Skip to main content

ကုန်အမှတ်တံဆိပ် စွန့်လွတ်သူများအနေဖြင့် အသက်ပေါင်း သန်းနှင့်ချီ၍ ကယ်ဆည်ပေးရာ ရောက်မည်၊ အစိုးရများ ယခု ဆောင်ရွက်ရမည်

21 May 2021
Press Release
Credit: Hindustan Times, Getty Images
Credit: Hindustan Times, Getty Images

ကမ္ဘာအနှံ့ အစိုးရများသည် Covid-19 ကိုတွန်းလှန်ရန်အတွက် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့အစည်း (World Trade Organization (WTO)) ၌ ဉာဏ်ရည် မူပိုင်ခွင့် အခွင့်အရေးများကို စွန့်လွတ်ခြင်းအား ထောက်ခံပေးရန် ကမ္ဘာ့ သယ်ယူပို့ဆောင်ရေး သမဂ္ဂများက ယနေ့ တောင်းဆိုလိုက်သည်။

ရောဂါ၏ ကြောက်မက်ဖွယ်ရာ လှိုင်းများ ကမ္ဘာကြီးတစ်ဝန်း နိုင်ငံ အများအပြား၏ အချက်အခြာတစ်လျှောက် - အထူးသဖြင့် အိန္ဒိယနိုင်ငံတွင် - ရောဂါ ဖြစ်ပွားလျက်ရှိခြင်းနှင့်အတူ အိန္ဒိယနိုင်ငံနှင့် တောင် အာဖရိကနိုင်ငံတို့၏ WTO ထံ အဆိုပြုခြင်းကို ထောက်ခံပေးရန် အစိုးများအား တိုက်တွန်းနေလျက်ရှိသည်။

အဆိုပြုချက်မှာ ဉာဏ်ရည်ပိုင်းဆိုင်ရာ မူပိုင်ခွင့် အခွင့်အရေးများ၏ ကုန်သွယ်ရေး-နှင့်စပ်လျဥ်းသည့် ကဏ္ဍ သဘောတူညီချက် (Agreement on Trade-Related Aspects of Intellectual Property Rights (TRIPS)) အရ မူပိုင်ခွင့်များကို အရေးပေါ် စွန့်လွတ်မှုများအတွက် တောင်းဆိုသည်၊ အထူးသဖြင့် Covid-19 ဗိုင်းရပ်စ် “ဟန့်တားခြင်း၊ ထိန်းချုပ်ခြင်းနှင့် ကုသခြင်း” နှင့်ဆက်စပ်သည့် ကိစ္စဖြစ်သည်။ အင်အားကြီး နိုင်ငံများနှင့် အုပ်စုအဖွဲ့ အနည်းငယ်တို့ထံမှ ကန့်ကွက်မှုကြောင့် ဤအဆိုပြုချက်ကို ပိတ်ဆို့နေလျက်ရှိသည်။

Covid-19 ကို အမြစ်ဖြတ်ဖယ်ရှားရန် တစ်ခုတည်းသော နည်းလမ်းမှာ တစ်ကမ္ဘာလုံး တစ်ပြိုင်တည်း ၎င်းကို ဆောင်ရွက်ရန်ဖြစ်ပါသည်။ ၎င်းကဲ့သို့လုပ်ရန်အတွက် ကျွန်ုပ်တို့သည် ထုတ်လုပ်မှု၊ ဖြန့်ချီမှုနှင့် ကာကွယ်ဆေးများကို ရယူမှု၊ ကုသမှုများနှင့် ရောဂါဖော်ထုတ်မှုတို့အပေါ် တည်ရှိသည့် အတားအဆီး အားလုံးကို ဖယ်ရှားရမည်ဖြစ်သည်။

ဝင်ငွေ မြင့်မြင့်မားမားရှိသည့် နိုင်ငံများ၌ ပြန်လည်နာလန်ထောင်လာမည့် ကောင်းမွန်သော အရိပ်အယောင်များ ရှိလင့်ကစား၊ အဆိုပါနိုင်ငံများရှိ လူနှစ်ဦးလျှင် တစ်ဦးမှာ Covid-19 ကာကွယ်ဆေးကို ထိုးပြီးကြသော်လည်း ရောဂါကပ်ဘေးကြီးသည် ကမ္ဘာ့တောင်ဘက်အခြမ်း တစ်လျှောက် ကူးစက်မှု ဆက်လက်ဖြစ်နေလျက်ရှိသည်။ Covid-19 ၏ ပိုမို သေစေနိုင်ပြီး ပိုမို ကူးစက်နိုင်သည့် ပိုးမျိုးကွဲများမှာ အိန္ဒိယနိုင်ငံနှင့် ဘရာဇီးလ်နိုင်ငံတို့အား အကြီးအကျယ် ကူးစက်နေကြပြီး ယိုးဒယား၊ ရီမန်၊ အလယ်ပိုင်း အာဖရိက သမ္မတနိုင်ငံ၊ အီရတ်၊ ကမာရွန်း၊ ဗင်နီဇွဲလား၊ ကိုလံဘို နှင့် ပါကစ္စတန်နိုင်ငံများတွင် ရောဂါရှိသူ တိုးပွားနေသည်ကို ကျွန်ုပ်တို့ ယခု တွေ့မြင် နေကြရသည်၊ ၎င်းနိုင်ငံများတွင်  ယခင်လ၌ ရောဂါရှိသူများမှာ အနည်းဆုံး ငါးဆ တိုးမြှင့်ခဲ့သည်

ကမ္ဘာ့တောင်ဘက်အခြမ်း၌ ဤကြောက်မက်ဖွယ်ကောင်းသည့် ရောဂါလှိုင်းကြောင့် နေရာတိုင်းအတွက် ပြန်လည်နာလန်ထလာခြင်းကို ခြိမ်းခြောက်နေပါသည်။ ခရီးသွား ပိတ်ပင်ကန့်သတ်ချက်များနှင့် မျိုးကွဲအသစ်များကို ထိန်းချုပ်ရန် အားထုတ်မှုများရှိသည့်တိုင် ကာကွယ်ဆေးထိုး အစီအစဉ် ကြီးကြီးကျယ်ကျယ်ရှိသည့် နိုင်ငံများ၌ပင် ရောဂါဖြစ်ပွားမှုကို ကျွန်ုပ်တို့ ဆက်လက် မြင်တွေ့ကြရသည်။ လူတိုင်း မလုံခြုံသေးသမျှ မည်သူမျှ လုံခြုံမည် မဟုတ်ပါ။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းသည် “ကာကွယ်ဆေးများ ဖြန့်ချီရာ၌ ထိပ်လှန့်စရာကောင်းသည့် မညီမျှမှု” ကို သတိပေးခဲ့သည်။

ဝင်ငွေ မြင့်မားသည့် နိုင်ငံအချို့၌ လူနှစ်ဦးလျှင် တစ်ဦးမှာ ကာကွယ်ဆေးထိုးစဉ် ဝင်ငွေနည်း-နိုင်ငံများ၌ အရေအတွက်မှာ ၅၀၀ ကျော်၌ တစ်ယောက် ရင်သပ်ရှုမောဖွယ်ကောင်းအောင်ဖြစ်ပါသည်။  US, UK နှင့် EU တို့တွင် ၎င်းတို့၏ လူထု နှစ်ဆကျော်ကျော်ကို ကာကွယ်ဆေးထိုးပေးရန် ဆေးလုံလုံလောက်လောက် ဝယ်ယူ ထားခဲ့ပြီးဖြစ်ပါသည်၊ နောက်ဆုံးပေါ် စိစစ်တွေ့ရှိချက်က ပြသသည်မှာ ဆေး 87% ကို ချမ်းသာကြွယ်ဝသော နိုင်ငံများအား ပေးခဲ့သည်။ တစ်ချိန်တည်းမှာပင် တန်ဇင်းနီးယား၊ ချက်ဒ်၊ လိဖရား၊ နှင့် ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံကဲ့သို့ နိုင်ငံများ၌ ကာကွယ်ဆေးထိုးခြင်း လုံးဝ မရှိသည်ကိုဖြစ်စေ သို့မဟုတ် လူထု၏ 0.1% ထက် နည်းသည့်လူထုကိုသာဖြစ်စေ ထိုးခဲ့ကြောင်းကို ကျွန်ုပ်တို့ တွေ့နေရပါသည်။

အနည်းငယ်သော နိုင်ငံများသည် TRIPS စွန့်လွတ်မှုနှင့် Covid-19 ကာကွယ်ဆေးများ ရယူမှု၊ ကုသမှုများနှင့် ကိရိယာတို့ကို ပိတ်ဆို့ခြင်းအားဖြင့် ကာကွယ်ဆေး မညီမျှမှု ဆိုးရွားလာခြင်းဖြစ်ပေါ်ရာ၌ လုပ်ဆောင်နေသည့် အခန်းကဏ္ဍမှာ ယဥ်ကျေးသော ကမ္ဘာ၌ မရှိသင့်ပါ။

စီးပွားလုပ်ငန်းရှင် ငွေကြေးအမြတ်အစွန်းကို လူ့အသက်အား ကျောခိုင်းပြီး မည်သည့်အခါမျှ ဦးစားပေးမှု မဖြစ်နိုင်ပါ။

“ဤကိစ္စမှာ အရေးပေါ်ကိစ္စဖြစ်သည်။ TRIPS ကောင်စီသည် ဇွန်လ ၈ ရက်နေ့တွင် အစည်းအဝေး ကျင်းပမည် ဖြစ်သည်၊ ၎င်းတို့အနေဖြင့် မှန်ကန်သော အရာကိုလုပ်ရန်အတွက် သေချာစေရန် ကျွန်ုပ်တို့တွင် သုံးပတ် အချိန် ရပါသည်။ အကယ်၍ ကောင်စီသည် စွန့်လွတ်မှုများကို သဘောမတူလျှင် သန်းပေါင်းများစွာ သေဆုံးရပါလိမ့်မည်၊” ဟု ITF အထွေထွေ အတွင်းရေးမှူးဖြစ်သူ Stephen Cotton က ပြောကြားခဲ့သည်။

“စွန့်လွတ်မှုများကို ပိတ်ဆို့နေကြသည့် အစိုးရများသို့ ကျွန်ုပ်တို့၏ အမှာစကားမှာ ရိုးရှင်းပါသည်- လူ့အသက်သည် စီးပွားလုပ်ငန်းရှင် ငွေကြေးအမြတ်အစွန်းများထက် ပိုမို၍ အရေးကြီးပါသည်။ Covid-19 ကာကွယ်ဆေးများကို တစ်ကမ္ဘာလုံး ရယူခြင်းဖြင့်သာလျှင် ကုသမှုများနှင့် ကိရိယာတို့အားဖြင့် ရှောင်ရှားနိုင်မည့် သေဆုံးမှုများကို ဟန့်တား ပါလိမ့်မည်။”

"ကမ္ဘာကြီးသည် သောကြာနေ့၌ ကျင်းပမည့် ဂျီ ၂၀ ကမ္ဘာ့ကျန်းမာရေး ညီလာခံ (G20 Global Health Summit) ကို စောင့်ကြည့်နေပါလိမ့်မည်။ ၎င်းတို့သည် မှန်ကန်သော အရာကို လုပ်ရမည်၊ အိန္ဒိယနှင့် တောင်းပိုင်း အာဖရိက နိုင်ငံတို့၏ WTO သို့ အဆိုပြုချက်ကို ထောက်ခံရမည်ဖြစ်သည်။ နောက်တစ်နည်း အဆိုပြုချက် တစ်စုံတစ်ရာသည် လူအလွန်များများ နာမကျန်းဖြစ်နေချိန်နှင့် သေလုမျောပါး ဖြစ်နေချိန်၌ လုပ်ငန်းဖြစ်စဉ်ကို နှေးကွေးရုံသာ ဖြစ်ပါလိမ့်မည်။ G20 နိုင်ငံ အားလုံးသည် အဆိုပါ အဆိုပြုချက်ကို ထောက်ခံရမည်ဖြစ်သည်။ ကမ္ဘာအနှံ့ ကျွန်ုပ်တို့၏ သမဂ္ဂများသည် ဤကိစ္စ ဖြစ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေပါလိမ့်မည်၊” ဟု Cotton က ပြောကြားခဲ့သည်။

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.