Skip to main content

Ever Given သည် ဆွဲဘုတ်ရေယာဥ်နှင့် သင်္ဘောဆွဲပေးသည် အလုပ်သမားများ၏ အရေးကြီးပုံကို ပြသခဲ့သော်လည်း ၎င်းတိို့၏ လုပ်ငန်းကဏ္ဏမှာ အန္တရာယ်ရှိသည့် ဖြတ်လမ်းလိုက်လုပ်ဆောင်မှုများ ဆက်လက်လုပ်ဆောင်နေ

07 Apr 2021
Photo: Suez Canal Authority
Photo: Suez Canal Authority

ခြောက်ရက်တာ Suez တူးမြောင်း ပိတ်ဆို့မှုနှင့် ၎င်းအား ကြိုဆိုလျက်ရှိသည့် ပိတ်ဆို့မှုပွင့်သွားခြင်းသည် ဆွဲဘုတ် ရေယာဥ်နှင့် သင်္ဘောဆွဲပေးသည့် အလုပ်သမားများ၏ အရေးပါသည့် အလုပ်အပေါ် မီးမောင်းထိုးပေးခဲ့ပါသည်။ သို့သော်လည်း လုပ်ငန်းကဏ္ဍအနေဖြင့် လက်ရှိ ဖြတ်လမ်းလိုက်မှုကို ရပ်ဆိုင်းပြီး အလုပ်သမားများ၏ ဘေးကင်းမှုဆိုင်ရာ စိုးရိမ်မှုများကို ဖြေရှင်းခြင်း မရှိလျှင် ကမ္ဘာကြီးအနေဖြင့် နောက်ထပ် Even Given-အမျိုးအစား အကျပ်အတည်း တစ်ခုကို ကျွန်ုပ်တိို့ ထင်ထားသည်ထက် ပိုမိုစောစီးစွာ ဖြစ်လာပါလိမ့်မည်။

နှစ်ပေါင်းများစွာ အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) သည် သင်္ဘော မောင်းနှင်စီမံမှု၌ သိသိသာသာ လျှော့ချနေမှုများနှင့် ဝန်ထမ်း နည်းပါးသည့် လုပ်သားအင်အားထု၏ အလွန်အကျွံ အချိန်ပိုအလုပ်များကြောင့် ပနားမား တူးမြောင်း၌ အဓိက မတော်တဆဖြစ်ရပ် မလွဲမသွေ ဖြစ်လာနိုင်သည်ဟု သတိပေးခဲ့သည်

ပနားမားရှိ အဆိုပါ အခြေအနေသည် ဆွဲဘုတ်ရေယာဥ်နှင့် သင်္ဘောဆွဲပေးသည့် လုပ်ငန်းကဏ္ဍနှင့်ပတ်သက်လျှင် တစ်ကမ္ဘာလုံးအတွက် ရောင်ပြန်ဟတ်ပေးလိုက်သည်။

တစ်ကမ္ဘာလုံးဆိုင်ရာအားဖြင့် ဖြတ်လမ်းလိုက်မှုမှာ လုပ်ငန်းကဏ္ဍ၌ ဆက်လက် ဖြစ်နေလျက်ရှိပြီး ၂၀၂၁ ခုနှစ်တွင် အမြတ်အစွန်း အမြောက်အမြား ရရှိနေသည့် ကော်ပိုရေးရှင်းများသည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အရေးပါသည့် ဆွဲဘုတ်ရေယာဥ်နှင့် သင်္ဘောဆွဲပေးသည့် ကန်ထရိုက်ကို စျေးနှုန်းလျှော့ချရေးအား အလွန်အကျွံ ဖိအား ပေးနေလျက်ရှိသည်။ တူညီသော (သို့မဟုတ် ပိုမိုသော) အလုပ်ပမာဏကို ငွေကြေး အနည်းအကျဉ်းဖြင့် အတင်းအကျပ် လုပ်ခိုင်းစေခြင်းကြောင့် ဤအလုပ်ကန်ထရိုက်၏ ဖိအားပေးမှုဖြင့် အလုပ်အကိုင် ဆုံးရှုံးမှုများနှင့် လုပ်သားအင်အားထုအပေါ် ဖိအားပေးမှု ပိုမို တိုးပွားလာရသည်။

ဤအလုပ်အကိုင် ဆုံးရှုံးမှုများမှာ ပိုမိုကြီးမားသည့် အလုပ်ပမာဏဖြစ်ကြောင်းနှင့် ပိုမိုနည်းပါးသည့် အလုပ်သမား အပေါ် တာဝန်ဖိစီးမှု များပြားလာကြောင်း ကျွန်ုပ်တို့၏ အဖွဲ့ဝင်များအနေဖြင့် ရှင်းလင်းမြင်သာခဲ့ပါသည်။ တစ်ကမ္ဘာလုံးဆိုင်ရာ သမဂ္ဂများက ဖြတ်လမ်းလိုက်မှုများ၊ ဒေသခံ လုပ်ခ လျှော့ချမှုများ၊ အလုပ်လုပ်ကိုင်ရာ အခြေအနေ ပျက်သုဥ်းယိုယွင်းမှုများ၊ အဖွဲ့ဝင်များအကြား စိတ်သောက ပိုမိုများတိုးလာမှုများ၊ ပင်ပန်းနွမ်းနယ်မှု တိုးမြှင့်လာမှုကြောင့် အလုပ်ခွင်၌ များသောအားဖြင့် မတော်တဆဖြစ်ရပ်နှင့် ထိခိုက်မှု တိုးလာမှုများကို မြင်တွေ့နေကြရပါသည်။

ဖြတ်လမ်းလိုက်ခြင်းလုပ်ဆောင်ရသည့် ပြဿနာတက်သော လုပ်ကိုင်နည်းတစ်ခုမှာ အဓိက သင်္ဘောလုပ်ငန်း ကုမ္ပဏီများဖြစ်ကြသည့် Maersk, CMA CGM, Evergreen နှင့် COSCO အုပ်စုတို့က ၎င်းတို့၏ ကန်ထရိုက် စာချုပ်များကို ဆွဲသင်္ဘော ကုမ္ပဏီများနှင့် မည်ကဲ့သို့ချုပ်ဆိုသည်တွင် မြင်တွေ့ကြပါသည်။ ဦးဆောင် ကော်ပိုရေးရှင်းများသည် ဤကန်ထရိုက်များဖြင့် မဖြစ်နိုင်သော လျှော့စျေးများကို တောင်းဆိုကြသည်၊ ဆွဲဘုတ်ရေယာဥ် ကုမ္ပဏီများအတွက် ၎င်းတို့၏ ဝန်ထမ်းများက ဘေးကင်းစွာ လုပ်ကိုင်နိုင်ရန် မျှတသော အဖိုးအခရရှိရန်အတွက် မယုံကြည်နိုင်လောက်အောင် ခက်ခဲစေသည်။

ဆွဲဘုတ်ရေယာဉ်နှင့် သင်္ဘောဆွဲပေးသည့် အလုပ်သမားများကို ပနားမား တူးမြောင်း အာဏာပိုင်ကဲ့သို့က တိုက်ရိုက် အလုပ်ခန့်သည့်အခါမှာပင် လျှော့စျေးတောင်းဆိုသည့် သဘောသဘာဝမှာ အလုပ်အမှုဆောင်များအနေဖြင့် ၎င်းတို့၏ ဆွဲသင်္ဘောဌာနမှ မဖြစ်နိုင်သော အလားတူ ဖြတ်လမ်းလိုက်သော တောင်းဆိုမှုများ လုပ်ဆောင် လာခဲ့သည်။

ဤဖြတ်လမ်းလိုက်မှု၏ အန္တရာယ်ကို ကုမ္ပဏီများနှင့် အစိုးရများအား သတိပေးသည့် ETF Tug Committee နှင့် ITF Latin America Tug Committee တို့မှ ဖုန်းခေါ်မှု အကြိမ်ကြိမ် ရောက်ရှိလာခဲ့ပါသည်။ လုပ်ငန်းကဏ္ဍ အနေဖြင့် ထိန်းသိမ်းပြုပြင်ရေး၊ စိတ်ချရသည့် ကိရိယာပစ္စည်း၊ သင်္ဘောအုပ်စု သက်တမ်းတိုးခြင်းနှင့် သင်္ဘောဝန်ထမ်းများအား လေ့ကျင့်ပေးခြင်းတို့အပေါ် ဖြတ်လမ်းလိုက်ခြင်းတို့ကို ရပ်ဆိုင်းရမည်ဖြစ်ကြောင်း ကျွန်ုပ်တို့အနေဖြင့် ရှင်းလင်းမြင်သာပါသည်။ ဘေးကင်းစွာ မောင်းနှင်စီမံမည့် အဆင့်များနှင့် ထိုက်သင့်သော အနားယူရန် အချိန်ကာလနှင့် ဘေးကင်းသော အလုပ်လုပ်ကိုင်သည့် အဆင့်များသို့ ပြန်လည်ရောက်ရှိရန် အချိန်လည်း ကျရောက်ပြီဖြစ်ပါသည်။

Ever Given ဖြစ်ရပ်က ဆောင်ကျဉ်းပေးလိုက်သော ကျော်ကြားမှုသည် ကမ္ဘာကြီးအတွက် အရေးပါသည့် အခန်းကဏ္ဍ၌ ပါဝင်နေသည့် ဤရေယာဥ်များနှင့် ၎င်းတို့ကို မောင်းနှင်လုပ်ကိုင်ပေးသည့် အမျိုးသမီး၊ အမျိုးသားတို့အပေါ် နားလည်ရန် အခွင့်အလမ်းတစ်ရပ်ကို ပေးအပ်သည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။

Suez တူးမြောင်း ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့မှုမှ ပွင့်သွားအောင်လုပ်ပေးသည့် ဆွဲဘုတ်ရေယာဥ် လုပ်ငန်းအစွမ်းထက်မှုသည် ကျွမ်းကျင်မှုစနစ် အမြင့်မားဆုံး စံနှုန်းများကို ပြသခဲ့ပါသည်။ ဤ လုပ်ငန်းမှာ အလွယ်တကူ မှားယ္ငင်းသွားခဲ့နိုင်သည်၊ ကြီးမားသည့် ကုန်သေတ္တာတင် သင်္ဘောအား သောင်တင်ရာမှ လွတ်မြောက်အောင်လုပ်ခြင်းမှာ အံ့မခန်းဖွယ် ကျွမ်းကျင်မှု လိုအပ်သောကြောင့်ဖြစ်သည်။ အဆိုပါ ကျွမ်းကျင်မှု မရှိဘဲ၊ ကုန်တင်သင်္ဘောကြီးမှာ တိမ်းဆောင်း မတည်ငြိမ်ဖြစ်သွားနိုင်ပြီး ကုန်သေတ္တာများ ပြုတ်ကျဆုံးရှုံး သွားနိုင်ခဲ့မည့် အလားအလာရှိကာ ကမ္ဘာ့ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်များအား ထပ်မံ၍ပင် နှောင့်နှေးကြန့်ကြာ သွားနိုင်ပါသည်။

Suez တူးမြောင်းတွင် ပထမ နှစ်ရက်အတွင်းမှာပင် သင်္ဘောအစင်းပေါင်း ၄၅၀ တန်းစီနေလျက်ရှိကြောင်း တွေ့ရှိခဲ့ရသည်၊ တစ်စင်းစီမှာ ဆွဲပေးရမည့် ရေယာဥ်များ လိုအပ်လျက်ရှိပါသည်။ ဆွဲဘုတ်ရေယာဥ်များနှင့် ဆွဲပေးခြင်း မရှိဘဲ တူးမြောင်းရှိ သင်္ဘောအဝင် အဖွင့်အပိတ်နေရာ၊ တူးမြောင်းများအား ဖြတ်ကျော်၍ မသွားနိုင်သည်ကို သို့မဟုတ် ဆိပ်ကမ်းရှိ ဆိပ်ခံတံတားကိုပင် အကူအညီမရှိဘဲ လုပ်မရသည်ကို များသောအားဖြင့် မေ့နေကြသည်။ ၎င်းတို့သည် ကုန်စည် ကယ်တင်ရေးလုပ်ငန်းများ၊ မီးငြိမ်းသတ်ရေး၊ ကယ်ဆည်ရေးများနှင့် မိုးလေဝသ သတင်းများအတွက်ကိုပင် အရေးပါလှပေသည်။ ၎င်းတို့သည် ကမ္ဘာ့ သင်္ဘောလုပ်ငန်း၏ ကျောရိုး နောက်ခံတစ်ခု ဖြစ်သည်၊ ၎င်းကျောရိုးနောက်ခံမှာ အလွန့်အလွန် ဖိအားပေးခံနေရသည်။

သင်္ဘောလုပ်ငန်း၊ ကုန်စည်ပို့ဆောင်ရေးနှင့် ကုန်အတင်အချလုပ်ငန်း ကဏ္ဍများ၏ ခေါင်းဆောင်များအား ဆွဲဘုတ်ရေယာဥ်နှင့် သင်္ဘောဆွဲပေးသည့် လုပ်ငန်းကဏ္ဍ ဖြတ်လမ်းလိုက်ခြင်း၏ မတည်ငြိမ်မှုကို အသိအမှတ်ပြုရန် ကျွန်ုပ်တို့ တိုက်တွန်းပါသည်။ အန္တရာယ်ရှိသည့် အလုပ်လုပ်ကိုင်ရာ အခြေအနေများမှာ ဖြစ်ပေါ်လာရန် စောင့်မျှော်နေရသည့် ဘေးအန္တရာယ်တစ်ခုဖြစ်သည်ဟု အလုပ်သမားများက လုပ်ငန်းကဏ္ဍအား ဖွင့်ဟပြောဆိုကြသည်။

ဤအခြေအနေကြောင့် လွန်ခဲ့သည့်အပတ်က Suez တူးမြောင်းအပေါ်ကျရောက်ခဲ့သည့် ဘေးအန္တရာယ် အတိုင်းအတာလောက် ထိခိုက်မည့် ဆိုးရွားသည့် ရေကြောင်းလမ်း နောက်ထပ်တစ်ခု မဖြစ်ပွားမီ သင်္ဘောလုပ်ငန်းအသိုင်းအဝိုင်း၊ နှင့် အစိုးရများ၏ အပြည့်အဝ အာရုံစိုက်မှုကို လိုအပ်ပါသည်။ အန္တရာယ်မှာ ရသုံးခန့်မှန်းခြေ ဖြတ်တောက်မှုနှင့် ကန်ထရိုက် စျေးနှုန်းလျှော့ချမှုတို့နှင့်တကွ ကြီးထွားလာလျက်ရှိသည်။

ဤဘေးအန္တရာယ် ကျရောက်လာမည်ကို သိရှိနေပြီး ဖွင့်ဟပြောဆိုနေသည့် ရှေ့တန်း အလုပ်သမားများ၏ အကြံဉာဏ်ကို နားထောင်သင့်သည်။ ၎င်းမှာ အဆင့်မြင့်မားသည့် စံရည်စံနှုန်းများဖြစ်သည်၊ ဖြတ်လမ်းလိုက်ခြင်း မဟုတ်ကြောင်း ကျွန်ုပ်တို့ သိပါသည်၊ တစ်ကမ္ဘာလုံးဆိုင်ရာ ဆွဲဘုတ်ရေယာဥ်နှင့် သင်္ဘောဆွဲပေးသည့် လုပ်ငန်းကဏ္ဍ၏ ဘေးကင်းပြီး တည်ငြိမ်သော လုပ်ငန်း၊ အထူးသဖြင့် ကမ္ဘာ့ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်ကို ထိန်းသိမ်ထားရန် လိုအပ်ပါသည်။

ဆွဲဘုတ်ရေယာဥ်နှင့် သင်္ဘောဆွဲပေးသည့် အလုပ်သမားများ၏ အရေးကြီးပုံနှင့်ပတ်သက်ပြီး Ever Given ၏ သင်ခန်းစာများနှင့် Covid-19 မှ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ပြန်လည်ထူထောင်မှုကို အင်အားဖြည့်တင်းပေးရန် အတွက် သင်္ဘောလုပ်ငန်း နောက်ခံကျောရိုးကို ပြန်လည်တည်ဆောက်ရန် ကမ္ဘာကြီးအနေဖြင့် အခွင့်အလမ်း ရှိပါသည်။

ဤလုပ်ငန်းကဏ္ဍကို သင်္ဘောနှစ်မြှုပ်မှုကိုပင် မကသည့် ဘေးကင်းမှုဆီသို့  ပြန်လည်လုပ်ဆောင်ရန်  လက်မလွတ်ကြပါစို့။

 

Jacques KERKHOF ဥက္ကဌ ETF ကော်မတီ

Ivan De La Guardia ITF ဆွဲဘုတ်ရေယာဥ် နှင့် သင်္ဘောဆွဲ ကျွမ်းကျင်သူ LATAM

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.