Skip to main content

Covid-19 အရေးပေါ် စီးပွားရေးဆိုင်ရာ ငွေကြေးမြှုပ်နှံလှုံ့ဆော်မှု နှင့် အလုပ်ခွင် အရေးယူလုပ်ဆောင်မှုများ လိုအပ်

16 Mar 2020
Credit: Dipartimento Protezione Civile

ITF နှင့် တစ်ကမ္ဘာလုံးဆိုင်ရာ သမဂ္ဂ အဖွဲ့အစည်းများသည် အလုပ်သမားများနှင့် တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့်တကွ ၎င်းစီးပွားရေးအပေါ် မှီခိုနေရသည့် လူမှုအဆောက်အအုံတို့အား အကာအကွယ်ပေးရန်အတွက် အရေးပေါ် လုပ်ဆောင်မှု လုပ်ပေးရန် အစိုးရများနှင့် အလုပ်ရှင်များအား တိုက်တွန်းလိုက်ပါသည်။ တစ်ကမ္ဘာလုံးဆိုင်ရာ သမဂ္ဂများ ကောင်စီ  (Council of Global Unions (CGU))  သည် ယနေ့တွင် ထုတ်ပြန်ချက် တစ်ရပ်ကို ထုတ်ပြန်လိုက်သည်၊ အလုပ်သမားများ၏ ကျန်းမာရေးနှင့် အလုပ်ခွင်ရှိ သူတို့၏ အခွင့်အရေးများကို အကာအကွယ်ပေးရန် အတူတကွ လက်တွဲစုပေါင်းလုပ်ကိုင်ရန်အတွက် အရေးပေါ် စီးပွားရေးဆိုင်ရာ ငွေကြေးမြှုပ်နှံလှုံ့ဆော်မှု လုပ်ပေးရန်အတွက်နှင့် သမဂ္ဂများ၊ အလုပ်ရှင်များနှင့် အစိုးများအကြား ညှိနှိုင်းပြောဆိုပွဲ လုပ်ပေးရန်အတွက် အဆိုပါ ထုတ်ပြန်ချက်အားဖြင့် တောင်းဆိုခြင်းဖြစ်သည်။

ITUC အထွေထွေ အတွင်းရေးမှူးဖြစ်သူ Sharan Burrow က ပြောကြားခဲ့သည်မှာ- "အစိုးရတွေအနေနဲ့ အလုပ်သမားတွေနှင့်သူတိုရဲ့ မိသားစု ကျန်းမာရေးနှင့် ဝင်ငွေ အပြင် အဖြစ်မှန် စီးပွားရေးကို တည်ငြိမ်ပေးနေစေဖို့အတွက် အကာအကွယ်ပေးဖို့ အရေးပေါ် စီးပွားရေးဆိုင်ရာ ငွေကြေးမြှုပ်နှံလှုံ့ဆော်မှု အစီအစဥ်တွေနှင့် အလုပ်ခွင် အရေးယူ လုပ်ဆောင်မှုတွေ ချမှတ်ပေးဖို့အတွက် လုပ်ရမှာဖြစ်ပါတယ်။"

"Covid-19 ကြောင့် ဖြစ်ပွားတဲ့ ကျန်းမာရေးစနစ်အပေါ် ကြီးမားတဲ့ ဖိအားပေးမှုတွေဟာ အင်မတန်ကြီးမားတဲ့ လူထု ကျန်းမာရေး အခက်အခဲတွေ စိတ်ပျက်စရာကောင်းအောင်ဖြစ်ပေါ်နေပါတယ်။ ကျန်းမာရေး အလုပ်သမားတွေဟာ ကပ်ဘေးကြီးရဲ့ စီးပွားဆိုင်ရာ၊ လူမှုရေးဆိုင်ရာနှင့် ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုတွေရဲ့ ရှေ့တန်းမျက်နှာပြင်မှာ ရှိနေကြပြီးတော့ ကဏ္ဍအသီးသီးမှာရှိတဲ့ အလုပ်သမားတွေဟာ အန္တရာယ်နှင့် ထိတွေ့ခံရတဲ့အခါမှာ ကုသမှုအတိုင်းအတာ လျှော့ပါးမှုရဲ့ ရှောင်တခင် အဆိုးအရွားဆုံး အခြေအနေကို ရင်ဆိုင်ခံစားနေရတဲ့ ကျန်းမာရေးနှင့် စောင့်ရှောက်ရေး အလုပ်သမားတို့ရဲ့ ရဲစွမ်းသတ္တိကို ကျွန်ုပ်တို့ အသိအမှတ်ပြုပါတယ်။

"အရေးပေါ် စီးပွားရေးဆိုင်ရာ ငွေကြေးမြှုပ်နှံ့လှုံ့ဆော်မှု လုပ်ရပ်တွေမှာ ပါဝင်ရမှာကတော့ - လုပ်ခဖြင့် နာမကျန်းခွင့်၊ အိမ်ရာ၊ လျှပ်စစ်၊ အစားအစာနှင့် အခြားသော မရှိမဖြစ်လိုအပ်တဲ့ အရာပစ္စည်းတွေရဲ့ ကုန်ကျစရိတ်တွေကို ကာမိစေဖို့အတွက် ဝင်ငွေကိုထိန်းပေးဖို ပါဝင်ရမှာဖြစ်တဲ့အပြင် အလုပ်သမားအားလုံးအတွက် သူတို့ရဲ့ အလုပ်အကိုင် အဆင့်အတန်းကို မသက်ဆိုင်စေဘဲ လူမှုရေးဆိုင်ရာ အကာအကွယ်ပေးမှုတွေ တို့ချဲ့ပေးဖို့ဘဲ ဖြစ်ပါတယ်။ အဲ့ဒါဟာ အလုပ်အကိုင်တွေနှင့်စီးပွားရေးကို ထိန်းထားဖို့၊ လုပ်ခတွေ၊ အလုပ်သမားတွေရဲ့ လူမှုဖူလုံရေးနှင့် အသေးစား-နှင့်- အလယ်အလတ်တန်းစား စီးပွားလုပ်ငန်းတွေ (SMEs) ကို အကာအကွယ်ပေးဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။ ၂၀၀၈/၀၉ ခုနှစ် ဆိုက်ကပ်ဘေးရဲ့ သင်ခန်းစာတွေက ဖော်ညွှန်းခဲ့တာဟာ အလုပ်လုပ်သူလူတန်းစား မိသားစုတွေ လိုအပ်တဲ့  ဝင်ငွေပံ့ပိုးမှုနှင့် စီးပွားလုပ်ငန်းတွေ အကျိုးဖြစ်ထွန်းတဲ့ ဝင်ငွေပံ့ပိုးမှုကို လျာထားသတ်မှတ်ချက်ဖြစ်ရမှာဖြစ်ပြီး ဘဏ်တွေနှင့် ငွေကြေးဆိုင်ရာ အဖွဲ့အစည်းတွေကို ငွေကြေးဆိုင်ရာအကူအညီပေးဖို့ မဟုတ်ပါဘူး။ အစိုးရတွေအနေနဲ့ ဖက်စုံ အဖွဲ့အစည်းတွေနှင့် ပူးပေါင်းပြီး ဆက်သွယ်လုပ်ဆောင်ဖို့၊ တုံ့ပြန်မှုအားနည်းတဲ့ နိုင်ငံတွေအတွက် ပျက်သုဥ်းမှုကို စောင့်ကြပ်ကြည့်ရှုပေးဖို့အပြင် Covid-19 ကြောင့် ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့အတွက် အဓိကကျတဲ့ အထောက်အပံ့အကူအညီ စွမ်းဆောင်ရည်ကို သေချာစေဖို့ လိုအပ်မှာဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (ITF) ၏ အထွေထွေအတွင်းရေးမှူးတစ်ဖြစ်လည်း  CGU ၏ ဥက္ကဌဖြစ်သူ Stephen Cotton က ပြောကြားခဲ့သည်မှာ- "ဒီကမ္ဘာအနှံ့ဖြစ်ပွားတဲ့ရောဂါဟာ စီးပွားလုပ်ကိုင်ဖို့ ခက်ခဲတဲ့ပတ်ဝန်းကျင်တစ်ရပ်ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ အသိအမှတ်ပြုပါတယ်၊ ဒါပေမဲ့ အလုပ်ရှင်တွေအနေနဲ့ မိမိတို့ရဲ့ ဖြန့်ချီရေးကွင်းဆက်တစ်လျှောက်လုံးမှာ အလုပ်သမားတွေအတွက် ကာကွယ်မှုတွေလုပ်ပေးဖို့ ပြတ်ပြတ်သားသားနှင့် တာဝန်သိသိ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ Covid-19 ကူးစက်မှုမှ အလုပ်သမားတွေကို ကာကွယ်ပေးဖို့ သူတို့ရဲ့ စောင့်ရှောက်ရမဲ့တာဝန် အဖြစ်ကနေ စတင်ရမှာဖြစ်ပါတယ်၊ ပြီးတော့ အလုပ်သမားတွေရဲ့ လုပ်ခတွေကို အလုပ်အကိုင်အဆင့်အတန်း မသက်ဆိုင်စေဘဲ ကာကွယ်ပေးမှုကို တိုးချဲ့ပေးဖို့၊ နာမကျန်းခွင့်ကို အာမခံပေးဖို့နှင့်တကွ အဆိုပါ ဆိုက်ကပ်ဘေးအတောအတွင်း ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ အလုပ်လုပ်ကိုင်ရာ အခြေအနေတွေကို ပံ့ပိုးပေးဖို့ဖြစ်ပါတယ်။ Covid-19 ကြောင့် ဖြစ်ပေါ်တဲ့ အခက်အခဲတွေကို ကျွန်တော်တို့ စုပေါင်းပြီး တွန်လှန်နေချိန်မှာ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေနှင့် လူမှုဖူလုံရေးကို ဦးစားပေးလုပ်ဆောင်ပေးဖို့ ကျွန်တော်တို့အနေနဲ့ အလုပ်ရှင်တွေဆီက တောင်းဆိုပါတယ်။

တစ်ကမ္ဘာလုံးဆိုင်ရာ သမဂ္ဂများ၏ ကောင်စီ (CGU) ပူးတွဲ ထုတ်ပြန်ချက်

SARS-CoV-2 ဗိုင်းရတ်စ်နှင့် Covid-19 ရောဂါ မြန်မြန်နှင့် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့မှုကြောင့် ကျန်းမာရေးကို ကာကွယ်ပေးရန်နှင့် စီးပွးရေးတွင် ငွေကြေးရင်းနှီးမြှုပ်နှံပေးရန် အရေးပေါ် တစ်ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်မှုတစ်ရပ် လိုအပ်ပါသည်။ အစိုးရများနှင့် အလုပ်ရှင်များသည် အလုပ်သမားများအား အကာအကွယ်ပေးရန်နှင့် အလုပ်ခွင်များ၌ ကူးစက်မှုကို တွန်းလှန်ရန် အရေးယူဆောင်ရွက်ရမည်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေ (International Monetary Fund (IMF)) က Covid-19 သည် ၂၀၀၈ ခုနှစ် စီးပွားရေးကျဆင်းမှုဆိုက်ကပ်ဘေးနှင့် အလားတူ စီးပွားရေးကျဆင်းမှု တစ်ရပ် ဖြစ်ပွားနိုင်မည်ဖြစ်ကြောင်း သတိပေးခဲ့သည်။  အစိုးရများအတွက် အတူတကွ လုပ်ဆောင်ရန် လိုအပ်မှုနှင့် ဖက်စုံ အဖွဲ့အစည်းများမှတစ်ဆင့် စီးပွားရေးကို ရိုင်မလဲ သွားစေရန်နှင့် လူများအား အလုပ်တွင်မြဲနေစေရန်မှာ ရှင်းလင်းပါသည်။  တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတွင် စီးပွားရေးဆိုင်ရာ ငွေကြေးရင်းနှီးမြှုပ်နှံမှု လိုအပ်သည်၊ ၎င်းသည် အဖြစ်မှန် စီးပွားရေး၊ အလုပ်သမားများနှင့် အသေးစား စီးပွားလုပ်ငန်းများသို့ လက်လှမ်းမှီစေပြီး အလုပ်အကိုင်၊ အသက်မွေးဝမ်းမှုများနှင့် လူမှုအသိုင်းအဝိုင်းများအား ဦးစားပေးလုပ်ဆောင်စေမည်ဖြစ်ပါသည်။  အချိန်ပိုင်း-အလုပ်သမားများ၊ ပြောင်းရွှေ့အလုပ်သမားများ၊ နယ်မြေတွင်း-မဟုတ်သည့် အလုပ်သမားများ၊ မရေမရာ အလုပ်သမားများ၊ ယာယီအလုပ် အလုပ်သမားများ နှင့် ကျဘမ်း အလုပ်သမားများ အပါအဝင်ဖြစ်သော အလုပ်သမားအားလုံးအတွက် ဝင်ငွေ အထောက်အပံ့သည် မရှိမဖြစ် လိုအပ်ပါသည်။

အလုပ်သမားများသည် Covid-19 ကိုရိုနာဗိုင်းရတ်စ်၏ စီးပွားဆိုင်ရာ၊ လူမှုရေးဆိုင်ရာနှင့် ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ၏ ရှေ့တန်းမျက်နှာပြင်ပေါ်၌ ရှိနေကြပါသည်။  ၎င်းသူတို့ကို အကာအကွယ်ပေးရန် ပျက်ကွက်မှုသည် ရောဂါပျံ့နှံ့မှုကို ပိုမိုတိုးမြင့်စေပါမည်။ လုပ်ခဖြင့်-ခွင့် ခံစားပိုင်ခွင့်များကို ၎င်းတို့အား ရယူရန် အားနည်းသည့် အလုပ်သမားများအား ချက်ချင်း တိုးချဲ့ပေးစေရန်အတွက် အထူး ချအပ်ပေးခြင်းကို လုပ်ရမည်ဖြစ်ပြီး ရှိရင်းစွဲ နာမကျန်း ခွင့်ပေးအပ်မှုများကို ပိုမိုတိုးမြှင့်အောင် လုပ်ပေးရန်အပြင် အကာအကွယ်ပေးသည့် အလုပ်လုပ်ကိုင်ရာ အခြေအနေများနှင့် အစီအမံများကို သေချာစေရန်ကိုလည်း လုပ်ပေးရန်ဖြစ်သည်။

ပလက်ဖောင်းစီးပွားလုပ်ငန်းများ (platform businesses) ဟုအမည်တွင်သော ကြားမှနေ၍နှစ်ဖက် ကွင်းဆက် ချိတ်ပေးသည့် စီးပွားလုပ်ငန်းများ အပေါ် အလုပ်အကိုင်အတွက် မှီခိုနေရသည့် အလုပ်သမားများသည် လူမှုရေးဆိုင်ရာ အကာအကွယ်ပေးမှုကို လက်ခံရယူသင့်ပြီး ပလက်ဖောင်းစီးပွားလုပ်ငန်းရှင်များကိုယ်တိုင် ပေးသွင်းနေရသည့် ရန်ပုံငွေများမှ လျော်ကြေးကို လက်ခံရယူသင့်ပါသည်။

ဤကမ္ဘာသည် အလွန်ကြီးမားသည့် လတ်တလောနှင့် ဖြစ်ပေါ်လာရန်အလားအလာရှိသော ဆိုက်ကပ်ဘေးကြီးနှင့် ကြုံတွေ့နေပါသည်။  အခြေခံ အဆောက်အအုံနှင့် မိလ္လာစနစ် လုံလုံလောက်လောက်မရှိသည့် ဆင်းရဲသော နိုင်ငံများရှိ ဗိုင်းရတ်စ်ပိုး ပျံ့နှံ့မှုသည် သန်းပေါင်း ရာနှင့်ချီသောလူများအပေါ် အလွန်ကြီးမားလှသော ဒုက္ခများဖြင့် အန္တရာယ်ရှိပါသည်။  ထို့အပြင် Covid-19 ကြောင့် ကျန်းမာရေးစနစ်အပေါ်ဖြစ်ပွားသည့် ကြီးမားလှသော အခက်အခဲများမှာ အများပြည်သူ ကျန်းမာရေး အခက်အခဲ အသစ်တို့ကို ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည်။

လုပ်ငန်းကဏ္ဍ အသီးသီးမှ အလုပ်သမားများမှာ အန္တရာယ်နှင့် အထိအတွေ့ရှိနေစဥ် ကုသမှုအတိုင်းအတာ လိုအပ်မှု၏ လျှော့ပါးမှုနှင့် ရှောင်တခင် အဆိုးအရွားဆုံး အခြေအနေကို ရင်ဆိုင်ခံစားကြရမည့်သူမှာ ကျန်းမာရေးနှင့် စောင့်ရှောက်ရေး အလုပ်သမားများဖြစ်ကြပါသည်။  အများအပြားသော နိုင်ငံများတွင် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ရန်ပုံငွေမှာ မလုံမလောက်ဖြစ်နေသည် သို့မဟုတ် လူများတွင် ကျန်းမာရေး အာမခံလုပ်ထားမှု မရှိ၊ ထို့ပြင် ကျန်းမာရေးစနစ် အကောင်းဆုံးများတွင်ရှိနေသည့်တိုင် Covid-19 ၏ သက်ရောက်မှုများသည် အလွန့်အလွန် ကြီးမားနိုင်ပါသည်။  တစ်ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်မှုအနေဖြင့် ဤကိစ္စကို ရှေ့တန်းတင်ထားရမည်ဖြစ်သည်။

ဗိုင်းရတ်စ် ပျံ့နှံ့မှု၏ သက်ရောက်မှု နောက်ထပ် ပျံ့နှံ့နေစဥ် သမဂ္ဂများ၊ အလုပ်ရှင်များနှင့် အစိုးရများအကြား စကားပြောဆိုပွဲများနှင့် အလုပ်အကိုင်လုပ်ခ ညှိနှိုင်းမှုတို့မှာ အလုပ်ခွင်၌ အလုပ်သမားများ၏ ကျန်းမာရေးနှင့် သူတို့၏ အခွင့်အရေးများကို အကာအကွယ်ပေးရာ၌ အဓိကအားဖြင့် အရေးကြီးပါသည်။

အစိုးရများအနေဖြင့် ယနေ့ ဆိုက်ကပ်ဘေးကို တွန်းလှန်ရန် အောင်မြင်မှုအတွက်နည်းလမ်းသစ်ဖြင့် လုပ်ဆောင်ရမည် ဖြစ်သည့်အပြင် နောင်အနာဂတ် ဖြစ်လာမည့်ရောဂါဆိုက်ကပ်ဘေးများကို ကြိုတင်ပြင်ဆင်ပြီးတားဆီးရန်ဖြစ်ပါသည်။  အလုပ်သမားများနှင့် သူတို့၏ အလုပ်ခွင်များသည် ဤကိစ္စအတွက် အဓိကဗဟိုချက်ဖြစ်ပါသည်။

ကမ္ဘာတစ်ဝန်း အလုပ်သမားများ သန်းပေါင်း ၂၀၀ ကိုကိုယ်စားပြုနေသော တစ်ကမ္ဘာလုံးဆိုင်ရာ သမဂ္ဂများ ကောင်စီ (Council of Global Unions (CGU)) သည်  အစိုးရများအား အောက်ပါတို့ကို လုပ်ဆောင်ပေးရန် တောင်းဆိုပါသည်-

  • ချက်ချင်း လုပ်ခဖြင့် နာမကျန်းခွင့် ခံစားပိုင်ခွင့်များကို တိုးချဲ့ပေးရန်၊ တရားဝင် အလုပ်သမားများ၊ ယာယီအလုပ် အလုပ်သမားများ၊ မရေမရာ အလုပ်သမားများ နှင့် ကျဘမ်းအလုပ်သမားများ အပါအဝင်ဖြစ်သော အလုပ်သမား အားလုံးအတွက် သူတို့၏ အလုပ်အကိုင်အဆင့်အတန်း မသက်ဆိုင်စေဘဲ ဝင်ငွေကို ထိန်းပေးရန်နှင့် လူမှုရေးဆိုင်ရာ အကာအကွယ်ပေးမှုများကို တိုးချဲ့ပေးရန်
  • ငွေကြေးမြှုပ်နှံ့စီးပွားလှုံ့ဆော်မှု လုပ်ရပ်များကို အလုပ်အကိုင်များနှင့် စီးပွားရေးကို ထိန်းထားပေးစေသည့်၊ လုပ်ခများ၊ အလုပ်သမားများ၏ လူမှုဖူလုံရေးနှင့်တကွ အသေးစား-နှင့် အလယ်အလတ်- စီးပွားလုပ်ငန်းများ (SMEs) ကို အကာအကွယ်ပေးစေရန် ရည်ရွယ်သည့် အစိုးရ သုံးစွဲမှုများ ပြဌာန်းပေးရန်
  • ဖက်စုံ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး လက်တွဲလုပ်ကိုင်ဆောင်ရွက်ရန် နှင့် Covid-19 ကြောင့် ဖြစ်ပွားသည့် ခြိမ်းခြောက်မှုများကို တွန်းလှန်ရန် အင်အားနည်းသည့် နိုင်ငံများအား အထောက်အပံ့ တိုးမြှင့်ပေးရန်နှင့် ဖက်စုံ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် နိုင်ငံလုံးဆိုင်ရာ လိုအပ်ချက်များကို စိစစ်ရန်နှင့် သင့်တော်သလို တုံ့ပြန်ပေးရန်ကို သေချာစေရန်

CGU သည် အလုပ်ရှင်များအား အောက်ပါတို့ကို လုပ်ဆောင်ပေးရန် တောင်းဆိုသည်-

  • အလုပ်သမားများ၏ ကျန်းမာရေး၊ အခွင့်အရေးများနှင့် လူမှုဖူလုံရေးတို့အပေါ် ခြိမ်းခြောက်မှုများကို ဖော်ထုတ်ပေးရန်နှင့် အလုပ်ခွင် တုံပြန်မှုများကို ဖွံ့ဖြိုးပေးပြီး အကောင်အထည်ဖော်ပေးရန်အတွက် ကုန်သွယ်သမဂ္ဂများကို အသိအမှတ်ပြုပြီး ညှိနှိုင်းဆောင်ရွက်ပေးရန်
  • မိမိတို့၏ စီးပွားလုပ်ငန်းနှင့် ဖြန့်ချီရေးကွင်းဆက်များရှိ အလုပ်သမားအားလုံးအတွက် မိမိတို့၏ စောင့်ရှောက်ရမည့် တာဝန်ကို အသိအမှတ်ပြုပြီး လုပ်ဆောင်ပေးရန်အပြင် Covid- 19 ကြောင့် ဖြစ်ပေါ်သော ခြိမ်းခြောက်မှုများ အပေါ် မိမိတို့၏ တုံ့ပြန်မှုလုပ်ဆောင်ရာ၌ ဤအလုပ်သမားများ၏ အခွင့်အရေးများနှင့် လူမှုဖူလုံရေးကို ဦးစားပေးနေရင်း ပစ္စည်းပေးသွင်းသူများနှင့် ကန်ထရိုက်စာချုပ်များကို ထိန်းထားပေးစေရန်
  • Covid-19 ခြိမ်းခြောက်မှုများကို ဖော်ထုတ်ရန်၊ ကြိုတင်ကာကွယ်ရန်၊ လျှော့ချပစ်ရန်နှင့် အောင်မြင်ကျော်လွှားရန်နှင့် အလုပ်ရှင်နှင့် အစိုးရတို့၏ တုံ့ပြန်မှုများကို စိစစ်ရေးအတွက် လုပ်ငန်းဖြစ်စဥ်များ၌ အလုပ်သမားများ၏ ကိုယ်စားလှယ်များနှင့် အတူ ပါဝင်လုပ်ဆောင်ပေးရန်
  • ကျန်းမာရေး အကာအကွယ်ပေးမှုများနှင့် အစီအစဥ်များကို ချမှတ်ထားကြောင်း သေချာစေရန်နှင့် ၎င်းတို့ကို ခြွင်းချက်မရှိ လိုက်နာကြောင်း သေချာစေရန်
  • အမျိုးမျိုးသော နည်းလမ်းများမှတစ်ဆင့်၊ နှစ်ဖက် သဘောတူထားသည့် အလုပ်အကိုင်လုပ်ခ သဘောတူစာချုပ်မှတစ်ဆင့် အလုပ်သမားများအတွက် လုပ်ခများနှင့် လုပ်ခအပြည့်တို့ကို ကာကွယ်ပေးရန်
  • Covid-19 ဖြင့်ခြိမ်းခြောက်ခံရသော သို့မဟုတ် ကူးစက်ခံရသော မည်သည့်အလုပ်သမားများအတွက်မဆို နာမကျန်းခွင့် သို့မဟုတ် အပန်းဖြေခရီးသွားခွင့် ပုံစံဖြင့် ခွင့်သွားသည့် ပထမနေ့ရက်မှစ၍ လုပ်ခဖြင့်ခွင့်ကို အာမခံချက်ပေးရန်
  • Covid-19 ကြောင့် ထိခိုက်ခံရသည့် ပုံစံတကျ- မဟုတ်သော အလုပ်အကိုင်နှင့် အလုပ်နှင့်-ဆက်စပ်သည့် ကန်ထရိုက်အလုပ်များ အပါအဝင်ဖြစ်သော အလုပ်သမားအားလုံးအတွက် လျော်ကြေး ရန်ပုံငွေများ ထူထောင်ပေးရန် နှင့် ၎င်းတို့ကို တုံ့ပြန်ပေးရန်
  • အလုပ်သမားအားလုံးအတွက် လိုက်ဖက်ပြီးတာဝန်ခံသော အလုပ်ခွင်နေရာနှင့် အလုပ်လုပ်ကိုင်ရာ အစီအမံများကို ဆောင်ရွက်ပေးရန်

လိုအပ်လျှင် အလုပ်သမားအားလုံးအား အခမဲ့ ဆေးစစ်ဆေးမှု၊ ကုသမှု၊ လေ့ကျင့်သင်တန်း၊ အထူးသဖြင့် အကယ်၍ သူတို့မှာ ဆေးဖက်ဆိုင်ရာ ဝန်ဆောင်မှုများ ဆောင်ရွက်နေရလျှင် လေ့ကျင့်သင်တန်းအတွက် ကိရိယာပစ္စည်းနှင့် ပံ့ပိုးပစ္စည်းများတို့ကို ပေးသင့်သည်။ ပြောင်းရွှေ့အလုပ်သမားများ၏ အခြေအနေများကို အမြောက်အမြားမှာ အထူးသဖြင့် ထိခိုက်လွယ်သဖြင့် အထူးအာရုံစိုက်ပေးရမည်ဖြစ်သည်။ အလုပ်သားများ၏ သီးခြားနှင့်ကိုယ်ရေး အချက်အလက်များကို သူတို့ ဆေးဖက်ဆိုင်ရာနှင့် အခြား စမ်းသပ်မှုများနှင့် စစ်ဆေးမှုများကို Covid-19 ကြောင့် ဖြစ်ပွားသည့် ခြိမ်းခြောက်မှုများကို တုံ့ပြန်မှုတစ်စိတ်တစ်ပိုင်းအဖြစ် လုပ်သည့်အခါ အကာအကွယ်ပေးရမည်ဖြစ်သည်။ အလုပ်သမားများသည် သူတို့၏ လုပ်နေကျ အလုပ်လုပ်ရာနေရာသို့ ပြန်သွားနိုင်ရမည်ဖြစ်သည်၊  ဒေသခံ နှင့်/သို့မဟုတ် နိုင်ငံတော် အနေဖြင့် ရောဂါထိန်းချုပ်ရေးဆိုင်ရာ အရေးယူဆောင်ရွက်ချက်များကို ငွေကြေးဆိုင်ရာအရ သို့မဟုတ် သွားလာရေးဆိုင်ရာအရ  ထိုသို့ပြန်သွားရန်ကို တားမြစ်သည့်ကိစ္စ၌ တတ်နိုင်သမျှ လက်တွေ့ကျကျ အမြန်ဆုံး ပြန်သွားနိုင်ရမည်ဖြစ်သည်။

 

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.