Skip to main content

ITF ဆိပ်ကမ်းလုပ်သားများနှင့် သင်္ဘောသားများ၏ သမဂ္ဂများသည် ဦးစားပေးရမည့်အချက်များကို သတ်မှတ်ပေးရန် တွေ့ဆုံ

07 Dec 2023
Press Release

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၄ ရက် ၊ ဆန်တီရားဂိုး – ကမ္ဘာတစ်ဝန်းရှိ သယ်ယူပို့ဆောင်ရေး အလုပ်သမား ၁၈ သန်းကျော်ကို ကိုယ်စားပြုသည့် နိုင်ငံပေါင်း ၁၅၀ မှ သယ်ယူပို့ဆောင်ရေး သမဂ္ဂ ၇၀၀ ကျော်၏ ဒီမိုကရေတစ် ကမ္ဘာ့သမဂ္ဂ အဖွဲ့ချုပ်ဖြစ်သည့် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) သည် ဤအပတ်၌ ချီလီနိုင်ငံ၊ ဆန်တီရားဂိုးမြို့တွင် ဆိပ်ကမ်းလုပ်သားများနှင့် သင်္ဘောသားများ ညီလာခံကို ကျင်းပမည်ဖြစ်ပါသည်။

ဒီဇင်ဘာလ ၄-၉ ရက်နေ့မှစ၍ နိုင်ငံပေါင်း ၇၀ ရှိ သမဂ္ဂ ၁၂၉ ခုမှ ခန့်မှန်းခြေ ကိုယ်စားလှယ် ၃၀၀ ခန့်ဖြင့် ကမ္ဘာ့ အကြီးမားဆုံး ပင်လယ်ရေကြောင်း အလုပ်သမားများ ကိုယ်စားလှယ်တို့၏ တွေ့ဆုံပွဲသို့ လုပ်ငန်းကဏ္ဍ လှုံ့ဆော်မှုများ ကို အတူဝေမျှဖလှယ်ရန်၊ ကြုံတွေ့နေရသည့် ဘုံပြဿနာကို ဖော်ထုတ်ရန်အပြင် နောင်အခါ ဦးစားပေးရမည့် အချက်များကို သဘောတူညီရန် ညီလာခံလာရောက်ကြပါမည်။

ITF အကြီးအကဲနှင့် ITF ဆိပ်ကမ်းလုပ်သားများဌာန ဥက္ကဌ ဖြစ်သူ Paddy Crumlin က ပြောကြားလိုက်သည်မှာ- “၁၉၇၃ ခုနှစ် စစ်တပ် အာဏာသိမ်းကတည်းကစပြီး နှစ် ငါးဆယ်အတွင်းမှာ ပင်နိုချက် အစိုးရဟာ ချီလီနိုင်ငံမှာရှိတဲ့ အလုပ်သမား သမဂ္ဂတွေကို ဖိနှိပ်ခဲ့ပါတယ်၊ ကျနော်တို့အနေနဲ့ ကမ္ဘာ့ အလုပ်သမား သမဂ္ဂတွေကို အင်အားတောင့်တင်း ပေးရာမှာနဲ့တကွ ချီလီနိုင်ငံမှာရှိတဲ့ ကျနော်တို့ရဲ့ ယောင်းယင်းများဖြစ်တဲ့ အလုပ်သမား သမဂ္ဂတက်ကြွသူတွေအတွက် ရပ်တည်ပေးရာမှာ ကျနော်တို့ ပါဝင်နိုင်တာကို ဂုဏ်ယူမိပါတယ်။”

“ပင်လယ်ရေကြောင်း လုပ်သားတွေမှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် စည်းလုံးညီညွတ်မှုရဲ့ ရေရှည်တည်တံ့နေတဲ့ ဓလေ့တစ်ခုရှိပါတယ်၊ အဲ့ဒါဟာဆိုရင် သယ်ယူပို့ဆောင်ရေး အလုပ်သမားတွေနဲ့ ကျနော်တို့ရဲ့ လူမှုအဖွဲ့အစည်းက လိုအပ်တဲ့ လုပ်ပိုင်ခွင့်အာဏာ ဟန်ချက်ညီမှုကို ထိပ်ပိုင်းကနေ အလုပ်သမားများတွေဆီ ရွှေ့ပြောင်းပေးဖို့နဲ့ လုပ်ငန်းကဏ္ဍနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေဆီ ဦးတည်ပေးဖို့ ကျနော်တို့ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ပိုင်ခွင့်အာဏာတွေမှာ အခိုင်အမာ ကြံ့ကြံခံစည်းနှောင်ထားပါတယ်။  ပင်လယ်ရေကြောင်း လုပ်သားတွေဟာ ကမ္ဘာကြီးကို ရွှေ့ပေးနေကြပါတယ်၊ ဒီအပတ် ချီလီနိုင်ငံမှာ ကျနော်တို့တတွေ ကျနော်တို့ရဲ့ စည်းလုံးညီညွတ်မှုကို ပိုမိုတင်းမာအောင်လုပ်ပါမယ်၊ ဖြေရှင်းပြီးတော့ သေချာအောင်လုပ်မှာက ကျနော်တို့ရဲ့ ပြောဆိုတဲ့အသံကို ကြားအောင်လုပ်ပါမယ်။”

ချီလီနိုင်ငံ၏ မြို့တော်၌ ကျင်းပသည့် ညီလာခံတွင် ချီလီနိုင်ငံ သင်္ဘောသားများ၏ မိမိတို့ကိုယ်ပိုင် ကမ်းခြေ ရေပိုင်နက်တွင် အလုပ်လုပ်ခွင့် အခွင့်အရေးအတွက်နှင့် ကောင်းမွန်သော အလုပ်အကိုင်များနှင့် တည်မြဲနေမည့် ပြည်တွင်း ကုန်သွယ်မှုကို အာမခံမည့် တောင့်တင်းခိုင်မာသော ပြည်တွင်းကုန်စည် သယ်ယူပို့ဆောင်ရေး ဥပဒေများကို ပြဌာန်းရေးအတွက် ကျွန်ုပ်တို့ တိုက်ပွဲဝင်သွားမည်ဖြစ်ပါသည်။

“သမဂ္ဂတွေအနေနဲ့ ကမ္ဘာအနှံ့ ပင်လယ်ရေကြောင်း အလုပ်သမားတွေကို သက်ရောက်မှုရှိနေတဲ့ အဓိက ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းပါလိမ့်မယ်၊ ပြီးတော့ လုပ်ငန်းကဏ္ဍက ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့အတွက် နည်းဗျူဟာတွေ ဆွေးနွေးပြီး အချေအတင် ပြောဆိုကြပါလိမ့်မယ်၊” ဟု ITF သင်္ဘောသားများ ဌာန ဥက္ကဌဖြစ်သူ David Heindel က ပြောကြားလိုက်ပါသည်။ “ကျွန်တော်တို့အနေနဲ့ ချီလီနိုင်ငံမှာရှိတဲ့ ဒေသတွင်း သင်္ဘာသားတွေ အကြောင်း ပြောဆိုတာဖြစ်ဖြစ် ၊ အလုပ်သမားတွေရဲ့ အခြေခံ အခွင့်အရေးတွေအတွက် တိုက်ပွဲဝင်နေတာဖြစ်ဖြစ် ဒါမှမဟုတ် ဆိုးရွားလာနေတဲ့ ရာသီဥတု ဘေးအန္တရာယ်တွေကို တွန်းလှန်နေတာဖြစ်ဖြစ် ကျွန်တော်တို့ သိနေတာက စည်းကမ်းတကျရှိနေတဲ့ အလုပ်သမားထုရဲ့ ပြောဆိုသံတွေဟာ ကျွန်တော်တို့ ကမ္ဘာလောကကို ပြုပြင်ပြောင်းလဲပေးဖို့ အခရာကျပါတယ်။”

CoP28 သည် ဒူဘိုင်းနိုင်ငံတွင် ကျင်းပနေသဖြင့် ဆန်တီရားဂိုးရှိ ကိုယ်စားလှယ်များသည် ရာသီဥတုပြောင်းလဲမှု၏ သိသာသော ပြဿနာများကိုအပြင် အလုပ်သမားများကို မျှတသည့် ကူးပြောင်းရေးတွင် မည်ကဲ့သို့ အလေးထားရမည် ကိုလည်း ကိုင်တွယ်ဖြေရှင်းပေးပါလိမ့်မည်။

လေရဟတ်သုံး လျှပ်စစ်ဓာတ်အား ဧရာမ ကုမ္ပဏီကြီး Ørsted’s ၏ စီရင်ပိုင်နက်ကို အသိအမှတ်ပြုရန်နှင့် ဆိပ်ကမ်း အလုပ်သမားများနှင့် ညှိနှိုင်းရန် ငြင်းဆိုမှုကြောင့် အပြည်ပြည်ဆိုင်ရာ သင်္ဘောကုန်သေတ္တာပုံးလုပ်သားများ အသင်း International Longshoremen's Association (ILA)) ကို ဤအပတ်၌ အစည်းအဝေး အစီအစဉ်တွင် ထည့်ပါလိမ့်မည်၊ DP World’s က သြစတြေးလျနိုင်ငံ၌ အလုပ်အကိုင် စံနှုန်းများကို သတင်းဖြန့်ပေးရန် ကြိုးစားနေသည့်အလျှောက် တစ်ပြိုင်တည်းဖြစ်ပါသည်။

“ကမ္ဘာ့တစ်ဝန်းမှာ ဒီမိုကရေစီစနစ်တွေက အားထားမှီတင်းနေတဲ့ ချမ်းသာကြွယ်ဝခြင်းနှင့် ကောင်းမွန်သော လူနေမှုအဆင့်အတန်းတွဲလျက်ရှိတဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို တိုက်ခိုက်ဖို့ အရင်းရှင် လက်တွဲလုပ် နေတာတွေ ကျွန်တော်တို့ မြင်တွေ့နေရပါတယ်။ ဒီလို တိုက်ခိုက်တာမျိုးကို ကျွန်တော်တို့ ယခင်က တွေ့ခဲ့ပါတယ်၊ ကျွန်တော်တို့ ပြန်တွန်းလှန်ခဲ့ပြီး အောင်နိုင်ခဲ့ပါတယ် – ဒီအပတ် ချီလီနိုင်ငံမှာ ပင်လယ်ရေကြောင်း အလုပ်သမား သမဂ္ဂတက်ကြွသူတွေဟာ ပြန်ပြီးအောင်နိုင်ဖို့အတွက် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ရာထူးရာခံတွေ ပူးပေါင်းဖို့ အတူတကွ စုစည်းလာကြမှာဖြစ်ပါတယ်၊” ဟု Crumlin က ပြောကြားလိုက်သည်။

ITF သင်္ဘောသားများနှင့် ဆိပ်ကမ်းအလုပ်သမားများ၏ ဌာနများနှင့် မျှတသော လုပ်ကိုင်ပုံများ ကော်မတီ သည် စိန်ခေါ်မှုများကို ဖြေရှင်းပေးရန်နှင့် အောက်ပါတို့ အပါအဝင် ကမ္ဘာ့ ပင်လယ်ရေကြောင်း အလုပ်သမားများအတွက် အစည်းအဝေး အစီအစဉ်တင်ပြရန် အဓိကကျသော အဆိုပြုချက်များကို တင်သွင်းပါလိမ့်မည်-

•    ဒေသခံ သင်္ဘောသားများ၏ အလုပ်များနှင့် လက်တင်အမေရိကရှိ နယ်မြေတွင်း ကုန်စည် သယ်ယူပို့ဆောင်ရေးကို ကာကွယ်ပေးခြင်း
•    ဘရာဇီးလ်နိုင်ငံနှင့် ကမ္ဘာအနှံ့၌ သင်္ဘောသားများအတွက် မျှတသော ကူးပြောင်းရေး
•    စက်ရုပ်လူသားနှင့် အလိုအလျောက်လုပ်ငန်းလည်ပတ်ခြင်းကို ဆန့်ကျင်၍ ပင်လယ်ရေကြောင်း အလုပ်သားများ၏ အခွင့်အရေးများကို ကာကွယ်ပေးခြင်း
•    ကမ္ဘာအနှံ့ ပင်လယ်ရေကြောင်း လုပ်ငန်းကဏ္ဍ၌ Driving LGBT+ တန်းတူရှိမှုနှင့် ပါဝင်မှုကို တွန်းအားပေးခြင်း
•    အလုပ်သင် အရာရှိများ၊ သင်တန်းသားများနှင့် လုပ်ငန်းအစမ်းကျင့်များအပါအဝင် သင်္ဘောသားများအတွက် စုပေါင်း အခွင့်အရေးများကို တောင့်တင်းခိုင်မာပေးခြင်း
•    ကူးတို့သင်္ဘောများတွင် လုပ်ကိုင်နေကြသည့် သင်္ဘောသားများအတွက် သင်္ဘောသား အခွင့်အရေးများနှင့် အလုပ်လုပ်ကိုင်ရာ အခြေအနေများကို ကာကွယ်ပေးခြင်းနှင့်  ITF ၏ အေသင် မူဝါဒကို အာဏတည်စေခြင်း

မီဒီယာ အဆက်အသွယ်များ- ITF: media@itf.org.uk 

ITF အကြောင်း- အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers’ Federation (ITF)) သည် ကမ္ဘာ့ဦးဆောင် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖြစ် အသိအမှတ်ပြုခံရသည့် ဒီမိုကရေစီဆန်ဆန် အဖွဲ့ဝင်-ဦးဆောင်သည့် စုပေါင်းအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် အလုပ်လုပ်ကိုင်ရာ ဘဝများကို ပိုမိုတက်တက်အောင်လုပ်ရန် ဇောက်ချ၍ တိုက်ပွဲဝင်ပါသည် - နိုင်ငံပေါင်း 147 နိုင်ငံမှ ကုန်သွယ် သမဂ္ဂများကို ၎င်းတို့၏ အဖွဲ့ဝင်များအတွက် အခွင့်အရေးများ၊ တန်းတူရှိမှုနှင့် တရားမျှတမှု ရရှိရေးအတွက် ဆက်စပ်ပေးထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝန်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းကဏ္ဍရှိ အလုပ်လုပ်ကိုင်သည့် အမျိုးသမီး အမျိုးသားပေါင်း သန်း 20 နီးပါးအတွက် ပြောဆိုသံဖြစ်ပါသည်။

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.