Skip to main content

ပိုမိုများပြားသော သင်္ဘောသားများ စွန့်ပစ်ခံရသည့်အလျှောက် ITF သည် ရရန်ရှိသည့် လုပ်ခများဖြစ်သည့် ဒေါ်လာ $1.7 သန်း ပြန်လည်ရရှိ

07 Dec 2020
By the time the MV Mako was docked in the Port of Aden, Yemen, a seafarer had been on board for twelve months - nine of them unpaid.
Moldovan-flagged MV Mako သင်္ဘော၏ သင်္ဘောပိုင်ရှင်သည် ၎င်း၏ သင်္ဘောဝန်ထမ်းများအား လုပ်ခမပေးဘဲ ကိုးလ ရှိပြီးဖြစ်သည်

ဤနှစ် ဇွန်လမှစ၍ အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) နှင့် ၎င်း၏ အဖွဲ့ဝင် နိုင်ငံ့ သမဂ္ဂများသည် အာရတ်ကမ္ဘာရှိ သင်္ဘော ၁၂ စီးမှ သင်္ဘောသား ၁၃၅ ယောက်ကျော်ကို ကမ္ဘာတစ်ဝန်းရှိ ၎င်းတို့၏ မိသားစုများထံ ပြန်ပို့ရန် ကူညီပေးခဲ့ပါသည်။

Mohamed Arrachedi ဆိုသူသည် ITF ၏ အာရတ်ကမ္ဘာနှင့် အီရန် အဆက်အသွယ်ကွန်ခြာ ညှိနှိုင်းရေးအရာရှိ ဖြစ်ပါသည်။ အလုပ်သမားများအတွက် အခိုးခံရသည်ကို ပြန်လည်ရရေးအား သူက စဉ်းစားနေစဉ် သင်္ဘောသားများ ကိုယ်စား ITF ၏ ထိရောက်မှုကို ပြသပါသည်၊ သူက လုပ်ခများ မရရှိခဲ့သည်ကို ဉီးစွာ စိုးရိမ်ပူပန်ပါသည်။

 “စွန့်ပစ်ခြင်းနှင့် လုပ်ခ မပေးခြင်း ကိစ္စများမှာ ကမ္ဘာတစ်ဝန်း အသေအချာ တိုးမြှင့်နေကြပြီး အထူးသဖြင့် ဤဒေသတွင်ဖြစ်ပါသည်။ ပိုမိုများပြားသော အလုပ်ရှင်များမှာ သင်္ဘောသားများအား သူတို့ပေးရန်ရှိသည့် လုပ်ခများကို ထိန်ခြန်နေသည်ကိုလည်း ကျွန်ုပ်တို့ မြင်တွေ့နေကြပါသည် – သင်္ဘောသားများမှာ နှစ်နာခံစားနေကြရသည်၊” ဟု Arrachedi က ပြောကြားခဲ့သည်။

 “အဓိက အကြောင်းခံတစ်ရပ်မှာ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးဖြစ်သည်။ အစိုးရများ၏ Covid-19 နယ်စပ် ပိတ်ပင်ကန့်သတ်ချက်များနှင့် အပြည်ပြည်ဆိုင်ရာ လေယာဥ်ခရီးစဉ်များ၏ ကုန်ကျစရိတ်တို့က အကြောင်းခံတွန်းပို့သည်မှာ ပိုမိုများပြားသော အလုပ်ရှင်များကပင် ၎င်းတို့၏ ဆုံးရှုံးမှုများကို ဖြတ်တောက်နေကြပြီး သင်္ဘောသားများအပေါ် ထားရှိရမည့် ၎င်းတို့၏ တာဝန်များကို စွန့်ပစ်နေကြသည် – သင်္ဘောပေါ်၌ ရှိနေကြသည့် သင်္ဘောသားများနှင့် အိတ်စိုက်ကုန်ကျမည့် ထောင်ပေါင်းများစွာသော ဒေါ်လာငွေများနှင့်အတူ ၎င်းတို့၏ စီးပွားလုပ်ငန်းများကို များသောအားဖြင့် ပိတ်ပစ်နေကြပါသည်။”

ITF ၏ အာရတ်ကမ္ဘာနှင့် အီရန် အဆက်အသွယ်ကွန်ခြာ ညှိနှိုင်းရေးအရာရှိဖြစ်သူ Mohamed Arrachedi

Arrachedi က ပြောသည်မှာ သမားရိုးကျအားဖြင့် စွန့်ပစ်သည့်ကိစ္စများတွင် အလုပ်ရှင်များသည် အပတ်ပေါင်းများစွာ၊ လပေါင်းများစွာ လုပ်ခပေးခြင်းများကို ရပ်ဆိုင်းမည်ဖြစ်ပါသည်။

 “သူတို့သည် သင်္ဘောဝန်ထမ်းများအား ကျန်ရှိနေသေးသည့် လုပ်ခများအတွက် ကတိကဝတ် ပေးမည်ဖြစ်ပြီး အကယ်၍ သင်္ဘောဝန်ထမ်းတစ်ဉီး၏ အလုပ်ကန်ထရိုက် ကုန်ဆုံးလျှင် အလျင်အမြန် အိမ်ပြန်ပို့ရေးကိုလည်း ကတိပေးမည်ဖြစ်ပါသည်။ သူတို့သည် ကတိပေးရင်း ပေးနေပါသည်။ ထို့နောက် တစ်ရက်တွင် သင်္ဘောပိုင်ရှင် သို့မဟုတ် ၎င်းတို့၏ ကိုယ်စားလှယ်သည် သင်္ဘောဝန်ထမ်း၏ အမှာစာများကို တုံ့ပြန်ရန် ရပ်ဆိုင်းမည်ဖြစ်ပါသည်။

 “အလုပ်ရှင်သည် များသောအားဖြင့် သဲလွန်စ ရှာမရဘဲ ပျောက်ဆုံးသွားနိုင်ပါသည်။ ပျောက်သွားပြီးဖြစ်သည်။

သို့သော်လည်း အားလုံးသော မပေးရသေးသည့် လုပ်ခများ စွန့်ပစ်မှုနှင့်အတူ ပျောက်ဆုံးသွားသည်တော့ မဟုတ်ပါ၊ ၎င်းမှာ သင်္ဘောသားများအဖို့ ၎င်းတို့၏ အလုပ်ရှင်အပေါ် မည်သည့်အတွက်ကြောင့် လုပ်ခများ မပေးရသည်နှင့် ပတ်သက်၍ မည်သည့်အခါ၌ ရိုးသားမည်ကို သိရှိရန် ခက်ခဲနိုင်ပါသည်။

 

သင်္ဘောသားများသည် ‘ပုံမှန် အခြေအနေကို ယိုယွင်းအောင်’ လုပ်ရန်အတွက် ကြောက်ခဲ့ကြသည်

သင်္ဘောသား အများအပြားသည် မိမိတို့၏ အလုပ်ရှင်များနှင့် လုပ်ခကဲ့သို့သော ကိစ္စများကြောင့် အငြင်းအခုံလုပ်ခြင်း၏ နောက်ဆက်တွဲ ပြဿနာများကို မကြာခဏ စိုးရိမ်တတ်ကြသည် - ၎င်းတို့မှာ အလိမ်ခံရသည်ကို သံသယ သို့မဟုတ် သိရှိသည့်တိုင်အောင်ပင် ဖြစ်ပါသည်။

သင်္ဘောသားများမှာ အဘယ်ကြောင့် ဖိနှိပ်ခြိမ်ခြောက်ခံစားနေရသည့် အကြောင်းရင်း နှစ်ခုရှိသည်။

ပထမဉီးစွာဖြင့် ‘နံမည်ပျက်စာရင်းသွင်းခြင်း’ သို့မဟုတ် သင်္ဘောပိုင်ရှင်များနှင့် ၎င်းတို့၏ အေဂျင့်ကိုယ်စားလှယ်များက သင်္ဘောသားများအား အနာဂတ် အလုပ်အကိုင် အခွင့်အလမ်းများမှ တားမြစ်ခြင်းတို့သည် လုပ်ငန်းကဏ္ဍအတွင်း ကျယ်ကျယ်ပြန့်ပြန့်ရှိနေသည်ဟု ထင်မြင်ယူဆနေသေးသည်။

 “သင်္ဘောသားများမှာ အကယ်၍ သူတို့ ဖွင့်ဟပြောဆိုလျှင် သူတို့ နောက်ထပ် အလုပ်ကန်ထရိုက် ရရှိမည် မဟုတ်ဟု စိုးရိမ်ကြပါသည်၊” ဟု Arrachedi ကပြောကြားသည်။

ဖွင့်ဟပြောဆိုရန် ကြန့်ကြာနေခြင်းအတွက် ဒုတိယ အကြောင်းရင်းမှာ သင်္ဘောပိုင်ရှင်များသည် သင်္ဘောသားများ၏ အိမ်ပြန်ရန်အတွက် လေယာဥ်လက်မှတ်များသဖွယ် ဖြစ်နေသောကြောင့်ဖြစ်သည်။ ပင်လယ်ရေကြောင်း အလုပ်သမားများ စာချုပ်အရ အလုပ်ရှင်သည် သင်္ဘောသားများ သင်္ဘောမှ အိမ် အသွားအပြန်လုပ်ရေးအတွက် ကုန်ကျငွေကို ပေးရသည်။ သင်္ဘောသားများက စိုးရိမ်ပူပန်သည်မှာ မရသေးသည့် လုပ်ခများအပေါ် စိုးရိမ်မှုကို တင်ပြခြင်းအတွက် ပြစ်ဒဏ်အဖြစ် ၎င်းတို့အား အိမ်ပြန်ပို့ခြင်းမှ နှောင့်နှေးအောင်လုပ်နိုင်သည် သို့မဟုတ် ငြင်းပယ်နိုင်သည်ဟုဖြစ်ပါသည်။

အခြေအနေများ ပိုမို ဆိုးရွားစေရန် ယခုသော် သင်္ဘောသား အယောက်ရေ လေးသိန်း 400,000 အထိသည် ကုန်တင်သင်္ဘောများပေါ်၌ အလုပ်လုပ်ရင်း ချောင်ပိတ်မိခံနေရပြီး အိမ်ပြန်၍ မရနိုင်ကြပါ။  များသောအားဖြင့် အစိုးရ၏ ကိုဗစ် ပိတ်ပင်ကန့်သတ်ချက်များမှ လွတ်မြောက်ရေး၏ အနည်းငယ်သော ၎င်းတို့၏ အခွင့်အလမ်းများမှာ ဗျူကရက် အတားအဆီး လမ်းကြောင်းကိုကျော်ဖြတ်ပြီး မှတ်တမ်းတင်-လောက်အောင် မြင့်မားသော လေယာဥ်ခရီးစဉ်များပေါ် သင်္ဘောသားများအား တင်ပေးရန် ၎င်းတို့၏ အလုပ်ရှင်များ၏ အဆုံးအဖြတ်အပေါ် မူတည်နေပါသည်။

သင်္ဘောသား အများအပြားအတွက် ပင်လယ်ပြင်၌ 12 လ၊ 14 လ သို့မဟုတ်  18 လ ကြာမြင့်ပြီးနောက် မောပန်းလျက် အိမ်ပြန်ရန် အသည်းအသန်ဖြစ်ကာ မိမိတို့၏ အလုပ်ရှင်၏ ရန်သူဖြစ်လာခြင်းသည် ၎င်းတို့ မရင်ဆိုင်လိုသော အန္တရာယ်တစ်ခု ဖြစ်သည်။

 “ဤကိစ္စအများစုတွင် ကျွန်ုပ်တို့သည် သင်္ဘောသားများ၏ အခွင့်အရေးများကို လေးစားပေးခဲ့ကြောင်း သေချာစေရန် ကြိုးစား၍ တိုက်ပွဲဝင်ခဲ့ရပြီး ၎င်းမှာ သူတို့အနေဖြင့် သူတို့ကိုယ်တိုင်အတွက် ဉီးစွာ ရပ်တည်ပြီး ဖွင့်ဟပြောဆိုရန် အမြဲတမ်း လိုအပ်ပါသည်။ ဤသင်္ဘောသား အမြောက်အမြားမှာ ITF နှင့် ဆက်သွယ်ခြင်းအတွက်ကြောင့်ပင် နိုင်ထက်စီးနှင်းမှုနှင့် ခြိမ်းခြောက်မှု ခံခဲ့ကြရသည်၊” ဟု Arrachedi က ပြောကြားခဲ့သည်။

 

MV Mako သင်္ဘော၊  Aden ဆိပ်ကမ်း

မော်လ်ဒိုဗင် -အလံတင် ကုန်သယ်ဆောင် သင်္ဘော MV Mako  ၏ သင်္ဘောဝန်ထမ်း ၁၇ ဉီးသည် သူတို့ ကိုးလတင်းတင်း လုပ်ခ မရခဲ့ကြပြီးနောက် ဖွင့်ဟပြောဆိုရန် အရဲစွန့်ခဲ့ကြသည်။

အယ်လ်ဂျီးရီးယားနိုင်ငံ၌ သင်္ဘောပေါ်တက်ရောက်ခဲ့သည့်အချိန်မှစ၍ လုပ်ခ သုံးလစာ ရရှိပြီးနောက် အီဂျစ်နိုင်ငံသား သင်္ဘောသားဖြစ်သူ Hasan* သည် သူ့အလုပ်ရှင်ထံမှ လုပ်ခများ လက်ခံရရှိခြင်း ရပ်ဆိုင်းခံခဲ့ရသည်။ Hasan က ပြောကြားခဲ့သည်မှာ အလုပ်ကို လက်ခံရန်အတွက် သူ့အား သူ့ကိုယ်ပိုင် လေယာဉ်လက်မှတ်များကို ဝယ်ခိုင်းခဲ့သည့်အခါ သတိပေးသည့် အရိပ်လက္ခဏာများ ပေါ်လွင်ခဲ့သည်ကို ပြန်လည် အမှတ်ရသည်။ သူသည် အလုပ်လုပ်ရန်အတွက် သူ၏ ကိုယ်ပိုင် လုံခြုံရေးဖိနပ်ရှည်များနှင့် အဝတ်အစားများကိုပင် ဝယ်ယူခဲ့ရသည်။

သင်္ဘော Mako was မှာ ရီမန်နိုင်ငံ၊ Aden ဆိပ်ကမ်း၌ ဆိုက်ကပ်ချိန်၌ သူသည် သင်္ဘောပေါ်၌ ၁၂ လ ကြာရှိနေပြီဖြစ်ပြီး ကိုးလအတွက် လုပ်ခ မရသေးပါ။

Hasan အနေဖြင့် သင်္ဘောပေါ်မှ ဆင်းရန်၊ ကျန်ရှိနေသေးသည့် သူ၏ လုပ်ခများကို ပေးချေရန်နှင့် အိမ်ပြန်ပို့စေရန် တောင်းဆိုခဲ့သည်။ သူသည် အကူအညီအတွက် ITF ကို ဆက်သွယ်ခဲ့သည်။

ITF ၏ ဖိအားပေးမှုကြောင့် ကုမ္ပဏီသည် Hasan ၏ အိမ်အပြန် လေယာဉ်ခရီးစဉ်အတွက် စီစဉ်ရန်နှင့်ပေးချေရန် သဘောတူညီခဲ့သည်။ သူ့အနေဖြင့် ထိန်ခြန်ထားခံရသည့် လုပ်ခများဖြစ်သည့် ဒေါ်လာ USD$5,292 ပေးချေခံရရန်အပြင် သင်္ဘောပေါ်တက်ရောက်ရန် သူကုန်ကျခံခဲ့ရသည့် ခရီးစရိတ်များကို ပြန်အမ်းပေးရန် ITF က သေချာအောင် လုပ်ပေးခဲ့သည်။

MV Marko သင်္ဘောပေါ်ရှိ Hasan ၏ သင်္ဘောဝန်ထမ်းလုပ်ဖော်ကိုင်ဖက်များမှာလည်း အဆိုပါ သင်္ဘောပေါ် အလုပ်လုပ်ကိုင်စဉ် လုပ်ခများ မရရှိခဲ့ကြပါ။ အမှန်စင်စစ် အားလုံးသော အခြား သင်္ဘောဝန်ထမ်းများသည် သင်င်္ဘောပေါ်၌ ၎င်းတို့၏ အလုပ်အကိုင်၏ အနည်းဆုံး အချို့အစိတ်အပိုင်းအတွက် လုပ်ခ မရရှိခဲ့ကြပါ။ Hasan အိမ်ပြန်ပို့ခံရပြီးနောက် သူ၏ သင်္ဘောဝန်ထမ်းလုပ်ဖော်ကိုင်ဖက်များအနက် အချို့သည် အီဂျစ်နိုင်ငံ Adabiyya ဆိပ်ကမ်းရှိ ITF ထံသို့ ရောက်ရှိလာပြီး ၎င်းတို့၏ အတိဒုက္ခအတွက် တစ်စုံတစ်ခုကို လုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ITF ၏ အကူအညီဖြင့် သူတို့သည် သူတို့၏ လက်ထဲ၌ လုပ်ခငွေဖြစ်သည့် ဒေါ်လာ USD$38,792 ဖြင့် အိမ်ပြန်ခဲ့ကြပါသည်။

မရရှိသည့် လုပ်ခများကို ကြုံတွေ့နေသော သင်္ဘောသားများအား ကူညီပေးခြင်း လုပ်ငန်းစဉ်အတွင်း ITF သည် သင်္ဘော မှတ်ပုံတင်ထားရာ အလံတင်နိုင်ငံသို့ ၎င်းတို့အနေဖြင့် သင်္ဘောပိုင်ရှင်အား မှန်ကန်သောအရာကို လုပ်ရန်နှင့် ထိခိုက်ခံရသည့် အလုပ်သမားများအား ပေးရန်ရှိသည့် အကျိုးခံစားခွင့်များကို ပေးရန်အတွက် တိုက်တွန်းပေးရန် သို့မဟုတ် အတင်းအကျပ်ပြုပေးရန် မေတ္တာရပ်ခံခြင်းအတွက် များသောအားဖြင့် ကမ်းလှမ်းဆက်သွယ်ပါမည်။ သို့သော်လည်း အဓိကအားဖြင့် MV Mako သင်္ဘောမှ ဆီးရီးယား သင်္ဘောဝန်ထမ်းများသည် ၎င်းတို့၏ လုပ်ခအတွက် တိုက်ပွဲအတွင်း မော်လ်ဒိုဗာထံမှ ပံ့ပိုးမှု လက်ခံမရရှိခဲ့ပါ။

သင်္ဘောအစီးရေ ၄၀၀ ကျော်တို့သည် လက်ရှိ၌ ပင်လယ်ရေကြောင်း အလုပ်သမား စာချုပ်ကို အတည်မပြုရသေးသော ကုန်းမြေပတ်လည်ဝိုင်းရံလျက်ရှိသည့် နိုင်ငံဖြစ်သည့် မော်လ်ဒိုဗာတွင် မှတ်ပုံတင်ထားကြသည်။ သို့သော်လည်း မော်လ်ဒိုဗာ-အလံတင် သင်္ဘောများမှာ စာချုပ်ကို အတည်ပြုခဲ့သည့် နိုင်ငံ ၉၀ ၏ ဆိပ်ကမ်းများတွင်ရှိနေသည့်အခါ စာချုပ်သည် သက်ဆိုင်နေပါသေးသည်။ ဆိပ်ကမ်းနိုင်ငံ ထိန်းချုပ်ရေး အေဂျင်စီရုံးများသည် MLC စာချုပ်ကို လိုက်နာရန် အတင်းအကျပ်ပြုစေခြင်းအားဖြင့် တာဝန်အပ်နှင်းခံထားရပြီး သင်္ဘောများကို ဖမ်းဆီးနိုင်ပါသည်။

 “၎င်းအတွက်ကြောင့် သင်္ဘောဝန်ထမ်းများမှာ ဖွင့်ဟပြောဆိုရန် အလွန် အရေးကြီးပါသည်။ ကိစ္စအများအပြား၌ အကယ်၍ သူတို့အနေဖြင့် မရသေးသည့် လုပ်ခများနှင့် အလုပ်ကန်ထရိုက် ချိုးဖောက်မှုများကို သတင်းပို့လျှင် ကျွန်ုပ်တို့ ကူညီနိုင်ပါသည်၊” ဟု Arrachedi က ပြောပါသည်။

*Hassan မှာ သူ၏အမည်ရင်း မဟုတ်ပါ။

 

သင်္ဘော MV Hannoud, Beirut

ပြန်လည်ရရှိသော အခိုးခံရသည့် လုပ်ခများ၏ အစိတ်အပိုင်းအဖြစ် Arrachedi နှင့်  ITF ၏ အာရတ်ကမ္ဘာနှင့် အီရန် အဆက်အသွယ်ကွန်ခြာသည် ဘေးရုမြို့၌ လေးလ လုပ်ခမရသေးသည့် သင်္ဘောဝန်ထမ်း 18 ယောက်တို့ကိုလည်း ပြန်ရအောင် ကူညီပေးခဲ့သည်။

သင်္ဘောသားများမှာ သင်္ဘောပိုင်ရှင်က ၎င်းတို့၏ တာဝန်များကို စွန့်ပစ်လိုက်သည့်အခါ Sierra Leone-အလံတင် တိရစ္ဆာန် သယ်ဆောင်သင်္ဘော MV Hannoud  ပေါ်၌ အလုပ်လုပ်နေခဲ့သည်၊ သင်္ဘောသားများအား အစာရေစာနှင့် ရေပင် မပေးထားဘဲ စွန့်ပစ်ခဲ့သည်။

Arrachedi က ပြောကြားခဲ့သည်မှာ ဤကဲ့သို့သော ပြင်းထန်သည့် အခြေအနေမျိုး၌ ‘အလံတင် နိုင်ငံ’ သည် သမားရိုးကျအားဖြင့် ဝင်ရောက်စွက်ဖက်လာပြီး ၎င်းတို့၏ အလံအောက်၌ သွားလာနေသည့် သင်္ဘောများပေါ်ရှိ သင်္ဘောသားများကို ရိက္ခာများ၊ ၎င်းတို့၏ မရရှိသေးသည့် ခံစားခွင့်များနှင့် အိမ်ပြန်ရန် နည်းလမ်းတစ်ရပ်တို့ကို ပံ့ပိုးပေးထားကြောင်း သေချာအောင် လုပ်ရလိမ့်မည်ဖြစ်ပါသည်။ သို့သော်လည်း၊ Arrachedi က ပြောကြားသည်မှာ Sierra Leone ပင်လယ်ရေကြောင်း စီမံကွပ်ကဲရေးရုံးသည် MV Hannoud သင်္ဘော၏ အတိဒုက္ခကို ပိုမို ဆိုးရွားနေစဉ် တုံ့ပြန်ရန် ပျက်ကွက်ခဲ့ပါသည်။

သင်္ဘော MV Hannoud ကို လက်ဘနွမ် အာဏာပိုင်များက ဖမ်းဆီးလိုက်ပြီး ဘေးရုမြို့တွင် ဆိုက်ကပ်ထားသည်၊ စိတ်ဝင်စားသည့် စီးပွားဆိုင်ရာ အမူသည်များ သင်္ဘော၏ အနာဂတ်နှင့်ပတ်သက်၍ တရားရုံးတွင် အမှုဆိုင်နေလျက်ရှိသည်။ ITF သည် သင်္ဘောသားများအား ရိက္ခာများဖြင့် ကူညီပံ့ပိုးခဲ့သည်။

ဇွန်လ ကုန်ဆုံးပိုင်း၌ တရားတဘောင်ကိစ္စမှာ ပြီးဆုံးခဲ့ပြီး သင်္ဘောမှာ ဘေးရုမြို့မှ ထွက်ခွာခဲ့သည်။ ITF သည် အားလုံးသော သင်္ဘောသား ၁၈ ယောက်လုံး လေးလစာ မရသေးသည့် လုပ်ခများဖြစ်သည့် ဒေါ်လာငွေ USD$141,790 ပြန်လည်ရယူ၍ ၎င်းတို့အကြား ခွဲဝေပေးခဲ့ရာ၌ ကူညီပေးခဲ့ပါသည်။

သင်္ဘော MV Algrace, UAE

ITF သည် ပနားမား အလံတင်-သင်္ဘော၏ သင်္ဘောဝန်ထမ်းများ ဒေါ်လာငွေ USD100,000 နီးပါး MV Algrace သင်္ဘော၏ ဆီးရီးယား သင်္ဘောဝန်ထမ်းများသို့ ပေးရန်ရှိသည့် မပေးရသေးသည့် လုပ်ခများကို ပြန်လည်ရရှိအောင် ကူညီပေးခဲ့သည်။ ပထမဉီးစွာ ဒေါ်လာငွေ USD29,446 ကို United Arab Emirates နိုင်ငံရှိ Jebel Ali ၌ သင်္ဘောဆိုက်ကပ်စဉ် သင်္ဘောသားများသို့ ပြန်ပေးခဲ့သည်။ နောက်ထပ် သင်္ဘောသား ခုနှစ်ဉီး ထွက်ပေါ်လာသည့်အခါ နောက်ထပ် ခိုးခံရငွေ ဒေါ်လာ USD$62,773 ကို ITF ၏ အကူအညီဖြင့် ပြန်လည် ကုတ်ဆွဲ၍ ရယူခဲ့သည်။

သင်္ဘောဝန်ထမ်း အများစုမှာ စက်တင်ဘာလ ၇ ရက်နေ့တွင် သင်္ဘောပေါ်မှ ဆင်းခဲ့ပြီး နှစ်ရက်ကြာပြီးနောက် ဆူဒန်နိုင်ငံမှတစ်ဆင့် အိမ်ပြန်ပို့ခံခဲ့ကြရသည်။

အဆက်အသွယ်ကွန်ခြာသည် အောင်မြင်မှုရလဒ်များ ရရှိ

Arrachedi က ရှင်းလင်းပြသည်မှာ ပြန်လည်ရရှိခဲ့သည့် လုပ်ခများ၏ ကြီးကြီးမားမား ဝေစုမှာ ITF ၏ အာရတ်ကမ္ဘာနှင့် အီရန် အဆက်အသွယ်ကွန်ခြာတို့၏ စုပေါင်း ကြိုးပမ်းမှုများကြောင့် ဖြစ်သဖြင့် ကျေးဇူးတင်ရှိပါသည်။ တရားဝင်အားဖြင့် ၂၀၁၈ ခုနှစ်တွင် ဖွဲ့စည်းထားသည့် အဆက်အသွယ်ကွန်ခြာကို သင်္ဘောသားများ၏ သာယာကောင်းမွန်ရေးအတွက် အလေးထားသည့် အဆိုပါဒေသတစ်လျှောက်ရှိ သမဂ္ဂများမှ စေတနာ့ဝန်ထမ်းများဖြင့် အင်အားဖြည့်တင်းထားပါသည်။

 “ကျွန်ုပ်တို့၏ အာရတ်ကမ္ဘာရှိ ITF အဆက်အသွယ်များဖြစ်သော – ရီမန်နိုင်ငံမှ အစ်ကိုတော် Mazern ၊ ဆူဒန်နိုင်ငံရှိ အစ်ကိုတော်များဖြစ်သည့်  Hamdan နှင့် Abdelhafiz တို့အပြင် လက်ဘနွမ်နိုင်ငံရှီ အစ်ကိုတော် Nasser နှင့် Haytham တို့အား ၎င်းတို့၏ ဆက်တိုက် ကြိုးပမ်းမှုကြောင့် အထူးကျေးဇူးတင်ရှိကြောင်း ကျွန်ုပ် ပြောရမည်ဖြစ်ပါသည်။ ကျွန်ုပ် တစ်ယောက်တည်းအနေဖြင့် ဤ ရလဒ်များကို အောင်မြင်နိုင်မည် မဟုတ်ပါ။

 “ကျွန်ုပ်တို့ မိမိကိုယ်မိမိ ယုံကြည်စိတ်ချရမည်မှာ အဆိုပါ ဒေသအတွင်း စွန့်ပစ်ခံရမှု အရိပ်အယောင်သင်္ကေတများကို သင်္ဘောသားများအကြား အသိရှိမှု ပိုမိုတိုးပွားလာစေခြင်းဖြင့် ပိုမိုများပြားသည့် သင်္ဘောသားများသည် ရပ်တည်လာမည်၊ မတရားမှုကို ရှုပ်ချလာမည်ဖြစ်ပြီး ၎င်းတို့၏ အခွင့်အရေးများကို တောင်းဆိုလာမည် ဖြစ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် ဆိုးရွားသည့် အချို့သင်္ဘောပိုင်ရှင်များ၏ အပြစ်မှလွတ်မြောက်ရေးကို အဆုံးသတ်လာနိုင်မည်ဖြစ်ပါသည်။ သင်္ဘောသားများအဖို့ ပထမဉီးဆုံး လုပ်ရမည်အချက်မှာ ITF နှင့်ဆက်သွယ်ရန် ဖြစ်ပါသည်။”

အကူအညီ ရယူခြင်း

အကယ်၍ သင်သည် ချက်ချင်း အကူအညီ သို့မဟုတ် ပံ့ပိုးမှုကို လိုအပ်သည့် သင်္ဘောသား တစ်ဦးဖြစ်လျှင် ITF သင်္ဘောသားများ ပံ့ပိုးမှု ကိုဆက်သွယ်ပါ  ကိုဆက်သွယ်ပါ။

အောက်ပါတို့ကိုလည်း ကြည့်ရှုပါ- Stranded at Sea: ITF addressing abandonment in the Arab World.

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.