Skip to main content

သင်္ဘောသားများ၏ အလုပ်-မဟုတ်သာ စာချုပ်အပိုဒ်အား လိုက်နာစေရန် သင်္ဘောပေါ်ကုန်စည် မြဲအောင်ချည်နှောင်ခြင်း တိုက်ပွဲကို သမဂ္ဂများ ဆက်လက်တိုက်ပွဲဝင်

02 Sep 2020
Press Release

နယ်သာလင်နိုင်ငံ၌ ရော့သာဒန် တရားရုံး၏ ယနေ့ ဆုံးဖြတ်ချက်မှာ စိတ်ပျက်ရသော်လည်း အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) နှင့် ဥရောပ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (European Transport Workers’ Federation (ETF)) တို့သည် ၎င်းတို့၏ အဖွဲ့ဝင် သမဂ္ဂများနှင့်အတူ ယနေ့တွင် သင်္ဘောသားများအလုပ်-မဟုတ်သော စာချုပ်အပိုဒ်ကို လိုက်နာစေရန် တိုက်ပွဲအား ဆက်လက်တိုက်ပွဲဝင်ရန် ကတိပြုလိုက်သည်။

ဒါ့ချ်တရားရုံးသည် သင်္ဘောပိုင်ရှင်နှင့် စီမံရေးကိုယ်စားလှယ်များအပေါ် ဆိပ်ကမ်းအလုပ်သမားများ အပိုဒ်အဖြစ် အမည်ရသည့် သင်္ဘောသားများ အလုပ်-မဟုတ်သော အပိုဒ်ကို လိုက်နာစေရန် ချက်ချင်း အမိန်ချမှတ်ခြင်းမှ စိတ်မကောင်းစွာဖြင့် ရှောင်ဖယ်ခဲ့သည်။

ITF, ETF နှင့် ၎င်းအဖွဲ့အစည်းများ၏ အဖွဲ့ဝင် သမဂ္ဂများဖြစ်ကြသော Nautilus NL, FNV Havens နှင့် ver.di တို့သည် လုပ်ငန်းကဏ္ဍအနေဖြင့် အဆိုပါ အပိုဒ်ကို လိုက်နာပေးစေရန်နှင့် သင်္ဘောသားများအပေါ် အလုပ်ခွင် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ အပို အန္တရာယ်များ ကျရောက်ခြင်းမှ ရပ်ဆိုင်းပေးရန်နှင့် ဆိပ်ကမ်းအလုပ်သမားများအတွက် ၎င်းတို့၏ တန်ဖိုးရှိလှသော အလုပ် ပိတ်ပင််ခြင်းမှ ရပ်ဆိုင်းပေးရန်အတွက် ကာလကြာရှည်စွာ အတိုက်အခံလုပ်ခဲ့ပြီးဖြစ်ပါသည်။

အဓိက အမှုအခင်းများ၏ ဆုံးဖြတ်ချက်များ မချမီ ကြိုတင်၍ သင်္ဘောသားများအား သင်္ဘောကုန်စည် မြဲအောင်ကြိုးချည်ခိုင်းခြင်းမှ ချက်ချင်း တားမြစ်ပေးရန် သမဂ္ဂများ၏ ပဏာမ တောင်းဆိုချက်ကို ပယ်ချသည့် ဆုံးဖြတ်ချက် ရှိစေကာမူ သမဂ္ဂများက ယုံကြည်သည်မှာ ဤကုန်စည် ကိုင်တွယ်ရေး အလုပ်ကို လေ့ကျင့်ထားပြီး အတွေ့အကြုံရင့်ကျက်သည့် ဆိပ်ကမ်းအလုပ်သမားများက ၎င်းတို့ ရှိနေသည့်အခါ လုပ်ရမည်ဖြစ်သည်ဟု စာချုပ်တွင် ရှင်းရှင်းလင်းလင်းရေးထားသည်- ပင်ပန်းနွမ်းနယ်နေသည့် သင်္ဘောသားများ သင်္ဘောကုန်စည် မြဲအောင်ကြိုးချည်ခြင်း လုပ်နေရသည့် အန္တရာယ်ကြီးမားသော အလေ့အထကို အဆုံးသတ်ပေးခြင်းဖြစ်သည်။

ဆုံးဖြတ်ချက်နှင့်အညီ လိုက်နာမှု မရှိသည့် အကျိုးဆက်တစ်ရပ်အဖြစ် အရေးပေါ် ယာယီ သက်သာခွင့်မှာ အမှန်တကယ် တည်ရှိသည်။ သို့သော်ငြားလည်း စီရင်သည့် တရားသူကြီး၏ သုံးသပ်ချက်မှာ စီရင်ထုံးနှင့်အညီ အကြောင်းချင်းရာ အမြောက်အမြားနှင့် ဥပဒေဆိုင်ရာ မေးခွန်းများကို စူးစမ်းရန် ပိုမို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရမည့် တရားရေးဆိုင်ရာ ပြန်လည်သုံးသပ်မှုမှာ လိုအပ်မည်ဖြစ်သည်။ စိတ်ပျက်စွာဖြင့်ပင် တရားသူကြီးက မှတ်ယူခဲ့သည်မှာ အဆိုပါ ကိစ္စသည် အကျဥ်းနည်းဖြင့် စစ်ဆေးသည့် အမှုစစ်ဆေးခြင်းများအတွက် အလွန် ရှုပ်ထွေးခဲ့သည်ဟုဆိုသည်။

အမှုမှာ သမဂ္ဂများ၏ ပူးပေါင်းကြိုးပမ်းမှုတစ်ရပ်၏ ရလဒ်ဖြစ်သည်။ အဆိုပါ အပိုဒ်ကို ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလ၌ သဘောတူစာချုပ် ချုပ်ဆိုပြီးနောက် လိုအပ်သော အကာအကွယ်ပေးမှုများကို နောက်ဆုံး၌ ဆောင်ကျဉ်းလာရန် ညှိနှိုင်းခဲ့သည်၊ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် အာဏာသက်ရောက်ခဲ့သည်။ အထက်ဖော်ပြပါ သမဂ္ဂများသည် ဤကိစ္စကို အာဏာတည်စေရန် ၂၀၂၀ ခုနှစ် ဇန်လ ၃ ရက်နေ့တွင် အင်အားစုနှင့် ပူးပေါင်းခဲ့ပါသည်၊ ပဏာမ သက်သာခွင့် အမှုအခင်းများကို စီမံသည့်ကိုယ်စားလှယ်များဖြစ်ကြသည့် နယ်သာလန်နိုင်ငံရှိ Marlow Navigation Netherlands B.V. နှင့် Marlow Navigation Company Limited (registered in the Netherlands and Cyprus respectively) နှင့် shipowner Expert Shipping B.V တို့အပေါ် တရားစွဲဆိုခြင်းဖြစ်သည်။ နောက်ပိုင်း၌ သင်္ဘောစင်းလုံးငှါး ကုမ္ပဏီ ငါးခုသည် ဤအမှုအခင်းများတွင် ပူးပေါင်းရန် တရားရုံးသို့ စာချွန်လွှာများ တင်သွင်းခဲ့ပါသည်။

ယနေ့ ဆုံးဖြတ်ချက်ချပြီးနောက် ပင်လယ်ရေကြောင်း သမဂ္ဂများသည် သင်္ဘာသားများ အလုပ်-မဟုတ်သော အပိုဒ်ကို လိုက်နာမှုရှိရန်အတွက် ITF အလုပ်သမား စာချုပ်များရှိသည့် သင်္ဘော အားလုံးပေါ်၌ ၎င်းအပိုဒ် အပြည့်အဝ အာဏာတည်နေသည်ကို မြင်တွေ့ရန် ဆက်လက် တိုက်ပွဲဝင်ပါမည်။

ပင်လယ်ရေကြောင်း သမဂ္ဂများသည် ယခုအခါ ပဏာမ ဆုံးဖြတ်ချက်အပေါ် အယူခံဝင်ရန် သို့မဟုတ် တရားရုံးအနေဖြင့် အဆိုပါ ကိစ္စကို ကျယ်ကျယ်ပြန့်ပြန့် စူးစမ်းမည်ဖြစ်သည့် လက်ရှိစစ်ဆေးဆဲ အဓိက အမှုကို ဆက်လုပ်ရန် စဥ်းစားနေလျက်ရှိသည်။

မီဒီယာ အဆက်အသွယ်- Rory McCourt | +44 7 711 356 964 | media@itf.org.uk

သတိပြုရန်- အခြား သမဂ္ဂများအတွက် မီဒီယာ အဆက်အသွယ်များကို အထက်ပါ ITF အဆက်အသွယ်မှတစ်ဆင့် တောင်းဆိုနိုင်ပါသည်။

တည်းဖြတ်သူများအတွက် စာတိုများ

သင်္ဘောသားများ အလုပ်-မဟုတ်သော အပိုဒ်သည် မည်သည်နည်း

အဆိုပါ အပိုဒ်မှာ သင်္ဘောပိုင်ရှင်များအား ကိုယ်စားပြုသည့် ပူးတွဲ ညှိနှိုင်းရေး အဖွဲ့နှင့် သင်္ဘောသားများအား ကိုယ်စားပြုသော ITF တို့အကြား အပြည်ပြည်ဆိုင်ရာ ညှိနှိုင်းရေး ဟစ်တိုင် (International Bargaining Forum (IBF)) သဘောတူစာချုပ်၏ အစိတ်အပိုင်းဖြစ်သည်။ သင်္ဘောသားများအား အလုပ်ခန့်သူတို့သည် IBF သဘောတူစာချုပ်ကို အပြည့်အဝ လိုက်နာရန်လိုသည်၊ သင်္ဘောသားများ အလုပ်-မဟုတ်သော အပိုဒ် အပါအဝင်ဖြစ်သည်။

အဆိုပါ အပိုဒ်သည် သင့်တော်သော အလုပ်နှင့် အနားယူချိန်များကို လိုက်နာခြင်း၊ ပင်ပန်းနွမ်းနယ်မှုကို လျှော့ချပေးခြင်းတို့ကို ပံ့ပိုးပေးခြင်းအားဖြင့်နှင့် ဤအန္တရာယ်ရှိသော အလုပ်တာဝန်ကို အဆိုပါ အလုပ်အတွက် သီးခြား လေ့ကျင့်ပေးထားသည့် အလုပ်သမားများက လုပ်ကိုင်စေခြင်းအားဖြင့် သင်္ဘောများပေါ်၌ အလုပ် လုပ်ကိုင်လျက်ရှိသော သင်္ဘောသားများ၏ ဘေးကင်းလုံခြုံရေးကို ပိုမိုကောင်းအောင်လုပ်ရန်အတွက် ရည်မှန်းထားပါသည်။ ပြည့်စုံသော သုတေသနက ပြသခဲ့သည်မှာ သီးခြားအားဖြင့် လေ့ကျင့်ပေးထားသော သင်္ဘောပေါ်ကုန်စည်မြဲအောင်ချည်နှောင်သူများက ကုန်စည် ကိုင်တွယ်ခြင်းကို ထမ်းဆောင်သည့်အခါ ပိုမို ဘေးကင်းသည်။

သင်္ဘောသားများ အလုပ်-မဟုတ်သော အပိုဒ်အား အပြည့်အဝ လိုက်နာစေရန်အတွက် ပိုမိုများပြားသော တရားစွဲဆိုအမှုများကို မျှော်လင့်ရန်ဖြစ်ပါသည်။ နယ်သာလန်နိုင်ငံ၌ အကြောင်းချင်းရာအရ သက်သေခံတင်ပြသည့် အမှုအခင်းများမှာ ဆိုင်းငံ့နေလျက်ရှိသည်။

ကမ္ဘာတစ်ဝန်း (သင်္ဘောသားများနှင့် ဆိပ်ကမ်းအလုပ်သမားများ၏) အလုပ်သမား သမဂ္ဂများသည် သင်္ဘောသားများနှင့် ဆိပ်ကမ်းအလုပ်သမားများ၏ အကျိုးကို ဆက်လက် ကာကွယ်ပေးပါမည်။

အဆိုပါ အပိုဒ်သည် မည်သည့်အရာကို အမှန်တကယ် ဆိုလိုပါသနည်း။

“ကုမ္ပဏီက အမြဲခန့်ထားသည့် သို့မဟုတ် ယာယီခန့်ထားသည့် သင်္ဘောပေါ်ရှိ မည်သည့် ပင်လယ်ရေကြောင်းသင်္ဘောသားမျှ သို့မဟုတ် တစ်စုံတစ်ယောက်ယောက်မျှ ဆိပ်ကမ်းတစ်ခု၌ ITF အဖွဲ့ဝင် သမဂ္ဂ၏ အသင်းဝင်များဖြစ်ကြသည့် ဆိပ်ကမ်းအလုပ်သမားများက ကုန်စည် ကိုင်တွယ်လုပ်ဆောင်ရေး ဝန်ဆောင်မှုများကို လုပ်ဆောင်ပေးနေသည့် ကုန်တင်ဆိပ် တစ်ခုတွင်ဖြစ်စေ သို့မဟုတ် ရေယာဉ်တစ်ခုပေါ်သို့ဖြစ်စေ ကုန်စည် ကိုင်တွယ်လုပ်ဆောင်ရေး ဝန်ဆောင်မှုများကို မလုပ်ဆောင်ရ။ ကျွမ်းကျင်သည့် ဆိပ်ကမ်းအလုပ်သမားများအား လုံလောက်သည့် အရေအတွက် မရရှိနိုင်သည့်ကိစ္စ၌ သင်္ဘော၏ သဘောင်္သားများသည် ကုန်တင်မှုကို လုပ်ဆောင်နိုင်သည်၊ သို့သော် ITF ဆိပ်ကမ်းအလုပ်သမားများ သမဂ္ဂ သို့မဟုတ် သက်ဆိုင်ရာ ITF သမဂ္ဂများ၏ ကြိုတင် ခွင့်ပြုချက် ရှိရမည်- တစ်ဦးချင်းပုဂ္ဂိုလ်ဖြစ်သည့် သဘောင်္သားများသည် အဆိုပါ တာဝန်များကို ထမ်းဆောင်ပေးရန် သဘောအလျောက်အဆိုပြုရမည့်-အပြင် အဆိုပါ သဘောင်္သားများမှာ အဆိုပါအလုပ်အတွက် ကျွမ်းကျင်ရမည့်အပြင် အဆိုပါသူတို့အား ထိုက်သင့်သလို လုပ်ခပေးရမည်ဖြစ်သည်။ ဤအပိုဒ်ငယ်၏ ရည်ရွယ်ချက်အတွက်ကုန်စည် ကိုင်တွယ်လုပ်ဆောင်ရေး ဝန်ဆောင်မှုများတွင် ကန့်သတ်ထားသည် မဟုတ်သော်လည်း ပါဝင်သည်မှာ ကုန်တင်၊ ကုန်ချ၊ ကုန်စည်ကုန်တင်နေရာချထားခြင်း၊ ကုန်စည်ကုန်တင်နေရာချထားခြင်းမှ ဖြေပေးခြင်း၊ စိစစ်ခြင်းနှင့် လက်ခံခြင်းတို့ ပါဝင်သည်။

ITF အကြောင်း- အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံပေါင်း ၁၅၀ ရှိ အလုပ်သမား သန်း ၂၀ ခန့်ကို ကိုယ်စားပြုနေသည့် သယ်ယူပို့ဆောင်ရေး အလုပ်သမားများ ကုန်သွယ်သမဂ္ဂ ၇၀၀ နီးပါး၏ ဒီမိုကရေစီဆန်ဆန် သမဂ္ဂ အဖွဲ့ချုပ်တစ်ခု ဖြစ်ပါသည်။ ITF သည် သယ်ယူပို့ဆောင်ရေး အလုပ်သမားများ၏ ဘဝများကို တစ်ကမ္ဘာလုံးဆိုင်ရာ တိုးတက်ကောင်းမွန်ရေးအတွက် လုပ်ကိုင်ပေးပါသည်၊ မိမိ၏ အဖွဲ့ဝင် လုပ်ငန်းကွန်ခြာ တစ်ခုလုံးရှိ အပြည်ပြည်ဆိုင်ရာ စည်းလုံးညီညွှတ်မှုကို တိုက်တွန်းရင်းနှင့် စီမံပေးရင်းဖြင့်ဖြစ်ပါသည်။ ITF သည် သယ်ယူပို့ဆောင်ရေး လုပ်ငန်းကဏ္ဍရှိ အလုပ်များ၊ အလုပ်အကိုင် အခြေအနေများနှင့် ဘေးကင်းလုံခြုံရေးတို့နှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များကို ချမှတ်ရသော အဖွဲ့အစည်းများရှိ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ၏ သမဂ္ဂ အကျိုးကို ကိုယ်စားပြုပါသည်။

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.