Skip to main content

လုပ်ခလစာပေးချေရန်ပျက်ကွက်မှုဖြင့် ITF သတိပေးခြင်းခံရသည့် သင်္ဘောနှစ်စီးကို သြစတြေးလျဝင်ခွင့်တားမြစ်ထား

13 Sep 2019

သင်္ဘောပေါ်တွင်လက်ရှိလုပ်ကိုင်နေသောသင်္ဘောသားများလုပ်ခလစာမရရှိ ကြကြောင်း ITF ၏သတင်းပေးပို့ချက်ထွက်ပေါ်လာပြီးနောက် သြစတြေးလျ နိုင်ငံအလံတင်မဟုတ်သည့်သင်္ဘောနှစ်စီးကို သြစတြေးလျရေကြောင်း အာဏာပိုင်အဖွဲ့ကတားမြစ်ထားကြောင်းသိရသည်။

သင်္ဘောသားတို့၏အခွင့်အရေးများကို ချိုးဖောက်ခဲ့ကြောင်း ITF စစ်ဆေးရေး အဖွဲ့က စစ်ဆေးတွေ့ရှိပြီးနောက် ယင်းနေ့မှာပင် သြစတြေးလျဆိပ်ကမ်းမှ Bulk Carrier သင်္ဘောနှစ်စီးကို ကြိုတင်သတိပေးခြင်းမရှိပဲ သြစတြေးလျ ရေကြောင်းဆိုင်ရာလုံခြုံရေးအာဏာပိုင်အဖွဲ့ (AMSA) က တားဆီးအရေးယူ ခဲ့ခြင်းဖြစ်သည်။

ယခင်ကလည်း မြန်မာသင်္ဘောသားရှစ်ယောက်အတွက်ခြောက်လစာ စုစုပေါင်း သြစတြေးလျငွေ တစ်သိန်းခန့်ရရန်ကျန်ရှိသည့်ကိစ္စကို ITF က စစ်ဆေးတွေ့ရှိပြီးနောက် ပနားမားအလံတင် Fortune Genious အမည် ရှိတရုတ်ပိုင် သင်္ဘောတစ်စီးကို Gladstoneတွင် AMSA အဖွဲ့က ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ အဆိုပါသင်္ဘောသည် ၎င်းတို့၏မတရားမှုများကို ဖုံးကွယ်ရန် စာရွက်စာတမ်းအတုများပြုလုပ်ထားကြောင်းသိရသည်။ Brisbane တွင်လည်း ဟောင်ကောင်အလံတင် တရုတ်ပိုင် XING JING HAI သင်္ဘောက သင်္ဘောသားများကိုလစာများပေးချေခြင်းမရှိကြောင်း ITF ကစစ်ဆေး တွေ့ရှိခဲ့သည်။ AMSA အဖွဲ့ကစစ်ဆေးရာတွင်လည်း သင်္ဘော သားများအတွက်လစာပေးချေမှုနောက်ကျသည့်အပြင် ပေးချေခြင်းမရှိသည့် လစာငွေ သြစတြေးလျဒေါ်လာ ၁၄၀,၀၀၀ ခန့်ရှိကြောင်း တွေ့ရှိခဲ့သည်။

သင်္ဘောသားများကိုလစာမပေးပဲခိုင်းစေခြင်းသည် MLC ကိုချိုးဖောက်ခြင်း ဖြစ်သည့်အတွက် Fortune Genious သင်္ဘောကို ၁၂ လနှင့် ကို Xing Jing Hai သင်္ဘောကို ၁၈ သြစတြေးလျဆိပ်ကမ်းဝင်ခွင့်ပိတ်ခဲ့သည်။

သင်္ဘောသားများကို လစာပေးချေခြင်းမရှိဆိုသည့်တိုင်ကြားချက်များကြောင့်  Xing Jing Hai သင်္ဘောနှင့် ကုမ္ပဏီတူ Xing Ning Hai သင်္ဘောကို Port Kembla တွင် ITF က တက်ရောက်စစ်ဆေးနေစဉ်တွင်  AMSA အဖွဲ့ ကလည်း အဆိုပါသင်္ဘောမှ သင်္ဘောသားများကိုပေးရန်ကျန်ရှိသည့် လစာငွေ သြစတြေးလျ ဒေါ်လာသုံးသိန်းကျော်ရှိကြောင်း စစ်ဆေးတွေ့ရှိ သဖြင့် ၎င်းကိုသြစတြေးလျရေပိုင်နက်မှထွက်ခွာခွင့်မပေးမီ Tasmania တွင် ၂၀၁၈ ခုနှစ်၊ ဂျူလိုင်တွင် ထိန်းသိမ်းခဲ့သည်။ နောက်ဆုံးထွက်ဆိုထားသည့် စွပ်စွဲချက်များအတွက် သက်သေအထောက်အထားအခိုင်အလုံမပြနိုင်သော် လည်း ယင်းသင်္ဘောအား ဆက်လက်ပြီး စစ်ဆေးမှုများတိုးမြှင့်လုပ်ဆောင် မည်ဖြစ်ကြောင်းသိရသည်။

MLC ချိုးဖောက်မှုဖြင့်သင်္ဘောနှစ်စီးကို ဆိပ်ကမ်းဝင်ခွင့်တားမြစ်သည့်အပေါ် AMSA က Allan Schwartz ကကျွန်တော်တို့ရဲ့အလုပ်က နိုင်ငံတကာ ရေကြောင်းစည်းမျဉ်းဥပဒေတွေကို ချိုးဖောက်တဲ့သင်္ဘောတွေကိုဝင်ခွင့် ပိတ်ပင်ဖို့ပါ။ အလုပ်သမားကိုကျွန်အဖြစ်ခိုင်းစေတယ်ဆိုတာတွေက ခုခေတ်မှာမဖြစ်သင့်တော့တာမို့ ဒီသင်္ဘောနှစ်စီးဟာ ကျွန်တော်တို့ ရေပိုင်နက်အတွင်းမှာ သူတို့အကျိုးစီးပွားအတွက် လုပ်စားလို့မရတော့ပါဘူးဟုဆိုသည်။

 “သင်္ဘောသားရဲ့လစာတွေကို အကြီးအကျယ် ခိုးယူနေတယ်ဆိုတာ ဒီအမှုတွေက တစ်ဆင့်သိနိုင်တယ်။ ပြန်လည်ခုခံနိုင်စွမ်းမရှိတဲ့နိုင်ငံခြားသား သင်္ဘောသားတွေဆီကအမြတ်ထုတ်နေတာတွေက နည်းလမ်းမကျသလို သူတို့တွေဟာ သြစတြေးလျနိုင်ငံမှာ ဝင်လိုက်ထွက်လိုက်လုပ်နဲ့ကုန်သွယ် နေကြတဲ့ သင်္ဘောကုမ္ပဏီတွေရဲ့ စီးပွားရေးမှာ အဓိကအခန်းကဏ္ဍကပါဝင် နေကြတဲ့သူတွေပါဟု ITF မှ Assistant Coordinator Matt Purcell ကဆိုသည်။

“ITF ရဲ့ဆောင်ရွက်မှုတွေမပါပဲ ဒီသင်္ဘောထဲက ဘယ်တစ်စီးကိုမှ စစ်ဆေးလို့ မရပါဘူး။ ITF ရဲ့စစ်ဆေးမှုတွေရှိလို့သာ ကုမ္ပဏီအတော်များများက သြစတြေးလျရေပိုင်နက်ထဲမှာ သူတစ်လူငါတစ်မင်းခေါင်းပုံဖြတ်အမြတ် ထုတ်တာတွေ လုပ်လို့မရဘူး ဆိုတဲ့အတွေးဝင်လာကြတာဖြစ်တယ်ဟုလည်း ၎င်းကပြောကြားခဲ့သည်။

လစာကိစ္စပြဿနာဖြစ်နေလား

လစာအပြည့်အဝမရတဲ့ပြဿနာနဲ့ရင်ဆိုင်နေရလား။ အဲ့လိုအခက်အခဲ နဲ့ကြုံတွေ့နေရပြီဆိုရင် သင့်အလုပ်ရှင်ကုမ္ပဏီက စီးပွားရေးအကျပ်အတည်း နဲ့ရင်ဆိုင်နေရတယ်ဆိုတဲ့လက္ခဏာမျိုးလည်းဖြစ်နိုင်ပါတယ်။ သင့်ရဲ့ သမဂ္ဂ ဒါမှမဟုတ် ITF အဖွဲ့အစည်းနဲ့တတ်နိုင်သမျှမြန်မြန်ဆက်သွယ်ပါ။ ဒါမှ သင့်လစာနဲ့အလုပ်အကိုင်အတွက် အကာအကွယ်ရမှာပါ။

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.