Skip to main content

ITF နှင့် JNG ပူးတွဲ ထုတ်ပြန်ချက်- သင်္ဘောသားများ၏ အခွင့်အရေးများနှင့် လက်ရှိ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်း

07 Oct 2020

ITF နှင့် JNG ပူးတွဲ ထုတ်ပြန်ချက်- သင်္ဘောသားများ၏ အခွင့်အရေးများနှင့် လက်ရှိ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်း
ကျွန်ုပ်တို့၏ လုပ်ငန်းကဏ္ဍသည် တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှု၏ 90% အပေါ် တာဝန်ရှိသည်။ သမိုင်းကြောင်းအားဖြင့် ကျွန်ုပ်တို့သည် အမျိုးသား စည်းပွားရေးများနှင့် ကမ္ဘာ့ချမ်းသာကြွယ်ဝမှု၏ ဖွံ့ဖြိုးမှုအပေါ် အရေးပါလျက်ရှိသည်။ ကျွန်ုပ်တို့သည် ကမ္ဘာ့စီးပွားရေး၏ ပင်မ သွေးကြောအဖြစ် ဆက်လက်တည်ရှိနေပြီး အနာဂတ် စီးပွားရေး ပြန်လည်နာလန်ထူလာမှုအတွက် အဓိကကျသည်၊ ကမ္ဘာကြီးသည် Covid-19 အပေါ် တုံ့ပြန်နေသည့်အလျောက် ဘီလီယံနှင့်ချီသောလူများ၏ အလုပ်များအပါအဝင်ဖြစ်သည်။

သို့သော်လည်း လုပ်ငန်းကဏ္ဍတစ်ခုအဖြစ် ကျွန်ုပ်တို့အနေဖြင့် ကမ္ဘာကြီးအား ဤရောဂါကပ်ဘေးကြီးမှ ရှေ့သို့ရွှေ့လျားစေရန်နှင့် ကမ္ဘာ့အရေးပါသည့် ကုန်ပစ္စည်းများကို ဆက်လက် သယ်ယူပို့ဆောင်ပေးရန် အကယ်၍ သင်္ဘောများပေါ်ရှိ အလုပ်လုပ်ကိုင်ရာ အခြေအနေများမှာ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း စည်းမျဥ်းများနှင့် ကိုက်ညီမှသာ ကူညီနိုင်မည်ဖြစ်သည်။ ၎င်းမှာအဘယ်ကြောင့်ဆိုသော် ဤစည်းမျဉ်းများသည် ကျွန်ုပ်တို့၏ လုပ်ငန်းကဏ္ဍ၏ အခရာအကျဆုံးဖြစ်သော ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေးနှင့် သာယာကောင်းမွန်ရေးကို အာမခံသောကြောင့်ဖြစ်သည်။

သင်္ဘောသားများသည် ၎င်းတို့ကို တန်ဖိုးထားသော၊ ၎င်းတို့၏ ပံ့ပိုးမှုကို အသိအမှတ်ပြုသောနှင့် ၎င်းတို့၏ အခွင့်အရေးများကို လေးစားသော လုပ်ငန်းကဏ္ဍတစ်ရပ်ကို လိုအပ်ပါသည်။ သင်္ဘောသားများသည် လွတ်လပ်သော၊ သာနာမျှတမှုရှိသည့်အပြင် ဘေးကင်းလုံခြုံသော အလုပ်ခွင်နေရာများ လိုအပ်ပါသည်။

ပူးတွဲညှိနှိုင်းရေးအဖွဲ့ (Joint Negotiating Group) ၏ အဖွဲ့ဝင်များဖြစ်ကြသည့် ပင်လယ်ရေကြောင်းဆိုင်ရာ အလုပ်ရှင်များသည် ကြီးမားသော ငွေကြေးကုန်ကျမှုဖြင့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို လွယ်ကူချောမွေ့စေရန် မမောမပန်း လုပ်ကိုင်ပေးခဲ့သည်၊ သို့သော်လည်း သင်္ဘောသား အယောက်ရေ 400,000 တို့မှာ သင်္ဘောများပေါ်၌ အလုပ်လုပ်ကိုင်ရင်း ချောင်ပိတ်မိခံနေလျက်ရှိသည်၊ ကမ္ဘာ့အနှံ့ အစိုးရ အများအပြား၏ နယ်စပ်နှင့် ခရီးသွား ပိတ်ပင်ကန့်သတ်ချက်များ ချမှတ်ထားခြင်းကြောင့် အပြင် ရောဂါကပ်ဘေးကြီးကြောင့် အပြည်ပြည်ဆိုင်ရာ လေယာဥ်ခရီးစဉ်များ နည်းပါးမှုတို့အတွက်ကြောင့်လည်း ၎င်းတို့၏ အလုပ်တာဝန်များကို သက်တမ်းတိုးရန် အတင်းအကျပ် လုပ်ခံခဲ့ရသည်။

ကျွန်ုပ်တို့သည် သင်္ဘောပိုင်ရှင်များ၊ သင်္ဘောစင်းလုံးငှါးသူများ၊ စီမံခန့်ခွဲရေး ကုမ္ပဏီများ၊ စီမံရေးကိုယ်စားလှယ်များ၊ ငှါးရမ်းရေးဖက်စပ်လုပ်ကိုင်သူများနှင့် အခြားသော အကျိုးအပြစ်ခံယူပူးပေါင်းသူ အားလုံးတို့အား သင်္ဘောသားများအပေါ် ၎င်းတို့၏ အလုပ်ကန်ထရိုက်များကို သက်တမ်းတိုးရန်အတွက် ဖိအားမပေးရန် သို့မဟုတ် အတင်းအကျပ်မလုပ်ရန် တောင်းဆိုရန်အတွက် စည်းလုံးညီညွတ်နေလျက်ရှိသည်။ အလုပ်လုပ်ကိုင်ခြင်းကို ရပ်ဆိုင်းရန်၊ သင်္ဘောများမှ ထွက်ခွာရန်နှင့် အိမ်ပြန်ရန်တို့အတွက် လူ့အခွင့်အရေးကို အသုံးချရန် သင်္ဘောသားများ၏ စွမ်းဆောင်ရည်အား ၎င်းတိို့အနေဖြင့် ငြင်းပယ်၍လည်း မထားသင့်ပါ။

IMEC ဥက္ကဌဖြစ်သူ Capt. Belal Ahmed က ပြောကြားခဲ့သည်မှာ - “သင်္ဘောသားများမှာ ၎င်းတို့ အလုပ်ကန်ထရိုက်များ အဆုံးသတ်ပြီး အလုပ်ကို ဘေးကင်းလုံခြုံစွာဖြင့် ဆက်လုပ်ရန် စိတ်ပိုင်းဆိုင်ရာအရနှင့် ရုပ်ပိုင်းဆိုင်ရာအရ အဆင်သင့်မဖြစ်သည့်အခါ ၎င်းတို့ကိုယ်တိုင်အတွက် ရပ်တည်ပေးခြင်းလုပ်ရုံသာကြောင့် အခွင့်အလမ်း မနစ်နာသင့်ကြောင်းမှာ အရေးကြီးပါသည်။”

ကျွန်ုပ်တို့သည် ကုန်ပစ္စည်း ပိုင်ရှင်များ/လုပ်ငန်းလည်ပတ်သူများ၊ စင်းလုံးငှါးသူများနှင့် ပွဲစားများအား သင်္ဘောစင်းလုံး ငှါးသူဘက်ဆိုင်ရာ စာချုပ်များကို သဘောတူရန် အရေးပေါ်အားဖြင့် တောင်းဆိုပါသည်၊ အဆိုပါစာချုပ်သည် သင်္ဘောပိုင်ရှင်များ/မန်နေဂျာများအား သင်္ဘောများကို လမ်းကြောင်းလွဲပေးရန်နှင့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး ဖြစ်နိုင်မည့် ဆိပ်ကမ်းများသို့ ဒဏ်ငွေများ တပ်ရိုက်မခံရစေဘဲ ဆိုက်ကပ်စေရန်အတွက် လွယ်ကူစေပါသည်။  

ITF ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ Stephen Cotton က ပြောကြားခဲ့သည်မှာ အဖွဲ့ချုပ်နှင့် ၎င်း၏ အဖွဲ့ဝင်များသည် လုပ်ငန်းကဏ္ဍရှိ အကျိုးအပြစ်ခံယူပူးပေါင်းသူ အားလုံးအား သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို သူတို့အနေဖြင့် တတ်နိုင်သည့်ဘက်မှ ပံ့ပိုးပေးရေးအတွက် တာဝန်ယူရန် တိုက်တွန်းလျက်ရှိနေခဲ့ပါသည်။

 “သင်္ဘောသားများတွင် အကယ်၍ သူတို့အနေဖြင့် ဖွင့်ဟပြောဆိုလျှင် သို့မဟုတ် မားမားမတ်မတ် ရပ်တည်လျှင် သူတို့၏ သက်မွေးကြောင်းမှာ အဆုံးသတ်သွားနိုင်သည်ဟု အမှန်တကယ် ကြောက်ရွံ့မှု ရှိကြသည်။ နာမည်ပျက်စာရင်းအသွင်းခံရခြင်းအတွက် ကြောက်ရွံ့မှုသည် ၎င်းတို့၏ကိုယ်ပိုင် အလုပ်သမားအခွင့်အရေးများနှင့် လူ့အခွင့်အရေးများကို အတည်ပြုခြင်းမှ ၎င်းတို့အား တားဆီးကြပါသည်။ သင်္ဘောပေါ်၌ ကာလကြည်ရှည်နေသည့် အချိန်ကြောင့် ဖြစ်ပေါ်သော စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကြောင့် ဤသင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်း အသစ် အတောအတွင်း သင်္ဘောသားများအနေဖြင့် ဖွင့်ဟပြောဆိုနိုင်ရန်အတွက် ယခင်ကရှိခဲ့ဘူးသည်ထက် ယခု ပို၍ပင် အရေးကြီးပါသည်။  အလုပ်ကထရိုက် သက်တမ်းတိုးမှုများအား ငြင်းပယ်ရန် မိမိတို့၏ အခွင့်အရေးများကို အသုံးချသည့် သင်္ဘောသားများအပေါ် ပြစ်မှတ်ထားနေပြီး လွတ်မြောက်နိုင်သည်ဟု ထင်မြင်သည့် လုပ်ငန်းကဏ္ဍအတွင်းမှ မည်သူမဆိုတို့အပေါ် ကျွန်ုပ်တို့အနေဖြင့် ဆန့်ကျင်ရပါလိမ့်မည်။ ကျွန်ုပ်တို့၏ လုပ်ငန်းကဏ္ဍသည် ၎င်းထက်ပို၍ ကောင်းမွန်ပါသည်၊” ဟု Cotton က ပြောကြားခဲ့သည်။

သင်္ဘောသားများ ကြုံတွေ့နေရသော ဆိုးရွားသည့်အခြေအနေကို အထင်းသားပေါ်လွင်အောင် တင်ပြရန်မှာ ပင်လယ်ရေကြောင်းဆိုင်ရာ အကျိုးအပြစ်ခံယူပူးပေါင်းသူ အားလုံး၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။ သို့သော်ငြားလည်း ပိုမို၍ အရေးကြီးစွာဖြင့် ဤ မကြုံစဘူး ကမ္ဘာ့ရောဂါကပ်ဘေးကြီးအတွင်း သင်္ဘောသားများ၏ ဇောက်ချလုပ်ကိုင်မှုနှင့် ကြိုးပမ်းမှုများကို အသိအမှတ်ပြုရန်နှင့် ၎င်းတို့၏ အတိဒုက္ခကို ဆက်လက်၍ လျစ်လျူရှု မထားနိုင်ကြောင်းကို လက်ခံရန်မှာ အပြည်ပြည်ဆိုင်ရာ ခေါင်းဆောင်များ၏ တာဝန်ဖြစ်ပါသည်။


Stephen Cotton
အထွေထွေအတွင်းရေးမှူး
အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် Inte

Belal Ahmed
ဥက္ကဌ
IMEC

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.