Skip to main content

အလုပ်သမားများ သမဂ္ဂ ပါပူဝါ နယူးဂီနီနိုင်ငံတွင် စည်းလုံးညီညွှတ်ကြ

14 Feb 2020

ITF အဖွဲ့ဝင်ထားသော အလုပ်သမားများ၏ သမဂ္ဂများသည် ပိုမို၍ နီးနီးကပ်ကပ် အတူတကွ ပူးပေါင်းဆောင်ရွက်ရန် ပါပူဝါ နယူးဂီနီနိုင်ငံ၌ အုပ်စုအသစ်တစ်ခုကို ဖွဲ့စည်းလိုက်သည်။ 

နိုင်ငံလုံးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ပေးရေး ကော်မတီတွင် ပါပူဝါ နယူးဂီနီ ပင်လယ်ရေကြောင်းနှင့် သယ်ယူပို့ဆောင်ရေး အလုပ်သမားများ သမဂ္ဂ (Papua New Guinea Maritime and Transport Workers Union (PNGMTWU)) နှင့် နိုင်ငံလုံးဆိုင်ရာ လေကြောင်းလိုင်း အလုပ်သမားများ အသင်းအဖွဲ့ (National Airlines Employees’ Association (NAEA)) မှ အလုပ်လုပ်ကိုင်လျက်ရှိသောလူများ ပါဝင်ပါသည်။

Alvira Bunemiga (PNGMTWU) ကို ကော်မတီတွင် ငယ်ရွယ်သော သယ်ယူပို့ဆောင်ရေး အလုပ်သမားများ ကိုယ်စားလှယ်အဖြစ် ရွေးချယ်လိုက်ပြီး Rosie Koibua (NAEA) က အမျိုးသမီး သယ်ယူပို့ဆောင်ရေး အလုပ်သမားများအား ကိုယ်စားပြုမည်ဖြစ်ပြီး Eddie Fou (NAEA) က ဥက္ကဌဖြစ်ပါသည်။

ITF ကို အဖွဲ့ဝင်ရန် စဥ်းစားနေသည့် အများအပြားသော အခြား သမဂ္ဂများသည် လေ့လာသူများအဖြစ် အစည်းအဝေးကို တက်ရောက်ခဲ့ပါသည်။

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.