Skip to main content

#IWMD20: သယ်ယူပို့ဆောင်ရေး အလုပ်သမားများအတွက် အရေးပေါ် အကာအကွယ်ပေးမှုများကို ITF တောင်းဆို

30 Apr 2020

Covid-19 ကမ္ဘာအနံ့ရောဂါကပ်ကြီး အတောအတွင်းနှင့် အဆုံသတ်ပြီးနောက်ပိုင်း အလုပ်သမားများအား အကာအကွယ်ပေးမှုနှင့်ပတ်သက်၍ ITF စီမံအုပ်ချုပ်ရေး ကော်မတီ ထုတ်ပြန်ချက်

Covid-19 ကို တွန်းလှန်ရန် စစ်ပွဲသည် သယ်ယူပို့ဆောင်ရေး အလုပ်သမားများ မရှိဘဲ အောင်မြင်မည် မဟုတ်ပါ၊ သူတို့သည် တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး၏ အသက်သွေးကြော ဖြစ်ကြပြီး Covid-19 အခက်အခဲကို အောင်မြင်စွာ ကျော်လွှားရန် အခရာကျပါသည်။

၎င်းတို့မှာ မီးရထားမောင်းသူများ၊ သင်္ဘောသားများ၊ သင်္ဘောလေယာဥ် အခန်း ဝန်ထမ်းများ၊ တက်စီအငှါးယာဥ်မောင်းသူများ၊ သန့်ရှင်းသမားများ၊ လက်မှတ်ရောင်းသူများ၊ လေကြောင်းရေကြောင်းပြများ၊ ဆိပ်ကမ်းအလုပ်သမားများ၊ ဘတ်စ်ကားမောင်းသူများ၊ ပစ္စည်းပို့မောင်းသူများ၊ နှင့် တစ်ကမ္ဘာလုံးဆိုင်ရာ သယ်ယူပို့ဆောင်ရေး စနစ်များနှင့် ကုန်ပစ္စည်းဖြန့်ချီရေး ကွင်းဆက်များကို ရောဂါကပ်ကြီး တစ်လျှောက်လုံး ဆက်လက် လည်ပတ်ပေးနေသည့် အခရာကျသည့် ဝန်ဆောင်မှုများကို လုပ်ဆောင်ပေးသော အခြားသော အလုပ်နေလျက်ရှိသည့် အမျိုးသမီးများနှင့် အမျိုးသားများဖြစ်ကြသည်။

ကမ္ဘာတစ်ဝန်းရှိ ရာနှင့်ချီသော သယ်ယူပို့ဆောင်ရေး အလုပ်သမားများသည် ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းများအတွက် အရေးပါသည့် ဝန်ဆောင်မှုများကို လုပ်ဆောင်ပေးရန် ရှေ့တန်းမျက်နှာပြင်များ၌ အလုပ်လုပ်ကိုင်ရင်း ဗိုင်းရတ်စ် ကူးစက်ခံရပြီးနောက် Covid-19 ကြောင့် ကမ္ဘာတစ်ဝန်း မိမိတို့၏ အသက်များ ဆုံးရှုံးခဲ့ကြပြီး နောက်ထပ် ထောင်နှင့်ချီသော အလုပ်သမားများမှာ ရောဂါကို ကူးစက်ခံနေရသည်။ လုံလောက်မှု မရှိသော ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး စံနှုန်းများကြောင့် ဤဘေးကပ်ကြီး၏ ရှေ့တန်းမျက်နှာပြင်တွင် အလုပ်ဆက်လုပ်နေစဥ် သယ်ယူပို့ဆောင်ရေး အလုပ်သမားများ ကြုံတွေ့သည့် အန္တရာယ်မှာ ပိုကြီးမားလာခဲ့သည်၊ ဖောက်သည်-အလေးထားပြီး သန့်ရှင်းရေး အခန်းကဏ္ဍတွင် များသောအားဖြင့် အချိုးမကျစွာ အရေအတွက်ရှိသည့် အမျိုးသမီးများအပေါ် မမျှတစွာဖြင့် သက်ရောက်နေသည့် အန္တရာယ်ဖြစ်သည့်အပြင် အခြားနေရာများတွင် လူနည်းစုအဖြစ် မပံ့ပိုးပေးကြပါ။

ယနေ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားများနေ့ (International Workers Memorial Day) တွင် ကျွန်ုပ်တို့သည် အလုပ်ခွင်၌ မိမိတို့၏ အသက်များ ဆုံးရှုံးခဲ့ကြသော သို့မဟုတ် ဒဏ်ရာရရှိခဲ့ကြသော အဆိုပါ အလုပ်သမား အားလုံးအား လေးစားမှုကို ပြသပြီး ရောဂါကပ်ကြီးကြောင့် ဖြစ်ပွားသော ကမ္ဘာတစ်ဝန်း အလုပ်သမားများနှင့် သူတို့၏ မိသားစုများ၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ဆုံးရှုံးမှုကိုလည်း အသိအမှတ်ပြုပါသည်။ ထို့ပြင် ကျွန်ုပ်တို့သည် အလုပ်ခွင် အသေအပျောက်ဖြစ်ရပ်များ၌ နှစ်စဥ် သေဆုံးသည့် ထောင်နှင့်ချီသော အလုပ်သမားများကို ခေတ္တရပ်တန့် သတိရလွှမ်းဆွတ်ပေးပါသည်။

#IWMD20 သံစဥ်၏ နောက်ကွယ်၌နေရင်း အတူတကွ လက်တွဲကာ တောင်းဆိုရန် အချိန်ကျရောက်သည်မှာ အစိုးရများနှင့် အလုပ်ရှင်များသည် အလုပ်ခွင်၌ "ရောဂါကပ်ကြီးကို တားဆီးရန်" နှင့် သယ်ယူပို့ဆောင်ရေး အလုပ်သမားများအား လုံလောက်သော ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး စံနှုန်းများနှင့်တကွ ကိုယ်ရေးကိုယ်တာ အကာအကွယ်ပေး ကိရိယာ (PPE) ဖြင့် သူတို့၏ အခရာကျသော အလုပ်ကို ဆက်လက် လုပ်နိုင်စေရန်အတွက် အကာအကွယ်ပေးရန်ဖြစ်သည်။

ITF တစ်ခုလုံးတွင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အဖွဲ့ဝင် အသင်းသားများအား အရေးပေါ်အကူအညီပေးရန်အတွက် တစ်ကမ္ဘာလုံးအားဖြင့် လှုံ့ဆော်ပေးနေလျက်ရှိသည်။  ဤအပတ်တွင် ကျွန်ုပ်တို့သည် Covid-19 မှ အများပြည်သူ သယ်ယူပို့ဆောင်ရေး အလုပ်သမားများအား ဘေးကင်းအောင် ထားရန်အတွက် တစ်ကမ္ဘာလုံးဆိုင်ရာ တောင်းဆိုမှု စာတမ်းကို တင်ဆက်မည်ဖြစ်ပါသည်၊ ၎င်းကို အစိုးရ အာဏာပိုင်များနှင့် အလုပ်ရှင်များအပေါ် တာဝန်ခံမှုကို လက်ခံရန် အသုံးပြုမည်ဖြစ်သည်။ ထိုနည်းအတူ တစ်ကမ္ဘာလုံးသုံး အလုပ်ခွင် လုပ်ထုံးလုပ်နည်းများအရ ဆိပ်ကမ်းအလုပ်သမားများ သမဂ္ဂအား တစ်ကမ္ဘာလုံးဆိုင်ရာ ဆိပ်ကမ်းအလုပ်သမားများနှင့် ဆိပ်ကမ်းများရှိ အားလုံးသော အလုပ်သမားများအား အကာအကွယ်ပေးရန် ကမ္ဘာတစ်ဝန်း အဆက်အသွယ်ကွန်ခြာ ကုန်တင်ဆိပ် လုပ်ငန်းလည်ပတ်သူများအတွက် သတ်မှတ်ပေးသည့် ကန့်သတ်ချက်ကို ချမှတ်ရန် ခိုင်မာသော နည်းလမ်းကို ပေးမည်ဖြစ်သည်။

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အဖွဲ့ဝင်များနှင့်တကွ ICS နှင့် JNG အပါအဝင် လူမှုရေးဆိုင်ရာ ဖက်စပ်သူများတို့နှင့် စုပေါင်းစွာဖြင့်လည်း သင်္ဘောဝန်ထမ်း အပြောင်းအလဲများ စောင့်ဆိုင်းနေသည့် တစ်မူကွဲပြားသည့် သင်္ဘောသား အယောက်100,000 အတွက် အဖြေရှာပေးရန်၊ သူတို့၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်ရေး နှစ်မျိုးလုံးကို  ကာကွယ်ပေးရန်ဖြစ်သော်လည်း အရေးပါသည့် ကုန်ပစ္စည်းများ၏ ဘေးကင်းသော သယ်ယူပို့ဆောင်ရေးကို သေချာစေရန် ဆက်လက် လုပ်ကိုင်ပေးနေပါသည်။ စုပေါင်း၍ လုပ်နည်းကို တိုးချဲ့လုပ်သည်မှာ ကုန်းလမ်း သယ်ယူပို့ဆောင်ရေး ဌာနခွဲ (Road Transport Section) သည် IRU နှင့်အတူ လုပ်ကိုင်နေသည်၊ လေကြောင်းဌာနခွဲ (Civil Aviation Section) သည် IATA နှင့်အတူ လုပ်ကိုင်နေပြီး မြို့ပြ သယ်ယူပို့ဆောင်ရေး ဌာနခွဲ (Urban Transport Section) သည် UITP, UCLG နှင့် UICနှင့်အတူ လုပ်ကိုင်နေသည်၊ တာဝန်ခံမှုနှင့် တာဝန်ရှိမှု သုံးပွင့်ဆိုင် ချမှတ်ထားမှုဘောင်အတွင်း ထိရောက်သော အရေးယူလုပ်ရပ်ကို လိုက်ဖက်ရန် ILO, IMO နှင့် IATA တို့နှင့်အတူတကွ ကျွန်ုပ်တို့၏ တစ်ကမ္ဘာလုံးဆိုင်ရာ အဖွဲ့ဝင်များ၏ ဘေးကင်းလုံခြုံရေးကို အကာအကွယ်ပေးရန်ဖြစ်သည်။

တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ် သမဂ္ဂ လှုပ်ရှားမှုနှင့်အတူတကွ ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝန်းရှိ အလုပ်ခွင်ဆိုင်ရာ ကျန်းမာရေးနှင့် ဘေးကင်းရေး အဖွဲ့အစည်းများအတွက် Covid-19 ကို အလုပ်ခွင်ဆိုင်ရာ ရောဂါအဖြစ် အသိအမှတ်ပြုရန် လှုံ့ဆော်ပေးနေလျက်ရှိသည် သို့မှသာ အလုပ်ရှင်များကို တာဝန်ရှိစေပြီး အကာအကွယ်ပေးမှုဆိုင်ရာ အရေးယူလုပ်ဆောင်ချက်များကို ဖြစ်နိုင်သမျှ အပြည့်အဝ သွတ်သွင်းရန်ဖြစ်သည်။  ဤသို့ဖြင့် ဗိုင်းရတ်စ် ကူးစက်ခံရသည့် အလုပ်သမားများအနေဖြင့် ဒဏ်ရာရရှိမှု သို့မဟုတ် သေဆုံးမှုကိစ္စ၌ လျော်ကြေး ရယူစေမည်ဖြစ်သည်။

အလုပ်ခွင်ဆိုင်ရာ အန္တရာယ်များ အနည်းဆုံး လျှော့ချရန် အားလုံးသော ကြိုတင်တားဆီးရေးနှင့် အကာအကွယ်ပေးရေး အရေးယူလုပ်ဆောင်ချက်များကို ချမှတ်ထားရန်အတွက် သေချာစေရန် အလုပ်ရှင်များတွင် တာဝန်ရှိသည်။ သူတို့သည် လုံလောက်သော အကာအကွယ်ပေး ဝတ်စုံများနှင့် အကာအကွယ်ပေး ကိရိယာတို့ကို အလုပ်သမားများအား အခမဲ့ ပေးအပ်ရန် တာဝန်ရှိကြပြီး တိကျသော လူမှုရေးဆိုင်ရာ ခပ်ခွာခွာနေခြင်းနှင့် သန့်စင်ပိုးသတ်ရေး ဆောက်ရွက်ချက်များနှင့် ဗိုင်းရတ်စ်နှင့်ထိတွေ့သည့် အလုပ်သမားများအတွက် စစ်ဆေးခြင်း၊ ရှာဖွေခြင်း နှင့် ထောက်လှမ်းခြင်းတို့အတွက် လုပ်ထုံးလုပ်နည်းများကို ချမှတ်ထားရှိရန် တာဝန်ရှိသည်။ တာဝန်ရှိမှုမှာ ဦးဆောင် ကုမ္ပဏီများနှင့် စီးပွားဆိုင်ရာ အလုပ်ရှင်များ တို့အပေါ်လည်း တိုက်ရိုက် ကျရောက်ပါသည်၊ သူတို့သည် မိမိတို့၏ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်များနှင့်အတူ အလုပ်သမားများအား ထိုက်သင့်သော PPE ပေးအပ်ထားရန် နှင့် အလုပ်သမားများ၊ သူတို့၏ မိသားစုများ နှင့် သူတို့၏ လူမှုအသိုင်းအဝိုင်းများသို့ ရောဂါကူးစက်မှု အန္တရာယ်ကို လျော့ပေးရန်အတွက် လုပ်ထုံးလုပ်နည်းများကို ချမှတ်ထားရန် သေချာစေရမည်။

ကျွန်ုပ်တို့သည် ပုံမှန်-မဟုတ်သည့် ပုံစံ အလုပ်အကိုင် နှင့် ကုန်စည်ဖြန့်ချီ ကွင်းဆက်များရှိ လုပ်ကိုင်သူများ အပါအဝင် ကမ္ဘာတစ်ဝန်းရှိ အားလုံးသော သယ်ယူပို့ဆောင်ရေး အလုပ်သမားများအတွက် လုံလောက်သော PPE ၊ ဘေးကင်းသော အလုပ်လုပ်ကိုင်ရာ အခြေအနေများ၊ ဗိုင်းရတ်စ် ကူးစက်မှု အနည်းဆုံးဖြစ်ရန် လုပ်ရပ်များ ရရှိရန်အတွက် အပြင် Covid-19 ကြောင့် ယခု အလုပ်လက်မဲ့ဖြစ်နေသော သို့မဟုတ် အလုပ်နည်းပါးနေသော ထောင်နှင့်ချီသော အလုပ်သမားများအတွက် ဝင်ငွေ အကာအကွယ်ပေးမှုရရှိရန် ဆက်လက်၍ တိုက်ပွဲဝင်ပါမည်။  

ကျွန်ုပ်တို့သည် အားလုံးသော သယ်ယူပို့ဆောင်ရေး အလုပ်သမားများအား ကျွန်ုပ်တို့နှင့်ပူးပေါင်းရန် ဖိတ်ခေါ်ပါသည်။  သင့် အလုပ်ခွင်၌ အကာအကွယ်ပေးမှုကို တောင်းဆိုပါ။  သင့် လုပ်ငန်းကဏ္ဍတွင် ၎င်းကို တောင်းဆိုပါ။  သင့်အစိုးရထံမှ ၎င်းကို တောင်းဆိုပါ။  အားလုံးသော သယ်ယူပို့ဆောင်ရေး အလုပ်သမားများအတွက် ၎င်းကို တောင်းဆိုပါ။

ရောဂါကပ်ကြီးအားဖြင့် ကမ္ဘာတစ်ဝန်းရှိ အလုပ်လုပ်ကိုင်သောသူများအား ထိတွေ့ခဲ့သည်၊ ကိုရိုနာဗိုင်းရတ်စ် -ပြီးဆုံးပြီနောက်ပိုင်း မူလအခြေအနေ ပြန်ရောက်ရန်မှာ နည်းလမ်း တစ်ရပ် မဖြစ်ပါ။  ကုန်စည်ဖြန့်ချီရေး ကွင်းစက်များအတွင်း အလုပ်နှင့် ဝင်ငွေ အာမခံချက်ရှိရေးနှင့် တာဝန်ခံမှုကို တိုးတက်အောင် လုပ်ရမည်၊ စံမဟုတ်သော အလုပ်အကိုင် ယာယီအလုပ်အကိုင် နှင့် လူမှုရေး စွန့်ပစ်မှုကို လျော့ချရမည်၊ တန်းတူမရှိမှုနှင့် အတန်းအစားခွဲခြား အုပ်စုများကို တိုက်ထုတ်ရမည်ဖြစ်ပြီး အလုပ်သမားများ၏ အခွင့်အရေးများကို ပြန်သွတ်သွင်းရမည်။  အားလုံးသော အလုပ်ကဏ္ဍများ၌ အမျိုးသမီးများနှင့် ငယ်ရွယ်သော အလုပ်သမားများမှာ အဓိကအင်အားများ ဖြစ်ရမည်။  သယ်ယူပို့ဆောင်ရေး အလုပ်သမားများ၏ သမဂ္ဂများသည် ဤအဆင့်အတန်းများအတွက် တစ်စိုက်မတ်မတ် ဆောင်ရွက်ပေးနေလျက်ရှိသည်။

သယ်ယူပို့ဆောင်ရေး အလုပ်သမားများမှာ ဆယ်စုနှစ်များတိုင် စနစ်တကျ အတိုက်အခိုက်ခံရသည်၊ နိမ့်ချခံရသည်ဖြစ်ပြီး လျစ်လျူရှုခံခဲ့ရသည်။  Covid-19 ကမ္ဘာအနှံ့ရောဂါကပ်ကြီးက လစ်ဟဖော်ကြူးလိုက်သည်မှာ အစစ်အမှန် စီးပွားရေးတွင် သယ်ယူပို့ဆောင်ရေး အလုပ်သမားများ၏ အရေးကြီးပုံနှင့် ဤရောဂါကပ်ကြီးမှ ဤကမ္ဘာ ကျော်လွန်လာသည့်အခါ ကမ္ဘာ့ စီးပွားရေးကို ပြန်လည်ထူထောင်ရေးအတွက် သူတို့၏ အရေးပါပုံပင် ဖြစ်ပါသည်။ ဤရောဂါကပ်ကြီးအတွင်း ဤကမ္ဘာကြီးအတွက် အားလုံးအတွက် အတူဝေမျှခံစားရမည့် ကြွယ်ဝချမ်းသာမှုနှင့် သင့်တော်သော အလုပ်တို့ကို ပေးစွမ်းနိုင်မည့် ပိုမို တည်မြဲနေသော စီးပွားရေးများ ပေါ်ထွက်လာရန် အလားအလာ ရှိပါသည်။  ဤအလားအလာမှာ ရှိသည်၊ ၎င်းသည် ယခုသော် ကျွန်ုပ်တို့မှ ကျွန်ုပ်တို့အတွက် စီစဥ်ရန်ဖြစ်သည်။

 

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.