Skip to main content

‘အစားအစာနှင့် ရေ ရရှိရန် ရက်အနည်းငယ်တိုင်းတွင် ကျွန်ုပ် ကမ်းသို့ ရေကူးသွားခဲ့ရသည်’ – MV Aman သင်္ဘောပေါ် လေးနှစ် (ဆက်လက်၍) ချောင်ပိတ်မိခံနေရသည့် သင်္ဘောသားနှင့် တွေ့ဆုံပါ

23 Mar 2021

အီဂျစ်နိုင်ငံ၏ ပင်လယ်နီ ဆိပ်ကမ်း အာဏာပိုင်သည် ၎င်း၏တာဝန်ကို Mohammad Aisha နှင့် Bahraini-အလံတင် MV Aman သင်္ဘော ထိပ်လန့်ဖွယ်ကောင်းသည့် အမှုတွင် လျစ်လျူရှုခဲ့သည်။ ၎င်းတိို့တွင် ဥပဒေအရ အမှန်နှင့် အမှား မည်မျှပင်ဖြစ်စေကာမူ ယခု အရေးယူဆောင်ရွက်ရန် ကျင့်ဝတ်ဆိုင်ရာ တာဝန် ရှိသည်ဟု ချောင်ပိတ်မိခံနေရသည့် သင်္ဘောသားများအား ကိုယ်စားပြုနေသည့် သမဂ္ဂ ဖယ်ထရေးရှင်း၏ ကိုယ်စားလှယ်များက ပြောသည်။

အထွေထွေ ကုန်စည်တင် သင်္ဘော MV Aman (IMO 9215517) ကို ၂၀၁၇ ခုနှစ်၌ အီဂျစ်နိုင်ငံရှိ Suez တူးမြောင်း ကျောက်ချနေရာတွင် ဖမ်းဆီးခံရစဉ် အရာရှိချုပ် Mohammad Aisha သည် သင်္ဘောပေါ်၌ တစ်ဦးတည်းသာ နှစ်လ နေခဲ့ရသည်။ သူသည် ယခု သင်္ဘောပေါ် ရှိနေဆဲဖြစ်သည်၊ ကြားကာလ လေးနှစ်မှာ Aisha နှင့် သူ၏ သင်္ဘောအပေါ် ဆိုးရွားနေလျက်ရှိပါသည်။

တရားရုံးက သူ့အား သင်္ဘော၏ဥပဒေဆိုင်ရာ စောင့်ကြပ်သူအဖြစ်ခန့်အပ်ကတည်းကစ၍ ၎င်းတို့သည် အတူတကွ ဥပဒေအရ ချည်နှောင်နေလျက်ရှိသည်။ သူသည် သင်္ဘောမှ ထွက်ခွာ၍ မသွားနိုင်ပါ၎င်းအပြင် သင်္ဘောအား မရောင်းချနိုင်သေးခြင်းမှာ သင်္ဘောသည် သူ့အား ခွဲခွာ၍ မရနိုင်ဟု ဆိုလိုပါသည်။

Mr Aisha ၏ ကိစ္စသည် အလားတူ အခြေအနေများ၌ MV Mete သင်္ဘောပေါ် ချောင်ပိတ်မိခံခဲ့ရသည့် Turkish မာလိန်မှူး Vehbi Kara အမှုကိစ္စနှင့် ဆင်တူသည်။ သို့သော်လည်း မာလိန်မှူး Captain Kara နှင့် မတူသည်မှာ အီဂျစ် အာဏာပိုင်များသည် အရေးယူဆောင်ရွက်ခြင်း မရှိသည်သာဖြစ်သည်။

ဆိုးရွားသည့် အခြေအနေများ၌ ချောင်ပိတ်မိခံနေမှု

Aisha အဖို့မှာမူ၊  ၂၀၂၁ ခုနှစ်သည် ဤ မျောနေသည့် အကျဉ်းထောင်၌ ချောင်ပိတ်မိခံနေရသည့် သူ၏စတုတ္ထနှစ် ဖြစ်ပါသည်။ သူ တစ်ယောက်တည်း ဖြစ်ပါသည်။ လုံးဝ တစ်ယောက်တည်း ဖြစ်ပါသည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးသည် နေ့စဉ် ယိုယွင်းနေလျက်ရှိသည်။ သူ့တွင် စွမ်းအင် သို့မဟုတ် လျှပ်စစ်မီး မရှိပါ။ အခြေခံ အရာပစ္စည်းများဖြစ်သည့် စားစာရာနှင့် ရေ ရရှိရေးအတွက် သူ ကမ်းသို့ ရေကူးသွားရသည်၊ ရေကူးသွားတိုင်း သူ့အသက်ကို အန္တရာယ်နှင့်အရဲစွန့်နေရသည်။ သူသည် ဤအရာများကို ရရှိရန် ရေးကူးရပြီး အတင်းအကျပ် ရေကူး၍ ပြန်လာရသည်။ ဥပဒေအရ MV Aman သင်္ဘောသည် သူ၏ ပြဿနာဖြစ်ပြီး သူတစ်ဦးတည်းအတွက် ပြဿနာဖြစ်လျက်ရှိသည်။ ၎င်းပြဿနာမှာ အနည်းဆုံး တစ်စုံတစ်ယောက်ယောက်၏ ပြဿနာဖြစ်လာမည့် အချိန်အထိဖြစ်ပါသည်။

 “ယမန်နှစ် မတ်လ၌ ဆိုးရွားသည့် ရာသီဥတုကြောင့် သင်္ဘောသည် သောင်တင်ခဲ့သည်၊” ဟု Aisha သည် သူ့အနေဖြင့် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ၌  ITF ထံမှ အကူအညီ တောင်းခံခဲ့သည့်အခါ ပြောဆိုခဲ့သည်။ “၎င်းကတည်းကစ၍ မည်သူကမျှ ကျွန်ုပ်အား သောက်ရေသန့်၊ စားနှပ်ရိက္ခာများ သို့မဟုတ် ဒီဇယ်ဆီ မပေးကြပါ။ ကျွန်ပ်သည် အစားအစာ၊ ရေနှင့် ကျွန်ုပ် ဖုန်းအား ဓါတ်အားဖြည့်ရန် ရက်အနည်းငယ်တိုင်း ကမ်းသို့ ရေကူးသွားရပါသည်။ ဤရက်များတွင် ကမ်းသို့ရောက်အောင် ရေကူးသွားခြင်းမှာ အလွန်အေးပြီး ကျွန်ုပ်၏ ဆိုးရွားသည့် ကျန်းမာရေးကြောင့် ကျွန်ုပ်၏ အသက်ကို အန္တရာယ်ဖြစ်စေပါသည် (ကျွန်ုပ် အကြိမ်ရေ များများ ရေနှစ်လုနီးပါး ဖြစ်ခဲ့ပါသည်)။”

အဆိုပါ သင်္ဘောသားမှာ အကျဉ်းထောင်-ကဲ့သို့ အခြေအနေ၌ ပတ်ဝန်းကျင် အနေအထားအရ ချောင်ပိတ်မိ ခံနေရသည့် တစ်ဦး-တည်းသော လူသားချင်းစာနာရမည့် အကျပ်အတည်းတစ်ခုဖြစ်ပါသည်။ နည်းအမျိုးမျိုး၌ ၎င်းသည် အကျဉ်းထောင်ထက် ပိုမိုဆိုးရွားပါသည်။ အီဂျစ်နိုင်ငံ ဆိပ်ကမ်း အာဏာပိုင်များ၏ လုပ်ရပ်ဖြင့်သာလျှင် သူ့အား လွတ်မြောက်ပေးနိုင်မည်ဖြစ်သည်။ ၎င်းတို့တွင် Aisha အား ဆီးရီးယားနိုင်ငံသို့ အိမ်ပြန်ပို့ရန် လုပ်နိုင်သည့် လက်တွေ့ကျကျ နည်းလမ်း အမျိုးမျိုးရှိသော်လည်း မည်သည့်နည်းလမ်းကိုမျှ မဆောင်ရွက်ကြပါ။ ၎င်းအစား အီဂျစ်နိုင်ငံ ဆိပ်ကမ်းအာဏာပိုင်များသည် အဆိုပါလူ၏ ဆိုးရွားနေပြီး နာကျင်နေရသည့် အခြေအနေကို ဖော်ပြထားသည့် ITF ၏ အရေးပေါ် အီးမေးလ်ကို မပြန်ကြားပေးခဲ့ပါ။

အီဂျစ်နိုင်ငံ အာဏာပိုင်များထံမှ နှုတ်ဆိတ်နေခြင်းက သဘောဆောင်ပုံရသည်မှာ သူတို့အနေဖြင့် MV Aman သင်္ဘောပေါ်တွင် Aisha အနေဖြင့် ရာသက်ပန် ပုတ်ပွသွားစေရန် ကျေနပ်နေကြပုံရသည်။

ITF သည် သင်္ဘော မှတ်ပုံတင်ထားရာ အလံတင်နိုင်ငံ Bahrain ၏ ဝင်ရောက်စွက်ဖက်မှုကိုလည်း သင်္ဘောသားအား အရေးပေါ် အိမ်ပြန်ပို့ရန်အတွက် စီစဉ်ပေးရန် ရှာကြံခဲ့ပါသည်။

ပိုမိုဆိုးရွားနေသည့် ကျန်းမာရေး

ကျန်သောသင်္ဘာဝန်ထမ်း အားလုံးမှာ ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် အိမ်ပြန်ခဲ့သည်။ ၎င်းအချိန်မှစ၍ Aisha မှာ တစ်ဦးတည်း အထီးကျန်ခဲ့သည် (အသေအချာအားဖြင့် အလုံခန်း အကျဉ်းချခံနေရခြင်း ဖြစ်သည်) ၎င်းအား စမ်းသပ်စစ်ဆေးခဲ့သည့် ဆရာဝန်က တွေ့ရှိသည်မှာ သူသည် ဆိုးရွားသည့် အခြေအနေများတွင် အကျဉ်းချခံရသည့် တစ်စုံတစ်ယောက်၏ ဖြစ်နေကျ လက္ခဏာများအားလုံးကို ခံစားနေရသည်ဖြစ်သည်။ သူသည် အာဟာရ ချို့တဲ့ပြီး သွေးအားနည်းရောဂါနှင့် သူ့ခြေထောက်တွင် နာကျင်မှု ခံစားနေရသည်။ သူ့အား ဆက်ဆံပုံကြောင့် သူ့တွင် စိတ်ပိုင်းဆိုင်ရာ ပျက်သုဥ်းမှု၏ သင်္ကေတများကိုလည်း ပြသနေပါသည်။

 “အိမ်ပြန်ပို့ပေးရန် အကြိမ်ပေါင်းများစွာ ကျွန်ုပ် တောင်းဆိုခဲ့ပါသည်၊I” ဟု Aisha သည် ကျွန်ုပ်တို့အား ပြောကြားခဲ့သည်။ သို့သော်လည်း ဆိပ်ကမ်း အာဏာပိုင်များက ကျွန်ုပ်အား ထွက်ခွာသွားရန် ငြင်းဆိုနေပါသည်။

 “အီဂျစ်နိုင်ငံ အာဏာပိုင်များတွင် Mohammad Aisha ၏ ဆိုးရွားလှသော အခြေအနေနှင့်ပတ်သက်ပြီး တစ်စုံတစ်ခုလုပ်ရန် လူသားချင်းစာနာသည့် တာဝန်ရှိပါသည်၊” ဟု Aisha အား အိမ်ပြန်စေရန် ကြိုးစားနေသည့် ITF ၏ အာရတ်ကမ္ဘာနှင့် အီရန် အဆက်အသွယ် ကွန်ခြာ ညှိနှိုင်းရေးအရာရှိဖြစ်သူ Arrachedi က ပြောကြားခဲ့သည်။

 “သူတို့အနေဖြင့် ပြဿနာကို မည်ကဲ့သို့ ဖြေရှင်းသင့်ကြောင်း ကျွန်ုပ် မဖော်ပြလိုပါ၊ သို့သော် ဖြစ်နိုင်သည့် ယန္တရား အများအပြားရှိပါသည်။ အရာများမှာ အသည်းအသန်ဖြစ်လာပါသည်။ သူတို့အနေဖြင့် ချက်ချင်း အရေးယူ ဆောင်ရွက်ရန် လိုပါသည်၊ဟု သူက ပြောကြားခဲ့သည်။

Aisha ၏ ဆေးဝါးကုသမှု ရရှိခြင်းကိုလည်း ITF သည် ဟိုတယ်နှင့် လေယာဥ်ခရီးစဉ်များအတွက် ကုန်ကျငွေ ပေးချေရန် ကမ်းလှမ်းခဲ့သည် သို့မှသာ ပင်ပန်းနေပြီဖြစ်သည့် သင်္ဘောသားသည် အိမ်သို့ ပြန်နိုင်မည်ဖြစ်သည်။ သို့သော်လည်း အီဂျစ်နိုင်ငံ အာဏာပိုင်များသည် သူ၏ နိုင်ငံကူးလက်မှတ်ကို ထိန်းသိမ်းထားပြီး သူ၏ အခြေအနေကို ပြောင်းလဲရန်အတွက် ပူးပေါင်းရန် ငြင်းဆိုသည်။ ပိုမို၍ အခြေအနေ ဆိုးရွားစေရန် သူ့ နိုင်ငံကူးလက်မှတ်သည် မတ်လ ၂၂ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ ယင်းသို့ဖြစ်သည့်အခါ အရာများမှာ အိမ်ပြန်သွားရန်အတွက် ပိုမို၍ပင် ရှုပ်ထွေးလာပါလိမ့်မည်။

ယခု ဘာဖြစ်နေပါသလဲ။

ITF စိစစ်ရေးမှူးချုပ်ရုံး ညှိနှိုင်းရေးအရာရှိဖြစ်သူ Steve Trowsdale သည် သင်္ဘောစွန့်ပစ်မှု၏ ပယောဂကြောင့် အားလုံးသော ဒုက္ခခံစားမှု အလွန်များများကို တွေ့မြင်ပါသည်။

 “ဤကိစ္စမှာ ကျွန်ုပ်တို့ တွေ့မြင်ခဲ့ရသမျှ အဆိုးဝါးဆုံး တစ်ခု ဖြစ်ပါသည်၊” ဟု သူက ပြောကြားခဲ့သည်။ ဤသင်္ဘောအတွက် ဥပဒေဆိုင်ရာ မတရား အပြစ်တင်ခံရသူအဖြစ် လေးနှစ် ခံစားရပြီးနောက် အီဂျစ်နိုင်ငံ ဆိပ်ကမ်း အာဏာပိုင်များ ဘာမျှမလုပ်နိုင်သေးသည်ကို ဒေသထွက်စရာဖြစ်ပါသည်။

Trowsdale က ပြောကြားခဲ့သည်မှာ ဖယ်ထရေးရှင်းသည် ဤအပတ်၌ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း (UN’s International Labour Organization) သို့ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်း အနေဖြင့် အဆိုပါ အရာရှိချုပ်၏ ဆက်ဆံခံရမှုအတွက် ဝင်ရောက်စွက်ဖက်ပေးရန် တောင်းဆို၍ စာရေးသားခဲ့သည်။

သို့သော်လည်း ၎င်းတွင် မျှော်လင့်ချက် ရောင်ခြည်တစ်ခု ရှိပါသည်ဟု သူ ပြောဆိုပါသည်။

ကျွန်ုပ်တို့တွင်ရှိသည့် နောက်ဆုံးပေါ် သတင်းအချက်အလက်မှာ သင်္ဘောမှာ မတ်လ ၂၄ ရက်နေ့တွင် ရောင်းချရန် စျေးဖွင့်ပေးမည်ဖြစ်ပါသည်။ ဝယ်ယူသူတစ်ဉီးသည် ၎င်းသင်္ဘောအား ဝယ်ယူမည်ဖြစ်ပြီး ဤသင်္ဘောသားအတွက် တိုးတက်မှုဖြစ်လာမည်ဟု လူတိုင်းက မျှော်လင့်နေပါသည်။ ဤကိစ္စမှာ ဆက်လက် တည်မြဲနေ၍ မရနိုင်ပါ။

 

 

 

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.