Skip to main content

Covid-19: လူမှုအသိုင်းအဝိုင်း ကြီးကြီးမားမား တုံ့ပြန်မှု၌ ဘင်္ဂလာဒေ့ရှ်နိုင်ငံ သမဂ္ဂ လှုပ်ရှား

29 Apr 2020

အကာအကွယ်ပေး ကိရိယာ ဖြန့်ချီခြင်း၊ နေရာထိုင်ခင်း ချထားပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အထောက်အကူပြု ဝန်ဆောင်မှုများ ပေးကမ်းလုပ်ဆောင်ပေးခြင်း- ဘင်္ဂလာဒေ့ရှ် ကုန်သည်များ ပင်လယ်ရေကြောင်း အရာရှိများ အသင်း ( Bangladesh Merchants Marine Officers Association (BMMOA)) သည် မိမိ၏ အဖွဲ့ဝင် အသင်းသားများနှင့် ကျယ်ပြန့်သော လူမှုအသိုင်းအဝိုင်းအတွက် Covid-19 ရောဂါကပ်ကြီးအား တုံ့ပြန်ရာ၌ ဆောင်ရွက်ပေးနေသည့် အရာအချို့သာ ဖြစ်သည်။

ကျနော်တို့ ဒီအခြေအနေမှာ သွက်သွက်လက်လက် ပိုပြီးလုပ်ပေးလိုပါတယ်၊BMMOA ၏ ဥက္ကဌဖြစ်သူ Mohammed Anam Chowdhury က ပြောကြားခဲ့သည်။ ကျနော်တို့မှာ သင်္ဘောသားတွေနှင့် သူတို့ရဲ့ မိသားစုတွေအပေါ် လူမှုရေးဆိုင်ရာ တာဝန်ရှိပြီး ကျန်းမာရေးနှင့် ဆက်နွှယ်တဲ့ သက်မွေးလုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့လူတွေ အပေါ်မှာလည်း တာဝန်ရှိပါတယ်။

မိမိ၏ တုံ့ပြန်မှု တစ်စိတ်တစ်ပိုင်း အဖြစ် BMMOA သည်-

  • မိမိတို့၏ ကျန်းမာရေးကောင်းမွန်မှုကို စိုးရိမ်နေသည့် သင်္ဘောသားများ၏ မိသားစုများထံ ကိုယ်ရေးကိုယ်တာ အကာအကွယ်ပေး ကိရိယာ (PPE) ကို ပေးကမ်းခဲ့သည်
  • ဆိပ်ကမ်းများနှင့် မြို့တော် Dhaka အတွင်း ချောင်ပိတ်မိခံနေရသော သင်္ဘောသားများအား နားနေခန်းများ၌ နေထိုင်စရာကို ပေးကမ်းခဲ့သည်
  • Covid-19 လူနာများကို စောင့်ရှောက်ပေးနေသည့် Chattogram ဆိပ်ကမ်း၌ရှိနေသူများ အပါအဝင် ဆေးရုံနှင့် ကျန်းမာရေး စောင့်ရှောက်မှု ဌာန ၆၀ ကျော်ရှိ ကျန်းမာရေးစောင့်ရှောက်ရေး အလုပ်သမားများ ထံသို့  PPE အခမဲ့ ပေးကမ်းခဲ့သည်
  • ဤရောဂါဘေးကပ်ကြီးအတွင်း အဖွဲ့ဝင် အသင်းသားများနှင့် သူတို့၏ မိသားစုများအား ကုသပေးရန် ဆေးရုံများနှင့် အဖွဲ့အစည်းဆိုင်ရာ သဘောတူစာချုပ်များ ချုပ်ဆိုပေးခဲ့သည်

သင်္ဘောသားများ၏ လူမှုဖူလုံရေးအတွက် မိမိတို့၏ အလုပ်ကို ပို၍တိုးမြှင့်လုပ်ကိုင်စေရန်အတွက် ITF Seafarers’ Trust သည် BMMOA ထံ သမဂ္ဂအတွက် ရန်ပုံငွေကို ခွင့်ပြုခဲ့သည်။  Covid-19 လူမှုဖူလုံရေး ရန်ပုံငွေကို လျှောက်ထားလိုသည့် အခြားသော သမဂ္ဂများသည် ပိုမိုသိရှိလိုသော အချက်အလက်များကို ဤနေရာတွင် တွေ့ရှိနိုင်သည်။  

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.