Skip to main content

SG-STAR ရန်ပုံငွေ- သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးအတွက် နိုင်ငံများအား ပံ့ပိုးပေးရန် ပထမဦးဆုံး ကမ္ဘာလုံးဆိုင်ရာ သုံးပွင့်ဆိုင် ကနဦးလုပ်ဆောင်ချက်

21 Sep 2020
Press Release

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF))၊ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း အလုပ်ရှင်များ ကောင်စီ (International Maritime Employers' Council (IMEC))၊ အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်း အဖွဲ့ (International Chamber of Shipping (ICS))၊ ပင်လယ်ရေကြောင်းနှင့် ဆိပ်ကမ်း အာဏာပိုင် စင်ကာပူ (Maritime and Port Authority of Singapore (MPA))၊ စင်ကာပူ သင်္ဘောလုပ်ငန်း အသင်း (Singapore Shipping Association (SSA))၊ စင်ကာပူ ပင်လယ်ရေကြောင်း အရာရှိများ သမဂ္ဂ (Singapore Maritime Officers’ Union (SMOU)) နှင့် စင်ကာပူ သင်္ဘောသားများ အဖွဲ့အစည်း (Singapore Organisation of Seamen (SOS)) တို့မှ ပူးတွဲ ထုတ်ပြန်ချက်။

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers' Federation (ITF)) နှင့် အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း အလုပ်ရှင်များ ကောင်စီ (International Maritime Employers’ Council (IMEC)) တို့သည် ပူးတွဲ၍ ငွေ US$500,000 ကို သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးအတွက် အကောင်းဆုံး လုပ်ကိုင်ပုံများကို လက်ခံကျင့်သုံးမည့် နိုင်ငံများအား ပံ့ပိုးပေးရန် စင်ကာပူ သင်္ဘောလုပ်ငန်း သုံးပွင့်ဆိုင် မဟာမိတ် ကြံ့ခိုင်ရေး ရန်ပုံငွေ (Singapore Shipping Tripartite Alliance Resilience (SG-STAR) Fund) သို့ ထည့်ဝင်ပေးလိုက်သည်။ ဤငွေသည် ပင်လယ်ရေကြောင်းနှင့် ဆိပ်ကမ်း အာဏာပိုင် စင်ကာပူ (Maritime and Port Authority of Singapore (MPA))၊ စင်ကာပူ သင်္ဘောလုပ်ငန်း အသင်း (Singapore Shipping Association (SSA))၊  စင်ကာပူ ပင်လယ်ရေကြောင်း အရာရှိများ သမဂ္ဂ (Singapore Maritime Officers' Union (SMOU)) နှင့် စင်ကာပူ သင်္ဘောသားများ အဖွဲ့အစည်း (Singapore Organisation of Seamen (SOS)) တို့မှ တည်ထောင်ဖွဲ့စည်းထားသည့် ရန်ပုံငွေ (SG-STAR Fund) S$1 သန်းကို ထည့်ပေါင်းပေးမည်ဖြစ်သည်။ ယခုအခါ စုစုပေါင်း ရန်ပုံငွေမှာ S$1.68 သန်း (ခန့်မှန်းခြေ US$1.2 သန်း) ဖြစ်ပါသည်။

ITF နှင့် IMEC တို့အပြင် အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်း အဖွဲ့ (International Chamber of Shipping (ICS)) သည်လည်း ရန်ပုံငွေ SG-STAR Fund သို့ သင်္ဘောလုပ်ငန်း၌ နည်းပညာ တတ်ကျွမ်းမှုအပါအဝင် ပံ့ပိုးမှုကို လုပ်ပေးမည်ဖြစ်သည်။ ITF, IMEC နှင့် ICS တို့၏ ထည့်ဝင်ငွေများနှင့် ပံ့ပိုးမှုဖြင့် ရန်ပုံငွေ (SG-STAR Fund) သည် လုပ်ငန်းကဏ္ဍ၊ သမဂ္ဂများနှင့် အစိုးရတို့မှ စိတ်ဓါတ်တူညီသည့်-အပြည်ပြည်ဆိုင်ရာ ဖက်စပ်သူများအား စုစည်းပေးလိုက်သည့် ပထမဦးဆုံးအကြိမ် တစ်ကမ္ဘာလုံးဆိုင်ရာ သုံးပွင့်ဆိုင် ကနဦးလုပ်ဆောင်ချက်ဖြစ်ပါသည်။ စင်ကာပူ၌ အခြေစိုက်သည့် ရန်ပုံငွေကို သင်္ဘောသားများ လာရာနိုင်ငံများ၌ သုံးရန်အတွက် ထုတ်ပေးပါလိမ့်မည်။ ကျွန်ုပ်တို့သည် ဤကမ္ဘာလုံးဆိုင်ရာ မဟာမိတ်တွင် ကျွန်ုပ်တို့နှင့်အတူ ပူးပေါင်းရန် စိတ်ဓါတ်တူညီသည့်-ဖက်စပ်သူများကို ဆက်လက် ကြိုဆိုပါသည်။  

ITF အထွေထွေ အတွင်းရေးမှူးဖြစ်သူ Mr Stephen Cotton က ပြောကြားခဲ့သည်မှာ ရန်ပုံငွေ (SG-STAR Fund) တွင် ကမ္ဘာ၏ ၁.၄ သန်း သင်္ဘောသားများအတွက် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်း ဆိုးရွားမှုကို လျှော့ချပေးရန်အတွက် လက်တွေ့ကျသော ဖြေရှင်းချက်များကို ဆောင်ကျဥ်းပေးရန် အလားအလာရှိသည်ဖြစ်သည်။

 “လွန်ခဲ့သည့် ခြောက်လအတွင်း သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်းကြောင့် ထောင်ပေါင်း ရာနှင့်ချီသော သင်္ဘောသားများသည် သင်္ဘောများပေါ်၌ ချောင်ပိတ်မိခံခဲ့ရသည် သို့မဟုတ် အလုပ်သွားရန် အသည်းအသန်ဖြစ်နေပြီး အိမ်၌ အလုပ်လက်မဲ့ဖြစ်နေခဲ့ရသည်။ ကမ္ဘာ့သင်္ဘောသားများအတွက် သူတို့သည် ယခုပင် လက်တွေ့ကျသော ဖြေရှင်းချက်များ လိုအပ်သည်၊ မနက်ဖြန် မဟုတ်ပါ၊ ဤလူသားချင်းစာနာထောက်ထားသော အကျပ်အတည်းကို အဆုံးသတ်ရန်နှင့် သင်္ဘောသားများအား သင်္ဘောများပေါ် အတက်အဆင်းကို ဘေးကင်းလုံခြုံသောနည်းလမ်းဖြင့် လုပ်ပေးရန်ဖြစ်ပါသည်။ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်းအတွက် လက်တွေ့ကျကျ ဖြေရှင်းချက်များအား တိုးမြှင့်ပေးရန် သုံးပွင့်ဆိုင် ဖက်စပ်သူများဖြင့် လုပ်ကိုင်လျက်ရှိသည့် ဤ ပူးတွဲကနဦးလုပ်ဆောင်ချက်သည် လက်ရှိ မဆုတ်သာမတိုးသာ အခြေအနေကို ရပ်ဆိုင်းပစ်ရန် အဓိကကျပါလိမ့်မည်။”

 “ကျွန်ုပ်တို့အနေဖြင့် တိုးတက်မှုကို လိုအပ်ပါသည်၊ အထူးသဖြင့် သင်္ဘောသားများ ၎င်းတိို့၏ အတည်ပြု၍ရနိုင်သော ဆေးခန်းများ၌စစ်ဆေးသော  ရောဂါမရှိကြောင်း COVID-19 Polymerase Chain Reaction (PCR) စစ်ဆေးမှုအဖြေများကို အာဏာပိုင်များနှင့် အလုပ်ရှင်များအား ပြသနိုင်သည့် နည်းလမ်းများနှင့်ပတ်သက်၍ဖြစ်သည်၊ သို့မှသာ ထိတွေ့မှုမရှိသော သီးခြားနေခြင်းဆိုင်ရာ အချိန်ကာလကို သင်္ဘောပေါ်နှင့် သင်္ဘောများပေါ် တက်ရောက်ရန် စောင့်ဆိုင်းစဥ် လျှော့ချပေးနိုင်ပါသည်။

 “COVID-19 ကမ္ဘာ့ရောဂါကပ်ဘေးကြီးကြောင့် ဖြစ်ပေါ်ခဲ့သည့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်းသည် ပင်လယ်ရေကြောင်းဆိုင်ရာ ပါဝင်ပတ်သက်သူ အမျိုးအမျိုးတို့အား ယခင်က မရှိခဲ့ဘူးသည်ထက် ပိုမိုနီးနီးကပ်ကပ် အတူတကွ လုပ်ကိုင်စေရန် ဆောင်ကျဥ်းပေးခဲ့ပါသည်။ အကျပ်အတည်းမှာ တိုးတက်ပြောင်းလဲဖြစ်ပေါ်နေသည့်အလျောက် ဖြေရှင်းချက်များ ရှာဖွေခြင်းနှင့် လမ်းညွှန်မှုပေးခြင်းတို့အား ရည်မှန်းသည့် ကမ္ဘာလုံးဆိုင်ရာနှင့် စင်ကာပူ အခြေစိုက် ဆွေးနွေးပွဲများ နှစ်မျိုးလုံးတွင် IMEC သည် ပါဝင်ဆွေးနွေးခဲ့ပြီး ငွေပံ့ပိုးထည့်ဝင်ပေးခဲ့ပါသည်။ ကျွန်ုပ်တို့သည် ရန်ပုံငွေ (SG-STAR Fund) နှင့်ပူးပေါင်းရန် နှစ်သက်ကြပြီး ဤအကျပ်အတည်းအတွက် ကျွန်ုပ်တိို့၏ တတ်ကျွမ်းမှုအားဖြင့် ဖြေရှင်းချက်များ ကူညီရှာဖွေပေးရန် ဆောင်ကျဥ်းပေးမည်ဟု မျှော်လင့်ပါသည်။ ဤအဓိဌာန်ချထားသော ဖက်စပ်မှုသည် လာမည့်လပေါင်းများစွာ ကျွန်ုပ်တို့နှင့်အတူ ရှိနေမည်ဟု မျှော်လင့်ခဲ့သည့် အကျပ်အတည်းကြီးကို လက်တွေ့ကျကျ ဖြေရှင်းပေးမည့် နည်းလမ်းဆီသို့ ဦးတည်ပေးမည်ဟု ကျွန်ုပ် စိတ်ချယုံကြည်ပါသည်၊” ဟု IMEC ဥက္ကဌဖြစ်သူ Capt. Belal Ahmed က ပြောကြားခဲ့သည်။

ICS ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ  Mr Guy Platten က ပြောကြားခဲ့သည်မှာ “The COVID-19 သည် သင်္ဘောသားများအား မမျှတစွာဖြင့် ချောင်ပိတ်မိခံရအောင် လုပ်နေလျက်ရှိသည်။ ဤကနဦးလုပ်ဆောင်ချက်မှာ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်းကို ဖြေရှင်းရန် လိုအပ်သည့် အတိအကျ စီမံကိန်း အမျိုးအစား ဖြစ်ပါသည်။”

 “အလွန်လိုအပ်လျက်ရှိသည့် အရင်းအမြစ်များ ဖြစ်ရုံသာမကဘဲ ကနဦးလုပ်ဆောင်ချက်အတွက် သုံးပွင့်ဆိုင်နှင့်တကွ ကမ္ဘာတစ်ဝန်း အမှန်တကယ် လက်လှမ်းမှီမှုကို သေချာစေမည်ဖြစ်သည့် ရန်ပုံငွေ (SG-STAR Fund) သို့ ITF, IMEC နှင့် ICS တို့၏ ထည့်ဝင်ငွေများကို အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (The ILO) သည် လှိုက်လှိုက်လဲလဲ ကြိုဆိုလိုက်သည်။ ဤကနဦးလုပ်ဆောင်ချက်သည် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးများ၏ ဤအံ့သြဖွယ်ရာ ကမ္ဘာတစ်ဝန်း ပြဿနာများအတွက် ကျွန်ုပ်တို့လိုအပ်သည့် အတိအကျ တုံ့ပြန်မှု အမျိုးအစား ဖြစ်ပါသည်၊” ဟု ILO ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr Guy Ryder က ပြောကြားခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း အဖွဲ့အစည်း (International Maritime Organization) ၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ Mr Kitack Lim က ပြောကြားခဲ့သည်မှာ “ဤကိစ္စသည် ချီးကြူးဂုဏ်ပြုဖွယ်ကောင်းသည့် တစ်ကမ္ဘာလုံးဆိုင်ရာ ကနဦးလုပ်ဆောင်ချက်တစ်ရပ်ဖြစ်သည်၊ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး၏ အရေးပေါ်ပြဿနာကို ဖြေရှင်းပေးရန်အတွက် အခိုင်အမာ အဆင့်ဆင့်လုပ်ဆောင်ချက်များကိုလုပ်ရန် အစိုးရများ၊ သင်္ဘောလုပ်ငန်းကဏ္ဍနှင့် ပင်လယ်ရေကြောင်းဆိုင်ရာ သမဂ္ဂများတို့၏ စုပေါင်းကြိုးပမ်းမှုများကို အတူတကွ စုပေါင်းပေးခြင်းဖြစ်ပါသည်။”

ရန်ပုံငွေ (SG-STAR Fund) အတွက် စာချုပ်ကို ၂၀၂၀ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့၌ MPA, SSA, SMOU နှင့် SOS တို့အကြား လက်မှတ်ရေးထိုးပြီးနောက် ဘေးကင်းလုံခြုံသည့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးအတွက် ဖြေရှင်းချက်များနှင့်ပတ်သက်၍ အကျိုးအပြစ်ခံယူပူးပေါင်းသူများနှင့် အတူလက်တွဲလုပ်ကိုင်ရန်အတွက် လုပ်ငန်းအဖွဲ့ တစ်ခုကို ဖွဲ့စည်းပေးခဲ့ပါသည်။ MPA, SMOU နှင့် SOS တို့မှ ကနဦး အဖွဲ့ဝင်များနှင့်အတူ  SSA ကောင်စီအဖွဲ့ဝင်နှင့်  SSA ဝန်ဆောင်မှုများ ကော်မတီ ဥက္ကဌဖြစ်သူ Mr Nitin Mathur ၏ဦးဆောင်မှုဖြင့် လုပ်ငန်းအဖွဲ့သည် သင်္ဘောသား ဖြန့်ဖြူးပေးရာ နိုင်ငံများဖြစ်သည့် စင်ကာပူနှင့် အိန္ဒိယတို့နှင့် အဓိကကျသော လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ ဦးစွာလုပ်ကိုင်ဆောင်ရွက်မည်ဖြစ်ပါသည်၊ ၎င်းလုပ်ဆောင်ချက်များတွင် ပါဝင်သည်မှာ ထိတွေ့မှုမရှိသည့် သီးခြားနှင့် အထီးတည်းနေခြင်းအတွက် အဆောက်အအုံများ သတ်မှတ်ပေးခြင်း၊ COVID-19 PCR စစ်ဆေးမှု လက်မှတ်များထုတ်ပေးခြင်း၊ PCR စစ်ဆေးခြင်းအတွက် ဆေးခန်းများ “ခွင့်ပြုစာရင်း” ထုတ်ပြန်ပေးခြင်း၊ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး လိုက်လံခြေရာခံရေးအတွက် ဒီဂျစ်တဲလ်နည်းအရ ဖြေရှင်းချက်များ နှင့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် လမ်းညွှန်ချက်များကို နားလည်စေရန် အထောက်အကူပြုရန်အတွက် သင်္ဘောဝန်ထမ်းများအား အပြန်အလှန်အကျိုးပြု သင်တန်းများပို့ချပေးခြင်း တို့ပါဝင်သည်။

SSA ဥက္ကဌဖြစ်သူ Ms Caroline Yang သည် MPA အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဌဖြစ်သူ Ms Quah Ley Hoon၊  SMOU အထွေထွေ အတွင်းရေးမှူးဖြစ်သူ Ms Mary Liew ၊  SOS ဥက္ကဌဖြစ်သူ Mr Kam Soon Huat ၊  ITF အထွေထွေ အတွင်းရေးမှူးဖြစ်သူ Mr Stephen Cotton နှင့် IMEC ဥက္ကဌဖြစ်သူ Capt. Belal Ahmed တို့ဖြင့်ဖွဲ့စည်းထားသည့် ရန်ပုံငွေ  SG-STAR Fund အတွက် အုပ်ချုပ်ရေးအဖွဲ့ကို အဖွဲ့ဥက္ကဌအဖြစ် ဦးဆောင်ပါမည်။ SSA ၏ ဂုဏ်ထူးဆောင် အဖွဲ့ဝင်နှင့် Eagle Eye Centre ၏ CEO ဖြစ်သူ Dr Lam Pin Min အား အုပ်ချုပ်ရေး ကော်မတီ အကြီးတမ်း အကြံပေးအဖြစ် ခန့်အပ်ထားပါသည်။

 “စင်ကာပူနိုင်ငံ၌ သုံးပွင့်ဆိုင် ဖက်စပ်သူများက ဖွဲ့စည်းထားသည့် အဆိုပါ ရန်ပုံငွေ (The SG-STAR Fund) သည် သင်္ဘောဝန်ထမ်း ဖြန့်ဖြူးပေးသည့် နိုင်ငံများအနေဖြင့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်နိုင်ရေးအတွက် ဘေးကင်းလုံခြုံပြီး အချိန်ကိုက်စီစဥ်ပေးနိုင်သော “ခရီးသွားအစီအစဥ်များ” သို့မဟုတ် လေယာဥ်ခရီးအစီအစဥ်များ” ချမှတ်ပေးစေရန် ပံ့ပိုးအရာများနှင့် စွမ်းဆောင်ရည်များကို တိုးမြင့်လုပ်ဆောင်ရန်အတွက် ကူညီပံ့ပိုးရန် ရည်မှန်းထားသည် - မိခင်နိုင်ငံ သို့မဟုတ် မူရင်း နိုင်ငံ နှင့်  သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်သည့် နိုင်ငံရှိ ဘေးကင်းလုံခြုံစွာ ထားပေးမည့် အဆောက်အအုံများ အပါအဝင် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို မိခင် နိုင်ငံ သို့မဟုတ် မူရင်း နိုင်ငံမှ ထွက်ခွာသည့်အချိန်မှ သင်္ဘောပေါ်တက်မည့် နိုင်ငံသို့ ရောက်သည့်အချိန်အထိ စီမံရန်ဖြစ်သည်။ ကျွန်ုပ်တို့သည် ITF နှင့် IMEC တို့က ကျွန်ုပ်တို့၏ ကနဦးလုပ်ဆောင်ချက်ကို ပူးပေါင်းလာပြီး ရန်ပုံငွေသို့ ငွေထည့်ဝင်ပေးသည့်အတွက် စိတ်အားတက်ပါသည်။ ICS သည်လည်း ဤကနဦးလုပ်ဆောင်ချက်ကို သင်္ဘောလုပ်ငန်း၌ ၎င်းတို့၏ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုအပါအဝင်နှင့်တကွ ပံ့ပိုးပေးလျက်ရှိပါသည်၊ ကျွန်ုပ်တို့သည် ဤသုံးပွင့်ဆိုင် ကနဦးလုပ်ဆောင်ချက်ကို ပူးပေါင်းရန် စိတ်ဓါတ်တူညီသည့်-အပြည်ပြည်ဆိုင်ရာ ဖက်စပ်သူများ အများအပြား ရရှိရန် မျှော်လင့်ပါသည် သို့မှသာ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို နောက်ထပ် အရှိန်အဟုန် မြှင့်တင်ပေးနိုင်မည်ဖြစ်ပါသည်။” ဟု Ms Yang ကပြောကြားခဲ့သည်။

 

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.