Skip to main content

သြစတသြေလျနိုင်ငံ တြောမီးတလာင်ြည့် တေးဒဏ်တသြောင့် အတေးတေါ် ြေုံ့ပေန်တေးဆိုင်ော ြတေဘောများ ေိုမိုလိုအေ

11 Feb 2020

သြစတြေးလျနိုင်ငံ ပင်လယ်ရေကြောင်းဆိုင်ရာ သမဂ္ဂ (The Maritime Union of Australia (MUA)) သည် သြစတြေးလျနိုင်ငံ အစိုးရထံသို့ အသနားခံလွှာတစ်ရပ်ကို တင်သွင်းလိုက်သည်၊ ၎င်းတွင် Aurora Australis သင်္ဘောကို ဝယ်ယူရန်အတွက်ဖြစ်သည်– ၎င်းသင်္ဘောမှာ ရည်ရွက်ချက်-စုံ သုတေသနလုပ်သည့်သင်္ဘောဖြစ်ပြီး Australian Antarctic Division မှ နွေရာသီအကုန်၌ အနားယူတော့မည့် ရိက္ခာပြန်ဖြည့်လုပ်ပေးသည့် သင်္ဘောဖြစ်သည်– ၎င်းကို သဘာဝ ဘေးဒဏ်များဖြစ်စဥ် အရေးပေါ်တုံ့ပြန်ပေးမည့် သင်္ဘောအဖြစ် အသုံးချရန်အတွက် ဝယ်ယူရန်ဖြစ်ပါသည်။

လွန်ခဲ့သည့် ၅ လအတွင်း သြစတြေးလျနိုင်ငံတွင် ခေတ်သစ်ကမ္ဘာတွင် မည်သည့်အခါမျှ မကြုံဘူးခဲ့သည့် အတိုင်းအတာအရ အစဥ်အလာမရှိခဲ့သော တောမီးလောင်ကျွမ်းမှုကို ကြုံတွေ့ခဲ့ပါသည်။ လူမှုအသိုင်းအဝိုင်းအပေါ် သက်ရောက်မှု၊ စိတ်မကောင်းဖွယ် အသက်နှင့်အိုးအိမ် ဆုံးရှုံးမှု၊ သန်းပေါင်း ရာနှင့်ချီသော တိရစ္ဆာန်များ သေဆုံးမှုနှင့်တကွ သြစတြေးလျနိုင်ငံ မြေယာရှုခင်း အကြီးအကျယ်ပျက်သုဥ်းမှုတို့သည် မယုံကြည်နိုင်လောက်အောင်ဖြစ်ခဲ့ပြီး စိတ်မကောင်းစွာဖြင့် ဤဖြစ်ရပ်မှာ ကျော်လွန်ခြင်း မရှိသေးပါ။

အဆိုပါ ဘေးဒဏ်တစ်လျှောက်လုံး အရပ်သား သင်္ဘောများသည် မီးဘေးကြောင့် အကြီးအကျယ် ထိခိုက်ခံနေရသည့် လှောင်ပိတ်အထီးကျန်ခံနေရသော လူမှုအသိုင်းအဝိုင်းတို့အား အစားအစာ၊ ရေ၊ လောင်စာနှင့် အခြားသော ကယ်ဆယ်ရေးဆိုင်ရာ ဖြန့်ချီပေးမည့်ပစ္စည်းများ ပေးပို့ပေးခြင်း၊ လွတ်မြောက်ထွက်ခွာမှုများကို ကူညီပေးခြင်းနှင့် ကာကွယ်ရေး ကိရိယာပစ္စည်းများနှင့် ကိုယ်ရေးကိုယ်တာ ပစ္စည်းများကို သယ်ယူပို့ဆောင်ပေးခြင်းနှင့် ခုံလှုံရာနေရာ ရှာဖွေနေသောလူများအား အရေးပေါ်နေထိုင်စရာ ပေးအပ်ခြင်းတို့အားဖြင့် အခရာကျသည့် ပံ့ပိုးမှုကို လုပ်ပေးခဲ့သည်။

MUA အသနားခံလွှာ တင်သွင်းခြင်းလုပ်ပြီးနောက် သြစတြေးလျနိုင်ငံ အလုပ်သမား ပါတီသည် ဝန်ကြီးချုပ် Scott Morrison ထံ Aurora Australis သင်္ဘောအား ဝယ်ယူရန်နှင့် အနာဂတ် တောမီးလောင်ကျွမ်းသည့် ဘေးဒဏ်ကို တုံ့ပြန်ရန်အတွက် သြစတြေးလျနိုင်ငံ၏ အရပ်သား ရေကြောင်းဆိုင်ရာ အရေးပေါ် တုံ့ပြန်ရေး စွမ်းရည်ကို တိုးမြှင့်ဖွံ့ဖြိုးပေးစေရန် တောင်းဆိုလိုက်ပါသည်။

အများပြည်သူ ထောက်ခံမှုအတွက် တောင်းဆိုမှုသည် ပင်လယ်ရေကြောင်းဆိုင်ရာ သမဂ္ဂများအနေဖြင့် ဤအပတ်၌ ခိုင်မာသော နိုင်ငံလုံးဆိုင်ရာ သင်္ဘောလုပ်ငန်း လုပ်ငန်းကဏ္ဍများ တည်မြဲခိုင်ခန့်ရေး၏ အရေးကြီးပုံနှင့် အရေးပါ အရာရောက်ပုံကို ဆွေးနွေးလိမ့်မည်ဖြစ်သည့် သြစတြေးလျနိုင်ငံရှိ ITF ၏ ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေး တပ်ဖွဲ့ (ITF’s Cabotage Task Force in Australia) တစ်ကမ္ဘာလုံးဆိုင်ရာ အစည်းအဝေးနှင့်လည်း တိုက်ဆိုင်လျက်ရှိပါသည်။

ကနေဒါနိုင်ငံ သင်္ဘောသားများ၏ အပြည်ပြည်ဆိုင်ရာ သမဂ္ဂ ဥက္ကဌနှင့် ITF ၏ ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေး တပ်ဖွဲ့ ဥက္ကဌဖြစ်သူ Jim Given က ပြောကြားခဲ့သည်မှာ တစ်ကမ္ဘာလုံးဆိုင်ရာ သမဂ္ဂများက ပူးပေါင်း၍ Aurora Australis သင်္ဘောကို ရယူရန်နှင့် သြစတြေးလျနိုင်ငံ၏ ပြည်တွင်း သင်္ဘောလုပ်ငန်း လုပ်ငန်းကဏ္ဍကို ခိုင်မာတောင့်တင်းပေးစေရန် Morrison အစိုးရအား တိုက်တွန်းပေးနေသည်ဟုဆိုသည်။ 

“ကျွန်တော်တို့ သြစတြေးလျနိုင်ငံမှာ ရှိနေပြီး ဒီအပတ် ပါလီမန်ဆီ ဦးတည်နေရတဲ့ အကြောင်းရင်းကတော့ သြစတြေးလျနိုင်ငံရဲ့ ပြည်တွင်း သင်္ဘောလုပ်ငန်း လုပ်ငန်းကဏ္ဍကို ပြန်လည်မွှမ်းမံရှင်သန်ပေးရခြင်းရဲ့ အရေးကြီးပုံကို ဆွေးနွေးဖို့ဘဲ ဖြစ်ပါတယ်။”

လွန်ခဲ့တဲ့ ၅ လကျော်လောက်ထဲက သြစတြေးလျနိုင်ငံမှာ ကြုံတွေ့နေပြီး၊ အရပ်သား သင်္ဘောတွေကနေ အရေးပေါ်တုံ့ပြန်မှုဖြစ်နေတဲ့ ဒီမယုံကြည်လောက်အောင်ဆိုးရွားတဲ့ တောမီးလောင်မှုတွေဟာ ဒီဟာတွေလို သေရမလောက်ဖြစ်စေတဲ့ အချိန်တွေအတွင်းမှာ ထိခိုက်ခံနေရတဲ့ လူမှုအသိုင်းအဝိုင်းထံ ဖြန့်ချီပစ္စည်းတွေ သယ်ယူပို့ဆောင်ပေးဖို့နှင့်တကွ အထောက်အပံ့ပေးဖို့အတွက် ခိုင်မာတောင့်တင်းတဲ့ ပြည်တွင်းရေကြောင်းဆိုင်ရာ လုပ်ငန်းကဏ္ဍဟာ အဘယ်ကြောင့် အခရာကျကြောင်းကို Morrison အစိုးရအတွက် သတိပေး တပ်လှန့်လိုက်တာဘဲ ဖြစ်ပါတယ်။”

“သြစတြေးလျနိုင်ငံရဲ့ စီးပွားရေးဆိုင်ရာ၊ ပတ်ဝန်းကျင်ဆိုင်ရာနှင့် နိုင်ငံလုံးဆိုင်ရာ လုံခြုံရေး အကျိုးကျေးဇူးတွေကို အကာအကွယ်ပေးဖို့အတွက် နည်းဗျူဟာကျတဲ့ သြစတြေးလျန်း သင်္ဘောသား အမှုထမ်းတဲ့ သင်္ဘောအုပ်စုကို ဖန်တီးရေးမှာ အရေးကြီးတဲ့ ပထမအဆင့် ဖြစ်မှာဖြစ်တဲ့ မိမိရဲ့ နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့ ဒီစွမ်းရည်တွေကို တောင့်တင်းခိုင်မာပေးဖို့၊ Aurora Australis သင်္ဘောကို ဝယ်ယူဖို့အတွက် Morrison အစိုးရမှာ ချက်ချင်းလက်ငင်း အခွင့်အလမ်းတစ်ရပ်ရှိပါတယ်။”

သင်္ဘောသားများ၏ အပြည်ပြည်ဆိုင်ရာ သမဂ္ဂ ခေါင်းဆောင်နှင့် ITF သင်္ဘောသားများ ဌာနခွဲ ဥက္ကဌဖြစ်သူ Dave Heindel ကလည်း ဘေးဒဏ်တုံ့ပြန်ရေး၌ အမေရိကန်ပြည်ထောင်စု ကုန်သွယ် ရေကြောင်း၏ အခရာကျသော အခန်းကဏ္ဍနှင့် ဂျုံးစ်အက်ဥပဒေ (Jones Act) အဖြစ် အများကရည်ညွှန်းထားသည့် အမေရိကန်နိုင်ငံ၏ ခိုင်မာတောင့်တင်းသော နိုင်ငံလုံးဆိုင်ရာ ပြည်တွင်းသယ်ယူပို့ဆောင်ရေး ဥပဒေများ၏ အရေးကြီးပုံတို့ကို မီးမောင်းထိုးပြခဲ့သည်။

“အမေရိကန်နိုင်ငံမှာ ကျွန်တော်တို့ရဲ့ ပြည်တွင်းသင်္ဘောအုပ်စုဟာ နိုင်ငံလုံးဆိုင်ရာ ရေကြောင်းအခြေခံအဆောက်အအုံရဲ့ အရေးကြီးတဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်၊ အဲဒါကို နိုင်ငံရဲ့ အရေးကြီးတဲ့အချိန်တွေမှာ ခဏလေး အသိပေးလိုက်ရုံနဲ့ ချက်ချင်း အသုံးချလို့ရနိုင်ပါတယ်။

ခိုင်မာတောင့်တင်းတဲ့ ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေး ဥပဒေတွေဟာ ငြိမ်းချမ်းတဲ့အချိန်မှာ၊ စစ်မက်ဖြစ်ပွားတဲ့အချိန်မှာ၊ လိုအပ်တဲ့အချိန်တွေမှာ နိုင်ငံရဲ့ ဘယ်သင်္ဘောအုပ်စု တစ်ခုကဖြစ်ဖြစ် အထောက်အကူပေးနိုင်ဖို့အတွက် သေချာစေတာဖြစ်ပါတယ်။ အဲဒီလို ဥပဒေတွေနှင့် နိုင်ငံခေါင်းဆောင်မှု မရှိရင်၊ နိုင်ငံတစ်နိုင်ငံဟာ မိမိရဲ့ အရေးပေါ် တုံ့ပြန်ရေး စွမ်းရည်အတွက် နိုင်ငံခြား-အလံတင် သင်္ဘောတွေအပေါ်မှာ အားထားနေရတာ ဖြစ်မှာဘဲ။ အခုတော့ ဝန်ကြီးချုပ်မှာ ခေါင်းဆောင်မှုပေးဖို့ အခွင့်အလမ်းတစ်ရပ် ရှိနေပြီ၊ အဲဒီလိုလုပ်ဖို့ ကျွန်တော်တို့ သူ့ကို တိုက်တွန်းပါတယ်။

Aurora Australis သင်္ဘော ဝယ်ယူရေးအတွက် သြစတြေးလျနိုင်ငံ အစိုးရကို တောင်းဆိုသည့် အသနားခံလွှာတွင် သင့် အမည်ကို သင် ထည့်ရေးနိုင်ပါသလား။ သင့်အမည်ကို ဤနေရာ၌ ရေးပါ။

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.