Skip to main content

ကမ္ဘာလှည့်အပျော်စီးသင်္ဘော သင်္ဘောသားများအပေါ် Covid-19 သက်ရောက်မှု လျှော့နည်းစေရန် အရေးယူလုပ်ရပ်များ

17 Apr 2020

Covid-19 သည် ကမ္ဘာလှည့်အပျော်စီးသင်္ဘော လုပ်ငန်းကဏ္ဍနှင့် အဆိုပါလုပ်ငန်းတွင် လုပ်ကိုင်နေသော သင်္ဘောသားများအပေါ် မြန်မြန်ဆန်ဆန်နှင့် စက်ဆုတ်ရွံ့ရှာစရာကောင်းသော သက်ရောက်မှုကို ဖြစ်ပေါ်လျက်ရှိပါသည်။ မီဒီယာသည် သင်္ဘောသားများ၏ အတိဒုက္ခကို များသောအားဖြင့် သတိမပြုမိကာ သတင်းပို့မခံရဘဲ အဓိကအားဖြင့် ခရီးသည်များအပေါ် အာရုံစိုက်ခဲ့ကြသည်။   

အစိုးရများသည် ခရီးသည်များအား သင်္ဘောပေါ်မှ ဆင်းပေးရန်နှင့် သူတို့အား အိမ်သို့ပြန်ပို့ပေးရန်အတွက် ဖြေရှင်းချက်များကို ရှာဖွေရန် မိမိတို့၏ ကြိုးစားအားထုတ်မှုအပေါ် အာရုံစိုက်ခဲ့ကြသည်။  တစ်ချိန်တည်းမှာပင်၊ သင်္ဘောသားများ၏ အခွင့်အရေးများနှင့် သူတို့အား သင်္ဘောပေါ်မှ ဆင်း၍အိမ်ပြန်ပို့ပေးရန် လိုအပ်ချက်ကို အသိအမှတ်ပြုပေးရန် အတူတူဖြစ်သော အစိုးရများအား ITF နှင့် ကျွန်ုပ်တို့၏ အဖွဲ့ဝင်များအနေဖြင့် တိုက်တွန်းရင်း ရုန်းကန်နေခဲ့ကြရသည်။  

သင်္ဘောသားများသည် ဒုတိယ-အတန်းအစား နိုင်ငံသားများ မဟုတ်ကြပါ၊ ကမ္ဘာလှည့်အပျော်စီးခရီးသည်များနည်းတူ တူညီသော ဆက်ဆံမှုနှင့် လေးစားမှုကို ရထိုက်ပါသည်။

ITF နှင့် ကျွန်ုပ်တို့၏ ပင်လယ်ရေကြောင်းဆိုင်ရာ အဖွဲ့ဝင်များသည် Covid-19 က ကမ္ဘာ့ သင်္ဘောသားများအပေါ် ဖြစ်ပေါ်နေသည့် သက်ရောက်မှုကို လျှော့နည်းသွားစေရန် အင်တိုက်အားတိုက် လုပ်ကိုင်ပေးလျက်ရှိပါသည်။  နိုင်ငံလုံးဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာအားဖြင့်၊ ကျွန်ုပ်တို့သည် ပင်လယ်ရေကြောင်းဆိုင်ရာ အလုပ်ရှင်များနှင့် အခြားသော နိုင်ငံလုံးဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း အဖွဲ့အစည်းများနှင့်အတူတကွ သင်္ဘောသားများကို အဓိက အလုပ်သမားများအဖြစ် သတ်မှတ်ပေးရန်နှင့် အခြား အလုပ်သမားများနည်းတူ တူညီသော အကာကွယ်ပေးမှုများ၊ အခွင့်အရေးများ၊ လုပ်ခများနှင့် ကျန်းမာရေးစောင့်ရှောက်မှုကို လက်ခံရရှိစေရန် သေချာစေအောင် လုပ်ကိုင်ပေးလျက်ရှိပါသည်။

အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်း၌ လုပ်ကိုင်သည့် သင်္ဘော အများစုမှာ နိုင်ငံအငှါး (Flag of Convenience (FOC)) မှတ်ပုံတင်တွင် မှတ်ပုံတင်ထားကြသည်၊ ဆိုလိုသည်မှာ အဆိုပါသင်္ဘောများပေါ်တွင် ပိုင်ရှင်နိုင်ငံ အလံမတင်ဘဲ အငှါးနိုင်ငံ အလံကို တင်ထားကြသည်။  သင်္ဘောပေါ်ရှိ သင်္ဘောသားများမှာ ကမ္ဘာအနှံ့မှ ဖြစ်ကြသည်၊ အများစုမှာ ကန်ထရိုက်စာချုပ်-တစ်ခုမှ- တစ်ခု အပေါ် အခြေခံ၍ အလုပ်လုပ်ကြသည့် ဖွံ့ဖြိုးဆဲ နိုင်ငံများမှ ဖြစ်ကြသည်။  FoC အလံအငှါး နိုင်ငံများတွင် အများအားဖြင့် သင်္ဘောသားများအပေါ် အကျုံးဝင်သည့် အလုပ်သမား စည်းမျဥ်းများ သို့မဟုတ် သာယာဝပြောရေးဆိုင်ရာ စည်းမျဥ်းများ အနည်းငယ်သာရှိကြပြီး ကုမ္ပဏီများသည် အခွန် အနည်းငယ်သာ ပေးသည် သို့မဟုတ် အခွန် လုံးဝ မပေးပါ။

FoC စနစ်သည် သင်္ဘောလုပ်ငန်း လုပ်ငန်းကဏ္ဍကို လွှမ်းမိုးထားပြီး လက်ရှိ မကြုံဘူးသေးသည့် ကိုရိုနာဗိုင်းရတ်စ် ရောဂါကပ်ကြီးကဲ့သို့ အခြေအနေများ၌ သင်္ဘောသားများအား ထိခိုက်လွယ်စေပါသည်၊ သင်္ဘောသားများအနေဖြင့် အလံအငှါးနိုင်ငံ၊ ပိုင်ရှင်နိုင်ငံ သို့မဟုတ် သင်္ဘောသားများ၏ နေထိုင်ရာနိုင်ငံတို့ထံမှ နိုင်ငံ့ လူမှုဖူလုံရေး အကာအကွယ်များ လက်ခံရရှိရန် ရထိုက်ခွင့်ရှိမည် မဟုတ်သောကြောင့်ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာ သင်္ဘောသား အများစု ရရှိသော တစ်ခုတည်းသော အကာအကွယ်မှာ သူတို့ကိုယ်စား ကုမ္ပဏီများနှင့် သမဂ္ဂများက ညှိနှိုင်းပေးခဲ့သည့် အရာသာဖြစ်သည်။

ITF နှင့် ၎င်း၏အဖွဲ့ဝင်များသည် သင်္ဘောသားများ၏ အခွင့်အရေးများအတွက် ဆက်လက်၍ ကိုယ်စားပြုလုပ်ကိုင်ပေးပြီး သူတို့သည်-

  • သင်္ဘောသားများအတွက် ရေတို-ကာလတွင် ဝင်ငွေ အကာအကွယ်ပေးမှု သေချာစေရန် ရည်မှန်းချက်ဖြင့် ITF သဘောတူစာချုပ်နှင့်အကျုံးဝင်သည့် ကမ္ဘာလှည့်အပျော်စီးလိုင်းများနှင့်အတူ လုပ်ကိုင်ပေးလျက်ရှိသည်
  • သင်္ဘောသားများ မိမိတို့၏ အလုပ်ခန့်စာချုပ် သက်တမ်းမကုန်ဆုံးမီ အိမ်ပြန်ပို့ခံရသည့်ကိစ္စတွင် အလုပ်ပြုတ်ပေးငွေ ပါဝင်သည့် ITF သဘောတူစာချုပ်များကို လိုက်နာကြောင်း သေချာအောင်လုပ်ပေးလျက်ရှိသည်။
  • သင်္ဘောပေါ် ဆက်လက်နေရန် ဆန္ဒအလျောက်နေပေးသည့် သင်္ဘောသားများအနေဖြင့် လျှော့ပေါ့သော အချိန်နာရီ အလုပ်လုပ်ရန်ကို သေချာအောင်လုပ်ပေးလျက်ရှိသည်။
  • သင်္ဘောပေါ် ဆက်လက်နေပေးသည့် သင်္ဘောသားများအတွက် တိုးမြှင့်သော အဆက်အသွယ်ရနေစေရန်ကို တောင်းဆိုပေးလျက်ရှိသည်။
  • သင်္ဘောသားများ၏ ဘေးကင်းသော အိမ်ပြန်ရေးကို သေချာစေရန် ကမ္ဘာလှည့်အပျော်စီးလိုင်းများနှင့် အခြား လုပ်ငန်းကဏ္ဍ ပါဝင်ပတ်သက်သူများတို့နှင့်အတူ လုပ်ကိုင်ပေးလျက်ရှိသည်။
  • နေထိုင်မကောင်းသည့် သင်္ဘောသားများအတွက် သင့်တော်သော ဆေးကုသမှုကို သေချာအောင်လုပ်ကိုင်ပေးနေပြီး အရေးပေါ်အခြေအနေများရှိ သင်္ဘောသားများအား ကူညီပံ့ပိုးပေးလျက်ရှိသည်။
  • လမ်းခရီး အကူးအပြောင်း နေရာတွင် ကြန့်ကြာချောင်ပိတ်ခံနေရသည့် သင်္ဘောသားများအား နေထိုင်စရာနှင့် အစားအစာ ပေးအပ်ရန်ကို သေချာအောင်လုပ်ကိုင်ပေးလျက်ရှိသည်။ လက်ရှိ၌ သင်္ဘောသား ၁၀၀၀ ကျော်ကို ဟိုတယ်များတွင် အလုပ်သမား ဖြန့်ချီပေးသည့် ITF အဖွဲ့ဝင်များက နေရာချပေးထားစဥ် အခြားသော အဖွဲ့ဝင်များသည် ကုမ္ပဏီများနှင့်အတူပူးပေါင်း၍ ချောင်ပိတ်ခံနေရသော သင်္ဘောသားများအတွက် နေထိုင်စရာကို ရှာဖွေရန် လုပ်ကိုင်ပေးလျက်ရှိသည်။
  • ရောဂါကပ်ကြီး ဆုံးခန်းတိုင်ရောက်သည်နှင့်တစ်ပြိုင်နက် အလုပ်ခွင်သို့ ပြန်လာရန် ဦးစားပေးအခွင့်အရေးကို သေချာစေရန် ကုမ္ပဏီများနှင့် ညှိနှိုင်းပေးလျက်ရှိသည်။

ပျှမ်းမျှအားဖြင့် ITF သဘောတူစာချုပ်အရ အကျုံးဝင်သော သင်္ဘောသားများတွင် အကျုံးမဝင်သောသူများထက်  ပိုမိုကောင်းမွန်သော လုပ်ခများနှင့် အလုပ်လုပ်ကိုင်ရာ အခြေအနေများရှိကြပါသည်။ ITF သဘောတူစာချုပ်အရ အကျုံးမဝင်သော ရာထူးနေရာများ ကမ္ဘာလှည့်အပျော်စီးသင်္ဘောများပေါ်နှင့် အပျော်စီးသင်္ဘောလိုင်း အနည်းငယ်တွင်လည်း ရှိကြပါသည်၊ ဆိုလိုသည်မှာ သင်္ဘောသားများမှာ CBA အရအကျုံးဝင်သော အကျိုးခံစားခွင့်များ နှင့် ဤသဘောတူစာချုပ်က ပေးအပ်သည့်အကူအညီတို့အတွက် ရထိုက်ခွင့် မရှိကြပါ။  လက်ရှိ ဘေးကပ်ကြီး၏ ရလဒ်အဖြစ် ITF သဘောတူစာချုပ်အရ အကျုံးမဝင်သည့် မြောက်မြားစွာသော သင်္ဘောသားများသည် အလုပ်ပြုတ် ပေးငွေတစ်ခုခု မခံစားရဘဲ အိမ်ပြန်ပို့ခံခဲ့ကြရသည်၊ အမြောက်အမြားမှာ အိမ်အပြန်လမ်းခုလပ်တွင် ချောင်ပိတ်မိခံခဲ့ရသည်။  

ITF နှင့် ၎င်း၏ အဖွဲ့ဝင်များသည် သင်္ဘောသားများအား အကယ်၍ သူတို့တွင် မိမိတို့၏ အလုပ်အကိုင်နှင့် ပတ်သက်၍ မေးစရာမေးခွန်းများရှိလျှင် သို့မဟုတ် အကူအညီ လိုအပ်လျှင် မိမိတို့၏ သက်ဆိုင်ရာ သမဂ္ဂကို ဆက်သွယ်ကြရန် တိုက်တွန်းပါသည်။ သမဂ္ဂများအား ဆက်သွယ်ရန် အသေးစိတ်အချက်အလက်များကို ဤနေရာရှိ ITF သင်္ဘောသားများ ဝက်ဘ်ဆိုက် - www.itfseafarers.org တွင်တွေ့ရှိနိုင်သည်။

ITF နှင့် ကျွန်ုပ်တို့၏ အဖွဲ့ဝင်များသည် ဤရောဂါကပ်ကြီး ဆုံးခန်းတိုင်ရောက်ပြီး သင်္ဘောသားများအနေဖြင့် သူတို့ကိုယ်တိုင်နှင့် သူတို့၏မိသားစုများအတွက် ပေးဆပ်ရန် ဘေးကင်းစွာဖြင့် အလုပ်သို့ ပြန်လာနိုင်မည့် နေ့ရက်ကို မျှော်လင့်နေပါသည်။

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.