Skip to main content

ကမ္ဘာကြီးကို ရှင်သန်နေအောင် လုပ်ပေးနေသည့်အတွက် သယ်ယူပို့ဆောင်ရေး အလုပ်သမားများအား ကျေးဇူးတင်

27 Mar 2020

ITF အထွေထွေ အတွင်းရေးမှူးဖြစ်သူ Stephen Cotton ထံမှ အမှာစာ

ခင်မင်ရသော မိတ်ဆွေများ၊

ဤသို့သော လိုအပ်နေသည့်အချိန်တွင် သယ်ယူပို့ဆောင်ရေး အလုပ်သမားများကို ကိုယ်စားပြုရသည့် အဖွဲ့အစည်းတစ်ခု၌ အထွေထွေ အတွင်းရေးမှူးဖြစ်ရသည်ကို ကျွန်ုပ် ဂုဏ်ယူပါသည်။  လူသားများ မည်ကဲ့သို့ ကြံ့ခိုင်ကြောင်းနှင့် တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်စည်သယ်ယူပို့ဆောင်ရေးမှာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများအနေဖြင့် ကမ္ဘာကြီး ရှင်သန်နေအောင် မည်သို့ဆက်လက် လုပ်နေကြောင်း Covid-19 ဖြစ်ပွားမှုနှင့် ကူးစက်ပျံ့နှံ့မှုက တစ်ဖန် နောက်တစ်ကြိမ် ထင်ပေါ်ပေးလိုက်ပါသည်။

သယ်ယူပို့ဆောင်ရေး အလုပ်သမားများမှာ များသောအားဖြင့် မမြင်ရသည့် သူရဲကောင်းများဖြစ်ပါသည်၊ သူတို့ကို သူတို့၏ စွန့်လွှတ်ပေးမှုများအတွက် အမြဲလိုလို အသိအမှတ်ပြု မခံရပါ။  သို့သော်လည်း ကမ္ဘာတစ်ဝန်း Covid-19 ကို တွန်းလှန်သည့်တိုက်ပွဲတွင် ကျွန်ုပ်တို့ အဖွဲ့ဝင်များ ပါဝင်ဆောင်ရွက်ပေးနေသည့် မယုံကြည်နိုင်လောက်သော ပံ့ပိုးမှုကို ဤဘေးကပ်ကြီးက ထောက်ပြခဲ့ပါသည်။

သယ်ယူပို့ဆောင်ရေး အလုပ်သမားများသည် ကုန်စည်ပို့ဆောင်ရေး ကွင်းဆက်များနှင့် ကမ္ဘာကြီးအား ရှင်သန်နေစေရေးအား ဆက်စပ်ပေးနေသည့် တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး၏ အသက်သွေးကြောဖြစ်ပြီး   Covid-19 အခက်အခဲ စိန်ခေါ်မှုကို အောင်မြင်စွာ တွန်းလှန်ရာ၌ အခရာကျပါသည်။

သယ်ယူပို့ဆောင်ရေး အလုပ်သမားများမှာ ရှေ့တန်းမျက်နှာပြင်မှ အန္တရာယ်ကို ကြုံတွေ့နေရကြောင်းကိုလည်း ကျွန်ုပ်တို့ အသိအမှတ်ပြုရမည်။  မြောက်မြားစွာသော ကျွန်ုပ်တို့၏ အဖွဲ့ဝင်များသည် မိမိတို့၏ ကိုယ်ရေးကိုယ်တာ လုံခြုံမှု နှင့် တစ်ခါတစ်ရံ မိမိတို့၏မိသားစု လုံခြုံမှုထက် အများပြည်သူ လိုအပ်ချက်ကို များသောအားဖြင့် ရှေ့တန်းတင်ပေးကြရသည်။

ဤသို့ စောက်ချလုပ်ကိုင်ခြင်း မရှိဘဲ ဖြစ်လျှင် ဆရာဝန်များနှင့် သူနာပြုများ အပါအဝင် အလုပ်သမားများသည် အလုပ်တက်ရန် အခက်အခဲများနှင့်ရုန်းကန်နေရခြင်း၊ ကုန်စည်ဖြန့်ချီရေးကွင်းဆက်များ ပျက်သုဥ်းခြင်း၊ နှင့် ခရီးသည်များ ကမ္ဘာတစ်ဝန်း ချောင်ပိတ်မိနေခြင်းတို့ကို ကျွန်ုပ်တို့ မြင်တွေ့ရပါလိမ့်မည်။   

ကျွန်ုပ် လေယာဥ်အမှုထမ်းတစ်ဦး၊ ဘတ်စ်ကားမောင်းသမားတစ်ဦး သို့မဟုတ် ဆိပ်ကမ်းအလုပ်သမားတစ်ဦး နှင့်စကားပြောဆိုသည့်အခါ၊ သူတို့ကိုယ်တိုင်အတွက်နှင့် သူတို့၏လိုအပ်ချက်များမှာ ပြောဆိုသမျှအရာများအနက် နောက်ဆုံးပိတ် အရာသာဖြစ်နေသည်ဟု မယုံကြည်နိုင်လောက်အောင် နိမ့်ချလျက်ရှိနေကြောင်း ကျွန်ုပ်အနေဖြင့်  သိရှိရသည်။ သူတို့၏ အလေးထားအာရုံစိုက်မှုမှာ အလုပ်ကို ပြီးအောင် လုပ်ကိုင်ရေးနှင့် ကျွန်ုပ်တို့အားလုံး၏ ဘဝများ ဖြစ်နိုင်သမျှ အကောင်းဆုံးနည်းလမ်းဖြင့် ဆက်လက် ရှင်သန်နိုင်အောင် သေချာပေးစေရေးအပေါ် အာရုံစိုက်မှုဖြစ်ပါသည်။

မြောက်မြားစွာသော မိသားစုများနှင့် လူမှုအသိုင်းအဝိုင်းများအနေဖြင့် ကျွန်ုပ်သိရှိသည်မှာ သယ်ယူပို့ဆောင်ရေး ကဏ္ဍ၌ အလုပ်လုပ်နေကြသော သူတို့၏ ချစ်ခင်ရသူများအတွက် အမှန်တကယ် စိုးရိမ်မှုများရှိနေကြပါသည်။  အထူးသဖြင့် ကမ္ဘာတစ်ဝန်းရှိ အစိုးရများအနေဖြင့် ပိတ်ဆို့မှုများကို အမိန့်ချမှတ်ခဲ့ပြီး လူများအား အိမ်တွင်း နေထိုင်ရန် ဆော်သြနေသည့်အလျောက်  ဤကိစ္စမှာ သဘာဝ ကျပါသည်။

သို့သော်လည်း ကျွန်ုပ် သင့်အား အာမခံလိုသည်မှာ ITF နှင့် ၎င်း၏ အဖွဲ့ဝင်များသည် ကျွန်ုပ်တို့၏ အလုပ်သမားများ၊ သူတို့၏ မိသားစုများတို့အား အကာအကွယ်ပေးရန် တတ်နိုင်သမျှ အရာရာတိုင်းကို ကျွန်ုပ်တို့ လုပ်ပေးပြီး မြောက်မြားစွာသော သယ်ယူပို့ဆောင်ရေး အလုပ်သမားများ လုပ်ပေးနေသည့် ပံ့ပိုးမှုများအပေါ် မီးမောင်းထိုး ပြမည်ကို သေချာစေအောင် တာဝန်ယူထားပါသည်။

သင်သည် သင်္ဘောသားတစ်ဦး သို့မဟုတ် လေကြောင်း အလုပ်သမားတစ်ဦး၊ ဘတ်စ်ကား မောင်းသမား သို့မဟုတ် ခရီးသွားလုပ်ငန်း အလုပ်သမားတစ်ဦးဖြစ်သည်မှာ ကိစ္စမရှိပါ၊ ဘေးကင်းလုံခြုံစွာ အိမ်ပြန်ရန် သင့်အခွင့်အရေးကို ဦးစားပေးထားရှိရမည်ဖြစ်သည်။  ကျွန်ုပ်တို့ အဖွဲ့ဝင်များအနေဖြင့် တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကို ရှင်သန်ချောမွေ့အောင် ကြိုးစားလုပ်ပေးနေစဥ် ဤကိစ္စသည် မယုံကြည်နိုင်လောက်အောင် အရေးကြီးသည့် ပြဿနာတစ်ခု ဖြစ်ပါသည်။  

ကုန်အရောင်းဆိုင်များရှိ အစားအစာနှင့် ဆေးအရောင်းဆိုင်များရှိ ဆေးဝါးများ ၎င်းနေရာများသို့ မည်ကဲ့သို့ ရောက်ရှိသည်ကို တစ်ဆိတ်လောက်ရပ်ပြီး စဥ်းစားကြည့်ပါဟု ကျွန်ုပ်အနေဖြင့် ကျွန်ုပ်တို့ လူမှုအသိုင်းအဝိုင်းရှိ အဖွဲ့ဝင်တိုင်းကို သတိပေးပါသည်။  မသေချာမရေရာသော အနာဂတ်ကို ကြုံတွေ့ရန်နှင့် များမကြာမီ အနာဂတ်ကာလ၌ ခရီးသွားလုပ်ငန်းနှင့် လေကြောင်းကဏ္ဍများ ကြုံတွေ့ကြရမည့် အလွန်ကြီးမားသော အခက်အခဲများအကြား သင့် ပံ့ပိုးမှုကို ယခု လိုအပ်နေသည့် အခြားသော သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အကြောင်း စဥ်းစားကြည့်ပါ။ ဤအခရာကျစွာ အရေးကြီးသော ကဏ္ဍများကို အားထားနေရသည့် ထောင်ပေါင်း များစွာသော အလုပ်များနှင့် လူမှုအသိုင်းအဝိုင်းများကို စဥ်းစားကြည့်ပါ။

သင့်အနေဖြင့် ကျွန်ုပ်တို့ကဲ့သို့ အတူတူဖြစ်သော ကောက်ချက်များကို ချမည်ဟု ကျွန်ုပ် မျှော်လင့်ပါသည်။ ဤရောဂါကတ်ဆိုးကြီးအား ကျော်ဖြတ်သွားရန် သူတို့အပေါ် အားထားနေရသည့် ကျွန်ုပ်တို့အထဲမှ လူတိုင်းကဲ့သို့ ကမ္ဘာ့ သယ်ယူပို့ဆောင်ရေး အလုပ်သမားများသည် အတူတူဖြစ်သော ကတိကဝတ်တာဝန်ခံမှုနှင့်ပံ့ပိုးမှုကို ရထိုက်ပါသည်။  ကျွန်ုပ်တို့အတွက် သယ်ယူပို့ဆောင်ရေး အလုပ်သမားများက ဘာလုပ်ပေးမလဲဟု မမေးဘဲ သူတို့အတွက် ကျွန်ုပ်တို့ ဘာလုပ်ပေးနိုင်သလဲဟု မေးရန် ကျွန်ုပ်တို့အတွက် အချိန်ကျရောက်ပါပြီ။

ပေါင်းစည်းပြီး စည်းလုံးညီညွှတ်စွာဖြင့်၊

Stephen Cotton
ITF အထွေထွေ အတွင်းရေးမှူး

 

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.