Skip to main content

Kenya နိုင်ငံရှိ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး ဆုံရပ်ဗဟိုချက်အသစ် ITF အား ကျေးဇူးတင်

03 Sep 2020

Kenya နိုင်ငံ၏ Covid-19 ဘေးကင်းသည့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး လမ်းညွှန် အသစ် အကောင်အထည်ဖော်ခြင်းလုပ်သည့် ပထမနေ့တွင် Kenya နိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အဖွဲ့ချုပ် (International Transport Workers Federation (ITF)) စိစစ်ရေးမှူးဖြစ်သူ Betty Makena Mutugi သည် Mombasa ဆိပ်ကမ်းသို့ နံနက် ၆ နာရီ၌ ရောက်ရှိနေရန် သေချာစေရန်အတွက် သူမ၏ နိုးစက်နာရီကို နံနက် ၄ နာရီ အတွက် နိုးစက်ပေးထားခဲ့သည်။  

 Alpha Logistics တွင် ယူကရိန်း သင်္ဘောသား နှစ်ယောက်နှင့် ရိုမင်းနီးယား သင်္ဘောသား တစ်ယောက် အထွေထွေ ကုန်တင်သင်္ဘော MV Petra II ပေါ်မှ ဆင်းခဲ့စဥ် သူမသည် စောင့်ဆိုင်းခဲ့သည်။

  ကျွန်တော်တို့ အိမ်ပြန်နေတာလား၊ ဟု သူတို့က မေးမြန်းခဲ့သည်။ ဘယ်တော့လဲ။ ဒီနေ့လား။ဟု သင်္ဘောသားတစ်ဦးမှာ ပျော်ပြီး ခုန်ကြွခဲ့ရင်း မေးခဲ့သည်။

 ၂၀၂၀ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့မှစ၍ သင်္ဘောသား အယောက် ၁၀၀ ကျော်တို့သည် Mombasa ဆိပ်ကမ်းတွင် ဧရာမ ကုန်တင်သင်္ဘော ၁၈ စီးနှင့် အပျော်စီးသင်္ဘော တစ်စီးတို့၏ သင်္ဘောကုန်ပေါင်ပေါ်မှ အိမ်အပြန်လေယာဥ်များဆီသို့ ဆင်းလာခဲ့ကြသည်။  

  သင်္ဘောဝန်ထမ်းများ တက်ပြီး ဆင်းလာသည့်အခါတိုင်း ၎င်းတို့သည် အလွန် ပျော်ရွှင်ကြသည်၊ အလွန် စိတ်လှုပ်ရှားကြသည်၊ ဟု Betty က ပြောကြားခဲ့သည်။

 အချို့ သင်္ဘောဝန်ထမ်းများသည် သူမအား နမ်းလိုကြသည်။ သူမသည် သူမ၏ ဖုန်းကို သူတို့အား သူတို့၏မိသားစုများထံ ဖုန်းခေါ်ရန် ပေးသည်။ သူမသည် သူတို့၏ ဖုန်းလိုင်းထဲ ပျော်ရွှင်စွာ အော်ဟစ်နေသံကို ကြားနိုင်ပါသည်။

 ဆိပ်ကမ်းအလုပ်သမားတစ်ဦးသည် ရောက်ရှိလာပြီး ဘာဖြစ်နေသည်ကို မေးမြန်းခဲ့သည်။  

 ကျွန်ုပ်တို့ သင်္ဘောကုန်စည် မြဲအောင်ချည်နှောင်သည့်အခါ ကျွန်ုပ်တို့ သင်္ဘောဝန်ထမ်းများနှင့် စကားပြောသည်၊ ဟု သူက ပြောခဲ့သည်။ သူတို့ မောပန်းနေသည်။ သူတို့ ဘယ်တော့မျှ မပြုံးရယ်ကြပါ။ ယခု သူတို့ ပျော်နေကြသည်။ ကျွန်ုပ် သူတို့ ရယ်နေကြသည်ကို ဘယ်တော့မျှ မမြင်ဘူးပါ။ ဘာတွေဖြစ်နေကြတာလဲ။

Betty က ပြောကြားခဲ့သည်မှာ သင်္ဘောဝန်ထမ်းများသည် ရောဂါကပ်ဘေးကြီး အတောအတွင်း ဆိပ်ကမ်း၌ရှိစဥ် များသောအားဖြင့် အိပ်ဆေးများတောင်းခဲ့ပြီး စိတ်သောကရောက်ကာ စိတ်ဓါတ်ကျသည်ဟု ပြောဆိုခဲ့ကြသည်။ ၎င်းသည် အကျဥ်းထောင်တွင် ရှိနေဘိသကဲ့သို့ဖြစ်သည်ဟု သင်္ဘောသားတစ်ဦးက သူမအား ပြောကြားခဲ့သည်။ သူသည် သင်္ဘောပေါ်မှ ထွက်မရဘဲ လပေါင်းများစွာ နေခဲ့ရသည်။ နောက်ဆုံး၌ သူ အိမ်ပြန်သွားရတော့မည်ကို သိရှိခဲ့သည့်အခါ သူသည် သူမအား ကျေးဇူးတင်ခဲ့ပြီး သူ၏ သူရဲကောင်းဟု သူမအား ခေါ်ခဲ့သည်။ သူမက ပြောခဲ့သည်မှာ - ITF နှင့် Kenya အစိုးရကို ကျေးဇူးတင်ပါ။

 ITF သည် IMO မူဝါဒကို စတင်ရေးဆွဲရာမှစ၍ ၎င်းကို အကောင်အထည်ဖော်သည်အထိ တစ်လျှောက်လုံးရှိ အဆင့်တိုင်းတွင် အဓိက ကိုင်တွယ်သူဖြစ်ခဲ့ပါသည်။ Betty သည် Kenya အစိုးရအနေဖြင့် လုပ်ထုံးလုပ်နည်းကို လက်ခံကျင့်သုံးရန်အတွက် တွန်းအားပေးရန် သူမအား လှုံ့ဆော်သည့် လန်ဒန်မှ စာလွှာကို ပထမဦးစွာ လက်ခံခဲ့သည့်အခါ သူမသည် နောက်တစ်နေ့၌ သက်ဆိုင်ရာ အစိုးရ အာဏာပိုင်များထံ ဖုန်းဆက်ခဲ့ပါသည်။ ၎င်းမှာ အလုပ်ဖြစ်နေစေရန်အတွက် သမဂ္ဂများ ပါဝင်ပတ်သက်ရမည်ဖြစ်သည်ဟု သူမက တောင်းဆိုခဲ့သည်။

 အားလုံးသော ပါဝင်ပတ်သက်သူများ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာန၊ နိုင်ငံ၏ သင်္ဘောလုပ်ငန်းကဏ္ဍနှင့် ပင်လယ်ရေကြောင်း ရေးရာများဌာန၊ ပင်လယ်ရေကြောင်း အာဏာပိုင်၊  Kenya နိုင်ငံ ဆိပ်ကမ်းများ အာဏာပိုင်၊ Kenya နိုင်ငံ ကမ်းခြေစောင့် တပ်ဖွဲ့၊ ဆိပ်ကမ်း ကျန်းမာရေးဌာန၊ အများပြည်သူ ကျန်းမာရေးဌာန၊  Kenya နိုင်ငံ လေကြောင်းများ ဌာန၊ ITF ၊  Kenya နိုင်ငံ သင်္ဘောသားများ သမဂ္ဂနှင့်  Kenya နိုင်ငံ သင်္ဘောကိုယ်စားလှယ် အသင်း တို့သည် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို မည်သို့လုပ်ရမည်နှင့်ပတ်သက်၍ သဘောတူညီချက် တစ်ရပ်ရရှိရန် စားပွဲပေါ်၌ အစားအစာ မပါရှိဘဲ ရေသာရှိပြီး တစ်နေ့လုံး အတူတကွ လုပ်ကိုင်ခဲ့ပါသည်။

  ကျွန်မတို့အထဲမှ တစ်ချို့နှင့် ယခင်က လုံးဝ မတွေ့ခဲ့ဘူးပါ၊ ဟု သူမက ပြောကြားခဲ့သည်။ ကျွန်မတို့ ခွဲခွာထွက်သွားသည့်အခါ ကျွန်မတို့ အားလုံးတွင် အခြားသူ တစ်ဦးစီ၏ ဆက်သွယ်ရမည့်အသေးစိတ်အချက်များကို ရခဲ့ပါသည်။

 အလွန့်အလွန် အောင်မြင်မှုမှာ သင်္ဘောများအနေဖြင့် ဆိပ်ကမ်းသို့လာရောက်ရန် လမ်းကြောင်းပြောင်းနေမည်ဖြစ်သည့် နိုင်ငံ၏ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းအသစ်ဖြစ်သည်။  ဇူလိုင်လ ၆ ရက်နေ့၌ COVID-19 ကူးစက်မှုကို တားဆီးရန် အရေးယူလုပ်ဆောင်ချက်များကို လုပ်နေရင်း သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကိစ္စနှင့် သင်္ဘောသားများ အိမ်ပြန်ရေးကိစ္စတို့နှင့် ပတ်သက်သည့် လမ်းညွှန်များ ကျင့်သုံးသည့် နေ့မှစ၍ Mombasa သည် အချို့နေ့များ၌ သင်္ဘောဝန်ထမ်းအပြောင်းအလဲလုပ်ရေး သုံးခု သို့မဟုတ် လေးခုကို ဆောင်ရွက်ပေးနေလျက်ရှိသည်။

 အဆိုပါ စနစ်မှာ အလုပ်ဖြစ်သည်ကိုသေချာစေရန်ကို သိရှိရန်အတွက် Betty သည် ပထမလေးရက်တွင် ဆိပ်ကမ်းသို့ နံနက် ၆ နာရီ ရောက်ရှိခဲ့ရလိမ့်မည်ဖြစ်ပါသည်။ သူမသည် သင်္ဘောသားများအား လက်ဝှေ့ယမ်းနှုတ်ဆက်ရန် ဆိပ်ကမ်းသို့ လိုက်ပါပို့ဆောင်ခဲ့ရလိမ့်မည်။

 လက်ဦး၌ လေကြောင်းလိုင်းများနှင့် လွှဲပြောင်းရေးကိစ္စများတို့ဖြင့် အခက်အခဲများ ရှိခဲ့သည်။ သင်္ဘောသားတစ်ဦးသည် Dubai ၌ ရက်အနည်းငယ် ကြန့်ကြာခဲ့ရသည်။ ယခုသော် အများစုမှာ Kenya လေကြောင်းများဖြင့် ပြန်ရသော်လည်း ၎င်းမှာ မဖြစ်မနေလုပ်ရမည့်ကိစ္စ မဟုတ်ပါ။  

 လက်ရှိ၌ လုပ်ထုံးလုပ်နည်းမှာ အလုပ်ဖြစ်နေသည်၊ Betty သည် သက်ဆိုင်ရာ အီးမေးလ်ထဲသို့ ကူးထည့်ရန်သာ သို့မဟုတ် အလျင်အမြန် ဖုန်းခေါ်ရန်သာ လိုအပ်ပါသည်ဟု သူမက ပြောသည်။   

သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို Kenya နိုင်ငံ၌ မည်ကဲ့သို့ လုပ်ကိုင်သနည်း။

 Mombasa ဆိပ်ကမ်း၌ သင်္ဘောမှ ထွက်ခွာလာသည့် သင်္ဘောဝန်ထမ်းများတွင် ၄၈ နာရီအတွင်း နိုင်ငံမှထွက်ခွာမည့် အတည်ပြုထားသော လေယာဥ်ခရီးစဥ်၊ လိုအပ်သည့် စာရွက်စာတမ်းနှင့် ဆိပ်ကမ်းကျန်းမာရေးဌာနမှ ကင်းရှင်းကြောင်း လက်မှတ်တို့ ရှိရမည်။

သင်္ဘောဝန်ထမ်းများသည် သင်္ဘောတစ်စီးထဲမှ သင်္ဘောဝန်ထမ်းများသာ အတူမျှစီးနိုင်သည့် သတ်မှတ်ပေးထားသည့် မော်တော်ယာဥ်ပေါ် တက်ရန်ဖြစ်သည်။ ကိုယ်အပူတိုင်း စစ်ဆေးခြင်းမှာ မဖြစ်မနေလုပ်ရမည့်ကိစ္စဖြစ်သည်။ လူတိုင်းသည် နှာခေါင်းစည်းများကို ဝတ်ရမည်။ သို့သော် သင်္ဘောပေါ်မှ ဆင်းပြီးနောက် သင်္ဘောဝန်ထမ်းများအတွက် အထိအတွေ့မဲ့ အထီးကျန်နေခြင်း မရှိပါ - သင်္ဘောဝန်ထမ်းများသည် ၎င်းတို့၏ လေယာဥ်ပေါ် တက်ရောက်ရန်အတွက် လူဝင်မှုကြီးကြပ်ရေး (သို့မဟုတ် သတ်မှတ်ပေးထားသည့် ဟိုတယ်တွင် ညအိပ်နေရန်) သို့ တန်းသွားရန်ဖြစ်သည်။

 Betty Makena Mutugi က ရှင်းလင်းတင်ပြသည်မှာ အစိုးရသည် သင်္ဘောဝန်ထမ်းများအား အထိအတွေ့မဲ့ အထီးကျန် နေစေရန် လိုလားခဲ့သော်လည်း ၎င်းတို့မှာ သင်္ဘောပေါ်၌ ခြောက်လကျော် နေခဲ့ပြီးဖြစ်၍ အဘယ်ကြောင့် သူတို့ အထိအတွေ့မဲ့ အထီးကျန်နေရမည်နည်းဟု ကျွန်မက မေးမြန်းခဲ့သည်။ အကယ်၍ ၎င်းတို့သည် အများပြည်သူ ကျန်းမာရေးဌာနမှ ကင်းရှင်းကြောင်းလက်မှတ် ရရှိလျှင် ၎င်းတို့အား အထိအတွေ့မဲ့ အထီးကျန်နေစေရန် မလိုအပ်ပါ။ သူတို့အား အိမ်ပြန်စေပြီး ကိုယ်တိုင်-အထိအတွေ့မဲ့ အထီးကျန်နေစေပါ၊ ဟု သူမက ပြောကြားခဲ့သည်။

 သင်္ဘောပေါ် အလုပ်လွှဲပြောင်းယူရန်အတွက် ရောက်ရှိလာမည့် သင်္ဘောဝန်ထမ်းများ (အလုပ် ဝင်မည့်သူများ) အားလုံးသည် ၁၄ ရက် အထိအတွေ့မဲ့ အထီးကျန်နေရမည်ဖြစ်ပြီး Kenya နိုင်ငံသို့ လေယာဥ်စီးဝင်မလာမီ PCR COVID-19 ရောဂါမရှိကြောင်း ဓါတ်ခွဲစစ်ဆေးမှု အဖြေ ရှိရမည်။ ၎င်းတို့၏ သင်္ဘောမှာ ၎င်းတို့ မရောက်လာမီ ဆိပ်ကမ်း၌ ရှိရမည်။

 Kenya နိုင်ငံ စည်းမျဥ်းများအရ ၎င်းသည် မိမိတို့၏ အလုပ်ကန်ထရိုက်များ အဆုံးသတ်ခဲ့သည့် သင်္ဘောသားများသာ လမ်းညွှန်များအရ အိမ်ပြန်ရန်အတွက် လျှောက်ထားနိုင်သည် မဟုတ်ပါ။ အိမ်ပြန်ပို့ရန်အတွက် ထိခိုက်ဒဏ်ရာရရှိသော သင်္ဘောဝန်ထမ်းများ သို့မဟုတ် လူသားချင်းစာနာထောက်ထားသော အကြောင်းရင်းများအရ သင်္ဘောသားများကလည်း အလုပ်အစားထိုးမှု လိုအပ်သည် မဟုတ်သော ထိုသူများ လုပ်နိုင်ဘိသကဲ့သို့ လျှောက်ထားနိုင်သည်။

 Betty က ပြောကြားခဲ့သည်မှာ Kenya နိုင်ငံ၌ လုပ်နေသည့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးမှာ Kenya နိုင်ငံရှိ ပင်လယ်ရေကြောင်း လုပ်ငန်းကဏ္ဍမှ အားလုံးသော ပါဝင်ပတ်သက်သူများ၏ ပံ့ပိုးမှုနှင့် ပူးပေါင်းလုပ်ဆောင်မှုတို့ကြောင့် လက်ရှိအချိန်အထိ အောင်မြင်လျက်ရှိသည်။

 IMO က လက်ရှိ၌ သတင်းပို့သည်မှာ နိုင်ငံပေါင်း 50 ခန့်သည် အဆိုပါ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး လုပ်ထုံးလုပ်နည်းများကို အကောင်အထည်ဖော်နေလျက်ရှိသည်။  

Kenya နိုင်ငံသည် လမ်းကြောင်း အမှန်ပေါ်ရောက်နေသော်လည်း တိုးတက်မှု လိုအပ် - ITF

 သို့သော်ငြားလည်း ITF ၏အဆိုအရ မူဝါဒမှာ ပြည့်စုံမှုမှ ဝေးကွာနေသေးသည်။ စိုးရိမ်မှုတစ်ခုမှာ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး ဖြစ်မြောက်ရန်အတွက် အချိန်တိုတောင်းသည်။

  48-နာရီ အချိန်အတိုင်းအတာမှာ တစ်ခါတစ်ရံ၌ လုပ်ကိုင်၍ မရနိုင်ပြီး အနာဂတ်တွင် အခက်အခဲများ ရှိလာနိုင်ဖွယ်ရှိသည်၊ ဟု ITF စိစစ်ရေးမှူးအဖွဲ့ ညှိနှိုင်းရေးအရာရှိဖြစ်သူ Steve Trowsdale က ပြောကြားခဲ့သည်။ ၎င်းသည် အိန္ဒိယနှင့် စင်ကာပူတို့တွင် အခက်အခဲတစ်ရပ်ဖြစ်နေလျက်ရှိသည်။

 သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးမှာ အလွန် ခက်ခဲသောအရာ ဖြစ်နိုင်သည်၊ အထူးသဖြင့် နည်းပါးသည့် လေယာဥ်ခရီးစဥ်များနှင့် သင်္ဘောပေါ်တက်ရောက် အလုပ်လွှဲပြောင်းယူမည့် သင်္ဘောသားများ နိုင်ငံတွင်းသို့ ရောက်မလာမီ သင်္ဘောမှာ ဆိပ်ကမ်း၌ ရှိနေရမည်ဆိုသော သတ်မှတ်ထားခြင်းအားဖြင့် ၎င်းကို လုပ်ကိုင်၍ မရစေနိုင်ပါ။ အကယ်၍ သင်္ဘောသည် ၎င်းရောက်ရန်မျှော်လင့်ရမည့် နေ့ရက်တွင် စက်ချွတ်ယွင်းမှုကြောင့် သို့မဟုတ် ကျန်းမာရေး အကူအညီအတွက် လမ်းကြောင်းပြောင်းရန် ၎င်းတို့ လိုအပ်ခဲ့သောကြောင့် ရောက်မလာနိုင်လျှင် ဘာဖြစ်မည်နည်း။

  သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများအတွက် အကောင်းဆုံး လုပ်ကိုင်ပုံနှင့်ပတ်သက်၍ အစိုးရများအား ပညာပေးရန် ITF ၏ လှုံဆော်မှုသည် ခရီးသွားနှင် ကြားနေဖြတ်သန်းနေရာ ပိတ်ပင်ကန့်သတ်ချက်များမှ ကင်းလွတ်ချက်များအပါအဝင် ဆက်လက်ရှိနေမည်ဖြစ်သည်။ လက်ရှိကာလ၌ မူလ အလုပ်ကန်ထရိုက် သက်တမ်းကျော်လွန်ပြီး သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး လိုအပ်နေသည့် သင်္ဘောပေါ်၌ အလုပ်လုပ်ရင်း ချောင်ပိတ်မိခံနေရသည့် သင်္ဘောသား အယောက် 300,000 ခန့် ရှိသည်။

 

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.