Skip to main content

မြောက်ပိုင်း ပင်လယ် ရေနံတူးစင်ကို စွန့်ခွာထွက်ပြေးခဲ့

31 Oct 2019

မြောက်ပိုင်းပင်လယ် ရေနံတူးစင်ပေါ်ရှိ အလုပ်သမားများသည် ဘေးကင်းလုံခြုံရေး ပြဿနာများဖြစ်ပွားပြီးနောက် စွန့်ခွာထွက်ပြေးခဲ့သည်။ Thistle ရေနံတူးစင်ပေါ်မှ အလုပ်သမား 115 ဦးကို ဗြိတိသျှနှင့် နော်ဝေးနိုင်ငံ ရဟတ်ယာဉ်များက စကောတလန်နိုင်ငံ ရှက်လန်ကျွန်းမှ အရှေ့မြောက်ဘက် ခန့်မှန်းခြေ ရေမိုင် 100 ခန့် အကွာအဝေး၌ရှိသည့် ရေနံတူးစင်ပေါ်မှ ခေါ်တင်ဆောင်လာခဲ့ပြီး အဆိုပါနေရာ၌ ရေနံတူးနေလျက်ရှိသော အခြား ရေနံတူးစင်တစ်ခုသို့ ပို့ဆောင်ပေးခဲ့သည်။ လုပ်ငန်းလည်ပတ်သည့် ကုမ္မဏီဖြစ်သော Enquest က ပြောကြားခဲ့သည်မှာ အရေးယူဆောင်ရွက်မှုသည် ပင်လယ်ပြင်ရေအောက် အဆောက်အဦးတည်ဆောက်ပုံကို စစ်ဆေးရေးလုပ်ပြီးနောက် ကြိုတင်ကာကွယ်သည့် အရေးယူဆောင်ရွက်မှုတစ်ခုဖြစ်ကြောင်း ဖြစ်ပါသည်။

RMT သမဂ္ဂက ဝေဖန်ခဲ့သည်မှာ လုပ်ဆောင်သည့် လုပ်ငန်းလည်ပတ်မှု၏ အရှိန်အဟုန်ကြောင့် "အတော်အတန် ကြီးမားကျယ်ပြန့်သော ဖြစ်ရပ်" ဖြစ်ကြောင်းနှင့် အဆိုပါ စွန့်ခွာထွက်ပြေးမှုမှာ အလွန် ပုံမှန်မဟုတ်ကြောင်း ဖြစ်ပါသည်။ ကုန်ကျစရိတ်ဖြတ်တောက်မှု၏ သက်ရောက်မှုနှင့်ပတ်သက်၍ သမဂ္ဂတွင် အချို့အချိန်များ၌ စိုးရိမ်ပူပန်မှုများ ရှိခဲ့ကြောင်း၊ အပြင် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး အမှုဆောင်အဖွဲ့အနေဖြင့် အားသွန်ခွန်စိုက် စစ်ဆေးရေး အစီအစဉ် ရှိမရှိ ရှာဖွေမည်ဖြစ်ပြီး အကယ်၍ မရှိလျှင် မည်သည့်အတွက်ကြောင့် မရှိရကြောင်း ရှာဖွေမည်ဖြစ်သည်ကို ကျွန်ုပ်တို့ မျှော်လင့်ပါမည်" ဟု အထွေထွေ အတွင်းရေးမှူး Mick Cash က ပြောကြားခဲ့သည်။

 

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.