Skip to main content

#MayDay2020: စနစ်သည် ပျက်စီးသွားပြီ၊ အတူတကွအားဖြင့် ကျွန်ုပ်တို့သည် ပုံမှန်အသစ်တစ်ခုကို တည်ဆောင်ကြမည်

06 May 2020

ITF ဥက္ကဌဖြစ်သူ Paddy Crumlin နှင့် ITF အထွေထွေ အတွင်းရေးမှူး Stephen Cotton တို့ထံမှ အပြည်ပြည်ဆိုင်ရာ အလုပ်သမားများ နေ့ အမှာစကား

ယခုနှစ် ပထမဦးဆုံးအကြိမ်၊ ကျွန်ုပ်တို့သည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အတွက် လမ်းများပေါ်၌ မချီတက်နိုင်ကြသော်လည်း ၎င်းသည် ကျွန်ုပ်တို့၏ တောင့်တင်းခိုင်မာမှုနှင့် စည်းလုံးညီညွှတ်မှုကို ပြသပေးရန်အတွက် ကျွန်ုပ်တို့အား မည်သည့်အခါမျှ တားဆီးမည် မဟုတ်ပါ။

Covid-19 ကမ္ဘာအနှံ့ရောဂါကပ်ကြီးကြောင့် ဤအရေးအခင်းသည် ကျွန်ုပ်တို့ အမြဲတမ်းလိုလို သိရှိနေသည့် ကမ္ဘာကြီးအား ပြသခဲ့သည်မှာ – သယ်ယူပို့ဆောင်ရေး အလုပ်သမားများသည် ကမ္ဘာကြီးအား ဆက်လက် လည်ပတ်ပေးပါသည်။ ကျွန်ုပ်တို့သည် အမြဲတမ်းအားဖြင့် ကျွန်ုပ်တို့၏ အဖွဲ့အသင်းဝင်သူများ ပါဝင်လုပ်ဆောင်ပေးသော အခရာကျသည့် အခန်းကဏ္ဍကို သိရှိခဲ့ပြီးဖြစ်ပါသည်၊ ဤကိစ္စကို ကမ္ဘာ့ရောဂါကပ်ကြီးသည် ကျန်ရှိသည့် ကမ္ဘာကြီး၏ မျက်လုံးများအား ယခု ဖွင့်ပေးလိုက်ပြီဖြစ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် ဤကိစ္စကို အင်အား အဖြစ်မှတ်ယူရမည်။

ကမ္ဘာတစ်ဝန်း ခေါင်းဆောင်ကြီးများက ‘ပုံမှန်’ အတိုင်း ပြန်သွားရေး အကြောင်းတို့ကို ပြောဆိုနေကြသည်။  ညီအစ်ကို မောင်နှမများ၊ ကုန်သွယ် သမဂ္ဂဝင်များအဖြစ် ကျွန်ုပ်တို့ အားလုံး သိရှိသည်မှာ ‘ပုံမှန်’ အတိုင်း ပြန်သွားရေးမှာ လုံလောက်သော ကောင်းချီးတစ်ခု မဟုတ်ပါ။  ဆေးရုံဝန်ထမ်းများ အလုပ်သို့ သွားနိုင်သည်၊ နာမကျန်းသူများ သူတို့လိုအပ်သည့် ဆေးဝါး ရနိုင်သည်၊ ယင်းနောက် စူပါမားကက် စင်များပေါ်တွင် အစားအစားများဖြင့် ပြည့်လျှံနေသည်တို့ကို သေချာအောင် လုပ်ပေးနေသည့် ယနေ့ အလုပ်သမားများသည်လည်း အတူတူ အလုပ်သမားများဖြစ်ကြပြီး နှစ်ရှည်လများ လုပ်ခ လျှော့ပါးရေးအပေါ် - များသောအားဖြင့် ဆင်းရဲတွင်းနက်သည့် လုပ်ခများ၊ များပြားလာသည့် ပြင်ပ အလုပ်ခိုင်းမှု၊ လူမှုရေး စွန့်ပစ်မှု၊ မလုံခြုံသည့် ပုံစံဖြင့် အလုပ်အကိုင် နှင့် ပိုမိုဆိုးရွားနေသည့် အလုပ်လုပ်ကိုင်ရာ အခြေအနေများနှင့် အကာအကွယ်ပေးမှုများတို့အပေါ် တိုက်ပွဲဝင်နေလျက်ရှိပါသည်။

ဤရောဂါကပ်ကြီး အတောအတွင်း ကျွန်ုပ်တို့သည် ‘ပုံမှန်’ ၏ ပြစ်မှုမြောက်သောလုပ်ရပ်ကို မြင်တွေ့ခဲ့ရသည် – ထောင်ပေါင်း ရာနှင့်ချီသော အလုပ်သမားများကို အလုပ် မရှိဘဲ သို့မဟုတ် လုပ်ခ မပေးဘဲ ညတွင်းချင်း ရပ်ဆိုင်းခဲ့သည်ဖြစ်ပြီး သန်းပေါင်းများစွာ လုံလောက်သော အကာအကွယ်များ မရှိဘဲ ရှေ့တန်း မျက်နှာပြင်တွင် ထောင်နှင့်ချီသော အလုပ်သမားများ သေကြေစေအောင် အတင်းအကျပ် အလုပ်လုပ်ခိုင်းခဲ့သည်။

အဆိုပါ စနစ်သည် ပျက်စီးပြီဖြစ်သည်၊ ယင်းနောက် ကျွန်ုပ်တို့အနေဖြင့် ၎င်းကို ပြောင်းလဲရန် စုပေါင်း၍ လှုံ့ဆော်ရမည်။

ဤရောဂါကပ်ကြီး ပြီးဆုံးသွားသည့်အခါ ကျွန်ုပ်တို့သည် ကမ္ဘာကြီးအနေဖြင့် လူများအား ဘေးကင်းအောင်၊ ကျန်းမာအောင်နှင့် အစာဝအောင် လုပ်ပေးခဲ့သည့် အလုပ်သမားများကို မေ့ပစ်ရန် ခွင့်မပြုနိုင်ပါ။  ဤကိစ္စ သေချာအောင်လုပ်ရာ၌ သယ်ယူပို့ဆောင်ရေး အလုပ်သမားများသည် အခရာကျသည့် အခန်းကဏ္ဍမှနေ၍ ပါဝင်လုပ်ကိုင်ခဲ့ကြသည်။

ဤမေဒေးနေ့၊ ကျွန်ုပ်တို့သည် သယ်ယူပို့ဆောင်ရေး အလုပ်သမားများ နေ့စဥ် လုပ်သည့် အခရာကျသော အလုပ်၏ ရှေ့တန်းမျက်နှာပြင်မှ အချင်းဖြစ်အကြောင်းအရာများကို ယူဆောင်လာရမည်ဖြစ်ပါသည် - ကမ္ဘာကြီးအား ကျွန်ုပ်တို့ မည်သို့ လည်ပတ်ပေးစေသည့် အကြောင်းများ၊ အပြင် သမဂ္ဂများသည် ဂုဏ်သိက္ခနှင့် လေးစားမှုအတွက် မည်သို့ စုပေါင်း၍ လှုံ့ဆော်ပေးနေသည့်အကြောင်းများဖြစ်သည်။  

ကျွန်ုပ်တို့သည် ITF မိသားစု တစ်ခုလုံးကို လူမှုရေးဆိုင်ရာ မီဒီယာ #MayDay2020 and #WeAreITF hashtags, ကို အသုံးပြုပြီး ကျွန်ုပ်တို့၏ ဖြစ်ရပ်အကြောင်းများကို ပြောပြရန်အတွက် ကျွန်ုပ်တို့နှင့်အတူ ပူးပေါင်းရန် ဖိတ်ခေါ်နေပါသည်-
 

  1. ကျွန်ုပ်တို့သည် ရှေ့တန်း မျက်နှာပြင်များပေါ်ရှိ ကျွန်ုပ်တို့၏ ညီအစ်မများ နှင့် ညီအစ်ကိုများအား ယခုအခါတွင် သယ်ယူပို့ဆောင်ရေး အလုပ်သမားများဖြစ်ရခြင်းမှာ ဘာအဓိပ္ပါယ်ရှိကြောင်း ကမ္ဘာကြီးအား ပြောပြရန် ဖိတ်ခေါ်ပါသည်။  ကျွန်ုပ်တို့ လုပ်နေသည့် အလုပ်။ ကျွန်ုပ်တို့ ကြုံတွေ့နေရသည့် အန္တရာယ်။  ထို့ပြင် ပိုမိုကောင်းမွန်သည့် အကာကွယ်ပေးမှုများအတွက် ကျွန်ုပ်တို့တွင် ရှိသည့် တောင်းဆိုမှုများ ဖြစ်သည်။
     
  2. သမဂ္ဂများအတွက်၊ သယ်ယူပို့ဆောင်ရေး အလုပ်သမားများသည် သူတို့၏ သမဂ္ဂများနှင့် လုံလောက်သော PPE နှင့် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး ရရှိရေး၊ လုပ်အား ခေါင်းပုံဖြတ်မှု၊ လူမှုရေး စွန့်ပစ်မှု အဆုံးသတ်ရေးနှင့် ကမ္ဘာ့ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်များ၌ စည်းမျဥ်းကြပ်မတ်မှု လျှော့ပါးရေး၊ အပြင် ဤ လက်ရှိ ရောဂါကပ်ကြီး၏ သက်ရောက်မှုကို အမှန်စစ်စစ် ခံစားနေရင်း အလုပ်သမားများ၏ အသက်များနှင့် အသက်မွေးဝမ်းကျောင်းများကို ကာကွယ်ပေးရန်တို့အတွက် ကျွန်ုပ်တို့၏ စုပေါင်း တိုက်ပွဲများတို့မှ တစ်ဆင့် ဘာကိုတိုက်ပွဲဝင်နေသည်ကို ကမ္ဘာကြီးအား ပြောပြကြပါစို့။
     

ဤဖြစ်ရပ် အကြောင်းများ နှစ်မျိုးလုံးကို ပြောပြခြင်းအားဖြင့် – ၎င်းသည် ဗီဒီယိုဖြစ်စေ၊ ဓါတ်ပုံဖြစ်စေ သို့မဟုတ် သင့် စိတ်ကူးများကို ရိုးရိုး ဝေမျှပေးခြင်းဖြစ်စေ – ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အလုပ်လုပ်ကိုင်ရာ အခြေအနေများနှင့် အလုပ်အကိုင် ယိုယွင်းသွားစေရန် နည်းလမ်းအသစ်များကို တစ်ပြိုင်နက် ရှာဖွေနေစဥ် မိမိ၏ ဆက်လက်ရှင်သန်ရေးအတွက် သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အပေါ် နှစ်ဖက်လုံး အားထားသည့် စနစ်တစ်ရပ်၏ သူကောင်းယောင်ဆောင်မှုကို မီးမောင်းထိုးပြလိုပါသည်။ ဤဖြစ်ရပ်အကြောင်းများမှာ အလုပ်သမားများသည် Covid-19 ရောဂါကပ်ကြီး ပြီးဆုံးပြီးနောက်ပိုင်း စီးပွားရေး ပြန်လည် နာလန်ထလာရန်အတွက် ပေးဆပ်ရမည့်သူများ မဟုတ်ကြောင်း သေချာစေရန် လှုံ့ဆော်မှုအတွက် အခြေခံဖြစ်ပါမည်။

လက်ရှိအချိန်၌ ကျွန်ုပ်တို့သည် အခက်အခဲအဖြစ်ဆုံး ဖြစ်သော်လည်း ဤအခက်အခဲများမှ အတူတကွ ကျွန်ုပ်တို့ ကျော်လွှားမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားများ နေ့သည် ကျွန်ုပ်တို့အား သတိပေးသည့် အခွင့်အလမ်းကို ကျွန်ုပ်တို့ ယူရမည်။

ကျွန်ုပ်တို့ ယနေ့တွင် ကျွန်ုပ်တို့ လုပ်သည့်အရာကို ဂုဏ်ယူရန်၊ ကျွန်ုပ်တို့၏ တန်ဖိုးထားရာများကို အောင်ပွဲခံရန်၊ နယ်ခြားတစ်လျှောက် အဓိပ္ပါယ်ရှိသော စည်းလုံးညီညွှတ်မှုကို ပြသရန်၊ နှင့် အလုပ်လုပ်သူလူတန်းစားကို ရှေ့တန်းပထမ တင်ပေးသည့် ပုံမှန်အသစ်အတွက် လှုံ့ဆော်ရန်၊ စည်းရုံးရန်နှင့် တိုက်ပွဲဝင်ရန် တစ်ဦးချင်း စုပေါင်း၍ တာဝန်ယူရန်အတွက် ခေတ္တရပ်ဆိုင်းရမည်။

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.