Skip to main content

အင်္ဂလိပ်ရေလက်ကြားကိုဖြတ်ကူးရန်ကြိုးစားသူဦးရေစံချိန်တင်မြှင့်တက်

13 Sep 2019

ဗြိတိန်နိုင်ငံတွင်းဝင်ရောက်ရန်အင်္ဂလိပ်ရေလက်ကြားကိုသက်စွန့်ဆံဖျားဖြတ်ကူးရန်ကြိုးစားကြသည့် ရွှေ့ပြောင်းနေထိုင်သူများနှင့်ဒုက္ခသည်ဦးရေမှာ  တရက်တွင်စံချိန်တင်လောက်သည်ထိရှိခဲ့ကြောင်းသိရသည်။

ဗြိတိန်နယ်ခြားစောင့်တပ်ကတစ်နေ့တည်းနှင့်ထိန်းသိမ်းခဲ့သူဦးရေ ၈၆ ယောက်ထိရှိခဲ့ပြီး ဖမ်းဆီးခံရသူအများဆုံးနေ့အဖြစ်စံချိန်တင်ခဲ့သည် ဟုဆိုသည်။ လူ၂၃ ယောက်ပါ လှေငယ်နှစ်စီးကို ဦးဆုံးဖမ်းမိပြီး ယင်းနောက်တွင် ၁၈ ယောက်တစ်စီး၊ ၂၃ ယောက်တစ်စီး အသီးသီးဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း သိရသည်။ နှစ်သုတ်ခွဲပြီးရောက်လာသောကျန်လူများကို East Sussex ရှိကမ်းခြေ တို့တွင်ဖမ်းဆီးခဲ့ပြီး နောက်တစ်နေ့တွင် လူ ၂၁ ယောက်ပါ လှေနှစ်စီးကို ထပ်မံထိန်းသိမ်းခဲ့ကြောင်းသိရသည်။

ပြင်သစ်အာဏာပိုင်များက Calais မြို့ကမ်းခြေများတွင် ဖမ်းဆီးထိန်းသိမ်းခဲ့ သူ ၅၁ ယောက်ရှိခဲ့သည်။

၂၀၁၉ ခုနှစ်အတွင်း လှေငယ်များဖြင့် ရေလက်ကြားကိုဖြတ်ကူးဝင်ရောက်သူ ,၂၀၀ ကျော်ရှိနေပြီး သြဂုတ်လတွင် ၃၃၆ ယောက်ရှိခဲ့သည်ဟုဆိုသည်။ ယင်းသို့ဖြတ်ကူးရင်း ရွှေ့ပြောင်းနေထိုင်သူနှစ်ဦး ရေနစ်ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်းသိရသည်။

Calais မြို့တွင် အသုံးပြုခြင်းမရှိသည့် အားကစားရုံ(Gym)တစ်ရုံတွင် ရွှေ့ပြောင်းနေထိုင်သူများနှင့်ဒုက္ခသည်များဝင်ရောက်နေထိုင်လျက်ရှိပြီး မြို့တွင်း၌ဖောက်ထွင်းမှုကြိမ်ရေများလည်းပိုမိုဖြစ်ပွားလျက်ရှိရာ ကမ္ဘာပေါ်ရှိ စီးပွားရေးအကောင်းဆုံးပင်လယ်လမ်းကြောင်းများထဲမှတစ်ခုဖြစ်သည့် အင်္ဂလိပ်ရေလက်ကြားသို့ဝင်ရောက်ရန်ကြိုးစားသူဦးရေမှာ ယခင်ကထက် ပိုမို မြင့်တက်လာနိုင်သည့်အတွက် ယင်းကိစ္စမှာသက်ဆိုင်ရာအစိုးရတို့ အတွက် စိုးရိမ်ပူပန်စရာပင်ဖြစ်သည်။

 

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.