Skip to main content

ပင်လယ်ရေကြောင်းဆိုင်ရာ သမဂ္ဂများနှင့် အလုပ်ရှင်များသည် သင်္ဘောသားများအား အဓိက အလုပ်သမားများအဖြစ် သတ်မှတ်ပြီး သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို ပံ့ပိုးပေးရန် အစိုးရများအား တောင်းဆို

15 Apr 2020

အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် ပင်လယ်ရေကြောင်းဆိုင်ရာ အလုပ်သမား စာချုပ်၏ အထူး သုံးဖွဲ့ ကော်မတီ (The International Labour Organisation (ILO) Special Tripartite Committee of the Maritime Labour Convention) သည် လွန်ခဲ့သည့်အပတ်၌ လက်ရှိအခြေအနေကို အတိအကျ ရောင်ပြန်ဟတ်နေသည့် ထုတ်ပြန်ချက် တစ်ရပ်ကို ထုတ်ပြန်လိုက်ပါသည်- 

ကမ္ဘာ့ ကိုရိုနာဗိုင်းရတ်စ် (COVID-19) ရောဂါပျံ့နှံ့မှုကပ်ဘေးကြီးသည် သင်္ဘောလုပ်ငန်း လုပ်ငန်းကဏ္ဍနှင့် သင်္ဘောသားများအပေါ် ကြောက်မက်ဖွယ်ကောင်းသော အခြေအနေများကို ဖန်တီးပေးနေလျက်ရှိသည်။ နိုင်ငံ အများအပြားရှိ နေ့စဥ် ဘဝကို အကြီးအကျယ် ကန့်သတ်ထားခဲ့ပြီး လူမှုအဖွဲ့အစည်းများအနေဖြင့် မိမိတို့၏ အစားအစာ၊ ဆေးဝါးနှင့် နေ့စဥ် ကုန်ပစ္စည်းများကို လိုအပ်နေသေးလျက်ရှိပြီး စက်ရုံများအနေဖြင့် ကုန်ကြမ်းပစ္စည်းများနှင့် မိမိတို့၏ ထုတ်ကုန်ပစ္စည်းများကို တင်ပို့ရန် သယ်ယူပို့ဆောင်ရေးများ လိုအပ်နေသေးလျက်ရှိပါသည်။  ဤကိစ္စမှာ လည်ပတ်နေသော အပြည်ပြည်ဆိုင်ရာ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်များ အတွက် လိုအပ်မှုကို ဖော်ပြနေပြီး ကုန်ပစ္စည်းအားလုံး၏ ၉၀ ရာခိုင်နှုန်းအတွက် သင်္ဘောလုပ်ငန်းအပေါ် အားထားနေရသည့် ကမ္ဘာ့စီးပွားရေးအတွက် ပင်လယ်ရေကြောင်းဆိုင်ရာ ကုန်သွယ်ရေး၏ အခရာကျသော အရေးပါမှုကို အထင်းသားပြသပါသည်။ 

တာဝန်သိတတ်သော လူမှုရေးဆိုင်ရာ ဖက်စပ်သူများအဖြစ် ပူးတွဲ ညှိနှိုင်းရေး အဖွဲ့ (Joint Negotiating Group (JNG)) နှင့် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) တို့ဖွဲ့စည်းပါဝင်သည့် အပြည်ပြည်ဆိုင်ရာ ညှိနှိုင်းရေး ဟစ်တိုင် (International Bargaining Forum (IBF)) အဖွဲ့ဝင်များတို့သည် Covid-19 မှာ သင်္ဘောသားများအပေါ် မည်ကဲ့သို့ ထိခိုက်လျက်ရှိနေကြောင်းနှင့် မကောင်းသော သက်ရောက်မှုများကို လျှော့ချစေရန်အတွက် အလုပ်ရှင်များက မည်သည့်အရာကို လုပ်နိုင်ကြောင်း အစဥ်တစိုက် ဆက်သွယ်လျက်ရှိပြီး ဆွေးနွေးနေလျက်ရှိပါသည်။ လူမှုရေးဆိုင်ရာ ဖက်စပ်သူများသည် သင်္ဘောသားများ၏ လက်ရှိ အလုပ်ခန့်စာချုပ်ဆိုင်ရာ အခွင့်အရေးများနှင့် အလုပ်ရှင်များ၏ တာဝန်ဝတ္တရားများအတွက် ဖြေရှင်းချက်များကို ရှာဖွေရန် အာရုံစူးစိုက်လျက်ရှိသည်။  သို့သော်လည်း နိုင်ငံအများစုက ချမှတ်ထားသော ခရီးသွားပိတ်ပင်မှုများ တိုးပွားလာမှုနှင့်အတူ များပြားလျက်ရှိသော အခက်အခဲနှင့်တကွ စီစဥ်ပြီးဖြစ်သည့် လေကြောင်း ခရီးစဥ် ပကတိနီးပါး ပြိုကွဲမှုကြောင့် ယေဘုယျအားဖြင့် သင်္ဘောဝန်ထမ်း ပုံမှန် အပြောင်းအလဲလုပ်ရေးများနှင့်အိမ်ပြန်ပို့ရေးများကို တားမြစ်နေလျက်ရှိပါသည်။ 

ကမ္ဘာတစ်ဝန်းလုံးတွင် နိုင်ငံများသည် ပိတ်ပင်မှုများကို သွတ်သွင်းနေကြသည်၊ လူများ၏ လွတ်လပ်စွာ သွားလာရန် စွမ်းရည်နှင့် မိသားစုနှင့်မိတ်ဆွေများ တွေ့ဆုံရန်စွမ်းရည်တို့ကို ကန့်သတ်နေကြသည်။   နှိုင်းယှဥ်ကြည့်လျှင် အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်းရှိ သင်္ဘောသားများသည် သာမန်အားဖြင့် သင်္ဘောပေါ်၌ တစ်ကြိမ်လျှင် ၁၀ လအထိ အလုပ်လုပ်ပြီး နေထိုင်ကြရသော်လည်း ယခုသော် နိုင်ငံ အများအပြား၏ ပိတ်ပင်ကန့်သတ်ချက်များ ချမှတ်ထားမှုကြောင့် ဤသင်္ဘောသားများသည် ပိုမို၍ပင် ကြာရှည်အောင် အတင်းနေကြရသည် အဘယ်ကြောင့်ဆိုသော် ပင်လယ်ရေကြောင်းဆိုင်ရာ အလုပ်ရှင် အများစုသည် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို ခေတ္တ ရပ်ဆိုင်းထားသောကြောင့်ဖြစ်သည်။  

လူမှုရေးဆိုင်ရာ ဖက်စပ်သူများအဖြစ် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ သင်္ဘောသားများ မိမိတို့၏ အလုပ်ခန့်စာချုပ်များ သက်တမ်းတိုးရန် အခက်အခဲကို လက်ခံခဲ့ပုံအတွက် အလွန်အလွန့် ဂုဏ်ယူပြီး ကျေးဇူးတင်ပါသည်။  သူတို့သည် မိမိတို့၏ မရှိမဖြစ် လိုအပ်သည့် အလုပ်ကို ကမ္ဘာ့ ကုန်စည်ဖြန့်ချီရေးကွင်းဆက်အား ဆက်လက် စီးဆင်းပေးနေစေရန်အလို့ငှါ အတတ်ပညာရှင်ဆန်ဆန် ဆက်လက် ထမ်းဆောင်ခဲ့သည်၊ ထို့ကြောင့် အခရာကျသည့် ကုန်စည်ပစ္စည်းများမှာ ၎င်းတို့အား လိုအပ်သည့်သူများထံ ဆက်လက်၍ ရောက်ရှိစေပါသည်။  ကျွန်ုပ်တို့ အထူးတလည် သိရှိသည်မှာ အခြေအနေများက သင်္ဘောသားများအတွက် အများဆုံး တာရှည်မှု တိုးပေးရန် လိုအပ်သည့်ကိစ္စတွင် ၎င်းမှာ အရေးပေါ် ယာယီ ဖြေရှင်းချက်တစ်ခုအဖြစ်သာဖြစ်ပြီး ၎င်းသည် အကန့်အသတ်ရှိသော အချိန်အတိုင်းအတာ အတွက်သာ လက်ခံနိုင်မည်ဖြစ်ပါသည်။  ကျွန်ုပ်တို့အနေဖြင့် သင်္ဘောသားများအပေါ် အာမခံလိုသည်မှာ ပင်လယ်ရေကြောင်းဆိုင်ရာ လုပ်ငန်းကဏ္ဍသည် ဖြေရှင်းချက်များကို ရှာဖွေရန် ကြိုးစား၍ လုပ်ကိုင်နေလျက်ရှိသည်၊ ထို့ကြောင့် သင်္ဘောသားများအနေဖြင့် စိတ်သက်သာရာရနိုင်ပြီး အိမ်ပြန်နိုင်မည်ဖြစ်ပါသည်။

အလုပ်ရှင်များအား ကိုယ်စားပြုနေသော JNG နှင့် သင်္ဘောသားများ၏ သမဂ္ဂများကို ကိုယ်စားပြုနေသော ITF သည် သင်္ဘောသားများ၏ ကမ္ဘာ့ကုန်သွယ်မှုအပေါ် တန်ဖိုးမဖြတ်နိုင်သော ပံ့ပိုးမှုကို တရားဝင် အသိအမှတ်ပြုလိုပြီး ယခုကဲ့သို့သော မကြုံစဘူး အချိန်ကာလတွင် သင်္ဘောသားများ လုပ်ဆောင်ပေးသည့် အရေးပါသော ဝန်ဆောင်မှုများအတွက် ကျွန်ုပ်တို့၏ လေးလေးနက်နက် ကျေးဇူးတင်ကြောင်း ပြောကြားလိုပါသည်။ ဤအတိုင်းလုပ်ရန် အစိုးရများအား ကျွန်ုပ်တို့ တောင်းဆိုပါသည်။

သင်္ဘောသားများအား အဓိက အလုပ်သမားများ အဖြစ် သတ်မှတ်ရုံတင်မကဘဲ သူတို့ကို ပုံမှန် ခရီးသွား ပိတ်ပင်ကန့်သတ်ချက်များမှ ကင်းလွှတ်ခွင့်ပြုကြောင်း သေချာစေရန် လုပ်ငန်းဖြစ်စဥ်များနှင့် လုပ်ထုံးလုပ်နည်းများကို အစိုးရများအနေဖြင့် အရေးပေါ် ချမှတ်ပေးရမည်၊ သို့မှသာ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်မှု လုပ်နိုင်မည်ဖြစ်သည်။  အကယ်၍ ဖြေရှင်းချက်များကို အမြန်ဆုံး မဖော်ထုတ်လျှင် ယင်းနောက် အစိုးရများသည် ကုန်စည်ဖြန့်ချီရေး ကွင်းဆက်ကို ပျက်သုဥ်းစေခြင်းအတွက်နှင့် ကမ္ဘာ့ သင်္ဘောသားများ၏ လုံခြုံဘေးကင်းရေးကို ပျက်သုဥ်းစေခြင်းအတွက် တာဝန်ရှိပါမည်။  နောက်ဆုံးတွင် ၎င်းသည် သူတို့၏ နိုင်ငံသားများ အသည်းအသန် လိုအပ်လျက်ရှိသည့် ဆေးဝါးများအပါအဝင် မရှိမဖြစ် လိုအပ်သည့် ကုန်စည်ပစွည်းများ ဖြန့်ချီရေးကို ခြိမ်းခြောက်ပါလိမ့်မည်။  

သင်္ဘောသားများ = #ISupplyTheWorld

အပြည်ပြည်ဆိုင်ရာ ညှိနှိုင်းရေး ဟစ်တိုင် (The International Bargaining Forum (IBF)) သည် ဟစ်တိုင်တစ်ရပ်ဖြစ်ပြီး ၎င်းသည် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (ITF) နှင့် အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း အလုပ်ရှင်များကို ပေါင်းစည်း၍ ပူးတွဲ ညှိနှိုင်းရေး အဖွဲ့ (Joint Negotiating Group (JNG)) ကို ဖွဲ့စည်းထားသည်။

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.