Skip to main content

ပစိဖိတ်သမုဒ္ဒရာ ကယ်ဆယ်မှုအတွက် သင်္ဘောသားများအား ဆုချီးမြှင့်

31 Oct 2019

ပစိဖိတ်သမုဒ္ဒရာအတွင်း၌ မီးလောင်နေလျက်ရှိသော မော်တော်ကားသယ်ဆောင်သင်္ဘောမှ သင်္ဘောသား ခုနှစ်ဦးနှင့် အခြား ကိုးဦးတို့အား ကယ်ဆယ်ခဲ့သည့် သင်္ဘောမှ သင်္ဘောသားများသည် အမေရိကန်ပြည်ထောင်စု ရေကြောင်း အုပ်ချုပ်ရေးဌာန (United States Maritime Administration (MARAD)) မှ ဂုဏ်သတင်းကြီးသောဆုကို ချီးမြှင့်ခံရရန်ရှိသည်။

Gallant Ship Citation Award ဟုအမည်တွင်သောဆုကို 2018 ခုနှစ် ဒီဇင်ဘာလ 31 ရက်နေ့ နှစ်သစ်ကူးချိန်၌ အရေးယူဆောင်ရွက်ခဲ့သည့် Green Lake အမည်တွင်သော သင်္ဘော၏ သင်္ဘောသားများအား ချီးမြှင့်ပေးရန် ဖြစ်သည်။  Central Gulf Lines သင်္ဘောကုမ္မဏီ-မှပြေးဆွဲသည့် သင်္ဘောပေါ်ရှိ သင်္ဘောသားများ အဆိုပါသင်္ဘောသားများမှာ US Seafarers International Union, International Organization of Masters, Mates & Pilots နှင့် Marine Engineers' Beneficial Association အဖွဲ့အစည်းများမှ အဖွဲ့ဝင်များ သည် ပနားမား အလံထူထားသည့် မော်တော်ကားသယ်ဆောင်သင်္ဘော Sincerity Ace မှာ Yokohama မှ Hawaii သို့ သွားနေစဉ် မီးဆွဲလောင်ခဲ့ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့ သတိပေးတပ်လှန့်သတင်းပေးမှုကို ပထမဦးဆုံး အရေးယူတုံ့ပြန်ခဲ့သူများ ဖြစ်ကြသည်။ ရေယာဉ်မှူးသည်  Oahu, Hawaii အနောက်မြောက် ခန့်မှန်းခြေ ရေမိုင် 1,800 ခန့်တွင် သင်္ဘောအား စွန့်ပစ်ထွက်ခွာရန် ရည်ရွယ်နေလျက်ရှိခဲ့သည်။

Green Lake သင်္ဘော၏ သင်္ဘောသားများသည် မီးလောင်ကျွမ်းနေသည့် သင်္ဘောမှ လူခုနှစ်ဦးနှင့် ဆိုးရွားသည့် ရာသီဥတုအချိန်အခါအတွင်း 18-နာရီကြာ ကယ်ဆယ်ရေးစီမံချက်ဖြင့် အခြား ကိုးဦးအား ကယ်ဆယ်ရန် သူတို့၏ ကယ်ဆယ်ရေးဆိုင်ရာ လေ့ကျင့်သင်တန်းကို အသုံးချခဲ့ပါသည်။ အကြောင်းမသင့်၍ အဆိုပါ သင်္ဘောမှ လူငါးဦးကို ရှာဖွေမတွေ့ရှိခဲ့ရပါ။ အခြား ကုန်သွယ်သင်္ဘော သုံးစင်း၊ အမေရိကန်ပြည်ထောင်စု ကမ်းခြေစောင့်တပ်ဖွဲ့ လေယာဉ်နှင့် အမေရိကန်ပြည်ထောင်စု ရေတပ် ပိုစိုက်တန် စစ်သင်္ဘောတို့လည်း ရှာဖွေရေးစီမံချက်တွင် ပါဝင်ပူးပေါင်း ရှာဖွေပေးခဲ့သည်။

ရေယာဉ်များသို့  ချီးမြှောက်ခဲ့သည့် ချီးကြူးဂုဏ်ပြုမှု  ရေကြောင်း ဘေးအန္တရာယ် သို့မဟုတ် အခြား အရေးပေါ်ဖြစ်ရပ်၌ ပင်လယ်ပြင်တွင် အသက် သို့မဟုတ် ဥစ္စာပစ္စည်းကို ကယ်ဆယ်ရန် ထူးချွန်သော သို့မဟုတ် သတ္တိပြောင်မြောက်သော လုပ်ဆောင်မှု၌ ပါဝင်လုပ်ဆောင်ခြင်း ဆုကို 1994 ခုနှစ်ကတည်းက မချီးမြှင့်ခဲ့ရသေးပါ၊ ၎င်းကို သင်္ဘောသားများ၏ နိုင်ငံခြား အလံထူထားသည့် သင်္ဘောပေါ် ဆိုးရွားသည့် မီးလောင်မှုကို တန်ပြန်ရာ၌ မကြုံစဘူး ကယ်ဆယ်ရေး အားထုတ်လုပ်ဆောင်မှုများ အပေါ် အသိအမှတ်ပြုဂုဏ်ပြုကြောင်းအဖြစ် ချီးမြှင့်ပါသည်။ 

 

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.