ၊ JNG တွဲဖက် အတွင်းရေးမှူး နှင့် IMEC ဗဟို အလုပ်အမှုဆောင် အရာရှိ

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.