Skip to main content

သင်္ဘောသားများသို့ ITF မှ အမှာစကား

14 May 2020

ITF သင်္ဘောသားများ အဖွဲ့ဝင်တိုင်းအတွက်နှင့် ၎င်းအဖွဲ့ဝင်တိုင်း၏ အသင်းဝင်တိုင်းအတွက် အမှာစကားဖြစ်သည် – ဤမကြုံစဘူးဖြစ်ပြီး မသေချာ မရေရာသည့် အချိန်အခါအတွင်း မိမိတို့၏ အလုပ်များကို ကျွမ်းကျင်စွာနှင့် လုံ့လဝီရိယရှိစွာဖြင့် ထမ်းဆောင်ခဲ့ကြသည့် သင်္ဘောသားများ။

Covid-19 ရောဂါကပ်ကြီးအတောအတွင်း အခရာကျသည့် ကုန်ပစ္စည်းများ ဆက်လက် သယ်ယူပို့ဆောင် ပေးသည့်အတွက် နှင့် တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးကို ဆက်လက် စီးဆင်းပေးနေသည့်အတွက် သင်တို့အား ကျေးဇူးတင်ပါသည်။ သင်တို့နှင့် အခြား သယ်ယူပို့ဆောင်ရေး အလုပ်သမား အများအပြားတို့၏ စွန့်လွှတ်အနစ်နာခံမှု မရှိလျှင် ဤကမ္ဘာကြီးသည် ပို၍ပင် ဆိုးရွားသည့် အခြေအနေ ရောက်သွားခဲ့လိမ့်မည်ဖြစ်ပြီး လုံးဝ ရပ်ဆိုင်းသွားခဲ့လိမ့်မည်ဖြစ်ပါသည်။

မတ်လ ၁၂ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ် (World Health Organisation (WHO)) သည် Covid-19 ကမ္ဘာအနှံ့ရောဂါကပ်ဘေးကြီးကို ကြေညာခဲ့ပါသည်။ တုံ့ပြန်သောအားဖြင့် နိုင်ငံများသည် ဗိုင်းရတ်စ် ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ကြိုးစားသည့်အနေဖြင့် မိမိတို့၏ နယ်စပ်များကို ပိတ်ခြင်း၊ လူချင်း ခပ်ခွာခွာနေခြင်း နှင့် လှုပ်ရှားသွားလာမှုအပေါ် ပိတ်ပင်ကန့်သတ်ချက်များ ချမှတ်ခြင်းတို့ကို စတင်လုပ်ခဲ့ကြသည်။  ဤပိတ်ပင်ကန့်သတ်ချက်များနှင့်တကွ ဗိုင်းရတ်စ်နှင့်ထိတွေ့မည့်အန္တရာယ်ရှိသော်ငြားလည်း ကျွန်ုပ်တို့၏ သမဂ္ဂများနှင့် ၎င်းတို့၏ အဖွဲ့ဝင်များ၊ ကမ္ဘာ့ သင်္ဘောသားများသည် ကျွန်ုပ်တို့ နေ့စဥ်နှင့်အမျှ နေထိုင်ရန်လိုအပ်သည့် မရှိမဖြစ်သည့် ကုန်ပစ္စည်းများကို သယ်ယူပို့ချပေးရန် သေချာအောင် မိမိတို့၏ တာဝန်ဝတ္တရားများကို ဆက်လက်၍ ထမ်းဆောင်ခဲ့ကြပါသည်။

သင်္ဘောသားများ၏ ယေဘုယျ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးကို စဥ်းစားပေးရင်း၊ မတ်လ ၁၇ ရက်နေ့တွင် ကျွန်ုပ်တို့သည် သင်္ဘောဝန်ထမ်းများ၏ အလုပ်ကန်ထရိုက်စာချုပ်များကို ဧပြီလ ၁၆ ရက်နေ့အထိ တစ်လ-ကြာ သက်တမ်းတိုးပေးရန် သဘောတူခဲ့သည်။ ၎င်းကို ITF စာချုပ်ဝင် သင်္ဘောသားများ သမဂ္ဂများနှင့် ကုမ္ပဏီများက နှစ်ဖက် သဘောတူခဲ့သည်။

ရောဂါကပ်ဘေးကြီးကို ကျွန်ုပ်တို့အထဲမှ မည်သူကမျှ အတွေ့အကြုံရှိခဲ့ဘူးခြင်း မရှိသဖြင့် ဤကမ္ဘာ့ကျန်းမာရေး ပြဿနာမှာ မည်မျှကြာမြင့်မည်ဖြစ်ကြောင်း၊ မည်မျှ ဆိုးရွားလာမည်ဖြစ်ကြောင်း သို့မဟုတ် အခြေအနေ ဆိုးရွားလာသည့်အလျောက် အလုပ်ရှင်များနှင့် အစိုးရများ ဘာကိုသဘောတူရန်လိုအပ်ကြောင်း ကျွန်ုပ်တို့ မသိရှိခဲ့ပါ။ သင်္ဘောသားများ၏ အလုပ်ကန်ထရိုက်စာချုပ်များကို သက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့စဥ်က ကျွန်ုပ်တို့၏ အဖွဲ့ဝင်များနှင့်အတူ ITF ၏ အဓိကအကျဆုံး စိုးရိမ်ပူပန်မှုနှင့် ဦးစားပေးရမည့်ကိစ္စမှာ သင်္ဘောသားများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးဖြစ်ခဲ့ပြီး သင်္ဘောများကို ဆက်လက် မောင်းနှင်နေနိုင်ရေးလည်း ဖြစ်ခဲ့ပါသည်။

၎င်းမှာ သင်္ဘောသား အများအပြားနှင့် ၎င်းတို့၏ မိသားစုအတွက် အစိုးရများက အမျိုးမျိုးသော ပိတ်ပင်မှုများနှင့် ပိတ်ပင်ကန့်သတ်ချက်များ ချမှတ်မှုကြောင့် အပြည်ပြည်ဆိုင်ရာ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို လုံးဝ ရပ်ဆိုင်းသွားစေသဖြင့် အလွန်ကြီးမားသော စွန့်လွှတ်အနစ်နာခံမှု ဖြစ်လာခဲ့သည်။ ၎င်းသည် ကျွန်ုပ်တို့၏ သင်္ဘောသားများအတွက် အိမ်ပြန်ရန် သို့မဟုတ် အစားထိုး သင်္ဘောဝန်ထမ်း အလဲလှယ်လုပ်ရန် မဖြစ်နိုင်ခဲ့သည့်အပြင် အချို့နိုင်ငံများမှာ သင်္ဘောသားများအပေါ် အရေးပေါ် ဆေးဝါးကုသမှုနှင့် သွားဖက်ဆိုင်ရာ ကုသမှု ရယူရန် မိမိတို့၏ အခြေခံ အခွင့်အရေးကိုပင် ငြင်းဆိုခဲ့ကြသည်။

ဧပြီလ နှောင်းပိုင်းတွင် ITF သည် နောက်ထပ်တစ်ဖန် နောက်ထပ် ရက်ပေါင်း ၃၀ အတွက် အလုပ်ကန်ထရိုက် စာချုပ်များကို သက်တမ်းတိုးပေးရန် သဘောတူခဲ့ရသည်၊ ကိုရိုနာဗိုင်းရတ်စ် ရောဂါကပ်ကြီးအတွင်း ဘေးကင်းသော သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးနှင့် ခရီးသွာလာရေးကို သေချာစေရန် လုပ်ထုံးလုပ်နည်းများ ချမှတ်ရေးနှင့် တကွ အဆိုပါ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးများမှာ ဗိုင်းရတ်စ်ပျံ့နှံ့မှုကို ပိုမိုဆိုးရွားလာမည် မဟုတ်ကြောင်း အစိုးရများအား အာမခံချက် ဆက်လက်ပေးရန်နှင့် ပတ်သက်၍ လုပ်ငန်းကဏ္ဍနှင့် ကမ္ဘာ့ကုလသမဂ္ဂ အေဂျင်စီရုံးများ ဆွေးနွေးမှုများနှင့် တိုင်ပင်ညှိနှိုင်းမှုများကို ခွင့်ပြုစေရန်ဖြစ်သည်။

လုပ်ထုံးလုပ်နည်းများ ထူထောင်ရေးနှင့် လုပ်ငန်းကဏ္ဍနှင့် အစိုးရများအား လှုံဆော်ရေးကို  ITF နှင့်တကွ ၎င်း၏ အဖွဲ့ဝင် အများအပြားသော သင်္ဘောသား သမဂ္ဂများ မှ အပတ်ပေါင်းများစွာ လုပ်ကိုင်ပြီးနောက် အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း အသိုင်းအဝိုင်းသည် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးများကို ပံ့ပိုးပေးရန် အစိုးရများအတွက် ‘အစီအစဥ်လမ်းကြောင်း မြေပုံ’ ကို နောက်ဆုံး၌ အောင်မြင်စွာ ချမှတ်ခဲ့ပါသည်။ နောက်ဆက်တွဲအားဖြင့် မေလ ၅ ရက်နေ့တွင်  အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း အဖွဲ့ချုပ် (Maritime Organisation (IMO)) သည် အချက် ၁၂-ချက်ပါ အစီအစဥ်တစ်ရပ်ကို ချမှတ်ခဲ့သည် မိမိ၏ အဖွဲ့ဝင်နိုင်ငံ 174 နိုင်ငံသို့ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို မည်သို့ “ပြန်စလုပ်ရန်” ဖြစ်သောကြောင့် သင်္ဘောဝန်ထမ်းများ သင်္ဘောပေါ်မှ ထွက်ခွာနိုင်ပြီး သင်္ဘောဝန်ထမ်း အသစ်များကို တာဝန်ချနိုင်မည် ဖြစ်သည်။ စိတ်မကောင်းစွာဖြင့် ၎င်းသည် ပိတ်ပင်ကန့်သတ်ချက်များကို ချက်ချင်း ရုပ်သိမ်းမည်ဖြစ်သည်ဟု အလိုအလျောက် ဆိုလိုသည် မဟုတ်ပါ၊ အစိုးရများအနေဖြင့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး လုပ်ရန်အတွက် လုပ်ငန်းဖြစ်စဥ်များနှင့် လုပ်ထုံးလုပ်နည်းများကို ချမှတ်ရမည်ဖြစ်သည် သို့သော်လည်း ၎င်းမှာ လမ်းကြောင်း အမှန်ပေါ်ရောက်နေသည့် အဆင့် တစ်ဆင့်ဖြစ်ပါသည်။  

Covid-19 ကြောင့် လပေါင်းများစွာ ပိတ်ပင်မှုလုပ်ပြီးနောက် အစိုးရများသည် ယခုအခါ ပိတ်ပင်ကန့်သတ်ချက်များကို လျော့ပေါ့ပေးရန်နှင့် တစ်ဖြည်းဖြည်းချင်း စီးပွားလုပ်ငန်းများကို ပြန်ဖွင့်ပေးရန် ကြည့်ရှုနေပြီး အစီအစဥ်များကို ထူထောင်ပေးနေပါသည်။ ယခုသော် ယခင်ကထက် မကြုံစဘူး ပို၍များပြားစွာဖြင့် ဤ စီးပွားလုပ်ငန်းများသည် အစားအစာ ဖြန့်ချီရေးများ၊ စက်ရုံထုတ်ကုန်ပစ္စည်းများနှင့် ကုန်ကြမ်းအရာပစ္စည်းများကို ကျွန်ုပ်တို့၏ လူ့အသိုင်းအဝိုင်း တည်တန့်ရေးအတွက် သယ်ယူပို့ဆောင်ပေးရန် ကျွန်ုပ်တို့၏ သင်္ဘောသားများကို လိုအပ်ပါမည်။

လုပ်ငန်းကဏ္ဍသည် အစိုးရများက လုပ်ထုံးလုပ်နည်းများကို ဆောင်ရွက်နေစဥ် သင်္ဘောဝန်ထမ်း အလုပ် ကန်ထရိုက်စာချုပ်များကို နောက်ထပ် သက်တမ်းတိုးပေးရန် မေတ္တာရပ်ခံခဲ့သော်လည်း ITF နှင့် ၎င်း၏ အဖွဲ့ဝင်များက လေးလေးနက်နက် ခံယူခဲ့သည်မှာ နောက်ထပ် သက်တမ်းတိုးမှုအားဖြင့် တန်ပြန်သက်ရောက်မှု ဖြစ်လိမ့်မည်ဖြစ်ပြီး သဘောတူထားသည့် ရက်ပေါင်း- ၃၀ လုပ်ထုံးလုပ်နည်း ချမှတ်ပေးရမည့် ကာလ မေလ ၁၅ ရက်မှ ဇွန်လ ၁၅ ရက် အထိ ဖြစ်ရလိမ့်မည်။ ဤကာလအတွင်း အစိုးများအနေဖြင့် သင်္ဘောသား အပြောင်းအလဲလုပ်ရေးကို ပံ့ပိုးပေးရန်အတွက် အခိုင်အမာလုပ်ပေးရန် ITF က မျှော်လင့်ပါသည်။  ITF သည် ဇွန်လ ၁ ရက်နေ့တွင် လုပ်ထုံးလုပ်နည်း ချမှတ်ပေးမည့် ကာလကို အားထုတ်မှုများ အလဟဿ အချည်းနှီး မဖြစ်သွားစေရန် သေချာအောင် ပြန်လည်သုံးသပ်ပါမည်။

သင်္ဘောပေါ် အလုပ်မလုပ်ဘူးသည့်သူများအဖို့ သင်္ဘောပေါ်တွင် ခြောက်လ၊ ရှစ်လ သို့မဟုတ် ၁၀ လတိုင်ပင် နေထိုင်ရန်နှင့် အလုပ်လုပ်ရန်မှာ ဘာနှင့်တူကြောင်း နားလည်ရန် ခက်ခဲပါသည်။  သင်္ဘောသားများဖို့ ၎င်းမှာ လူ့ဘဝ နေပုံထိုင်ပုံတစ်ရပ်ဖြစ်သော်လည်း အလုပ်ကန်ထရိုက်စာချုပ် ပြီးဆုံးချိန်တွင် သင်္ဘောသားများမှာ အိမ်ပြန်ရန် အဆင်သင့်ဖြစ်နေကြပြီး ထိုသို့အိမ်ပြန်ရန်အတွက် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် ပင်လယ်ရေကြောင်းဆိုင်ရာ အလုပ်သမား စာချုပ် ၂၀၀၆ ခုနှစ် (International Labour Organisation (ILO) Maritime Labour Convention 2006 (MLC)) အရ အကြွင်းမဲ့ အခွင့်အရေး တစ်ရပ်ဖြစ်ပါသည်။

Covid-19 ပိတ်ပင်မှုများ လျော့ပေါ့လာသည့်အလျောက် အများပြည်သူတို့ မိမိတို့၏ မိသားစုနှင့် မိတ်ဆွေများကို နောက်ဆုံး၌ တွေ့မြင်ကြရတော့မည်ကို မျှော်လင့်နေကြသကဲ့သို့ ကျွန်ုပ်တို့၏ အဖွဲ့ဝင် သမဂ္ဂများ၏ ပြောပြချက်များမှ ကျွန်ုပ်တို့ သိရသည်မှာ သင်္ဘောသားများမှာလည်း ၎င်းနည်းတူဖြစ်ကြပါသည်။ သို့သော်လည်း ကျန်ရှိနေသေးသော လူထုတစ်ရပ်လုံးနှင့်မတူဘဲ ၎င်းမှာ နှစ်လမျှ မဟုတ်ပါ၊ များစွာသော သင်္ဘောသားများအတွက် ကျွန်ုပ်တို့ သိရသလောက်မှာ ၎င်းသည် တစ်နှစ်နီးပါးဖြစ်ပြီး အချို့အတွက် ပို၍ပင် ကြာညောင်းပါသည်။

WHO ညွှန်ကြားရေးမှူးဖြစ်သူက သူ၏ နေ့စဥ် လုပ်ငန်းမှာကြားချက်များ၌ သူသည် “နိုင်ငံလုံးဆိုင်ရာ ပေါင်းစည်းမှုနှင့် အပြည်ပြည်ဆိုင်ရာ စည်းလုံးညီညွှတ်မှု” လိုအပ်ကြောင်း ထပ်ခါတလည်လည်ပြောခဲ့ပါသည်– အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုတွင် ပင်လယ်တွင်း သွားနေရသည့် သင်္ဘောသားများအဖို့ ပိတ်နေလျက်ရှိသော နယ်စပ်များနှင့် ကမ္ဘာကြီး၏ စည်းလုံးညီညွှတ်မှုနှင့် အကျိုးစီးပွားအတွက် မိမိတို့၏ အလုပ်ကို ကမ္ဘာကြီးက စည်းလုံးညီညွှတ်မှု ပြန်လည်မပြသဘဲ လုပ်ပေးရန် မျှော်လင့်ခံနေရကြောင်း ဤကိစ္စက ဆိုလိုခဲ့ပါသည်။

စိတ်ချနေစေရန်မှာ ITF နှင့် ၎င်း၏ အဖွဲ့ဝင် သမဂ္ဂများသည် ကမ္ဘာ့ကုလသမဂ္ဂ အေဂျင်စီရုံးများ၊ အစိုးရများနှင့် အလုပ်ရှင်များအား ကမ္ဘာ့သင်္ဘောသားများအတွက် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး ပံ့ပိုးမှုကို ဦးစားပေးလုပ်ရန်အတွက် ဖိအားဆက်လက်ပေးပါမည်၊ သို့မှသာ ဤကိစ္စမှာ ပြဿနာတစ်ခု ဖြစ်မည် မဟုတ်တော့ပါ။  တစ်ကမ္ဘာလုံးဆိုင်ရာ အသိုင်းအဝိုင်းအနေဖြင့် စုပေါင်း၍ တာဝန်ယူရမည်၊ သင်္ဘောသားများအား “အဓိက အလုပ်သမားများ” အဖြစ် အသိအမှတ်ပြုရုံတင် မကဘဲ ILO MLC ကဲ့သို့ အပြည်ပြည်ဆိုင်ရာ နှင့် နိုင်ငံလုံးဆိုင်ရာ ဥပဒေပြဌာန်းချက်တွင် ပြဌာန်းထားသည့်အတိုင်း သူတို့၏ အခွင့်အရေးများကို လေးစားကြောင်း အဓိပ္ပါယ်ရှိရှိ ပြသရမည်။

ရောဂါကပ်ဘေးကြီး၏ ရှေ့တန်းမျက်နှာပြင်တွင် သူရဲကောင်း အများအပြားရှိပါသည်၊ ကျန်းမာရေး စောင့်ရှောက်မှု ဝန်ထမ်းများနှင့် သန့်ရှင်းရေးသမားများမှသည် အစားအစာ လုပ်ငန်းကဏ္ဍနှင့် သင်္ဘောသားများ အပါအဝင် သယ်ယူပို့ဆောင်ရေး၏ လုပ်ငန်းအမျိုးအစားတိုင်းရှိ ထိုသူတို့အထိ ဖြစ်ပါသည်။ ITF နှင့် ကျွန်ုပ်တို့၏ အဖွဲ့ဝင်များ – သင်၏ သမဂ္ဂများ – သည် သင်္ဘောသားတိုင်း ဘေးကင်းစွာ အိမ်ပြန် မရောက်မချင်း ဖိအားကို လျော့ပေးမည် မဟုတ်သည့်အပြင် မိမိတို့၏ ရောင်းရင်းများအား အစားထိုး အလုပ်ဝင်ရောက်ရန် အိမ်မှ သည်းခံ၍ စောင့်ဆိုင်းနေရသည့် ထိုသင်္ဘောသားများ သင်္ဘောပေါ် မတက်ရောက် မချင်း ဖိအားကို လျော့ပေးမည် မဟုတ်ပါ၊ သို့မှသာ ကမ္ဘာ့ကုန်စည်ပစ္စည်းများ ၎င်းတို့ကို လိုအပ်သည့်နေရာများသို့ ဆက်လက် ရောက်ရှိမည်ဖြစ်၍ သင်တို့အားလုံးကို ကျေးဇူးတင်ပါသည်။ အကယ်၍ ကမ္ဘာ့ အစိုးရများသည် ကုန်သွယ်ရေးကို အဆက်ပြတ်တောက်မှု မရှိစေဘဲ ဆက်လက် စီးဆင်းနေရန် အာမခံချက်ကို လိုလားလျှင် သင်္ဘောဝန်ထမ်းများ အပြောင်းအလဲလုပ်ရေးကို ကြန့်ကြာမှု မရှိစေဘဲ သင်္ဘောသားများအား လုပ်ပိုင်ခွင့်ပေးရန်မှာ အခရာကျပါသည်။

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အားထုတ်မှုနှင့်ပတ်သက်၍ တိုးတက်မှုအခြေအနေကို ကျွန်ုပ်တို၏ ရည်စူးထားလျက်ရှိသည့်  Covid-19 နောက်ဆုံးသတင်း စာမျက်နှာ နှင့် ITF သင်္ဘောသားများ ဝက်ဘ်ဆိုက် တို့အပြင် ကျွန်ုပ်တို့၏ လူမှုရေးဆိုင်ရာ မီဒီယာ စာမျက်နှာများတွင်လည်း ဆက်လက်၍ ဆက်သွယ်တင်ပြပေးပါမည်။

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.