Skip to main content

UN အထူးတာဝန် တပ်ဖွဲ့သည် ကမ္ဘာ့ကပ်ရောဂါကြီး အတောအတွင်း သင်္ဘောသားများအပေါ် ထားရှိသည့် တာဝန်များကို ဖြည့်ဆည်းရန် အဘယ်ကြောင့် အစိုးရများ ပျက်ကွက်ခဲ့သည်ကို စူးစမ်းရှာဖွေသင့်သည်

10 May 2021
Press Release
ILO offices in Geneva
ဂျီနီဗာနိုင်ငံရှိ ILO ရုံးများ

သင်္ဘောပိုင်ရှင်များနှင့် သင်္ဘောသားများ၏ ကိုယ်စားလှယ်များသည် ကမ္ဘာ့ကုလသမဂ္ဂအား ကမ္ဘာ့ရောဂါ ကပ်ဘေးကြီးအတွင်း MLC, 2006 ကို အကောင်အထည်ဖော်ခြင်းနှင့် လက်တွေ့ အသုံးချခြင်းကို စူးစမ်းရန် ဌာနတွင်း အထူးတာဝန် တပ်ဖွဲ့ကို ထူထောင်ပေးရန် တောင်းဆိုကြသည်၊ သင်္ဘောသားများ၏ အခြေခံ အခွင့်အရေးများနှင့် သင်္ဘောလုပ်ငန်း ကဏ္ဍတို့အပေါ် ၎င်း၏ သက်ရောက်မှုအပါအဝင်အား စူးစမ်းရန်ဖြစ်သည်။

သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်းမှာ ဒေသခံ COVID ပိတ်ပင်ကန့်သတ်ချက်များနှင့် အကျပ်အတည်းတို့ကို ဖြေရှင်းပေးရန် အစိုးရများ၏ ပူးပေါင်းလုပ်ဆောင်မှုနှင့် ညှိနှိုင်းဆောင်ရွက်မှု ပျက်ကွက်ခြင်းကြောင့် သင်္ဘောသား အယောက် လေးသိန်း (၄၀၀ ၀၀၀) ကျော် ၎င်းတို့၏ အလုပ်ကန်ထရိုက်ကာလ ကျော်လွန်ပြီး သင်္ဘောများပေါ် အလုပ်လုပ်ရင်း ချောင်ပိတ်မိခံနေမှုဖြင့် အမြင့်မားဆုံးဖြစ်ခဲ့ပါသည်။

လက်ရှိ ချောင်ပိတ်မိခံနေသေးသည့် သင်္ဘောသား အရေအတွက်မှာ နှစ်သိန်း (၂၀၀ ၀၀၀) ခန့် ရှိပြီး လက်ရှိ၌ အိန္ဒိယနိုင်ငံ တစ်ဝန်း ပြိုပျက်ပျံ့နှံ့လျက်ရှိသည့် ကြမ်းကြုတ်လှသော ဒုတိယ လှိုင်းကဲ့သို့ ရောဂါမျိုးကွဲ အသစ်များနှင့် ရောဂါကူးစက်ပျံ့နှံ့မှုအပေါ် အာဏာပိုင်များက တုံ့ပြန်ပေးစဉ် အရေအတွက်မှာ ဆက်လက်၍ တိုးမြှင့်နေပါသည်။ သင်္ဘောသားများအား အဓိက အလုပ်သမားများအဖြစ် သတ်မှတ်ပေးခြင်းနှင့် ၎င်းတို့၏ ခရီးသွားလာမှုကို ချောမွေ့ပေးစေခြင်းဖြင့် အစိုးရအချို့က ကောင်းမွန်စွာ တုံ့ပြန်ခဲ့သော်လည်း အမြောက်အမြားမှာ သင်္ဘော၏ ဝန်ထမ်းများအား အတင်းအကျပ် အလုပ်ခိုင်းစေသည့် ဆိုးရွားသည့် အခြေအနေ၌ အိမ်ပြန်မပို့နိုင်စဉ် ငုတ်တုတ် ထိုင်နေလျက်ရှိပါသည်။ အရေးပေါ် လုပ်ဆောင်ချက် လိုအပ်ပါသည်။

ကမ္ဘာ့ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအတွက် တောင်းဆိုမှုမှာ ပင်လယ်ရေကြောင်းဆိုင်ရာ အလုပ်သမား စာချုပ်၏ ပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း အထူး သုံးပွင့်ဆိုင် ကော်မတီ ၄ ကြိမ်မြောက် ညီလာခံ (4th session of the ILO Special Tripartite Committee of the Maritime Labour Convention) တွင် အတည်ပြုသည့် ဆုံးဖြတ်ချက်၌ ဆုံးဖြတ်ခဲ့သည်၊ အဆိုပါ ညီလာခံကို ၂၀၂၁ ခုနှစ် ဧပြီလ ၁၉-၂၃ ရက်နေ့တွင် အွန်လိုင်းဖြင့် ကျင်းပခဲ့သည်၊ ၎င်းကို ITF ကိုယ်စားလှယ်များ၊ သင်္ဘောပိုင်ရှင်များနှင့် အစိုးရများ တက်ရောက်တွေ့ဆုံကြပြီး စာချုပ်ကို ပြန်လည် သုံးသပ်လျက်ရှိပါသည် [1,2]။

“ပင်လယ်ရေကြောင်းဆိုင်ရာ အလုပ်သမား စာချုပ် (The Maritime Labour Convention) မှာ အပြည်ပြည်ဆိုင်ရာ စာချုပ်တစ်ခုဖြစ်ပြီး သင်္ဘောသားများအား အကာအကွယ်ပေးရန်နှင့် လက်ခံနိုင်သော အလုပ်ချပေးခြင်းအတွက် ပံ့ပိုးပေးရန် ပုံဖော်ထားပါသည်၊” ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း၌ သင်္ဘောသားများ၏ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်ပြီး ITF သင်္ဘောသားများ ဌာနခွဲ ဒု-ဥက္ကဌလည်းဖြစ်သူ Mark Dickinson က ပြောကြားခဲ့သည်။

“လုပ်ငန်းကဏ္ဍ၏ အုပ်ချုပ်ရေးနှင့် ဖွဲ့စည်းပုံမှာ ကမ္ဘာ့ရောဂါကပ်ဘေးကြီးအတွင်း ခပ်ကြမ်းကြမ်း ပေါ်ထွက်ခဲ့သည်။ လုပ်ငန်းကဏ္ဍသည် ကမ္ဘာ့ကုလသမဂ္ဂ ပင်လယ် ဥပဒေ၏ ပြဌာန်းချက်များ ရှိလင့်ကစား အစိတ်စိတ်အမြွှာမြွှာ ကွဲသွားခဲ့ပြီး ၎င်းသည် ပရမ်းပတာ အကြီးအကျယ် ဖြစ်စေခဲ့သည်။”*

“အဓိက အလံတင် နိုင်ငံများမှာ စက္ကူ ကစားစရာ ကျားတိရစ္ဆာန်များသာ ဖြစ်ကြသည် – ၎င်းတို့၏ သင်္ဘောဝန်ထမ်းများအတွက် ကောင်းကျိုးချမ်းသာကိစ္စ၌ လုံးဝ မြင်သာမှုမရှိ၊ လုံးဝ စွမ်းဆောင်ရည် မရှိ၊ လုံးဝ စိတ်ဝင်စားမှု မရှိ ကြပါ။”

“ထို့ပြင် MLC ကို အတည်ပြုခဲ့သည့် အစိုးရ ၉၇ ခုတို့တွင် သင်္ဘောသားများအနေဖြင့် ၎င်းတို့၏ အလုပ် ကန်ထရိုက်များ ကုန်ဆုံးချိန်၌ အိမ်ပြန်နိုင်ရန် သေချာအောင်လုပ်ရန် တာဝန်ရှိသည်။ ၎င်းတာဝန်မှာ အဖြူနှင့်အမည်း အတိအကျရှိပါသည်။ ၎င်းတွင် ရှောင်ကွင်းရမည့် စာပိုဒ်များ သို့မဟုတ် အထူး စည်းကမ်းချက်များ မရှိပါ။ သင်္ဘောသားများအား အိမ်ပြန်ပို့ပေးရန် ပျက်ကွက်ခဲ့သည့် သို့မဟုတ် အိမ်ပြန်ပို့ပေးခြင်းမှ ဟန့်တားသည့်၊ ၎င်းတို့အား ကမ်းပေါ်၌ ဆေးဝါးကုသရန် ငြင်းဆိုခဲ့သည့်၊ ထို့ပြင် သင်္ဘောသားများအား ၎င်းတို့၏ အခွင့်အရေးများကို အာမခံရန် အပြည်ပြည်ဆိုင်ရာအားဖြင့် ပူးပေါင်းဆောင်ရွက်ရန် ပျက်ကွက်ခဲ့သည့် အစိုးရများသည် MLC အား ရှင်းရှင်းလင်းလင်း ဖောက်ဖျက်ကျူးလွန်နေကြသည်ဖြစ်သောကြောင့် ၎င်းတို့၏ အပြည်ပြည်ဆိုင်ရာ တာဝန်များကို ဖောက်ဖျက်ကျူးလွန်သည်။”

စဉ်းစားဆင်ခြင်မှု ညံ့ဖျဥ်းခြင်းအရဖြစ်သော ခရီးသွား ပိတ်ပင်မှုများ

ကမ္ဘာ့ရောဂါကပ်ဘေးကြီးရှိသည်တိုင် သင်္ဘောသားများသည် ကုန်စည် ဖြန့်ချီရေး လမ်းကြောင်းများကို ဆက်လက် ဖွင့်လှစ်ထားခဲ့သည်၊ မရှိမဖြစ် လိုအပ်သည့် လောင်စာဆီ၊ ဆေးဝါးများနှင့် ဆေးဘက်ဆိုင်ရာ ကိရိယာတို့ကို ၎င်းတို့အား လိုအပ်နေသည့် နေရာများသို့ ရောက်ရှိနိုင်ရန် သေချာစေအောင်လုပ်နေသည်ဟု STC စည်းဝေးပွဲက မှတ်တမ်းတင်ခဲ့ပါသည်။ သို့သော်လည်း အစိုးရများသည် ၎င်းတို့၏ ဆောင်ရွက်ချက်များကို အတူတကွ လုပ်ဆောင်ရန် အချိန် ၁၃ လ ရှိခဲ့ပြီး အစိုးရအများအပြားမှာ သင်္ဘောသားများအနေဖြင့် သင်္ဘောများပေါ် တက်ရောက်ရန်နှင့် သင်္ဘောမှဆင်းရန် စွမ်းရည်ကို ဟန့်တားပေးနေသည့် စဉ်းစားဆင်ခြင်မှု ညံ့ဖျဥ်းသည့် ခရီးသွား ပိတ်ပင်မှုများကို ချမှတ်နေဆဲဖြစ်ပါသည်။

“အကယ်၍ သင်္ဘောသားများအား အဓိက အလုပ်သမားများအဖြစ် တစ်ကမ္ဘာလုံး သတ်မှတ်ပေးပြီး လွတ်လွတ် လပ်လပ် သွားလာခွင့်ပြုပါက ဤကြီးမားသည့် လူ့အခွင့်အရေး ပြဿနာ ဖြေရှင်းခြင်းမှာ အောင်မြင်လာပါလိမ့်မည်၊” ဟု ITF သင်္ဘောသားများ ဌာနခွဲ ညှိနှိုင်းရေးမှူးဖြစ်သူ Fabrizio Barcellona က ပြောကြားခဲ့သည်။ “သင်္ဘောသားများနှင့် ဆိပ်ကမ်း လူမှုအသိုင်းအဝိုင်းတို့အား ကာကွယ်ပေးရန် အာဏာပိုင်များအနေဖြင့် ရောဂါကူးစက်ပျံ့နှံ့ခြင်းကို တားဆီးမည့် အစီအမံအမျိုးမျိုးကို သင်္ဘောသားများနှင့် ဆိပ်ကမ်း အလုပ်သမားများ အတွက် စစ်ဆေးခြင်းနှင့် ကာကွယ်ဆေး ဦးစားပေးခြင်းတို့အပါအဝင်ကို ချမှတ်ရမည်ဖြစ်သည်။”

ခရီးသွားခွင့်ပြုရန် ယာယီ ခြွင်းချက်များနှင့် သင်္ဘောဝန်ထမ်း စာရွက်စာတမ်းများ၏ အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြုမှုကို နိုင်ငံများအကြား ပိုမိုကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုကိုလည်း အစည်းအဝေးက အကြံပြုခဲ့ပါသည်။ ဤအရာ အားလုံးသည် သင်္ဘောဝန်ထမ်း အကျပ်အတည်းကို အစိုးရများ၏ Covid-19 ထိန်းချုပ်မှု စွမ်းရည်အား သိသိသာသာ ထိခိုက်ခြင်း မရှိစေဘဲ အထောက်အကူပြုပါလိမ့်မည်။

“များစွာသော သင်္ဘောသားများမှာ ကမ္ဘာ့ ရောဂါကပ်ဘေးကြီးကြောင့်နှင့် အကျပ်အတည်းကို အစိုးရများက ကိုင်တွယ်နေကြသည့် နည်းလမ်း၏ နောက်ဆက်တွဲပြဿနာကြောင့် မိမိတို့၏ အလုပ်များကို စွန့်လွတ်ခဲ့ကြသည်၊ အများအပြားမှာ ၎င်းတို့၏ စိတ်ကြိုက် သက်မွေးကြောင်းကို စဉ်းစားနေကြပါသည်၊” ဟု Dickinson က ပြောကြားခဲ့သည်။ “၎င်းမှာ သင်္ဘောလုပ်ငန်းအပေါ် သက်ရောက်မှုရှိခဲ့ပြီး အချို့ကုမ္ပဏီများမှာ သင်္ဘောဝန်ထမ်း နည်းပါးမှုကြောင့် လုပ်ငန်း ဆက်လက် မလည်ပတ်နိုင်ကြပါ။ ၎င်းသည် ကမ္ဘာ့ စီးပွားရေး တစ်ရပ်လုံးကို သက်ရောက်မှု ရှိနေပါသည်။ အစိုးရများအနေဖြင့် အဆိုပါ အခြေအနေ ပို၍ပင် ဆိုးရွားလာခြင်းကို ဟန့်တားရန် အရေးပေါ် ဆောင်ရွက်ရမည်ဖြစ်သည်။”


ကာကွယ်ဆေး ဦးစားပေးမှု

သယ်ယူပို့ဆောင်ရေး အလုပ်သမားများကို Covid-19 ကာကွယ်ဆေးထိုးပေးရန်[3] ဦးစားပေးသင့်သည်ဟု သီးခြား ဆုံးဖြတ်ချက်တစ်ခု၌လည်း အစည်းအဝေးက သဘောတူညီခဲ့ပါသည်၊ WHO အကြံပြုချက်အား လစ်လျူရှုခြင်းကို ရပ်ဆိုင်းပြီး ကာကွယ်ဆေးများကို လူသားချင်းစာနာမှုနှင့် စီးပွားရေး အခြေခံများအပေါ် မူတည်၍ ဦးစားပေးရန် အစိုးရများအား လွန်ခဲ့သည့်အပတ် ITF ၏ အများပြည်သူ တောင်းဆိုမှု  ကို ထောက်ခံပေးခြင်း ဖြစ်သည်။

အဆိုပါ ဆုံးဖြတ်ချက်တွင် အစိုးရများအနေဖြင့် သင်္ဘောသားများအတွက် ကာကွယ်ဆေးများကို မည်ကဲ့သို့ ရရှိနိုင်စေရန်နှင့် အခြား နိုင်ငံများ၏ ကာကွယ်ဆေးထိုးခြင်းများကို အသိအမှတ်ပြုရန် ဖော်ပြထားပါသည်။ အဓိကကျသည့် ဆိပ်ကမ်းများ၌ သင်္ဘောများ၏ သင်္ဘောဝန်ထမ်းများကို ကာကွယ်ဆေးထိုးပေးရန်အတွက် ဆေးထိုးခန်းအဆောက်အအုံများ တည်ထောင်ပေးခြင်းကို ၎င်းက အကြံပြုပါသည်။

 

ပြီးပြီး
 
မှတ်ချက်များ-

* အပိုဒ် ၉၄ ကို ပင်လယ်ရေကြောင်း အလုပ်သမား စာချုပ် (Maritime Labour Convention (MLC)) ၌ ထည့်သွင်းထားသည်။ ၎င်းသည် ကမ္ဘာ့ကုလသမဂ္ဂ ပင်လယ် ဥပဒေ စာချုပ် ၁၉၈၂ ခုနှစ် (United Nations Convention of the Law of the Sea, 1982) မှ ဖြစ်သည်၊ ၎င်းသည် သမုဒ္ဒရာများနှင့် ပင်လယ်များတွင် လှုပ်ရှားဆောင်ရွက်မှုများကို မည်သို့ ဆောင်ရွက်ရမည်ကို ကြီးကြပ်ကွတ်ကဲပြီး ပင်လယ် ဥပဒေ အပိုဒ် ၉၄ သည် အလံလွှင့်ထူထားသည့် သင်္ဘောပေါ်ရှိ အလုပ်သမား အခြေအနေများ၊ သင်္ဘောဝန်ထမ်း ချထားရေးနှင့် လူမှုရေးဆိုင်ရာ ကိစ္စများနှင့် စပ်လျဥ်း၍ အလံတင် နိုင်ငံ၏ တာဝန်များနှင့် ဝတ္တရားများကို ပြဌာန်းထားပါသည်။

၂၀၂၀ ခုနှစ်တွင် အလံငှါး နိုင်ငံ သုံးနိုင်ငံမှာ ပနားမား၊ လိုင်ဘေးရီးယားနှင့် မာရှယ်ကျွန်းတို့ဖြစ်ကြသည်၊ ၎င်းတို့ အတူတကွအားဖြင့် ကမ္ဘာ့သင်္ဘောအုပ်စု၏ သုံးပုံတစ်ပုံနှင့် ၎င်းတို့၏ လုပ်နိုင်စွမ်းသော စွမ်းဆောင်ရည် 42% ကို ကိုယ်စားပြုပါသည်။

---

[1] အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း (International Labour Organization (ILO)) သည် ကမ္ဘာ့ကုလသမဂ္ဂ အထူးပြု အေဂျင်စီ တစ်ခုဖြစ်ပြီး (အခြားကိစ္စများအပြင်)  အလုပ်သမား စံနှုန်းများကို ကြီးကြပ်ပေးခြင်းအတွက် ဦးစီးဆောင်ရွက်သည်။ သင်္ဘောလုပ်ငန်းနှင့် သင်္ဘောသားများနှင့်ဆက်နွှယ်သည့် အဓိက အပြည်ပြည်ဆိုင်ရာ စာချုပ်မှာ ပင်လယ်ရေကြောင်းဆိုင်ရာ အလုပ်သမား စာချုပ် (Maritime Labour Convention (MLC)) ဖြစ်သည်၊ သင်္ဘောသားများ၏ အခြေခံ အခွင့်အရေးများအဖြစ် များသောအားဖြင့် ရည်ညွှန်းကြသည်၊ သင်္ဘောသားများ၏ အနည်းဆုံး အခွင့်အရေးများကို အကာအကွယ်ပေးရန် ပုံဖော်ထားသည်။ ဤနေရာ၌ ပိုမိုဖတ်ရှုပါ။

[2] MLC ၏ အထူး သုံးပွင့်ဆိုင် ကော်မတီ လေးကြိမ်မြောက် အစည်းအဝေး ၂၀၀၆ ခုနှစ် – အပိုင်း ၁ (၂၀၂၁ ခုနှစ် ၁၉-၂၃ ရက်နေ့ အွန်လိုင်းဖြင့် ကျင်းပခဲ့သည်) သည် သင်္ဘောလုပ်ငန်း အခန်းကဏ္ဍနှင့် သင်္ဘောသားများအပေါ် Covid-19 သက်ရောက်မှုကို ထည့်သွင်းစဉ်းစားထားသည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း (International Labour Organization) သည် ဌာနတွင်း အထူးတာဝန် တပ်ဖွဲ့ကို ဖွဲ့စည်းရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ထံ တောင်းဆိုသင့်သည်ဟု အစည်းအဝေးက ဆုံးဖြတ်ချက်ချခဲ့သည်။ ဤနေရာ၌ ပိုမိုဖတ်ရှုပါ။

[3]  အစိုးရ အားလုံးသည် ကာကွယ်ဆေးထိုးခြင်းကို သင်္ဘောသားများအား ဦးစားပေးသင့်သည်ဟု သင်္ဘောသားများအတွက် COVID-19 ကာကွယ်ဆေးထိုးခြင်းနှင့်ပတ်သက်သည့် ILO ဆုံးဖြတ်ချက်က အကြံပြုခဲ့သည်

 

 

ITF အကြောင်း- အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers’ Federation (ITF)) သည် ကမ္ဘာ့ဦးဆောင် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖြစ် အသိအမှတ်ပြုခံရသည့် ဒီမိုကရေစီဆန်ဆန် အဖွဲ့ဝင်-ဦးဆောင်သည့် စုပေါင်းအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် အလုပ်လုပ်ကိုင်ရာ ဘဝများကို ပိုမိုတက်တက်အောင်လုပ်ရန် ဇောက်ချ၍ တိုက်ပွဲဝင်ပါသည် - နိုင်ငံပေါင်း 147 နိုင်ငံမှ ကုန်သွယ် သမဂ္ဂများကို ၎င်းတို့၏ အဖွဲ့ဝင်များအတွက် အခွင့်အရေးများ၊ တန်းတူရှိမှုနှင့် တရားမျှတမှု ရရှိရေးအတွက် ဆက်စပ်ပေးထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် သင်္ဘောသား တစ်သန်းကျော် အပါအဝင် ကမ္ဘာတစ်ဝန်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းကဏ္ဍရှိ အလုပ်လုပ်ကိုင်သည့် အမျိုးသမီး အမျိုးသားပေါင်း သန်း 20 နီးပါးအတွက် ပြောဆိုသံဖြစ်ပါသည်။

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.