Skip to main content

ကျွန်ုပ်တို့ အကြောင်း

သင်္ဘောသားများကို ၁၈၉၆ ခုနှစ်ကတည်းကစ၍ ကူညီပေးနေသည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) သည် သယ်ယူပို့ဆောင်ရေး အလုပ်သမားသမဂ္ဂများ၏ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် တစ်ခုဖြစ်သည်။ သယ်ယူပို့ဆောင်ရေး လုပ်ငန်းကဏ္ဍရှိ အဖွဲ့ဝင်များပါရှိသော မည်သည့် သီးခြား လွတ်လပ်သည့် အလုပ်သမားသမဂ္ဂ မဆိုသည် ITF အဖွဲ့ဝင်အဖြစ် အဖွဲ့ဝင်ခွင့်ရှိသည်။

ကျွန်ုပ်တို့သည် ဒီမိုကရေစီနည်းအရ-ပူးပေါင်းဦးဆောင်သော အဖွဲ့ချုပ်ဖြစ်သည်၊ နိုင်ငံပေါင်း ၁၅၃ နိုင်ငံမှ အလုပ်သမားသမဂ္ဂများ၏ လုပ်ပိုင်ခွင့်များကို ချိတ်ဆက်ပေးပြီး အရှိန်အဝါ မြှင့်တင်ပေးထားသည်။

ကျွန်ုပ်တို့သည် ကမ္ဘာ့ ဦးဆောင်နေသော သယ်ယူပို့ဆောင်ရေး အာဏာပိုင်ဖြစ်ပြီး လန်ဒန်၊ အဘီဒ်ဂျမ်၊ အာမန်၊ ဘရပ်ဆဲလ်စ်၊ ဂျီနီဗာ၊ ဟောင်ကောင်၊ မွန်ထရီရဲလ်၊ နာရိုးဘီး၊ နယူးဒေလီ၊ ပနားမား မြို့တော်၊ ရီယိုဒီဂျနာရို၊ စင်ကာပူ၊ ဆစ်ဒနီ နှင့် တိုကျို တို့တွင်ရုံးစိုက်ထားကြပါသည်။

ITF ဆိုသည်မှာ ဘာလဲ။
Some shipowners don’t take their responsibilities for crew seriously. This can result in seafarers being abandoned in ports far from home without fuel, food and water and without pay, for months on end.
ITF စိစစ်ရေးမှူးများ
Some shipowners don’t take their responsibilities for crew seriously. This can result in seafarers being abandoned in ports far from home without fuel, food and water and without pay, for months on end.
ကျွန်ုပ်တို့အား ဆက်သွယ်ပါ
Some shipowners don’t take their responsibilities for crew seriously. This can result in seafarers being abandoned in ports far from home without fuel, food and water and without pay, for months on end.
ကျွန်ုပ်တို့၏ ရည်ရွယ်ချက်များ

ITF ၏ရည်မှန်းချက်များကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဌာန်းထားသည်။ ၎င်းတို့မှာ -

  • ကမ္ဘာအနှံ့ အလုပ်သမား သမဂ္ဂနှင့် လူ့အခွင့်အရေးများကို လက်ခံလေးစားရန်အတွက် မြှင့်တင်ပေးရန်
  • လူမှု့တရားမျှတရေးနှင့် စီးပွားတိုးတက်ဖွံ့ဖြိုးရေးကို အခြေခံသည့် ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်ရန်
  • မိမိ၏ အဖွဲ့ဝင်သမဂ္ဂများအား ၎င်းတို့၏ ကောင်းကျိုးများကို ကာကွယ်ပေးရန်အတွက် ကူညီရန်
  • မိမိ၏ အဖွဲ့ဝင်များသို့ သုတေသနနှင့် အချက်အလက် ဝန်ဆောင်မှုများ ပို့ချပေးရန်
  • အခက်အခဲကြုံနေရသည့် သယ်ယူပို့ဆောင်ရေး အလုပ်သမားများသို့ အထွေထွေ ကူညီပံ့ပိုးမှုကို လုပ်ဆောင်ပေးရန်

 

ITF ၏ လှုပ်ရှားဆောင်ရွက်မှု အတိုင်းအဆမှာ အလွန်ကျယ်ပြန့်သော်လည်း ၎င်းတို့ကို အဓိက ခေါင်းစဥ် သုံးမျိုးဖြင့် အကောင်းဆုံး အကျဥ်းချုပ်ဖော်ပြနိုင်ပါသည်-

 

  • ကိုယ်စားပြုပေးခြင်း
  • သတင်းအချက်အလက်ပံ့ပိုးခြင်း
  • လက်တွေ့ကျသော စည်းလုံးညီညွတ်မှု။

 

ITF သည် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း (International Labour Organisation (ILO)) ၊ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း အဖွဲ့အစည်း (International Maritime Organisation (IMO) ) နှင့် အပြည်ပြည်ဆိုင်ရာ အရပ်ဘက် လေကြောင်း အဖွဲ့အစည်း (International Civil Aviation Organisation (ICAO)) ကဲ့သို့သော သယ်ယူပို့ဆောင်ရေး လုပ်ငန်းကဏ္ဍရှိ အလုပ်များ၊ အလုပ်လုပ်ကိုင်ရာ အခြေအနေများ သို့မဟုတ် လုံခြုံရေးတို့ကို သက်ရောက်မှုရှိသည့် ဆုံးဖြတ်ချက်များကို ဆုံးဖြတ်ရသော အဖွဲ့အစည်းများအတွင်းရှိ သယ်ယူပို့ဆောင်ရေး အလုပ်သမား သမဂ္ဂများ၏ ကောင်းကျိုးများကို ကိုယ်စားပြုပေးသည်။ 

ITF ၏ အဓိက လုပ်ငန်းဆောင်တာမှာ ကမ္ဘာပေါ်ရှိ အခြား နိုင်ငံများ သို့မဟုတ် နယ်မြေဒေသများရှိ သယ်ယူပို့ဆောင်ရေး လုပ်ငန်းကဏ္ဍတွင် ပြောင်းလဲဖြစ်စဥ်များ အကြောင်း သမဂ္ဂများအား အကြောင်းကြားပေးခြင်းနှင့် အကြံဉာဏ်ပေးခြင်းတို့ဖြစ်ပါသည်။ ITF သည် သမဂ္ဂ ထူထောင်ရေး ဌာနအား ခိုင်မာပြီး ဒီမိုကရေစီဆန်သော သယ်ယူပို့ဆောင်ရေး သမဂ္ဂများကို ထူထောင်ရန်ရည်စူးခြင်းဖြင့်လည်း ထိန်းသိမ်းထားပါသည်။

နိုင်ငံတစ်နိုင်ငံရှိ သယ်ယူပို့ဆောင်ရေး သမဂ္ဂများအနေဖြင့် အလုပ်ရှင်များ သို့မဟုတ် အစိုးရနှင့် ပဋိပက္ခဖြစ်ပွားပြီး အခြားသော နိုင်ငံများရှိ သမဂ္ဂများမှ အကူအညီကို တိုက်ရိုက်လိုအပ်နေသည့်အခါ ITF သည် အပြည်ပြည်ဆိုင်ရာ စည်းလုံးညီညွတ်မှုကို စည်းရုံးလှုံ့ဆော်ပေးသည်။

လိုအပ်သည့် စည်းလုံးညီညွတ်မှု အမျိုးအစားမှာ ဆန္ဒဖော်ထုတ်သည့် အမှာစာများ၊ ဆန္ဒပြပွဲများနှင့် နိုင်ငံရေး ဖိအားပေးခြင်းမှစ၍ သပိတ်မှောက်ပွဲများ၊ ပိတ်ဆို့မှုများ စသဖြင့် ပုံစံမျိုးဖြင့်  လုပ်ငန်းကဏ္ဍဆိုင်ရာ တိုက်ရိုက်အရေးယူဆောင်ရွက်ခြင်းအဆင့်အထိ ပါဝင်နိုင်ပါသည်။ ပြည်တွင်းဥပဒေများနှင့် ပြည်တွင်း သမဂ္ဂများထံမှ ရှောင်ကွင်းရန် အလံငှါးစနစ် (Flags of Convenience (FOCs)) ကျင့်သုံးသည့် သင်္ဘောပိုင်ရှင်များ၏ အသုံးချမှုကို ပင်လယ်ရေကြောင်း လုပ်ငန်းကဏ္ဍ၌ ဆန့်ကျင်သော ITF ၏ ကမ္ဘာ့အနှံ့ လှုံ့ဆော်မှုမှာ စည်းလုံးညီညွတ်မှုကိုပြသသော နမူနာကောင်း တစ်ခုဖြစ်ပါသည်။