Skip to main content

ITF နှင့် ဆော်ဒီအရေးဘီးယားနိုင်ငံသည် သင်္ဘောသားများအား အထောက်အကူပေးရန်အတွက် နီးနီးကပ်ကပ် လုပ်ကိုင်ရန် တာဝန်ယူ

သတင်းများ 04 November 2019

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ၏ အဖွဲ့ချုပ် (ITF) နှင့် ဆော်ဒီအရေးဘီးယားနိုင်ငံတို့သည် ဆော်ဒီအရေးဘီးယားနိုင်ငံရှိ ဆိပ်ကမ်းများအားလုံးသို့ ဆိုက်ကပ်သည့် သင်္ဘောသားများအား အထောက်အကူပြုပေးရန် အတွက် အတူတကွနီးနီးကပ်ကပ်လုပ်ကိုင်ရန် တာဝန်ယူခဲ့ကြသည်။

2019 ခုနှစ် အောက်တိုဘာလ 21 ရက်နေ့၌ ဆော်ဒီအရေးဘီးယားနိုင်ငံ၏ IMO အမြဲတမ်း ကိုယ်စားလှယ်ဖြစ်သူ Mr Essam M. Alammari သည် ITF စစ်ဆေးရေးဌာနချုပ် ညှိနိုင်းဆောင်ရွက်ပေးသူအရာရှိ Steve Trowsdale နှင့်တကွ ITF အာရတ်ကမ္ဘာ လုပ်ငန်းကွန်ရက် ညှိနှိုင်းပေးသူအရာရှိ Mohamed ArrachediArab တို့ကို ITF ရုံးချုပ်၌ တွေ့ဆုံခဲ့သည်။

ဤအပြုသဘောကောင်းမွန်သည့် တွေ့ဆုံစည်းဝေးပွဲတွင် ဆော်ဒီဆိပ်ကမ်းများ၌ သင်္ဘောသားများအား အထောက်အကူပြုပေးရန် လက်ရှိ တောင်းဆိုထားမှုများ၊  ITF  နှင့် ဆော်ဒီ ရေကြောင်းအာဏာပိုင်များ အကြား ပိုမိုကျယ်ပြန့်သည့် ပူးပေါင်းဆောင်ရွက်မှုတို့အပြင် ရေကြောင်း အလုပ်သမား စာချုပ် ၂၀ဝ၆ ခုနှစ် (Maritime Labour Convention (MLC) 2006) အတည်ပြုပေးရေးကိစ္စတို့အပါအဝင် မြောက်မြားစွာသော အခက်အခဲများကို ဆွေးနွေးခဲ့ကြသည်။

နီးနီးကပ်ကပ်လုပ်ကိုင်ခြင်းဆိုင်ရာ ဆက်ဆံရေးအားဖြင့် Damman ဆိပ်ကမ်းရှိ MKN 205 အမည်တွင်သော သင်္ဘောမှ သင်္ဘောသား 5 ဦးအား သူတို့၏ ရပိုင်ခွင့်ရှိသော လုပ်ခများနှင့်တကွ အောင်မြင်စွာ ပြန်ပို့ပေးသည့် အပြုသဘောဆောင် ကောင်းမွန်သော ရလဒ်ကို ရရှိခဲ့ပြီးဖြစ်သည်။