Skip to main content

ITF ဆိပ်ကမ်းအလုပ်သမားများ၏ စည်းလုံးညီညွတ်မှုသည် ဘေးရုမြို့ ပြန်လည်တည်ဆောက်ရေး အထောက်အကူပြု

14 Dec 2020

2020 ခုနှစ် သြဂုတ်လ 4 ရက်နေ့တွင် ဘေးရုမြို့ဆိပ်ကမ်း၌ တန်ချိန် 2,750 တန်ရှိ အမိုးနီးယား နိုက်ထရိတ် ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ 204 ဉီး သေစေခဲ့ကာ အနည်းဆုံး လူ 6,500 ယောက်ကျော်ကို ဒဏ်ရရစေခဲ့သည်။ ခန့်မှန်းခြေ လူပေါင်း သုံးသိန်း (300,000) ကိုလည်း အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့သည်။

ဘေးရုမြို့လယ်ခေါင်နှင့် ဆိပ်ကမ်း တစ်လျှောက်လုံး ဖျက်ဆီးသည့် အဆိုပါ ပေါက်ကွဲမှုကြီးသည် ဆိပ်ကမ်း အလုပ်သမားများနှင့် သင်္ဘောသား အများအပြားတို့ကိုလည်း သတ်ဖြတ်ခဲ့ပါသည်။ ဘေးအန္တရာယ်ကြီးအား တွန်းလှန်ရန် ဆိပ်ကမ်း အသိုင်းအဝိုင်း၏ စွမ်းဆောင်ရည်ကို ဖြိုခွင်းရာ၌ ပေါက်ကွဲမှုကြီးသည် အဓိကကျသည့် သမဂ္ဂ ရုံးခန်းများကိုလည်း ဖျက်ဆီးခဲ့ပါသည်။

ပေါက်ကွဲမှုကြီး ဖြစ်ပြီး လေးလတွင် ဆိပ်ကမ်းအလုပ်သမားများသည် ၎င်းတို့၏ သမဂ္ဂများမှတစ်ဆင့် ၎င်းတို့၏ စည်းလုံးညီညွတ်မှုကို ဘေးရုမြို့လူများထံ ၎င်းတို့ လူနေမှုဘဝများနှင့် လူမှုအသိုင်းအဝိုင်းများကို ပြန်လည် တည်ဆောက်နေစဉ် တိုးချဲ့ကမ်းလှမ်းပေးနေလျက်ရှိပါသည်။

 “စက်ဆုတ်ဖွယ် သတင်းကို ကျွန်ုပ်တို့ ကြားကြားချင်း ကမ္ဘာလုံးဆိုင်ရာ သမဂ္ဂ မိသားစုတစ်ခုအဖြစ် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ လက်ဘနွမ် ညီအစ်ကိုများနှင့် ညီအစ်မများ၏ နစ်နာခံစားရမှုနှင့် အတိဒုက္ခကို ဖြေလျော့စေရန် ကျွန်ပ်တို့ အတူတကွ လက်တွဲရလိမ့်မည်ဖြစ်ပြီး ကျွန်ုပ်တို့ လုပ်ပေးနိုင်သမျှ အရာတိုင်းကို လုပ်ပေးရလိမ့်မည်ဖြစ်ကြောင်း ကျွန်ုပ်တို့ သိရှိခဲ့ပါသည်၊” ဟု ITF ဆိပ်ကမ်းအလုပ်သမားများ ဌာနခွဲ အကြီးအကဲ Paddy Crumlin က ပြောကြားခဲ့သည်။

Crumlin က ပြောကြားခဲ့သည်မှာ ITF ၊ ITF သင်္ဘောသားများ၏ ယုံကြည်အပ်နှံငွေဌာန နှင့် ကမ္ဘာတစ်ဝန်း အဖွဲ့ဝင် သမဂ္ဂများ၏ ကောက်ခံရရှိသည့် စည်းလုံးညီညွတ်မှု ထောက်ခံရေး ရန်ပုံငွေ အများအပြားကို ဘေးအန္တရာယ်ကြီး၌ မိသားစုဝင် သေဆုံးခဲ့ရသည့် သို့မဟုတ် ဒဏ်ရာရရှိခဲ့သည့် မိသားစုများထံသို့ ကူညီပေးရန် တိုက်ရိုက် ပေးပို့ခဲ့ပါသည်။

 “ဉီးစားပေးမှုတစ်ရပ်မှာ ဒဏ်ရာရခဲ့သည့် သို့မဟုတ် သေဆုံးခဲ့သည့် ဆိပ်ကမ်းအလုပ်သမားများနှင့် သင်္ဘောသားများ၏ မိသားစုများထံသို့ ငွေကြေးအခက်အခဲ သက်သာခွင့် ပေးခြင်းဖြစ်ခဲ့ပါသည်။ ရာပေါင်းများစွာသော မိသားစုများမှာ မိမိတို့၏ ချစ်ခင်ရသူများ ဆုံးရှုံးရခြင်းနှင့် လူနေမှုစရိတ်များ တိုးပွားနေသည့်အလျောက် မိမိတို့အိမ်များ ဆုံးရှုံးရမည့် အလားအလာ ဖြစ်သည့်ထိုးနက်မှုနှစ်ထပ်ကွမ်းကို ရင်ဆိုင်နေခဲ့ကြရပါသည်။”

ITF ဆိပ်ကမ်းအလုပ်သမားများ၏ သမဂ္ဂများနှင့် ITF ယုံကြည်အပ်နှံငွေဌာနတို့မှ ကောက်ခံရရှိသည့် ရန်ပုံငွေ အများစုကို ဘေးအန္တရာယ်ကြီး၌ မိသားစုဝင် ဆုံးရှုံးခဲ့ရသည့် သို့မဟုတ် ဒဏ်ရာရရှိခဲ့သည့် မိသားစုများကို ကူညီရန် တိုက်ရိုက် ပေးအပ်ခဲ့သည်။ ပုံရိပ် ပံ့ပိုးသူ- ITF အာရတ်ကမ္ဘာ ရုံးခန်း

ပေါက်ကွဲမှုကြီး၌ ရုံးခန်းများ ပျက်စီးခံခဲ့ရသည့် ဒေသခံ သမဂ္ဂများသည်လည်း အကူအညီထောက်ခံမှုကို လိုအပ်ပါသည်။ ကောက်ခံရရှိသည့် ရန်ပုံငွေများဖြင့် သင်္ဘောသားများ သမဂ္ဂ (seamen’s union)၊ သယ်ယူပို့ဆောင်ရေး သမဂ္ဂနှင့် ဘေးရုမြို့ ဆိပ်ကမ်းအလုပ်သမားများ၏ သမဂ္ဂများ  (transport union’s and Beirut Port Workers’ Union’s) ၏ ရုံးခန်းများကို ပြန်လည် တည်ဆောက်ပေးစေခဲ့ပါသည်၊ ဟု Crumlin က ပြောကြားခဲ့သည်။

ပေါက်ကွဲမှုကြီး၌ မိမိတို့၏ ရုံးခန်း ဖျက်ဆီးခံခဲ့ရမှုနှင့်အတူ၊ ဘေးရုမြို့ ဆိပ်ကမ်းအလုပ်သမားများ သမဂ္ဂ အရာရှိများသည် ပြန်လည်တည်ဆောက်ရန် ITF မှတစ်ဆင့် အကူအညီ ရောက်ရှိမလာမချင်း အကောင်းဆုံး တည်ဆောက်ခဲ့ကြရပါသည်။ ပုံရိပ် ပံ့ပိုးသူ- ITF အာရတ်ကမ္ဘာ ရုံးခန်း

 “ကျွန်ုပ်တို့အနေဖြင့် ဆိပ်ကမ်းများတွင် သမဂ္ဂရုံးခန်းများ ပြန်လည်တည်ဆောက်ရန်အတွက် ပံ့ပိုးထည့်ဝင်ငွေများ ရှိကြောင်းကိုလည်း သေချာစေလိုပါသည်။ ITF ဆိပ်ကမ်းအလုပ်သမားများ သမဂ္ဂများသည် ထောက်ခံမှုနှင့် အကြံဉာဏ်အတွက် ကျွန်ုပ်တို့၏ အသိုင်းအဝိုင်းများ စုစည်းရာနေရာအဖြစ် အမြဲတမ်း ဖြစ်လျက်ရှိပါသည် – ၎င်းတို့မှာ ဆိပ်ကမ်းများ၏ အလေးထားရာဖြစ်ပါသည်။ ယခု ဆောက်လုပ်ပြီးသည့် ရုံးခန်းများမှာ လူတိုင်းအား ကူညီရန်နှင့် အလုပ်သမားများအတွက် ရပ်တည်ပေးရန် ၎င်းတို့၏ ဆိပ်ကမ်း အသစ်များ၏ အလယ်ဗဟိုအတွင်း သင့်တော်သော နေရာကို ဘေးရုမြို့၏ သမဂ္ဂဖွဲ့စည်းထားသည့် ဆိပ်ကမ်းအလုပ်သမားများတွင် ရှိနေပြီဟု အဓိပ္ပါယ်ပေါ်လွင်ပါသည်၊” ဟု Crumlin က ပြောကြားခဲ့သည်။

ITF နှင့် ITF Trust တို့၏ ထောက်ခံမှုအရ ဆောက်လုပ်ခဲ့သည့် ယာယီ ရုံးခန်းများအနက် တစ်ခု၊ ဘေးရုမြို့ ပင်လယ်ရေကြောင်း အလုပ်သမားများအနေဖြင့် မိမိတို့၏ သမဂ္ဂနှင့် ITF စိစစ်ရေးမှူးတို့ကို ဆက်သွယ်နိုင်ရန် သေချာပေးစေသည်။ ပုံရိပ် ပံ့ပိုးသူ- ITF အာရတ်ကမ္ဘာ ရုံးခန်း

ITF နှင့် ၎င်း၏ညီမတော် အဖွဲ့အစည်းများက ကောက်ခံခဲ့သည့် ရန်ပုံငွေများအနက် တစ်ချို့ကို ပေါက်ကွဲမှုကြီး ဖြစ်ပွားပြီးနောက် သင်္ဘောသားများနှင့် ယာဉ်မောင်းသမားများအတွက် ၎င်းတို့အပေါ် ကိုရိုနာဗိုင်းရပ်စ် Covid-19 သောင်းကြမ်းနေသည့်အလျောက် PPE (တစ်ကိုယ်ရေ အကာအကွယ်ပေး ဝတ်စုံကိရိယာပစ္စည်းများ) ဝယ်ယူရန် အသုံးပြုခဲ့သည်။

ITF အာရတ်ကမ္ဘာ ဒေသဆိုင်ရာ အတွင်းရေးမှူးဖြစ်သူ Bilal Malkawi သည် ရန်ပုံငွေများ ဖြန့်ချီပေးရန်နှင့် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းစဉ်ကို ထောက်ခံပံ့ပိုးရန်အတွက် လက်ဘနွမ် အလုပ်သမားများ အဖွဲ့ချုပ် (General Confederation of Lebanese Workers (CGTL)) နှင့် ဘေးရုမြို့ ဆိပ်ကမ်း အလုပ်သမားများ သမဂ္ဂ (Beirut Port Workers’ Union) တို့နှင့်အတူ နီးနီးကပ်ကပ် လုပ်ကိုင်ပေးခဲ့သည်။

 “လက်ဘနွမ် ဆိပ်ကမ်းအလုပ်သမားများနှင့် သင်္ဘောသားများအတွက် အကူအညီ ၎င်းမှာ အလိုအပ်ဆုံးဖြစ်ခဲ့သည့်အချိန်၌ ကမ်းလှမ်းခဲ့သည့် ITF ဆိပ်ကမ်းအလုပ်သမားများ သမဂ္ဂများနှင့် ၎င်းတို့၏ အဖွဲ့ဝင်များက ပြသသည့် အလွန်ကြီးမားသော စည်းလုံးညီညွတ်မှု ဂုဏ်ယူစရာမှလွဲ၍ ကျွန်ုပ်တို့တွင် ဘာမျှ ပြစရာ မရှိပါ။”

 “ဤပံ့ပိုးကူညီမှုမှ အကျိုးရှိခဲ့သည့် မိသားစုများအနက် အချို့တို့နှင့် စကားပြောဆိုခြင်းအားဖြင့် ၎င်းသည် အမှန်တကယ် ပြောင်းလဲမှုကို ရှင်းရှင်းလင်းလင်း ဖြစ်ပေါ်နေပြီး ဤဆိုးရွားသည့် ဝမ်းနည်းကျေကွဲဖွယ်ရာကို ပိုမို၍ပင် နစ်နာစေခြင်းမှ ကြိုတင်ကာကွယ်ပေးနေပါသည်၊” ဟု Malkawi က ပြောကြားခဲ့သည်။

ဘေးရုမြို့ ဆိပ်ကမ်းအလုပ်သမားများ သမဂ္ဂ အကြီးအကဲဖြစ်သူ Dr. Bchara Al Asmar က ပြောကြားခဲ့သည်မှာ- “စည်းလုံးညီညွတ်ရေး ထောက်ခံအားပေးမှုသည် ကျွန်ုပ်တို့နှင့်တကွ မိသားစုဝင် ဆုံးရှုံးသည့် သို့မဟုတ် ဒဏ်ရာရသည့် မိသားစုဝင်၏ မိသားစုများအတွက် အလွန့်အလွန် အဓိပ္ပါယ်ရှိပါသည်။ ITF သည် အလုပ်သမား သမဂ္ဂ စကားအရ စည်းလုံးညီညွတ်မှုမှာ ဘာကိုဆိုလိုကြောင်း သမားရိုးကျအတိုင်း ပြသပေးပါသည်။ လက်ဘနွမ်နိုင်ငံရှိ အားလုံးသော သမဂ္ဂ အဖွဲ့ဝင်များ၊ နှင့် ITF အဖွဲ့ဝင်များကိုယ်စား ကျွန်ုပ်တို့သည် ITF မိသားစုမှ ပေးခဲ့သည့် ထောက်ခံအားပေးမှုကို အလေးအနက်ထားပါသည်။”

Crumlin ၏ ကိုယ်ပိုင် သမဂ္ဂ၊ သြစတြေးလျနိုင်ငံ ပင်လယ်ရေကြောင်း သမဂ္ဂ နှင့် ILWU ကနေဒါ တို့အပါအဝင် သမဂ္ဂ အများအပြားသည် ထောက်ခံအားပေးခဲ့ကြသည့်သူများထဲတွင် ပါဝင်ခဲ့ပါသည်။

ILWU ကနေဒါ ဥက္ကဌဖြစ်သူ Rob Ashton က ပြောကြားခဲ့သည်မှာ သူ၏ အဖွဲ့ဝင်များသည် ၎င်းတို့၏ လက်ဘနွမ် ညီအစ်မများနှင့် ညီအစ်ကိုများအား ထောက်ခံအားပေးရန်မှာ အခရာကျစွာဖြင့် အရေးကြီးခဲ့သည်ဟု ခံစားခဲ့ကြပါသည်။ “ဆိပ်ကမ်းအလုပ်သမားများ မိသားစုသည် တစ်ကမ္ဘာလုံးဆိုင်ရာ မိသားစုဖြစ်ကြောင်း သူတို့ သိရှိပါသည်။ ကျွန်ုပ်တို့သည် ဤအယူဝါဒဖြင့် ရှင်သန်ပါသည်- ‘တစ်ဉီးအပေါ် သက်ရောက်သည့် ထိခိုက်မှုမှာ အားလုံးအပေါ် သက်ရောက်သည့် ထိခိုက်မှုဖြစ်သည်။’ သူတို့ သွေးထွက်သံယိုဖြစ်သည့်အခါ ကျွန်ုပ်တို့ သွေးထွက်သံယိုဖြစ်ပါသည်၊” ဟု သူက ပြောကြားခဲ့သည်။

ILWU ၏ အပြည်ပြည်ဆိုင်ရာ ဥက္ကဌဖြစ်သူ William E. Adams ၊ ၎င်း၏ သမဂ္ဂသည်လည်း ထောက်ခံအားပေးသည့် ရန်ပုံငွေကို ထည့်ဝင်ပေးခဲ့သည်၊ အဆိုပါ ဥက္ကဌက ပြောကြားခဲ့သည်မှာ “ကျွန်ုပ်သည် ထောက်ခံအားပေးသည့် ရန်ပုံငွေ ထည့်ဝင်ပေးရာ၌ ကျွန်ုပ်တို့၏ အဖွဲ့ဝင်များ၏ တုံ့ပြန်မှုအပြင် ITF ဆိပ်ကမ်းအလုပ်သမားများ မိသားစုရှိ အဖွဲ့ဝင်များ၏ တုံ့ပြန်မှုအတွက် ဂုဏ်ယူပါသည်။ ဆိပ်ကမ်းအလုပ်သမားများအဖြစ်၊ ကျွန်ုပ်တို့သည် စည်းလုံးညီညွတ်မှုကို လုပ်ရပ်ဖြင့် ထောက်ခံပေးရမည်ဖြစ်ကြောင်း နားလည်သိရှိပါသည်။”

ဘေးအန္တရာယ်ကြီးကြောင့် ထိခိုက်ခံရသည့် အလုပ်သမားများအား ပံ့ပိုးပေးရန် လူသားချင်းစာနာသော ကြိုးပမ်းမှုအပေါ် သုံးသပ်ရင်း Paddy Crumlin က ပြောကြားခဲ့သည်မှာ ITF ဆိပ်ကမ်းအလုပ်သမားများသည် တစ်ဉီးအပေါ် တစ်ဉီး ၎င်းတို့လိုအပ်သည့်အချိန်၌ အမြဲတမ်း ကူညီပေးကြခဲ့သည်ဟုဆိုပါသည်။

 “ဘေးရုမြို့ ကိစ္စပေါ်ပေါက်လာသည့်အခါ အဆိုပါ ITF ဆိပ်ကမ်းအလုပ်သမားများ မိသားစုသည် အပြည်ပြည်ဆိုင်ရာ စည်းလုံးညီညွတ်မှုကို အံ့မခန်း ပြသရာ၌ အတူတကွ ထွက်ပေါ်လာကြပါသည်။ 1896 ခုနှစ်ကတည်းကစ၍ ကျွန်ုပ်တို့တွင် ခိုင်မာပြီး ဂုဏ်ယူလောက်သည့် စည်းလုံးညီညွတ်ရေး အလေ့အထတစ်ရပ် ရှိခဲ့ပါသည်။ ITF ဆိပ်ကမ်းအလုပ်သမားများသည် ကျွန်ုပ်တို့အနေဖြင့် အဆိုပါ အလေ့အထကို ထပ်တစ်ဖန် ဂုဏ်ပြုခဲ့ကြောင်း အသိရှိရင်း ၎င်းတို့၏ ဦးခေါင််းများကို မော့ကြွား၍ ထောင်ထားနိုင်ပါသည်။”

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.