Skip to main content

ဂျုံးစ်အက်ဥပဒေ (Jones Act) အား ထောက်ခံမှု ပြန်လည်သွတ်သွင်းရေးကို သမ္မတ Biden ချီးကျူး

01 Feb 2021
Press Release

ဂျုံးစ်အက်ဥပဒေ (Jones Act) အား ထောက်ခံရေး ပြန်လည်သွတ်သွင်းသည့် အမေရိကန်ပြည်ထောင်စု သမ္မတ Joe Bidenဤအပတ် ကြေညာချက်ကို အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းတပ်ဖွဲ့  (Cabotage Task Force) မှ ချီးကျူးသြဘာပေးလိုက်ပါသည်။

 ‘Buy American’ ဟုအမည်တွင်သော ပြည်ထောင်စု ကုန်းလမ်း ရေလမ်း သယ်ယူပို့ဆောင်ရေး ဥပဒေ ပြဌာန်းချက်များကို တောင့်တင်းခိုင်မာစေရန် တနင်္လာနေ့ အိမ်ဖြူတော်မှ ကြေညာချက် အစိတ်အပိုင်းတစ်ရပ်အဖြစ် Biden-Harris စီမံအုပ်ချုပ်ရေးရုံးသည် U.S ဆိပ်ကမ်းများအကြား U.S အလံထူထားသော သင်္ဘောများသာ ကုန်စည်သယ်ဆောင်သည်ဆိုသည့် ဂျုံးစ်အက်ဥပဒေ (Jones Act) အား ပြင်းပြသည့်ထောက်ခံမှု ပြသခဲ့ပါသည်။

အဆိုပါ ဂျုံးစ်အက်ဥပဒေ (The Jones Act) က ပြဌာန်း၍ ထောက်ခံထားသည်မှာ ကုန်စည် သယ်ယူပို့ဆောင်ရေးတွင် လုပ်ကိုင်ဆောင်ရွက်သည့် သင်္ဘောများကို အမေရိကန်ပြည်ထောင်စုတွင် တည်ဆောက်၊ ပိုင်ဆိုင်၊ အလံတင်ပြီး အမေရိကန် သင်္ဘောသားများဖြင့် သင်္ဘောဝန်ထမ်း ခန့်ထားရသည်ကို လိုအပ်ချက်အဖြစ်သတ်မှတ်ခြင်းအားဖြင့် အမေရိကန် ပင်လယ်ရေကြောင်းကဏ္ဍကို ထောက်ခံထားပါသည်။

 “အဆိုပါ ဂျုံးစ်အက်ဥပဒေမှာ အပြီးသတ် စံနှုန်းအဖြစ် တည်ရှိပြီး အခြားသော ကုန်စည်သယ်ယူပို့ဆောင်ရေး စည်းမျဉ်းများကို ၎င်းနှင့်ယှဉ်တွဲ၍ သုံးစွဲရပါသည်။ သမ္မတ Biden ထံမှ ဤကြေညာချက်သည် အက်ဥဒေ ဆက်တိုက် အရေးပါပုံ၏ အရေးကြီးသော တရားဝင်ရပ်တည်ချက်တစ်ခုဖြစ်သည်၊ U.S ပင်လယ်ရေကြောင်း ကဏ္ဍတွင် ကောင်းသော သမဂ္ဂ လုပ်ငန်းများကို ထောက်ခံပေးခြင်းနှင့် ဖန်တီးပေးခြင်းအတွက် အပြောင်းအလဲ တစ်ရပ်ဖြစ်သောကြောင့်ဖြစ်သည်ဟု အိုင်တီဖက်ဖ် ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းတပ်ဖွဲ့ (ITF Cabotage Task Force) ဥက္ကဌ ဖြစ်သူ James Given က ပြောကြားခဲ့သည်။ 

သမ္မတ Biden ၏ သမ္မတ သက်တမ်း ပထမအပတ်၌ အမေရိကန်ပြည်ထောင်စု နိုင်ငံတစ်ဝန်းရှိ ITF အဖွဲ့ဝင် သမဂ္ဂများက အလွန်ထောက်ခံခြင်းခံရသည့် ကြေညာချက်နှင့် ၎င်း၏ အရေးပါပုံကို ပြောဆိုခြင်းအားဖြင့် ၎င်းသည် အရေးပါခဲ့ပါသည်။

ထို့ပြင် သမ္မတ Biden က အလေးထားပြောဆိုခဲ့သည်မှာ လေထုညစ်ညမ်းမှုမဖြစ်သည့် ကမ်းလွန် စွမ်းအင် အပေါ် ပြန်လည်စောက်ချမှုဖြင့် ဆောင်ရွက်သည့် အမေရိကန်နိုင်ငံ၏ အလုပ်သမားများအား အလုပ်ခန့်ထားပေးရန် အခွင့်အလမ်းတစ်ရပ်အဖြစ်လည်း ဂျုံးစ်အက်ဥပဒေ (Jones Act) ကို အတည်ပြုခဲ့ပါသည်။ ITF အနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ပိုမို၍ ကြီးကြီးကျယ်ကျယ် ရင်းနှီးမြှုပ်နှံမှုကို ထောက်ခံပါသည်၊ ၎င်းအားဖြင့် ကောင်းမွန်ပြီး လေထုညစ်ညမ်းမှုမရှိသော အလုပ်အကိုင်များဖြင့် ကမ္ဘာကြီးအား ရာသီဉတုအကျပ်အတည်း၏ စိန်ခေါ်မှုများကို ဖြေရှင်းပေးရန် အထောက်အကူပြုပါလိမ့်မည်။

 “အဆိုပါ ဂျွန်းစ် အက်ဥပဒေ (The Jones Act) သည် ပြည်တွင်း ပင်လယ်ရေကြောင်း လုပ်ငန်းကဏ္ဍတွင် အလုပ်လုပ်သည့် အမေရိကန်ပြည်သူ 650,000 ကျော်ကို တိုက်ရိုက် အကျိုးပြုပါသည်။ ထို့ကြောင့် ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းတပ်ဖွဲ့ (Cabotage Task Force) သည် ဤအရေးကြီးသော အလုပ်အကိုင်ဖန်တီးပေးထားသည့် စည်းမျဉ်းအား ဆက်လက်၍ အကျယ်တစ်ဝန်း နှစ်ဖက် ထောက်ခံမှု မြင်တွေ့ရသည်ကို  ဝမ်းမြောက်ပါသည်။ အမေရိကန်ပြည်ထောင်စုသည် ကျွန်ုပ်တို့အနေဖြင့် တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်စည်သယ်ယူပို့ဆောင်ရေးကို အဘယ်ကြောင့် တောင့်တင်းခိုင်မာအောင် လုပ်သင့်ကြောင်း ကမ္ဘာကြီးအား အရေးကြီးသည့် စံနမူနာကို ပြသပါသည်၊ ဟု အိုင်တီအက်ဖ် ကုန်စည် သယ်ယူပို့ဆောင်ရေး လုပ်ငန်း တပ်ဖွဲ့ (ITF Cabotage Task Force) ၏ ဒု-ဥက္ကဌဖြစ်သူ Johnny Hansen က ပြောကြားခဲ့သည်။

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.