Skip to main content

တရုတ်နိုင်ငံ ကမ်းလွန်၌ ချောင်ပိတ်မိခံနေရသော သင်္ဘောသားများကို ကယ်တင်ရန် ကုမ္ပဏီများအနေဖြင့် တိုးမြှင့်၍ဆောင်ရွက်နိုင်

17 Feb 2021
Press Release
The crew of the MV Christine Oldendorff have been anchored at Caofeidian in Bohai Bay, near Beijing, since 26 August 2020. Now eight months stranded, with 20 on board for more than 18 months in total: they are desperate to get home to their families.
သင်္ဘော MV Christine Oldendorff ၏ သင်္ဘောဝန်ထမ်းများသည် ဘီးဂျင်းမြို့အနီး ဘိုဟိုင်းပင်လယ်ကွေ့ရှိ Caofeidian ၌ ၂၀၂၀ ခုနှစ် သြဂုတ်လကတည်းကစ၍ ကျောက်ချထားသည်။ ယခုအခါ ရှစ်လ ချောင်ပိတ်မိခံခဲ့ရသည်၊ သင်္ဘောပေါ်၌ အယောက် ၂၀ မှာ စုစုပေါင်း ၁၈ လ ကျော်ပြီးဖြစ်သည် - သူတို့သည် သူတို့၏ မိသားစုများထံ အိမ်ပြန်ရန် အသည်းအသန် ဖြစ်နေကြသည်။

'စျေးကြီးသော်လည်း လုပ်ရန် သင့်တော်ပါတယ်’ – ၎င်းမှာ တရုတ်နိုင်ငံ ကမ်းလွန်၌ သြစတြေးလျနိုင်ငံ ပို့ကုန်ကို ပိတ်ပင်မှုကြောင့် ချောင်ပိတ်မိခံနေရသည့် သင်္ဘောသားများအား သင်္ဘောပေါ်မှ ဆင်းပေးစေရန် လိုအပ်သည့် သန်းနှင့်ချီသော ဒေါ်လာငွေများကို သင်္ဘောလုပ်ငန်း ကုမ္ပဏီများက ပေးစေရန် ITF အနေဖြင့် တောင်းဆိုနေစဉ် တစ်ကမ္ဘာလုံးဆိုင်ရာ သမဂ္ဂ အဖွဲ့အစည်းထံမှ ကြွေးကြော်သံဖြစ်ပါသည်။

 “MSC သည် သင်္ဘော Anastasia ပေါ်ရှိ သင်္ဘောသားများအား ကယ်တင်ရန် အလို့ငှါ သင်္ဘော စင်းလုံးငှါးသူများနှင့် ကုန်စည် ပိုင်ရှင်များသို့ လိုအပ်သည့် ကုန်ကျစရိတ်များနှင့် ဒဏ်ကြေးငွေများကို ပေးခြင်းနည်းလမ်းအား ဦးဆောင်ခဲ့ပြီး သင်္ဘောသားများအား ခြောက်လ မျောနေသော အကျဉ်းထောင်မှ ဂျပန် ဆိပ်ကမ်းမှတစ်ဆင့် ကယ်တင်ပေးခဲ့သည်၊” ဟု အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) ဥက္ကဌဖြစ်သူ Paddy Crumlin က ပြောကြားခဲ့သည်။

 “ကျွန်ုပ်တို့အနေဖြင့် တာဝန်ရှိသော သင်္ဘောပိုင်ရှင် အားလုံးအား MSC ၏ ဉီးဆောင်မှုကို လိုက်လုပ်ရန်နှင့် ဤ ကြာမြင့်-နေပြီဖြစ်သည့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို ဆောင်ရွက်ရန် တောင်းဆိုပါသည်။ ဤသင်္ဘောလုပ်ငန်း ကုမ္ပဏီများအတွက် စျေးကြီးကုန်ကျမည်ဖြစ်သော်လည်း ဤ သင်္ဘောသားများ၏ ကျန်းမာရေး၊ အသက်များနှင့် လူ့အခွင့်အရေးများကို ထိန်းသိမ်းပေးရန် မလွဲမသွေ လိုအပ်ပါသည်။

 “သင်္ဘောသား အချို့မှာ ဤသင်္ဘောများပေါ်၌ သေကြောင်းကြံစည်ခဲ့ပြီးဖြစ်သည်၊ သူတို့၏ ဆက်တိုက်ဖြစ်နေသော ဒုက္ခကို အဆုံးသတ်ရန် အသည်းအသန်ဖြစ်နေကြသည်။ ကျန်းမာရေး အခြေအနေများမှာ ပိုမို ဆိုးရွားနေလျက် ရှိသည်။ အချို့သင်္ဘောများပေါ်၌ ဆေးဝါး ပစ္စည်းများမှာ နည်းပါးနေလျက်ရှိသည်။

 “အချို့ကိစ္စများ၌ တရုတ် ဒေသခံ အာဏာပိုင်များသည် သင်္ဘောသားများအား အရေးပေါ် လိုအပ်သည့်- ဆေးရုံတက်ကုသမှု အပါအဝင် ဆေးဘက်ဆိုင်ရာ အတတ်ပညာရှင်များ ရရှိရေးကို ပိတ်ဆို့ထားခဲ့ကြသည့် သတင်းများကြားရသည်ကို ကျွန်ုပ်တို့ အလွန်အမင်း စိုးရိမ်ပူပန်ပါသည်” ဟု Crumlin က ပြောကြားခဲ့သည်။

သင်္ဘော အစီး ၆၀ ကျော်တို့သည် ၎င်းတို့၏ ကျောက်မီးသွေးကဲ့သို့ သြစတြေးလျန်း ကုန်စည်များကို ကုန်ချရန် မရနိုင်သေးပါ၊ ၎င်းအပြင် အလွန့်အလွန် လုပ်ရန်လိုအပ်သည့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို မလုပ်နိုင်သေးပါ။ တစ်နှစ်ထက် ကျော်လွန်နေသော အချို့မှာ လ ၂၀ မျှကြာမြင့်နေသော သင်္ဘောပေါ်ရှိ သင်္ဘောသားများမှာ အရေအတွက် များပြားနေလျက်ရှိသည်။ သုံးလမှ ခြောက်လ အကြား ကာလမှာ တရုတ်ကမ်းလွန်၌ စောင့်ဆိုင်းရင်း အချိန်ကုန်ခဲ့သည်။

Crumlin က ပြောကြားခဲ့သည်မှာ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံခြားသား- သင်္ဘောသား အားလုံးအတွက် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို ခွင့်ပြုရန် လုပ်ထုံးလုပ်နည်းများ ချမှတ်ပေးရန်အတွက် ရေရှည်-ဆုံးဖြတ်ချက် လိုအပ်နေသေးသည်ဖြစ်ပါသည်။ သူက ပြောကြားခဲ့သည်မှာ တရုတ်နိုင်ငံအနေဖြင့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို ပုံမှန် လုပ်ပေးခြင်း မရှိခဲ့သမျှ သင်္ဘောလုပ်ငန်း ကုမ္ပဏီများတွင် မိမိတို့၏ သင်္ဘောများပေါ်၌ အလုပ်လုပ်ကိုင်လျက်ရှိသော သင်္ဘောသားများ၏ အသက်များနှင့် သာယာကောင်းမွန်ရေးကို ထိန်းသိမ်းပေးရန်အတွက် သင်္ဘောများကို အိမ်နီးချင်း နိုင်ငံများသို့ ပြောင်းရွှေ့ပေးခြင်းအားဖြင့် လူသားချင်း စာနာထောက်ထားပေးရမည့် တာဝန် ရှိခဲ့ပါသည်။

 “တရုတ်နိုင်ငံသည် သြစတြေးလျနိုင်ငံနှင့် ၎င်း၏ အငြင်းအခုံကို ဘေးဖယ်ထားရန် ပျက်ကွက်ခဲ့ပြီး ဤ လူကလုပ်သည့် လူသားချင်းဆိုင်ရာ ဘေးဒုက္ခအကျပ်အတည်းကို မိမိ၏ ကမ်းခြေမှ ကီလိုမီတာသာ အဝေးတွင် ဖြေရှင်းပေးရန် ပျက်ကွက်ခဲ့ပါသည်။ သြစတြေးလျနိုင်ငံသည်လည်း များသောအားဖြင့် နိုင်ငံရေးကို သင်္ဘောသားများ၏ သာယာကောင်းမွန်ရေးထက် ကျော်လွန်ပြီး ဉီးစားပေးခဲ့သည်။ ကျွန်ုပ်တို့အနေဖြင့် လုပ်ငန်းကဏ္ဍအား အစိုးရများ ပျက်ကွက်ခဲ့သည့်နေရာတွင် တိုးမြှင့်ဆောင်ရွက်ပေးရန် တောင်းဆိုပါသည်- ခေါင်းဆောင်မှုစွမ်းရည် အချို့ကို ပြသပြီး ဤအသည်းအသန်ဖြစ်နေသောလူများကို သင်္ဘောများပေါ်မှ ဆင်းပေးကြပါ။ ၎င်းမှာ ဖြစ်နိုင်ကြောင်း MSC က သက်သေပြခဲ့ပါတယ်၊” ဟု သူက ပြောကြားခဲ့သည်။

ပြီးပြီး

မှတ်ချက်-

  • သင်္ဘောများဖြစ်ကြသည့် The Jag Anand နှင့် Anastasia နှစ်စင်းလုံးအတွက် ITF အိန္ဒိယ အဖွဲ့ဝင်များဖြစ်ကြသည့် NUSI နှင့် MUI တို့ထံမှ ပြင်းထန်သည့် ကိုယ်စာဆောင်ရွက်မှုအပေါ် တစ်စိတ်တစ်ပိုင်းဖြစ်သည့် ဖြေရှင်းချက် ရခဲ့ပါသည်။
  • MSC ၏ ‘စက်တင်ဘာလ ကတည်းကစ၍ တရုတ် ကမ်းလွန်၌ ချောင်ပိတ်မိခံနေရသော သင်္ဘောသားများအတွက် ကယ်ဆယ်ရေး’ စီစဉ်ခဲ့ပုံ ထုတ်ပြန်ချက်ကို ဖတ်ရှုပါ။
  • သင်္ဘောသားများသည် ဆေးဘက်ဆိုင်ရာ အတတ်ပညာရှင်များနှင့် ဆေးရုံတက်ကုသမှု ရရှိရေးအား တရုတ်အာဏာပိုင်များ၏ ငြင်းဆိုမှုကို ခံနေရသည်-
    • MSC MSC သည် ဤကိစ္စကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် ရေးသားခဲ့သည်
    • Captain Tymur Rudov က သတင်းပို့ခဲ့သည်မှာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ၌ အချိန်ကာလ အတော်ကြာမြင့်အောင် သူ့သင်္ဘောပေါ်ရှိ တရုတ်နိုင်ငံသား-သင်္ဘောသားသည် ဆေးရုံတက်ကုသရန် ငြင်းဆိုခံခဲ့ရသည်
  • အချို့သင်္ဘောသားများအား မီဒီယာသတင်းဌာနများနှင့် စကားပြောဆိုရန် ရရှိနိုင်ပါသည်။ အချို့မှာ ၎င်းတို့၏ ရုပ်မျက်နှာများနှင့် အမည်များနှင့်တကွ ရရှိနိုင်မည်ဖြစ်ပြီး အခြားလူများမှာ အမည်မဖော်လိုသူအဖြစ်သာ ရရှိနိုင်ပါသည်။ ပိုမိုသိရှိလိုသော သတင်းအချက်အလက်များအတွက် ITF ဆက်သွယ်ရေးကို ဆက်သွယ်ပါ။

 

ITF အကြောင်း- အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers’ Federation (ITF)) သည် ကမ္ဘာ့ဦးဆောင် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖြစ် အသိအမှတ်ပြုခံရသည့် ဒီမိုကရေစီဆန်ဆန် အဖွဲ့ဝင်-ဦးဆောင်သည့် စုပေါင်းအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် အလုပ်လုပ်ကိုင်ရာ ဘဝများကို ပိုမိုတက်တက်အောင်လုပ်ရန် ဇောက်ချ၍ တိုက်ပွဲဝင်ပါသည် - နိုင်ငံပေါင်း 147 နိုင်ငံမှ ကုန်သွယ် သမဂ္ဂများကို ၎င်းတို့၏ အဖွဲ့ဝင်များအတွက် အခွင့်အရေးများ၊ တန်းတူရှိမှုနှင့် တရားမျှတမှု ရရှိရေးအတွက် ဆက်စပ်ပေးထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် သင်္ဘောသား တစ်သန်းကျော် အပါအဝင် ကမ္ဘာတစ်ဝန်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းကဏ္ဍရှိ အလုပ်လုပ်ကိုင်သည့် အမျိုးသမီး အမျိုးသားပေါင်း သန်း 20 နီးပါးအတွက် ပြောဆိုသံဖြစ်ပါသည်။

ီဒီယာ အဆက်အသွယ်- media@itf.org.uk         +44 20 7940 9282

 

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.