Skip to main content

အဓိကကျသည့် အလုပ်သမားများသည် အကယ်၍ ကျွန်ုပ်တို့က သူတို့ကို အကာအကွယ်ပေးမှသာ ကျွန်ုပ်တို့ကို အကာအကွယ်ပေးနိုင်သည်

31 Mar 2020

ကိုရိုနာဗိုင်းရတ်စ် ကမ္ဘာအနှံ့ရောဂါပျံ့နှံ့မှု ပိုမိုများပြားနေသည့်အလျောက်၊ ကမ္ဘာတစ်ဝန်း စူပါမားကက်များရှိ ကုန်စည်တင်ထားသည့်စင်များ ပြောင်တလင်းခါနေသည့် သတင်းများနှင့်ပတ်သက်သည့် ဓါတ်ပုံများကို ကျွန်ုပ်တို့ မြင်တွေ့ခဲ့ရသည်၊ ကျီးလှန့်စာ ဝယ်ခြမ်းနေခြင်း သည် အစားအစာနှင့်ဆေးဝါးများ ပြတ်လပ်မှုများကို ဖြစ်ပွားစေသဖြင့်ဖြစ်သည်။

မရှိမဖြစ် လိုအပ်သည့် ပစ္စည်းများကို လူများ သိုလှောင်ထားခြင်းကြောင့် ဝယ်လိုအား မြင့်တက်ခြင်းသည် စတိုးဆိုင်များ၌ သန်းနှင့်ချီသောလူများမှာ အိမ်သာသုံးစက္ကူ၊ ပါရာစီတာမော သို့မဟုတ် ပါစတာ ရှာဖွေမှုများ၊ တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်များအပေါ် Covid-19 က ဖြစ်ပေါ်သော ထိခိုက်လွယ်အင်အားချိနဲ့မှုနှင့် သည်းထိပ်ရင်ဖို အလှန့်တကြားဖြစ်မှုတို့အပြင် ဤကပ်ဘေးကြီး အတောအတွင်း မိမိတို့ကိုယ်တိုင် တည်တံ့နေရမည်ဖြစ်သည့် အလုပ်သမားများအား မီးမောင်းထိုးပြခဲ့ပါသည်။

ကျွန်ုပ်တို့၏ ကျန်းမာရေး အလုပ်သမားများသည် သူရဲကောင်းများ ဖြစ်ကြသော်လည်း ရှေ့တန်းမျက်နှာပြင်များ၌ အခြားသော အမြောက်အမြားလည်းရှိကြပါသည်။  ရှေ့တန်းမျက်နှာပြင်မှ အရေးပေါ်ဝန်ဆောင်မှုဆိုင်ရာ အလုပ်သမားများအပြင် ကိုရိုနာဗိုင်းရတ်စ်ကို ချေမုန်းရေး၌ အရေးပါသည့် ကုန်စည်ဖြန့်ချီရေး ကွင်းဆက်ရှိ အလုပ်သမားများအား အကာအကွယ်ပေးခြင်းကို အစိုးရများအတွက် ဦးစားပေးမှုတစ်ရပ်ဖြစ်ရမည်၊ ဆေးဝါးဆိုင်ရာ ပစ္စည်းများ၊ အစားအစာနှင့် အခြား မရှိမဖြစ် လိုအပ်သောအရာပစ္စည်းများ၏ ဖြန့်ချီရေးကို သေချာစေရန်အတွက် ဖြစ်ပါသည်။

ကျွန်ုပ်တို့တွင် အစားအစာ ရှိနေစေရန် သေချာအောင်အတွက် ထိခိုက်လွယ်သော အခြေအနေများ၌ စိုက်ပျိုးရေးဆိုင်ရာ အလုပ်သမားများသည် ဆက်လက် အလုပ်လုပ်ကိုင်လျက်ရှိပါသည်။  သင်္ဘောသားများနှင့် ဆိပ်ကမ်းအလုပ်သမားများ အပါအဝင်ဖြစ်သော သယ်ယူပို့ဆောင်ရေး အလုပ်သမားများသည် မရှိမဖြစ် လိုအပ်သော ကုန်ပစ္စည်းများ ကမ္ဘာတစ်ဝန်း ဆက်လက် လည်ပတ်နေစေရန် သေချာအောင်လုပ်ပေးနေလျက်ရှိပါသည်။ အလုပ်သမားများသည် အများပြည်သူ ဝန်ဆောင်မှုများ လည်ပတ်နေစေရေးကို ဆက်လက်လုပ်ကိုင်ပေးနေသောကြောင့် အခြားသော ဆရာဝန်များနှင့် သူနာပြုများသည် သူတို့အား လိုအပ်သည့်နေရာများသို့ သွားလာနိုင်ကြသည်။  အစားအစာ ပို့ဆောင်ရေး စက်ဘီးစီးပို့သူများနှင့် ကားမောင်းပို့သူများသည် အသက်သွေးကြောများ ဖြစ်လာလျက်ရှိသည်၊ နေ့စဥ်နှင့်အမျှ သုံးစွဲအရာပစ္စည်များကို ပို့ဆောင်ပေးခြင်းနှင့် မိသားစုများနှင့် တစ်ဦးချင်းပုဂ္ဂိုလ်များအား အထိအတွေ့မဲ့အထီးတည်း နေစေခြင်းတို့အားဖြင့်ဖြစ်ပါသည်။  ထုတ်လုပ်ရေး၊ သိုလှောင်ရေး၊ သယ်ဆောင်ရေးနှင့် ကုန်စုံစတိုးဆိုင် အလုပ်သမားများသည်လည်း လမ်းကြောင်းပေါ်ရှိ အချက်တိုင်းတွင် ဤအတိုင်းအတူတူဖြစ်ပါသည်။

ကမ္ဘာတစ်ဝန်း လူများအတွက် ယခုအခါ သိသာပေါ်လွင်သည့်အရာမှာ ဤအလုပ်သမားများသည် ဤသို့သော အရေးပေါ်ကိစ္စတွင် မရှိမဖြစ် လိုအပ်သူများဖြစ်ကြပါသည်။

ဤအပတ်တွင် ကုန်သွယ် သမဂ္ဂများသည် G20 ခေါင်းဆောင်များထံ စာရေးသားခဲ့သည်၊ ဤကမ္ဘာအနှံ့ရောဂါကပ်ဘေးကြီး အခြေခံကျကျ တွန်းလှန်ရေးနှင့် အဆုံးစွန်၌ အောင်နိုင်ရေးအတွက်  အဓိကကျသည့် အလုပ်သမားများ၏ ကျန်းမာရေး၊ ဝင်ငွေများနှင့် အလုပ်များကို အကာအကွယ်ပေးရန် အသိအမှတ်ပြုပြီး အရေးယူဆောင်ရွက်ပေးသည့် Covid-19 ကမ္ဘာအနှံ့ပျံ့နှံ့မှုအပေါ် အတွင်းအကျကျ တုံ့ပြန်ပေးရန်အတွက် တောင်းဆိုခြင်းဖြစ်သည်။ ၎င်းသည် စီးပွားရေးများအား တည်ငြိမ်အောင်လုပ်ရေးနှင့် အမှန်တကယ် စီးပွားရေး နှလံထောင်လာရေးအပေါ်လည်း အဓိကကျပါမည်။  ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အလုပ်သမားများနှင့် ယှဥ်တွဲ၍ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်နှင့် သယ်ယူပို့ဆောင်ရေး အလုပ်သမားများသည် ကျွန်ုပ်တို့ အားလုံးအား အကာအကွယ်ပေးရန်လမ်းကြောင်းပေါ်၌ မိမိတို့၏ အသက်များကို စတေးပေးနေကြပါသည်။

အစိုးရများနှင့် အလုပ်ရှင်များသည် ကပ်ဘေးကြီးကြောင့် ထိခိုက်ခံရသည့် အလုပ်သမားများကို ဖော်ထုတ်ပြီး သူတို့အား ကာကွယ်ရန် အဆင့်ဆင့်ဆောင်ရွက်ကြရန်အတွက် အတူတကွလုပ်ရန် လိုအပ်ပါသည်။   ၎င်းတွင် ကိုရိုနာဗိုင်းရတ်စ် အထိအတွေ့ အန္တရာယ်နှင့် ကိုက်ညီမည့် တိုးမြှင့်ပေးသည့်လုပ်ခ၊ နှင့် ဘေးကပ်ကြီးကြောင့် အလုပ်လျှော့ပါးသွားသော အခြားအလုပ်သမားများအတွက် ဝင်ငွေ အကာအကွယ်ပေးမှုတို့ကို ပေးအပ်ခြင်းပါဝင်ပါသည်။ ဤအရေးယူဆောင်ရွက်မှုများကို အလုပ်သမားများ၏ အလုပ်ခန့် စာချုပ်အဆင့်အတန်းကို မသက်ဆိုင်စေဘဲ အသုံးချသင့်ပါသည်။  မရေမရာ ယာယီ စီးပွားရေးအတွင်းရှိ အလုပ်သမားများနှင့် အခြား ပုံစံတကျ ပုံမှန်-မဟုတ်သော အလုပ်အကိုင်ရှိ အလုပ်သမားများကို ဝင်ငွေ ပံ့ပိုးမှုနှင့် ကျန်းမာရေးနှင့် လုံခြုံရေး အကာအကွယ်ပေးမှုအတွက် ဦးစားပေးမှုတွင် ထားရှိပေးသင့်သည်၊ သူတို့ကို ငွေချက်လက်မှတ် နောက်ကျောတွင် မခြန်ရစ်ထားနိုင်ပါ။

အရေးပါစွာဖြင့်၊ အဆင့်တိုင်းတွင် သမဂ္ဂများ၊ အစိုးရများ၊ အလုပ်ရှင်များနှင့် အဖွဲ့အစည်းများ အကြား စစ်မှန်သော စုပေါင်းအဖြေရှာသည့် အရေးယူဆောင်ရွက်ချက်များမှတစ်ဆင့် ဖြေရှင်းချက်များကို ရှာရမည်ဖြစ်ပါသည်။

အရေးယူဆောင်ရွက်မှုကို ကုန်စည်ဖြန့်ချီရေး ကွင်းဆက်များအား ချက်ချင်း လုပ်ငန်းလည်ပတ်ရေးနှင့် ရေရှည် တည်တံ့ခိုင်မြဲရေးကို သေချာစေရန် သွတ်သွင်းရမည်ဖြစ်သည်။  ကုန်စည်ဖြန့်ချီရေး ကွင်းဆက်များကို လုပ်သားအင်အားစု မရှိဘဲ ထိန်းသိမ်းထားနိုင်မည် မဟုတ်ပါ အလုပ်သမားများကို သူတို့၏ အလုပ်များအား လုပ်ရန် ပံ့ပိုးပေးထားရန် လိုအပ်သည်၊ သူတို့သည် အစစ်အမှန် လုပ်ခ လိုအပ်ပြီး သူတို့၏ အခြေခံ အခွင့်အရေးများကို ဖြည့်ဆည်းပေးရန် လိုအပ်ပါသည်။

မရှိမဖြစ် လိုအပ်သည့် ကုန်ပစ္စည်းများကို သတ်မှတ်ထားသည့်အချိန်ကာလတွင် ၎င်းတို့ကို အလိုအပ်ဆုံးဖြစ်သည့် နယ်စပ်များတစ်လျှောက် ဆက်လက် သယ်ယူပို့ဆောင်ပေးရန် အလုပ်သမားများကို ကမ္ဘာကြီးသည် လိုအပ်ပါသည်။ ကမ္ဘာ့ သင်္ဘောသားများအား သူတို့၏ သင်္ဘာသားများဆီသို့ အလုပ်အတက် သို့မဟုတ် အလုပ်အဆင်းအတွက် သွားရောက်သည့်အခါ ခရီးသွားပိတ်ပင်မှုများမှ ခြွင်းချက်များ ခွင့်ပြုရန်သည် အခရာကျပါသည်၊ ကမ္ဘာ့ပင်လယ်ရေကြောင်း ကုန်စည်ဖြန့်ချီရေး ကွင်းဆက်များ ဆက်လက် လုပ်ငန်းလည်ပတ်နေစေရေး အလို့ငှါဖြစ်ပါသည်။  နိုင်ငံတွင်း လမ်းစုံများတွင် နှင့် နိုင်ငံနယ်စပ် ကျွန်ုပ်တို့၏ လမ်းမကြီးပေါ်တွင်ပင် ကုန်စည်ဖြန့်ချီရေး ကွင်းဆက်များကို မလိုလားအပ်သော နှောင့်နှေးမှု ဖြစ်ပွားခြင်းနှင့် နှောင့်ယှက်ခြင်းများကိုလည်း ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သည်။

ကိုယ်ရေးကိုယ်တာ အကာအကွယ်ပေး ကိရိယာပစ္စည်းများကို ပေးအပ်ထားရန်မှာ မရှိမဖြစ် လိုအပ်ပါသည်၊ ကူးစက်မှု ထိန်းချုပ်ရေးနှင့် ဆေးဝါးပစ္စည်းများမှာ ၎င်းတို့ကို အလိုအပ်ဆုံးဖြစ်သူများ၏ လက်တွင်း ရှိစေရမည့်အပြင် ထိခိုက်ခံရသည့် မိသားစုများအတွက် အထောက်အပံ့နှင့် စောင့်ရှောက်မှုတို့ကို သွတ်သွင်းထားရမည်ဖြစ်ပါသည်။ ထို့ပြင် အလုပ်သမားများတွင် နေ့စဥ်နှင့်အမျှ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ စီမံရေးတွင် တက်တက်ကြွကြွ ပြောဆိုခွင့်ရှိရမည်။  အန္တရာယ်မှာ အလုပ်ခွင်များ၌ နေ့စဥ်နှင့်အမျှ တိုးမြင့်လာသည့်အလျောက် လူတိုင်းအား လုံခြုံဘေးကင်းအောင်ထားစေရန် အကောင်းဆုံး နည်းလမ်းများနှင့်ပတ်သက်၍ အလုပ်သမားများအား နားထောင်ရမည် ဖြစ်သည်။   

ယခုအခါ ယခင်ကရှိဘူးသည်ထက်ပိုမို၍ ကျွန်ုပ်တို့သည် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးနှင့်တကွ အခြား စံနှုန်းများကို လိုက်နာလုပ်ဆောင်ရန် သေချာစေရန်အတွက် အလုပ်သမား စိစစ်ရေးများကို ပံ့ပိုးပေးရန် လိုအပ်ပါသည်၊ အလုပ်ခွင် ထိန်းချုပ်ရေးများ၊ လုပ်ထုံးလုပ်နည်းများနှင့် လေ့ကျင့်သင်တန်းတို့လည်းဖြစ်ပါသည်။

ကျွန်ုပ်တို့ မျက်မြင်သက်သေဖြစ်နေသည်မှာ သမိုင်းတွင် အထူးပြောင်မြောက်သော အချိန်အခါတစ်ခုဖြစ်သည်- ရှေ့တန်းမျက်နှာပြင်မှ ကျွန်ုပ်တို့၏ ကျန်းမာရေး အလုပ်သမားများ၏ သူရဲကောင်းဆန်သည့် ကြိုးစားအားထုတ်မှု၊ နှင့်တကွ ဤဘေးကပ်ကြီးအတွင်း ကျွန်ုပ်တို့အား ဦးဆောင်ပေးရန် ကုန်စည်ဖြန့်ချီရေး ကွင်းဆက်များတစ်လျှောက် ပံ့ပိုးပေးသည့်သူ အားလုံး၏ သူရဲကောင်းဆန်ဆန် ကြိုးစားအားထုတ်မှုဖြစ်သည်။  Covid-19 တုံ့ပြန်ရေးအပေါ် အခရာကျသည့် အလုပ်သမားများအား သူတို့အလုပ်ကို သူတို့လုပ်ရန်အတွက် အကာအကွယ်ပေးမှုများကို ဝင်ငွေအထောက်အပံ့မှ တစ်ဆင့်ဖြစ်စေ၊ ကိရိယာပစ္စည်းမှတစ်ဆင့်ဖြစ်စေ သို့မဟုတ် အလုပ်ခွင် ဘေးကင်းလုံခြုံရေးတို့မှတစ်ဆင့်ဖြစ်စေ ပေးအပ်ရန်မှာ အာဏာလက်ကိုင်ထားရှိသူများအပေါ် တာဝန်ကျရောက်ပါသည်။ အကယ်၍  ကျွန်ုပ်တို့က သူတို့ကို အကာအကွယ်ပေးမှသာ ကျွန်ုပ်တို့ကို သူတို့က အကာအကွယ်ပေးနိုင်သည်။

G20 သည် မကြုံစဘူးသေးသည့် စီးပွားဆိုင်ရာ ရင်းနှီးမြှုပ်နှံ့လှုံ့ဆော်မှု အဖြစ် ငွေ $5 ထရီလီယံ ကြီးမားသည့် ကတိကဝတ်ကို တာဝန်ခံခဲ့ပါသည်။ အဆိုပါ ကတိကဝတ်တွင် ပါဝင်သည်မှာ ကျန်းမာရေးအတွက် အကြီးအကျယ် တိုးမြှင့်ပေးမှု၊ အလုပ်သမားများအတွက် အကာအကွယ်ပေးမှုများ၊ အလုပ်များနှင့် စီးပွားရေးနှင့်တကွ တစ်ကမ္ဘာလုံးဆိုင်ရာ အခက်အခဲများကို ရင်ဆိုင်ရန် ဘက်စုံလုပ်ဆောင်ရေးနှင့် လုပ်ကိုင်စွမ်းရည် ကျဆင်းလာချိန်၌ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် တာဝန်ယူမှုတို့ ပါဝင်ပါသည်။   ဤရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် စီးပွားလုပ်ငန်းနှင့် သမဂ္ဂများအနေဖြင့် အခရာကျသည့် အထောက်အပံ့ကို ပုံဖော်ရန်နှင့် သွတ်သွင်းရန်အတွက် လူမှုရေးဆိုင်ရာ စကားပြောဆိုမှုမှာ အရေးပါပါသည်။  

သို့သော်လည်း ကျွန်ုပ်တို့ စီးပွားလုပ်ငန်းအား သတိပေးသည်မှာ သူတို့တွင် လူသား အခွင့်အရေးများကို လေးစားရန် တာဝန်ရှိသည်၊ ၎င်းတွင် မိမိတို့၏ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်များရှိ အလုပ်သမားများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးကို အကာအကွယ်ပေးရန် တာဝန်တစ်ရပ် ပါဝင်ပါသည်။  အလုပ်သမားများ၊ အလုပ်များကို အကာအကွယ်ပေးရန်နှင့် ကုန်စည်ဖြန့်ချီရေးကွင်းဆက်များကို ဆက်လက် ဖွင့်ထားပေးရန်အတွက် သမဂ္ဂများနှင့်အတူ ပူးတွဲလုပ်ကိုင်ပေးသည့် ထိုထိုသော ကုမ္ပဏီများကို ကျွန်ုပ်တို့ ကျေးဇူးတင်ပါသည်၊ သို့သော်လည်း မိမိ၏ ကိုယ်ပိုင် အမြတ်အစွန်းကိုသာ ကြည့်နေကြသည့် အခြားသူများအား သူတို့သည်လည်း အန္တရာယ်ရှိကြောင်း နားလည်စေရန် ကျွန်ုပ်တို့ ဆော်သြပါသည်။

ဤကမ္ဘာအနှံ့ရောဂါပျံ့နှံ့ကပ်ဘေးကြီးသည် ကုန်စည်ဖြန့်ချီရေး ကွင်းဆက် ပုံစံ၏ လူသားမဆန်မှုကို ကျေကွဲစွာဖြင့် ထိတွေ့ခဲ့သည်၊ ၎င်းသည် အလုပ်လုပ်သူလူတမ်းစားကို ရက်ရက်စက်စက် ဖိနှိပ်ပါသည်၊ အထူးသဖြင့် အမျိုးသမီးနှင့် ပြောင်းရွှေ့အခြေချသူများအား လူသားအခွင့်အရေးများနှင့် အလုပ်သမား အခွင့်အရေးများကို ငြင်းဆိုမှု၊ ဆင်းရဲမွဲတေသော လုပ်ခများနှင့် မခိုင်မြဲသော အလုပ်တို့မှ တစ်ဆင့် ဖြစ်ပါသည်။  ကျွန်ုပ်တို့သည် ကြွယ်ဝမှုကို ဝေမျှရေးနှင့် အားလုံးအတွက် ရည်မွန်သော အလုပ် ပုံစံသို့ ပြောင်းလဲပေးမည့် ကတိကဝတ်အသစ်ဖြင့် ဤကပ်ဘေးကြီးမှ ပေါ်ထွက်လာရမည်ဖြစ်သည်။  

ဤဘေးကပ်ကြီးအတွင်း ကျွန်ုပ်တို့ နည်းလမ်းအတိုင်း ကျွန်ုပ်တို့ အလုပ်လုပ်ကိုင်စဥ် ကျွန်ုပ်တို့သည် ခိုင်မာပြီး တည်တံ့ခိုင်မြဲကာ ပိုမိုညီမျှသော စီးပွားရေးများကို တည်ဆောက်လိုလျှင် ကျွန်ုပ်တို့ သင်ခန်းစာများကို လေ့လာ ဆည်းပူးရမည်ဖြစ်သည်။  ပုံစံတကျမဟုတ်သော အလုပ်အကိုင်နှင့် အလုပ်သမား အခွင့်အရေးများ တိမ်ကောမှုနှင့် အတူဒွန်တွဲလျက်ရှိသော  အကွဲအပြဲရှိသည့် စီးပွားရေး စနစ်သည် အနာဂတ်တွင် အလုပ်ဖြစ်အောင်လုပ်မည့် အရည်အသွေးရှိမည် မဟုတ်ပါ။

 

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.