Skip to main content

သင်္ဘောသားများအား ကာကွယ်ဆေးထိုးပေးခြင်း

09 Aug 2021
Press Release

အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း အလုပ်သမားများ ကောင်စီ (The International Maritime Employers Council (IMEC)) နှင့် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) သည် ကိုဗစ်-၁၉ ကပ်ဘေးကြီး စတင်ကတည်းကစ၍ အတူတကွ နီးနီးကပ်ကပ် လုပ်ကိုင်ခဲ့ပါသည်၊ သင်္ဘောသားများအား ကိုရိုနာဗိုင်းရပ်စ်မှ လုံခြုံဘေးကင်းအောင်ထားစေရန်နှင့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို အနှောင့်အယှက် အနည်းဆုံးဖြင့် ဆက်လက် ဆောင်ရွက်စေရန်အတွက် သေချာစေရန်ဖြစ်ပါသည်။

Image credit: SIU Canada
ပုံရိပ် ပံ့ပိုးသူ- SIU Canada

ရောဂါကပ်ဘေးကြီးတစ်လျှောက်လုံး သင်္ဘောသားများသည် တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်သည် ကန့်သတ်ချက်များရှိနေသည့်တိုင် ကုန်စည်များကို ပို့ဆောင်ပေးရန် ဆက်လက်လုပ်ပေးခဲ့သည်ကို သေချာပေးခဲ့ပြီး အသက်ကယ်ဆည်မည့် ကာကွယ်ဆေးများနှင့်ပတ်သက်လာသည့်အခါ ဤအဓိက အလုပ်သမားများကို ဦးစားပေးထိုးပေးရန် မဖြစ်မနေ လိုအပ်ပါသည်။

ကာကွယ်ဆေး အမျိုမျိုးကို နိုင်ငံအများအပြားတွင် ယခုအခါ ခွင့်ပြုနေပြီးဖြစ်ပြီး ပိုမိုများပြားသော နိုင်ငံများမှာ ပုံမှန်အားဖြင့် တရားဝင် ခွင့်ပြုချက်ကို ရရှိနေပြီဖြစ်ပါသည်။

အချို့နိုင်ငံများမှာ ကာကွယ်ဆေးထိုးကိစ္စများကို စတင်ထိုးပေးနေကြပြီးဖြစ်သည့်အပြင် သိုလှောင်ထားသည့် ကာကွယ်ဆေးရနိုင်သည့်အခါ ၎င်းတို့၏ ဆိပ်ကမ်းများ၌ နိုင်ငံခြားသား သင်္ဘောသားများကိုလည်း ထိုးပေးနေကြပြီ ဖြစ်ပါသည်။ အမေရိကန်ပြည်ထောင်စုသည် ဦးဆောင်လျက်ရှိနေသော်လည်း များမကြာမီ အခြားနိုင်ငံများအပြင် ကနေဒါ၊ ဘဲလ်ဂျီယမ်၊ နယ်သာလန်၊ ဂျာမနီ၊ ဆိုင်းရပ်စ် နှင့် ယူကေ ကဲ့သို့သော နိုင်ငံများ ပါဝင်ပူးပေါင်း လုပ်ဆောင်လာခဲ့ပါသည်။

ကိုဗစ်-၁၉ အား ကမ္ဘာအနှံ့ တွန်းလှန်တိုက်ဖျက်ရာ၌ ကာကွယ်ဆေးထိုးခြင်းမှာ အဓိကကျပါသည်။ ထို့ကြောင့် IMEC နှင့် ITF သည် သင်္ဘောသားများအား ကာကွယ်ဆေးထိုးထားစေရန် အလွန်အမင်း အကြံပြုသည်၊ ကုမ္ပဏီများ အနေဖြင့် ကာကွယ်ဆေးထိုးလိုသည့် သင်္ဘောသားများအား ဖြစ်နိုင်သည့်အခါ ထိုးခွင့်ပြုစေရန် သေချာအောင် အတွက် အလွန်အမင်း အကြံပြုပါသည်။

အပြည်ပြည်ဆိုင်ရာ ခရစ်ယာန် ပင်လယ်ရေကြောင်း အသင်းအဖွဲ့ (International Christian Maritime Association (ICMA)) နှင့် မြောက်အမေရိကန် ပင်လယ်ရေကြောင်း ဝန်ကြီး အသင်းအဖွဲ့ (North American Maritime Ministry Association (NAMMA)) မှ အောက်ပါ အချိတ်အဆက်လင့်ဂ်များသည် သင်္ဘောသားများအဖို့ မည်သည့်နေရာတွင် ကာကွယ််ဆေးထိုးနိုင်ကြောင်း စာရင်းများကို ဖော်ပြထားသည်-

ICMA: https://icma.as/vaccines/

NAMMA: https://namma.org/vaccines/

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.